သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးအေၾကာင္း သိေကာင္းစရာ


Indian Health Minister Harsh Vardhan holds a dose of Bharat Biotech's COVID-19 vaccine called COVAXIN, during a vaccination campaign at All India Institute of Medical Sciences (AIIMS) hospital in New Delhi, India, January 16, 2021. REUTERS/Adnan Abidi
ကိုဗစ္ကာကြယ္ေဆးအေၾကာင္း သိေကာင္းစရာ
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ မၾကာခင္ ျပည္သူေတြထဲ ကိုဗစ္ျဖစ္လာလွ်င္ အႏၲရာယ္ႀကီးသူေတြကို ဦးစားေပးၿပီး ကာကြယ္ေဆးထိုးေတာ့မွာမို႔၊ ႀကိဳတင္သိရွိ ျပင္ဆင္ထားသင့္တာေတြ ရွိတယ္လို႔ က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။

Oxford တကၠသိုလ္နဲ႔ AstraZeneca ကုမၸဏီတို႔ အိႏၵိယမွာ ေပါင္းထုတ္တဲ့ Covishield ကိုဗစ္ကာကြယ္ေဆးက စိတ္ခ်ရၿပီး၊ အသက္အႏၲရာယ္ကာကြယ္တဲ့အထိ အက်ိဳးအမ်ားႀကီးရွိတဲ့အျပင္၊ လူမူစီးပြားထိခိုက္ခံရမူကပါ သက္သာေစႏိုင္တာမို႔၊ ဒီဦးစားေပးထိုးမဲ့သူေတြ မျဖစ္မေန ထိုးသင့္တယ္လို႔ ကာကြယ္ေဆးကြၽမ္းက်င္သူေတြက အႀကံျပဳထားပါတယ္။ အခုဦးစားေပးထဲပါတဲ့ ကိုဗစ္အျဖစ္မ်ားေဒသေတြက (၆၅) ႏွစ္အထက္နဲ႔ ေရာဂါအခံရွိသူေတြအေနနဲ႔၊ ေဆးမထိုးခင္မွာ က်န္းမာေရးေကာင္းေအာင္ ေနဖို႔လိုပါတယ္။

အျပင္းအထန္ဖ်ားေနလွ်င္ေတာ့ ေဆးထိုးဖို႔ကို ေ႐ႊ႕ဆိုင္းသင့္ပါတယ္။ ျပင္းထန္တဲ့ ေဆးမတည့္တာ (ဥပမာ ပင္နယ္ဆလင္ ေဆးထိုးလွ်င္ Shock ျဖစ္ေသြးလန႔္တာ) ျဖစ္လွ်င္လည္း ဆရာဝန္ကိုႀကိဳေျပာၿပီး ေဆးထိုးသင့္မွသာ ထိုးသင့္ပါတယ္။ သာမန္ေဆးနဲ႔ အျခားဓာတ္မတည့္တာေတြ ရွိထားတာ (ဥပမာ ေဆးနဲ႔ အစားအေသာက္ေၾကာင့္ ယားယံ၊ အင္ျပင္ အဖုအပိန႔္ထြက္တာ) ေတြအတြက္လည္း၊ ေဆးထိုးေပးမယ့္သူေတြကို ႀကိဳေျပာထားၿပီး၊ ထိုးေပးတဲ့သူေတြဘက္ကလည္း ကူညီဖို႔ ရွိထားတဲ့ ေျဖေဆးအသင့္ျပင္ထားမွာပါ။ တခ်ိဳ႕ေဆးဝါး (ဥပမာ ေသြးက်ဲေဆး၊ ကိုယ္ခံအားက်တဲ့ေဆး) ေသာက္ထားသူေတြလည္း ႀကိဳေျပာထားၿပီး အထိုးခံႏိုင္ပါတယ္။ ကင္ဆာရွိထားသူနဲ႔ ေက်ာက္ကပ္အစားထိုးထားတာမ်ိဳး ျပင္းထန္တဲ့အေနအထားရွိသူေတြေအနနဲ႔လည္း အလားတူႀကိဳေျပာထားၿပီးမွ အထိုးခံသင့္ပါတယ္။ ဒီအေျခအေနေတြကို ေဆးထိုးေပးမယ့္သူေတြဘက္ကလည္း ေမးမွာျဖစ္ပါတယ္။ ဒါ့အျပင္ ေဆးထိုးၿပီး ေသခ်ာေအာင္ နာရီဝက္ေစာင့္ၾကည့္ခံၿပီးမွ ျပန္သင့္ပါတယ္။

အခုထိုးေပးမယ့္ Covishield ေဆးက ေဘးထြက္ဆိုက်ိဳး ႀကီးႀကီးမာမား မေတြ႕ရေသးတာမို႔ စိတ္ခ်ရပါတယ္။ ကာကြယ္ေဆးမတဲ့တာေၾကာင့္ ႐ုတ္တရက္ေသြးလန႔္တာ (Shock) ျဖစ္တာကလည္း တစ္သန္းမွာ တစ္ေယာက္ကေန၊ တစ္သိန္းမွာ တစ္ေယာက္အထိ အျဖစ္နည္းလြန္းပါတယ္။ အကယ္၍ ဒီ ေသြးလန႔္တာျဖစ္လာခဲ့လွ်င္လည္း အခ်ိန္မီကုေပးဖို႔ ျပင္ၿပီးသားမို႔ ရဲရဲဝံ့ဝံ့ အထိုးခံႏိုင္ပါတယ္။ တကယ္ေတာ့ ကာကြယ္ေဆးအမ်ားစုမွာ ျဖစ္ေလ့ရွိတဲ့ သာမန္ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ေတာ့၊ ထိုးတဲ့ေနရာမွာ နာက်င္တာ (ကိုင္ၾကည့္လွ်င္လည္း နာတာ)၊ ေရာင္တာ၊ ပ်ိဳ႕အန္တာ၊ ဖ်ားနာတာနဲ႔ ႏုံးေခြတာ စတာေတြျဖစ္ႏိုင္ေပမယ့္ ပါရာစီတေမာ (အဖ်ားနဲ႔ နာက်င္ကိုက္ခဲေပ်ာက္ေဆး) ေသာက္လိုက္လွ်င္ မၾကာခင္ သက္သာေပ်ာက္ကင္းသြားႏိုင္ပါတယ္။ ဒါ့အျပင္ ခဏအနားယူၿပီး၊ နာတာအတြက္ ေရခဲတင္ေပးႏိုင္ပါတယ္။ မ်ားေသာအားျဖင့္ (၂၄) နာရီအတြင္း ျပန္ေကာင္းသြားေလ့ရွိပါတယ္။

ထိုးေပးမယ့္ေန႔မွာလည္း ေရာဂါအခံရွိသူေတြအေနနဲ႔ ေရာဂါအခံေတြကိုအေျခအေနကို စစ္ေဆးထားႏိုင္ပါတယ္။ ဥပမာ ေသြးတိုးရွိသူေတြမွာ ေသြးေပါင္ခ်ိန္ ႀကိဳတိုင္းျပင္ဆင္ထားသင့္ပါတယ္။ ဒါေပမဲ့ ကိုယ္ဝန္ေဆာင္မိခင္နဲ႔ ႏို႔တိုက္မိခင္ေတြမွာေတာ့ ေလာေလာဆယ္ အထိုးမခံသင့္ေသးပါဘူး။ အေၾကာင္းက အႏၲရာယ္ရွိႏိုင္လို႔ မဟုတ္ဘဲ၊ သူတို႔အတြက္ သုေတသနေတြ မျပည့္စုံေသးလို႔ ျဖစ္တာမို႔၊ ေနာက္ပိုင္းမွာ ေျပာင္းၿပီး ထိုးေပးႏိုင္ပါတယ္။ ေဆးထိုးမယ့္ သက္ႀကီး႐ြယ္အိုေတြအေနနဲ႔ေတာ့ အခ်ိန္မွန္စားၿပီး၊ ျဖစ္ႏိုင္လွ်င္ အေဖာ္ေခၚသြားသင့္ပါတယ္၊ အခ်ိန္မေ႐ြး အခံေရာဂါနဲ႔ တိုက္ဆိုင္ၿပီး တစ္ခုခု (ဥပမာ ႏွလုံးေဖာက္တာ၊ ေလျဖတ္တာ) ထျဖစ္မွာ စိုးရိမ္ရလို႔ပါ။ အခုလိုျဖစ္လာႏိုင္တာအတြက္လည္း လူထုအျမင္မမွားရအာင္၊ အနီးကပ္ေစာင့္ၾကည့္ ခြဲျခားသိရွိဖို႔ ျပင္ဆင္ထားပါတယ္။ လက္ရွိအခ်ိန္ထိေတာ့ က်န္းမာေရးဝန္ထမ္းေတြကို ဒီကာကြယ္ေဆး ေသာင္းဂဏန္းေတြနဲ႔ခ်ီ ထိုးေပးၿပီးရာမွာ၊ ျပင္းထန္ဆိုးဝါးတဲ့ ျဖစ္ရပ္မေတြ႕ရေသးပါဘူး။ အခု သက္ႀကီးျပည္သူေတြကို ထိုးမယ့္အစီအစဥ္အေသးစိတ္ကိုေတာ့၊ က်န္းမာေရးဌာနအေနနဲ႔ အေထြေထြအုပ္ခ်ဳပ္ေရးဌာန အကူအညီနဲ႔၊ အိမ္တိုင္းကေန စာရင္းေကာက္ထားၿပီး ဆက္သြယ္မွာ ျဖစ္ပါတယ္။ ဒီလို ဦးစားေပးထိုးေပးမယ့္ လူတိုင္းကိုလည္း QR Code (ကြန္ျပဴတာအမွတ္အသား) ေတြေပးထားၿပီး၊ ဒုတိယတစ္ႀကိမ္ ထိုးဖို႔ပါ ေသခ်ာေအာင္ပါ ျပင္ဆင္ထားပါတယ္။

ဒီအေၾကာင္း ပိုမိုသိရွိနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က ကေလးအထူးကုနဲ႔ အမ်ိဳးသားအဆင့္ ကာကြယ္ေဆးထိုးလုပ္ငန္းဆိုင္ရာ နည္းပညာအႀကံေပးအဖြဲ႕ ဒုဥကၠဌ၊ ပါေမာကၡ ေဒါက္တာေစာဝင္း ကို ဆက္သြယ္ေမးထားပါတယ္။

==Unicode==

ဘာတွေ ကြိုသိပြင်ဆင်ထားဖို့ လိုပါလဲ။ ဘာကြောင့်ပါလဲ။

မြန်မာနိုင်ငံမှာ မကြာခင် ပြည်သူတွေထဲ ကိုဗစ်ဖြစ်လာလျှင် အန္တရာယ်ကြီးသူတွေကို ဦးစားပေးပြီး ကာကွယ်ဆေးထိုးတော့မှာမို့၊ ကြိုတင်သိရှိ ပြင်ဆင်ထားသင့်တာတွေ ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

Oxford တက္ကသိုလ်နဲ့ AstraZeneca ကုမ္ပဏီတို့ အိန္ဒိယမှာ ပေါင်းထုတ်တဲ့ Covishield ကိုဗစ်ကာကွယ်ဆေးက စိတ်ချရပြီး၊ အသက်အန္တရာယ်ကာကွယ်တဲ့အထိ အကျိုးအများကြီးရှိတဲ့အပြင်၊ လူမူစီးပွားထိခိုက်ခံရမူကပါ သက်သာစေနိုင်တာမို့၊ ဒီဦးစားပေးထိုးမဲ့သူတွေ မဖြစ်မနေ ထိုးသင့်တယ်လို့ ကာကွယ်ဆေးကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ အခုဦးစားပေးထဲပါတဲ့ ကိုဗစ်အဖြစ်များဒေသတွေက (၆၅) နှစ်အထက်နဲ့ ရောဂါအခံရှိသူတွေအနေနဲ့၊ ဆေးမထိုးခင်မှာ ကျန်းမာရေးကောင်းအောင် နေဖို့လိုပါတယ်။

အပြင်းအထန်ဖျားနေလျှင်တော့ ဆေးထိုးဖို့ကို ရွှေ့ဆိုင်းသင့်ပါတယ်။ ပြင်းထန်တဲ့ ဆေးမတည့်တာ (ဥပမာ ပင်နယ်ဆလင် ဆေးထိုးလျှင် Shock ဖြစ်သွေးလန့်တာ) ဖြစ်လျှင်လည်း ဆရာဝန်ကိုကြိုပြောပြီး ဆေးထိုးသင့်မှသာ ထိုးသင့်ပါတယ်။ သာမန်ဆေးနဲ့ အခြားဓာတ်မတည့်တာတွေ ရှိထားတာ (ဥပမာ ဆေးနဲ့ အစားအသောက်ကြောင့် ယားယံ၊ အင်ပြင် အဖုအပိန့်ထွက်တာ) တွေအတွက်လည်း၊ ဆေးထိုးပေးမယ့်သူတွေကို ကြိုပြောထားပြီး၊ ထိုးပေးတဲ့သူတွေဘက်ကလည်း ကူညီဖို့ ရှိထားတဲ့ ဖြေဆေးအသင့်ပြင်ထားမှာပါ။ တချို့ဆေးဝါး (ဥပမာ သွေးကျဲဆေး၊ ကိုယ်ခံအားကျတဲ့ဆေး) သောက်ထားသူတွေလည်း ကြိုပြောထားပြီး အထိုးခံနိုင်ပါတယ်။ ကင်ဆာရှိထားသူနဲ့ ကျောက်ကပ်အစားထိုးထားတာမျိုး ပြင်းထန်တဲ့အနေအထားရှိသူတွေအေနနဲ့လည်း အလားတူကြိုပြောထားပြီးမှ အထိုးခံသင့်ပါတယ်။ ဒီအခြေအနေတွေကို ဆေးထိုးပေးမယ့်သူတွေဘက်ကလည်း မေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆေးထိုးပြီး သေချာအောင် နာရီဝက်စောင့်ကြည့်ခံပြီးမှ ပြန်သင့်ပါတယ်။

အခုထိုးပေးမယ့် Covishield ဆေးက ဘေးထွက်ဆိုကျိုး ကြီးကြီးမာမား မတွေ့ရသေးတာမို့ စိတ်ချရပါတယ်။ ကာကွယ်ဆေးမတဲ့တာကြောင့် ရုတ်တရက်သွေးလန့်တာ (Shock) ဖြစ်တာကလည်း တစ်သန်းမှာ တစ်ယောက်ကနေ၊ တစ်သိန်းမှာ တစ်ယောက်အထိ အဖြစ်နည်းလွန်းပါတယ်။ အကယ်၍ ဒီ သွေးလန့်တာဖြစ်လာခဲ့လျှင်လည်း အချိန်မီကုပေးဖို့ ပြင်ပြီးသားမို့ ရဲရဲဝံ့ဝံ့ အထိုးခံနိုင်ပါတယ်။ တကယ်တော့ ကာကွယ်ဆေးအများစုမှာ ဖြစ်လေ့ရှိတဲ့ သာမန်ဘေးထွက်ဆိုးကျိုးအနေနဲ့တော့၊ ထိုးတဲ့နေရာမှာ နာကျင်တာ (ကိုင်ကြည့်လျှင်လည်း နာတာ)၊ ရောင်တာ၊ ပျို့အန်တာ၊ ဖျားနာတာနဲ့ နုံးခွေတာ စတာတွေဖြစ်နိုင်ပေမယ့် ပါရာစီတမော (အဖျားနဲ့ နာကျင်ကိုက်ခဲပျောက်ဆေး) သောက်လိုက်လျှင် မကြာခင် သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ ဒါ့အပြင် ခဏအနားယူပြီး၊ နာတာအတွက် ရေခဲတင်ပေးနိုင်ပါတယ်။ များသောအားဖြင့် (၂၄) နာရီအတွင်း ပြန်ကောင်းသွားလေ့ရှိပါတယ်။

ထိုးပေးမယ့်နေ့မှာလည်း ရောဂါအခံရှိသူတွေအနေနဲ့ ရောဂါအခံတွေကိုအခြေအနေကို စစ်ဆေးထားနိုင်ပါတယ်။ ဥပမာ သွေးတိုးရှိသူတွေမှာ သွေးပေါင်ချိန် ကြိုတိုင်းပြင်ဆင်ထားသင့်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေမှာတော့ လောလောဆယ် အထိုးမခံသင့်သေးပါဘူး။ အကြောင်းက အန္တရာယ်ရှိနိုင်လို့ မဟုတ်ဘဲ၊ သူတို့အတွက် သုတေသနတွေ မပြည့်စုံသေးလို့ ဖြစ်တာမို့၊ နောက်ပိုင်းမှာ ပြောင်းပြီး ထိုးပေးနိုင်ပါတယ်။ ဆေးထိုးမယ့် သက်ကြီးရွယ်အိုတွေအနေနဲ့တော့ အချိန်မှန်စားပြီး၊ ဖြစ်နိုင်လျှင် အဖော်ခေါ်သွားသင့်ပါတယ်၊ အချိန်မရွေး အခံရောဂါနဲ့ တိုက်ဆိုင်ပြီး တစ်ခုခု (ဥပမာ နှလုံးဖောက်တာ၊ လေဖြတ်တာ) ထဖြစ်မှာ စိုးရိမ်ရလို့ပါ။ အခုလိုဖြစ်လာနိုင်တာအတွက်လည်း လူထုအမြင်မမှားရအာင်၊ အနီးကပ်စောင့်ကြည့် ခွဲခြားသိရှိဖို့ ပြင်ဆင်ထားပါတယ်။ လက်ရှိအချိန်ထိတော့ ကျန်းမာရေးဝန်ထမ်းတွေကို ဒီကာကွယ်ဆေး သောင်းဂဏန်းတွေနဲ့ချီ ထိုးပေးပြီးရာမှာ၊ ပြင်းထန်ဆိုးဝါးတဲ့ ဖြစ်ရပ်မတွေ့ရသေးပါဘူး။ အခု သက်ကြီးပြည်သူတွေကို ထိုးမယ့်အစီအစဉ်အသေးစိတ်ကိုတော့၊ ကျန်းမာရေးဌာနအနေနဲ့ အထွေထွေအုပ်ချုပ်ရေးဌာန အကူအညီနဲ့၊ အိမ်တိုင်းကနေ စာရင်းကောက်ထားပြီး ဆက်သွယ်မှာ ဖြစ်ပါတယ်။ ဒီလို ဦးစားပေးထိုးပေးမယ့် လူတိုင်းကိုလည်း QR Code (ကွန်ပြူတာအမှတ်အသား) တွေပေးထားပြီး၊ ဒုတိယတစ်ကြိမ် ထိုးဖို့ပါ သေချာအောင်ပါ ပြင်ဆင်ထားပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကလေးအထူးကုနဲ့ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ ဒုဥက္ကဌ၊ ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးထားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG