သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အဆုပ္ေရာဂါအခံရွိသူေတြ ကိုဗစ္ျဖစ္လာလွ်င္ သတိျပဳသင့္တာမ်ား


This photo taken on February 3, 2020 shows a doctor looking at a lung CT image while making his rounds at a ward of a quarantine zone in Wuhan, the epicentre of the new coronavirus outbreak, in China's central Hubei province. - The number of total infecti
တိုက္႐ိုက္ လင့္ခ္

Chronic Obstructive Pulmonary Disease (COPD) (ေခၚ) နာတာရွည္ အဆုပ္ပြ ပန္းနာေရာဂါအခံ ရွိသူေတြမွာ၊ ကိုဗစ္ပိုးကူးစက္ခံရလွ်င္၊ ကုသမူခံယူရာမွာ အထူးပိုသတိျပဳသင့္တာေတြ ရွိေနတယ္လို႔ က်န္းမာေရးပညာရွင္ေတြ က ဆိုပါတယ္။

COPD (ေခၚ) နာတာရွည္အဆုပ္ပြပန္းနာ (သို႔မဟုတ္) နာတာရွည္ အဆုပ္ပြေလႁပြန္က်ဥ္းေရာဂါ အခံရွိသူေတြမွာ ကိုဗစ္ပိုးကူးစက္ခံရလွ်င္ ကုသရာမွာ အထူးစိုးရိမ္ရပါတယ္။ အေၾကာင္းက အျပန္အလွန္ ေရာဂါႂကြေစတဲ့ ဒီေရာဂါ ႏွစ္ခုလုံးအတြက္ ကုထုံး ႏွစ္မ်ိဳးနဲ႔ ေပါင္းကုရတာအျပင္၊ ေအာက္ဆီဂ်င္ က်ဆင္းေစမူကလည္း ႏွစ္ဆတိုး အသက္အႏၲရာယ္ႀကီးသြားႏိုင္လို႔ပါ။ ဒါ့အျပင္ ေအာက္ဆီဂ်င္ေပး ကုသရာမွာလည္း၊ ဒီ COPD ေရာဂါျပင္းထန္သူတခ်ိဳ ႔မွာ၊ ေအာက္ဆီဂ်င္ အမ်ားႀကီးေပးမိလွ်င္၊ အျခားသူေတြနဲ႔မတူဘဲ၊ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ပါ ပိုမ်ားလာေစၿပီး အသက္အႏၲရာယ္ ပိုဆိုးသြားေစႏိုင္ပါတယ္။ ဒီဆိုးလာတဲ့ လကၡဏာေတြအျဖစ္ မွိန္းလာတာ၊ အသက္႐ူအားမေကာင္းတာနဲ႔ သတိေမ့သြားတတ္တာေတြ ေတြ႕လာရတတ္ပါတယ္။ ဒီအေျခအေနမွာ ေသြးထဲ ေအာက္ဆီဂ်င္ပမာဏကိုတိုင္း႐ုံ (Pulse Oximeter) နဲ႔ မလုံေလာက္ေတာ့လဲ၊ ေအာက္ဆီဂ်င္ေရာ၊ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ ပမာဏကိုပါ (Arterial Blood Test) တိုင္းဖို႔ လိုလာပါတယ္။

ကာဘြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ တက္လာပါက အသက္အႏၲရာယ္ႀကီးတာေၾကာင့္ အသက္႐ူစက္တပ္ဖို႔ လိုလာပါတယ္။ အခုလို အသက္႐ူစက္တပ္ရာမွာ ပါးစပ္ (သို႔မဟုတ္) ႏွာေခါင္းကတဆင့္၊ အဆုပ္ထဲကို ပိုက္ထည့္သြင္းၿပီး စက္ (Ventilator) နဲ႔ အသက္႐ူေစတာေၾကာင့္၊ လူနာအတြက္ေရာ ကုသေပးသူေတြအတြက္ပါ ကူးစက္ႏိုင္မူအႏၲရာယ္ မ်ားသြားကာ၊ ကုန္က်စရိတ္လည္း ႀကီးလြန္းပါတယ္။ အျခားနည္းျဖစ္တဲ့ အခုလိုအဆုပ္ထဲ ပိုက္မသြင္းဘဲ၊ အျပင္ကေနဘဲ ႏွာေခါင္းနဲ႔ပါးစပ္အုပ္နဲ႔ စက္တပ္အသက္႐ူေစတာ (Non-Invasive Ventilator – NIV) ကလည္း အဆုပ္ထဲပိုက္ထည့္တာေလာက္ ေအာက္ဆီဂ်င္ဝင္အား သိပ္မေကာင္းသလို၊ ထြက္သက္ဝင္သက္ေၾကာင့္ ပိုးေတြအျပင္ထြက္လာက ကူးစက္မူကို ပိုမ်ားေစျပန္ပါတယ္။ ေနာက္အႏၲရာယ္ရွိတာတစ္ခုကလည္း ဒီ နာတာရွည္အဆုပ္ပြ ပန္းနာလူနာေတြ သုံးရေလ့ရွိတဲ့ အေငြ႕႐ူစက္ (Nebulizer) သုံးလွ်င္လည္း၊ ေခ်ာင္းဆိုးမိတတ္ကာ၊ အနီးကက်န္းမာေရးဝန္ထမ္းအပါအဝင္ ျပဳစုေစာင့္ေရွာက္ေပးသူေတြကို ကူးစက္ႏိုင္မူ မ်ားလြန္းေစတတ္ပါတယ္။

ေနာက္သတိျပဳစရာ အႏၲရာယ္က ဒီ COPD နာတာရွည္အဆုပ္ပြ ပန္းနာေရာဂါသည္ေတြအေနနဲ႔ ကိုဗစ္ကာလမွာ ေဆး႐ုံ၊ ေဆးခန္းမျပႏိုင္ခဲ့တာေၾကာင့္ ပုံမွန္လတိုင္းစစ္ဖို႔ လိုအပ္တဲ့ ပူးတြဲျဖစ္လာတတ္တဲ့ ေရာဂါေတြ (ဥပမာ၊ ႏွလုံးေရာဂါ၊ အစာအိမ္အူလမ္းေၾကာင္းေရာဂါနဲ႔ အ႐ိုးေရာဂါ စတာ) ေတြရွိေနႏိုင္တာ မသိဘဲရွိေနႏိုင္တာပါ။ ဒါ့အျပင္ ေနာက္တြဲျဖစ္ႏိုင္တာက တီဘီအဆုပ္နာေရာဂါျဖစ္ၿပီး၊ အခုလို မစစ္မိတာေၾကာင့္ မသိလိုက္ဘဲ အကူးခံထားရကာ၊ ကိုဗစ္ျဖစ္လာခ်ိန္ ႏွစ္ထပ္ကြမ္း သံုးထပ္ကြမ္း ပိုဆိုးလာတာအျပင္၊ မိမိကေနလည္း အျခားသူေတြကို ကူးစက္သြားေစတာေတြရွိႏိုင္ျပန္ပါတယ္။ အခုလို အေျခအေနမ်ိဳးမွာ ကိုဗစ္ကာလ ေဆးခန္းသြားရခက္ၿပီး၊ အိမ္မွာဘဲေနရသူေတြအေနနဲ႔၊ ထူးျခားလာတဲ့ လကၡဏာေတြ ခံစားလာရလွ်င္ ဖုန္းနဲ႔တဆင့္ (Telemedicine) ဆရာဝန္နဲ႔ ေျပာျပတိုင္ပင္သင့္ပါတယ္။ လိုအပ္လာလွ်င္ ေဆးစစ္မူေတြလုပ္ၿပီး၊ ဒီေရာဂါေတြျဖစ္မျဖစ္ ခြဲျခားသိႏိုင္ပါတယ္။

ေနာက္ဆုံးမွာေတာ့ ဒီ အဆုပ္ေရာဂါအခံရွိသူအေတာ္မ်ားမ်ားအေနနဲ႔ ေဆး႐ုံ၊ေဆးခန္း မျဖစ္မေနသြားရမဲ့ အေျခအေနကို သိႏိုင္တာတစ္ခု တိုးတက္မူေတာ့ေတြ႕လာရပါတယ္။ အဲ့ဒါက အခုကိုဗစ္ကာလမွာ ဒီေရာဂါအခံရွိသူမ်ားစြာအေနနဲ႔ Pulse Oximeter ေခၚ ေသြးတြင္း ေအာက္ဆီဂ်င္ပမာဏတိုင္းတဲ့ ကရိယာေလးေတြ အိမ္မွာေဆာင္ၿပီး စစ္ေဆးတတ္လာတာပါ။ လက္ေခ်ာင္းဖ်ားထိပ္မွာတပ္ၿပီး အလြယ္တကူစစ္ႏိုင္တဲ့ ဒီစက္ေလးမွာ၊ ေသြးတြင္းေအာက္ဆီဂ်င္ပမာဏအျပင္ ႏွလုံးခုန္ႏႈန္းကိုလဲျပပါတယ္။ ဒါေၾကာင့္ အခုလို ဆရာဝန္ကိုဖုန္းနဲ႔ဆက္သြယ္ျပသရာမွာ၊ ေအာက္ဆီဂ်င္က်တာ၊ ေနာက္ ေသြးခုန္ႏႈန္းမမွန္တာ စတဲ့စိုးရိမ္စရာေတြအတြက္၊ လိုအပ္လွ်င္ ေဆး႐ုံေဆးခန္းလာဖို႔နဲ႔ ျပင္ဆင္တာေတြလုပ္ဖို႔ ဆရာဝန္က အႀကံေပးႏိုင္ပါတယ္။

ဒီေရာဂါအေၾကာင္း ပိုမိုသိရိွႏိုင္ဖို႔ ကိုဝင္းမင္း က အဆုပ္နဲ႔ ရင္ေခါင္း အထူးကုဆရာဝန္ႀကီးနဲ႔ ေဆးတကၠသိုလ္ (၁) အဆုပ္နဲ႔ အသက္႐ူလမ္းေၾကာင္းဆိုင္ရာ ေဆးပညာဌာန အၿငိမ္းစားဌာနမူး ပါေမာကၡ ေဒါက္တာဝင္းႏိုင္ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode ==

Chronic Obstructive Pulmonary Disease (COPD) (ခေါ်) နာတာရှည် အဆုပ်ပွ ပန်းနာရောဂါအခံ ရှိသူတွေမှာ၊ ကိုဗစ်ပိုးကူးစက်ခံရလျှင်၊ ကုသမူခံယူရာမှာ အထူးပိုသတိပြုသင့်တာတွေ ရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေ က ဆိုပါတယ်။

COPD (ခေါ်) နာတာရှည်အဆုပ်ပွပန်းနာ (သို့မဟုတ်) နာတာရှည် အဆုပ်ပွလေပြွန်ကျဉ်းရောဂါ အခံရှိသူတွေမှာ ကိုဗစ်ပိုးကူးစက်ခံရလျှင် ကုသရာမှာ အထူးစိုးရိမ်ရပါတယ်။ အကြောင်းက အပြန်အလှန် ရောဂါကြွစေတဲ့ ဒီရောဂါ နှစ်ခုလုံးအတွက် ကုထုံး နှစ်မျိုးနဲ့ ပေါင်းကုရတာအပြင်၊ အောက်ဆီဂျင် ကျဆင်းစေမူကလည်း နှစ်ဆတိုး အသက်အန္တရာယ်ကြီးသွားနိုင်လို့ပါ။ ဒါ့အပြင် အောက်ဆီဂျင်ပေး ကုသရာမှာလည်း၊ ဒီ COPD ရောဂါပြင်းထန်သူတချို့မှာ၊ အောက်ဆီဂျင် အများကြီးပေးမိလျှင်၊ အခြားသူတွေနဲ့မတူဘဲ၊ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ပါ ပိုများလာစေပြီး အသက်အန္တရာယ် ပိုဆိုးသွားစေနိုင်ပါတယ်။ ဒီဆိုးလာတဲ့ လက္ခဏာတွေအဖြစ် မှိန်းလာတာ၊ အသက်ရူအားမကောင်းတာနဲ့ သတိမေ့သွားတတ်တာတွေ တွေ့လာရတတ်ပါတယ်။ ဒီအခြေအနေမှာ သွေးထဲ အောက်ဆီဂျင်ပမာဏကိုတိုင်းရုံ (Pulse Oximeter) နဲ့ မလုံလောက်တော့လဲ၊ အောက်ဆီဂျင်ရော၊ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ် ပမာဏကိုပါ (Arterial Blood Test) တိုင်းဖို့ လိုလာပါတယ်။

ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ် တက်လာပါက အသက်အန္တရာယ်ကြီးတာကြောင့် အသက်ရူစက်တပ်ဖို့ လိုလာပါတယ်။ အခုလို အသက်ရူစက်တပ်ရာမှာ ပါးစပ် (သို့မဟုတ်) နှာခေါင်းကတဆင့်၊ အဆုပ်ထဲကို ပိုက်ထည့်သွင်းပြီး စက် (Ventilator) နဲ့ အသက်ရူစေတာကြောင့်၊ လူနာအတွက်ရော ကုသပေးသူတွေအတွက်ပါ ကူးစက်နိုင်မူအန္တရာယ် များသွားကာ၊ ကုန်ကျစရိတ်လည်း ကြီးလွန်းပါတယ်။ အခြားနည်းဖြစ်တဲ့ အခုလိုအဆုပ်ထဲ ပိုက်မသွင်းဘဲ၊ အပြင်ကနေဘဲ နှာခေါင်းနဲ့ပါးစပ်အုပ်နဲ့ စက်တပ်အသက်ရူစေတာ (Non-Invasive Ventilator – NIV) ကလည်း အဆုပ်ထဲပိုက်ထည့်တာလောက် အောက်ဆီဂျင်ဝင်အား သိပ်မကောင်းသလို၊ ထွက်သက်ဝင်သက်ကြောင့် ပိုးတွေအပြင်ထွက်လာက ကူးစက်မူကို ပိုများစေပြန်ပါတယ်။ နောက်အန္တရာယ်ရှိတာတစ်ခုကလည်း ဒီ နာတာရှည်အဆုပ်ပွ ပန်းနာလူနာတွေ သုံးရလေ့ရှိတဲ့ အငွေ့ရူစက် (Nebulizer) သုံးလျှင်လည်း၊ ချောင်းဆိုးမိတတ်ကာ၊ အနီးကကျန်းမာရေးဝန်ထမ်းအပါအဝင် ပြုစုစောင့်ရှောက်ပေးသူတွေကို ကူးစက်နိုင်မူ များလွန်းစေတတ်ပါတယ်။

နောက်သတိပြုစရာ အန္တရာယ်က ဒီ COPD နာတာရှည်အဆုပ်ပွ ပန်းနာရောဂါသည်တွေအနေနဲ့ ကိုဗစ်ကာလမှာ ဆေးရုံ၊ ဆေးခန်းမပြနိုင်ခဲ့တာကြောင့် ပုံမှန်လတိုင်းစစ်ဖို့ လိုအပ်တဲ့ ပူးတွဲဖြစ်လာတတ်တဲ့ ရောဂါတွေ (ဥပမာ၊ နှလုံးရောဂါ၊ အစာအိမ်အူလမ်းကြောင်းရောဂါနဲ့ အရိုးရောဂါ စတာ) တွေရှိနေနိုင်တာ မသိဘဲရှိနေနိုင်တာပါ။ ဒါ့အပြင် နောက်တွဲဖြစ်နိုင်တာက တီဘီအဆုပ်နာရောဂါဖြစ်ပြီး၊ အခုလို မစစ်မိတာကြောင့် မသိလိုက်ဘဲ အကူးခံထားရကာ၊ ကိုဗစ်ဖြစ်လာချိန် နှစ်ထပ်ကွမ်း သုံးထပ်ကွမ်း ပိုဆိုးလာတာအပြင်၊ မိမိကနေလည်း အခြားသူတွေကို ကူးစက်သွားစေတာတွေရှိနိုင်ပြန်ပါတယ်။ အခုလို အခြေအနေမျိုးမှာ ကိုဗစ်ကာလ ဆေးခန်းသွားရခက်ပြီး၊ အိမ်မှာဘဲနေရသူတွေအနေနဲ့၊ ထူးခြားလာတဲ့ လက္ခဏာတွေ ခံစားလာရလျှင် ဖုန်းနဲ့တဆင့် (Telemedicine) ဆရာဝန်နဲ့ ပြောပြတိုင်ပင်သင့်ပါတယ်။ လိုအပ်လာလျှင် ဆေးစစ်မူတွေလုပ်ပြီး၊ ဒီရောဂါတွေဖြစ်မဖြစ် ခွဲခြားသိနိုင်ပါတယ်။

နောက်ဆုံးမှာတော့ ဒီ အဆုပ်ရောဂါအခံရှိသူအတော်များများအနေနဲ့ ဆေးရုံ၊ဆေးခန်း မဖြစ်မနေသွားရမဲ့ အခြေအနေကို သိနိုင်တာတစ်ခု တိုးတက်မူတော့တွေ့လာရပါတယ်။ အဲ့ဒါက အခုကိုဗစ်ကာလမှာ ဒီရောဂါအခံရှိသူများစွာအနေနဲ့ Pulse Oximeter ခေါ် သွေးတွင်း အောက်ဆီဂျင်ပမာဏတိုင်းတဲ့ ကရိယာလေးတွေ အိမ်မှာဆောင်ပြီး စစ်ဆေးတတ်လာတာပါ။ လက်ချောင်းဖျားထိပ်မှာတပ်ပြီး အလွယ်တကူစစ်နိုင်တဲ့ ဒီစက်လေးမှာ၊ သွေးတွင်းအောက်ဆီဂျင်ပမာဏအပြင် နှလုံးခုန်နှုန်းကိုလဲပြပါတယ်။ ဒါကြောင့် အခုလို ဆရာဝန်ကိုဖုန်းနဲ့ဆက်သွယ်ပြသရာမှာ၊ အောက်ဆီဂျင်ကျတာ၊ နောက် သွေးခုန်နှုန်းမမှန်တာ စတဲ့စိုးရိမ်စရာတွေအတွက်၊ လိုအပ်လျှင် ဆေးရုံဆေးခန်းလာဖို့နဲ့ ပြင်ဆင်တာတွေလုပ်ဖို့ ဆရာဝန်က အကြံပေးနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က အဆုပ်နဲ့ ရင်ခေါင်း အထူးကုဆရာဝန်ကြီးနဲ့ ဆေးတက္ကသိုလ် (၁) အဆုပ်နဲ့ အသက်ရူလမ်းကြောင်းဆိုင်ရာ ဆေးပညာဌာန အငြိမ်းစားဌာနမူး ပါမောက္ခ ဒေါက်တာဝင်းနိုင် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG