သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Biden ရဲ႕ အမ်ိဳးသားလံုၿခံဳေရးအႀကံေပး ျမန္မာ့အေရး အာဆီယံ သံအမတ္ေတြနဲ႔ ေဆြးေႏြး


သမၼတ Biden ရဲ႕ အမ်ိဳးသားလံုၿခံဳေရးအႀကံေပး Jake Sullivan

(Zawgyi/Unicode)

အေမရိကန္ သမၼတ အမ်ိဳးသား လုံျခဳံေရး အႀကံေပး ပုဂၢိဳလ္ Jake Sullivan က မေန႔ ညေနပိုင္းက အေရွ႕ေတာင္ အာရွ နိုင္ငံမ်ား အသင္း (အာဆီယံ)အဖြဲ႕ နိုင္ငံေတြရဲ့ ဝါရွင္တန္ အေျခစိုက္ သံအမတ္ႀကီးေတြနဲ႔ တယ္လီဖုန္းနဲ႔ဆက္သြယ္ စကားေျပာခဲ့တယ္လို႔ အမ်ိဳးသား လုံျခဳံေရး ေကာင္စီ ေျပာခြင့္ရ Emily Horne က ေျပာပါတယ္။​ အဲဒီလို တယ္လီဖုန္း နဲ႔ ဆက္သြယ္ စကားေျပာစဥ္မွာ Mr. Sullivan က ျမန္မာနိုင္ငံမွာ ျဖစ္ပြားခဲ့တဲ့ စစ္အာဏာသိမ္းမႈနဲ႔ပတ္သက္ၿပီး သမၼတ Joe Biden က အထူး စိုးရိမ္ပူပန္ေနတဲ့ အေၾကာင္းနဲ႔ ဒီ အက်ပ္အတည္း အေပၚ အာဆီယံ နိုင္ငံေတြက အေရးတယူ အေလးထားရွိတဲ့အေပၚ ေက်းဇူးတင္ေၾကာင္း ထည့္သြင္း ေျပာၾကားခဲ့တယ္လို႔ အမ်ိဳးသား လုံျခဳံေရး ေကာင္စီ ေျပာခြင့္ရ Emily Horne ရဲ႕ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔ ရက္စြဲနဲ႔ သတင္းထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီစနစ္ ခ်က္ခ်င္း ျပန္လည္ က်င့္သုံးႏိုင္ေရးမွာ ေဒသတြင္းႏိုင္ငံေတြရဲ႕ အားေပးေထာက္ခံမႈ အေရး ႀကီးပုံကို Mr. Sullivan က ေထာက္ျပခဲ့တယ္လို႔လည္း ေျပာပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အာဆီယံႏိုင္ငံေတြနဲ႔ ဆက္ဆံေရး တိုးခ်ဲ႕မယ္လို႔ အေမရိကန္ အစိုးရက ကတိကဝတ္ ျပဳထားတာကိုလည္း Mr. Sullivan က အေလးထား ေျပာဆိုခဲ့ေၾကာင္း ေျပာခြင့္ရ Emily Horne က ေျပာပါတယ္။

အာဆီယံသံအမတ္ႀကီးေတြဘက္က ဥတုရာသီ ေျပာင္းလဲမႈ တိုက္ဖ်က္ေရးမွာ ပိုမို ပူးေပါင္းေဆာင္ရြက္နိုင္မယ့္ အခြင့္အေရး၊ COVID 19 ကပ္ေရာဂါ ျပႆနာ ေျဖရွင္းေရး၊ စီးပြားေရး နာလံထူဖို႔ လုပ္ေဆာင္ေရး၊ ပင္လယ္ေရေၾကာင္း လုံျခဳံမႈ တိုးျမႇင့္ေရး၊ အေမရိကန္နဲ႔ အာဆီယံ ျပည္သူေတြ အၾကား အျပန္အလွန္ဆက္ဆံမႈကို ျမႇင့္တင္ေရးနဲ႔ အာဆီယံ ဗဟိုျပဳေရး အေရးပါမႈေတြကို ေဆြးေႏြးခဲ့ေၾကာင္း ေျပာခြင့္ရ Emily Horne ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပပါရွိပါတယ္။

..............

သမ္မတ Biden ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး မြန်မာ့အရေး အာဆီယံ သံအမတ်တွေနဲ့ ဆွေးနွေး

(Unicode)

အမေရိကန် သမ္မတ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် Jake Sullivan က မနေ့ ညနေပိုင်းက အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ)အဖွဲ့ နိုင်ငံတွေရဲ့ ဝါရှင်တန် အခြေစိုက် သံအမတ်ကြီးတွေနဲ့ တယ်လီဖုန်းနဲ့ဆက်သွယ် စကားပြောခဲ့တယ်လို့ အမျိုးသား လုံခြုံရေး ကောင်စီ ပြောခွင့်ရ Emily Horne က ပြောပါတယ်။ အဲဒီလို တယ်လီဖုန်း နဲ့ ဆက်သွယ် စကားပြောစဉ်မှာ Mr. Sullivan က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး သမ္မတ Joe Biden က အထူး စိုးရိမ်ပူပန်နေတဲ့ အကြောင်းနဲ့ ဒီ အကျပ်အတည်း အပေါ် အာဆီယံ နိုင်ငံတွေက အရေးတယူ အလေးထားရှိတဲ့အပေါ် ကျေးဇူးတင်ကြောင်း ထည့်သွင်း ပြောကြားခဲ့တယ်လို့ အမျိုးသား လုံခြုံရေး ကောင်စီ ပြောခွင့်ရ Emily Horne ရဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ချက်ချင်း ပြန်လည် ကျင့်သုံးနိုင်ရေးမှာ ဒေသတွင်းနိုင်ငံတွေရဲ့ အားပေးထောက်ခံမှု အရေး ကြီးပုံကို Mr. Sullivan က ထောက်ပြခဲ့တယ်လို့လည်း ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးချဲ့မယ်လို့ အမေရိကန် အစိုးရက ကတိကဝတ် ပြုထားတာကိုလည်း Mr. Sullivan က အလေးထား ပြောဆိုခဲ့ကြောင်း ပြောခွင့်ရ Emily Horne က ပြောပါတယ်။

အာဆီယံသံအမတ်ကြီးတွေဘက်က ဥတုရာသီ ပြောင်းလဲမှု တိုက်ဖျက်ရေးမှာ ပိုမို ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အရေး၊ COVID 19 ကပ်ရောဂါ ပြဿနာ ဖြေရှင်းရေး၊ စီးပွားရေး နာလံထူဖို့ လုပ်ဆောင်ရေး၊ ပင်လယ်ရေကြောင်း လုံခြုံမှု တိုးမြှင့်ရေး၊ အမေရိကန်နဲ့ အာဆီယံ ပြည်သူတွေ အကြား အပြန်အလှန်ဆက်ဆံမှုကို မြှင့်တင်ရေးနဲ့ အာဆီယံ ဗဟိုပြုရေး အရေးပါမှုတွေကို ဆွေးနွေးခဲ့ကြောင်း ပြောခွင့်ရ Emily Horne ရဲ့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG