သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာတလႊား ကိုဗစ္ ေနာက္ဆံုး အေျခအေန


ေတာင္ဆူဒန္ႏိုင္ငံတြင္ COVID ေၾကာင့္ေသဆံုးသြားသူတဦးကို က်န္းမာေရး၀န္ထမ္းမ်ားသယ္ေဆာင္ေန

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ ဆိုင္ရာ ေစာင့္ၾကည့္ေလ့လာေနတဲ့ Johns Hopkins တကၠသိုလ္ စစ္တမ္းအရ ၾကာသပေတးေန႔မွာ ကမာၻတလႊား ဒီေရာဂါ အကူးစက္ခံရသူ သန္းေပါင္း ၁၀၄ သန္းေက်ာ္ ရွိၿပီး ေသဆံုးရသူက ၂ သန္း ၃ သိန္းနီးပါး ရွိပါၿပီ။

အေမရိကန္ႏုိင္ငံက ကူးစက္သူ ၂၆ သန္းေက်ာ္နဲ႔ အမ်ားဆံုးျဖစ္ေနၿပီး ေသဆံုးရသူက ၄ သိန္းခြဲေက်ာ္ ရွိပါတယ္။ အိႏၵိယက ကူးစက္သူ ၁၀ သန္းေက်ာ္နဲ႔ ဒုတိယအမ်ားဆံုးျဖစ္ၿပီး ဘရာဇီးလ္က ကူးစက္သူ ၉ သန္းေက်ာ္နဲ႔ တတိယအမ်ားဆံုး ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာေတာ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ေဖေဖာ္ဝါရီလ ၃ရက္ေန႔အထိ ထုတ္ျပန္ထားတဲ့စာရင္းအရ ျပည္တြင္းမွာကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၃,၁၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၁၄၀,၉၀၀ ေက်ာ္ရွိေနပါတယ္။

ဥေရာပေဒသတလႊား ဒီေရာဂါကူးစက္မႈ တိုးေနၿပီး ဒီကပ္ေရာဂါရဲ႕ အႏၱရာယ္ ႀကီးမားဆဲ ျဖစ္ေနေပမယ့္ တႏိုင္ငံလံုးအတုိင္းအတာနဲ႔ lockdown ခ်ကန္႔သတ္မႈေတြ ေနာက္ထပ္ ထပ္လုပ္ဖုိ႔ေတာ့ လိုမယ္ မထင္ဘူးလို႔ ျပင္သစ္ဝန္ႀကီးခ်ဳပ္ Jean Castex က ၾကာသပေတးေန႔မွာ ေျပာပါတယ္။ ဒါပမယ့္ ဒီေရာဂါ ကူးစက္မႈမရွိေအာင္ လုိအပ္တဲ့ ႀကိဳတင္ကာကြယ္မႈ အားလံုးကို လုပ္ၾကဖို႔ေတာ့ တိုက္တြန္းခဲ့ပါတယ္။

ဒါ့အျပင္ ႏိုင္ငံတြင္း ဒီေရာဂါဆုိင္ရာ အေျခေန ခုထက္ပိုၿပီး သိပ္ဆိုးလာရင္ေတာ့ ကန္႔သတ္ပိတ္ပင္မႈေတြ ထပ္လုပ္ရမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။ ျပင္သစ္ႏိုင္ငံမွာ ကာကြယ္ေဆး အလံုးေပါင္း ၁. ၇ သန္းကို မတ္လကုန္အၿပီးထိုးေပးဖို႔ ေသာၾကာေန႔မွာ စတင္ေတာ့မွာ ျဖစ္ပါတယ္။

ကမၻာတလႊား ကိုဗစ္ ေနာက္ဆံုး အေျခအေန
please wait

No media source currently available

0:00 0:01:02 0:00
တိုက္႐ိုက္ လင့္ခ္


...............

ကမ္ဘာတလွှား ကိုဗစ် နောက်ဆုံး အခြေအနေ

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆိုင်ရာ စောင့်ကြည့်လေ့လာနေတဲ့ Johns Hopkins တက္ကသိုလ် စစ်တမ်းအရ ကြာသပတေးနေ့မှာ ကမ္ဘာတလွှား ဒီရောဂါ အကူးစက်ခံရသူ သန်းပေါင်း ၁၀၄ သန်းကျော် ရှိပြီး သေဆုံးရသူက ၂ သန်း ၃ သိန်းနီးပါး ရှိပါပြီ။

အမေရိကန်နိုင်ငံက ကူးစက်သူ ၂၆ သန်းကျော်နဲ့ အများဆုံးဖြစ်နေပြီး သေဆုံးရသူက ၄ သိန်းခွဲကျော် ရှိပါတယ်။ အိန္ဒိယက ကူးစက်သူ ၁၀ သန်းကျော်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး ဘရာဇီးလ်က ကူးစက်သူ ၉ သန်းကျော်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီလ ၃ရက်နေ့အထိ ထုတ်ပြန်ထားတဲ့စာရင်းအရ ပြည်တွင်းမှာကပ်ရောဂါကြောင့် သေဆုံးသူ ၃,၁၀၀ ကျော်နဲ့ ကူးစက်သူ ၁၄၀,၉၀၀ ကျော်ရှိနေပါတယ်။

ဥရောပဒေသတလွှား ဒီရောဂါကူးစက်မှု တိုးနေပြီး ဒီကပ်ရောဂါရဲ့ အန္တရာယ် ကြီးမားဆဲ ဖြစ်နေပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့ lockdown ချကန့်သတ်မှုတွေ နောက်ထပ် ထပ်လုပ်ဖို့တော့ လိုမယ် မထင်ဘူးလို့ ပြင်သစ်ဝန်ကြီးချုပ် Jean Castex က ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒါပမယ့် ဒီရောဂါ ကူးစက်မှုမရှိအောင် လိုအပ်တဲ့ ကြိုတင်ကာကွယ်မှု အားလုံးကို လုပ်ကြဖို့တော့ တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတွင်း ဒီရောဂါဆိုင်ရာ အခြေနေ ခုထက်ပိုပြီး သိပ်ဆိုးလာရင်တော့ ကန့်သတ်ပိတ်ပင်မှုတွေ ထပ်လုပ်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။ ပြင်သစ်နိုင်ငံမှာ ကာကွယ်ဆေး အလုံးပေါင်း ၁. ၇ သန်းကို မတ်လကုန်အပြီးထိုးပေးဖို့ သောကြာနေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG