သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မတူတဲ့ ကိုဗစ္ကာကြယ္ေဆးႏွစ္မ်ဳိး ေပါင္းစပ္ထိုးႏုိင္မလားဆိုတာ ၿဗိတိန္မွာ စမ္းသပ္ေန


"ကိုဗစ္ကာကြယ္ေဆး" လု႔ိ တံဆိပ္ကပ္ထားတဲ့ ပုလင္းမ်ား။ (စက္တင္ဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကာကြယ္ေဆး ၂ လုံးထိုးဖို႔လိုတဲ့ ကာကြယ္ေဆးေတြမွာ မတူညီတဲ့ေဆး ၂ မ်ိဳးကို တလွည့္စီ ေပါင္းၿပီး ထိုးႏုိင္မလားဆုိတာကို ဆုံးျဖတ္ဖို႔ ၿဗိတိန္ႏုိင္ငံမွာ ဒီေန႔ စမ္းသပ္မႈေတြ စတင္လိုက္ၿပီျဖစ္ပါတယ္။ သုေတသီေတြဟာ Pfizer-BioNTech ကာကြယ္ေဆးက ေဆးတလုံးနဲ႔ ေနာက္ ၄ ပတ္ကေန ၁၂ ပတ္အၾကာမွာ AstraZeneca နဲ႔ Oxford တကၠသိုလ္တုိ႔ ပူးတဲြထုတ္လုပ္တဲ့ ကာကြယ္ေဆးတလုံးကို ေပါင္းၿပီးထုိးႏုိင္ဖို႔အတြက္ လုပ္ေဆာင္ေနၾကတာျဖစ္ၿပီး အဲဒီအစီအစဥ္အတြက္ ေစတနာ့၀န္ထမ္း ၈၀၀ ေက်ာ္ ပါ၀င္စမ္းသပ္ခံသြားမွာျဖစ္ပါတယ္။

အဲဒီကာကြယ္ေဆး ၂ မ်ိဳးဟာ မတူညီတဲ့ နည္းပညာ ၂ ခုအေပၚမွာ အေျခခံၿပီးေတာ့ ထုတ္လုပ္ထားတာျဖစ္ပါတယ္။ တကယ္လို႔ အဲဒီေဆး ၂ ခုကို တလွည့္စီေပါင္းၿပီး ထိုးႏုိင္တယ္ဆုိရင္ ကမာၻတ၀န္း ကာကြယ္ေဆးထိုးတဲ့အစီအစဥ္ေတြမွာ ပိုၿပီးေတာ့ ေျပာင္းလြယ္ျပင္လြယ္နဲ႔ အေျပာင္းအလဲေတြ လုပ္လာႏုိင္မွာျဖစ္ပါတယ္။

တခ်ိန္တည္းမွာပဲ အစၥေရးလ္ႏုိ္င္ငံမွာ ကာကြယ္ေဆးထိုးတဲ့အစီအစဥ္အေပၚ သုံးသပ္ခ်က္အရ Pfizer နဲ႔ BioNTech ကထုတ္တဲ့ ကာကြယ္ေဆးတလုံးဟာ ဗုိင္းရပ္စ္ကို ၂၁ ရက္ ကာကြယ္ႏုိင္တယ္ဆုိတာ ေတြ႔ရွိရတယ္လို႔ The Guardian သတင္းစာက ဆုိပါတယ္။ ဒါေပမဲ့ အစၥေရးလ္က အေစာပိုင္းေလ့လာေတြ႔ရွိခ်က္ေတြအရေတာ့ ကာကြယ္ေဆးတလုံးတည္းထိုးတာက လုံေလာက္တဲ့ ကာကြယ္မႈ မေပးႏုိင္ဘူးလို႔ ၿဗိတိန္ႏုိင္ငံ East Anglia တကၠသိုလ္က သုေတသီေတြက ေျပာလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မတူတဲ့ ကိုဗစ်ကာကွယ်ဆေးနှစ်မျိုး ပေါင်းစပ်ထိုးနိုင်မလားဆိုတာ ဗြိတိန်မှာ စမ်းသပ်နေ

ကိုဗစ်ကာကွယ်ဆေး ၂ လုံးထိုးဖို့လိုတဲ့ ကာကွယ်ဆေးတွေမှာ မတူညီတဲ့ဆေး ၂ မျိုးကို တလှည့်စီ ပေါင်းပြီး ထိုးနိုင်မလားဆိုတာကို ဆုံးဖြတ်ဖို့ ဗြိတိန်နိုင်ငံမှာ ဒီနေ့ စမ်းသပ်မှုတွေ စတင်လိုက်ပြီဖြစ်ပါတယ်။ သုတေသီတွေဟာ Pfizer-BioNTech ကာကွယ်ဆေးက ဆေးတလုံးနဲ့ နောက် ၄ ပတ်ကနေ ၁၂ ပတ်အကြာမှာ AstraZeneca နဲ့ Oxford တက္ကသိုလ်တို့ ပူးတွဲထုတ်လုပ်တဲ့ ကာကွယ်ဆေးတလုံးကို ပေါင်းပြီးထိုးနိုင်ဖို့အတွက် လုပ်ဆောင်နေကြတာဖြစ်ပြီး အဲဒီအစီအစဉ်အတွက် စေတနာ့ဝန်ထမ်း ၈၀၀ ကျော် ပါဝင်စမ်းသပ်ခံသွားမှာဖြစ်ပါတယ်။

အဲဒီကာကွယ်ဆေး ၂ မျိုးဟာ မတူညီတဲ့ နည်းပညာ ၂ ခုအပေါ်မှာ အခြေခံပြီးတော့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ တကယ်လို့ အဲဒီဆေး ၂ ခုကို တလှည့်စီပေါင်းပြီး ထိုးနိုင်တယ်ဆိုရင် ကမ္ဘာတဝန်း ကာကွယ်ဆေးထိုးတဲ့အစီအစဉ်တွေမှာ ပိုပြီးတော့ ပြောင်းလွယ်ပြင်လွယ်နဲ့ အပြောင်းအလဲတွေ လုပ်လာနိုင်မှာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အစ္စရေးလ်နိုင်ငံမှာ ကာကွယ်ဆေးထိုးတဲ့အစီအစဉ်အပေါ် သုံးသပ်ချက်အရ Pfizer နဲ့ BioNTech ကထုတ်တဲ့ ကာကွယ်ဆေးတလုံးဟာ ဗိုင်းရပ်စ်ကို ၂၁ ရက် ကာကွယ်နိုင်တယ်ဆိုတာ တွေ့ရှိရတယ်လို့ The Guardian သတင်းစာက ဆိုပါတယ်။ ဒါပေမဲ့ အစ္စရေးလ်က အစောပိုင်းလေ့လာတွေ့ရှိချက်တွေအရတော့ ကာကွယ်ဆေးတလုံးတည်းထိုးတာက လုံလောက်တဲ့ ကာကွယ်မှု မပေးနိုင်ဘူးလို့ ဗြိတိန်နိုင်ငံ East Anglia တက္ကသိုလ်က သုတေသီတွေက ပြောလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG