(Zawgyi/Unicode)
ျမန္မာနိုင္ငံအတြင္း က်ယ္က်ယ္ျပန္႔ျပန္႔ အသုံးျပဳေနတဲ့ Facebook လူမႈ ကြန္ရက္ကို ယာယီ တားဆီး ထိန္းသိမ္း ပိတ္ပင္ဖို႔ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရး ဝန္ႀကီးဌာနက ဌာနတြင္း ညႊန္ၾကားစာ ထုတ္ျပန္လိုက္ပါတယ္။
ေဖေဖာ္ဝါရီလ ၃ ရက္ေန႔နဲ႔ ထုတ္ျပန္တဲ့ အဲဒီစာမွာ လတ္တေလာ ကာလထဲ အဖ်က္အေမွာက္ ေဆာင္ရြက္သူေတြက နိုင္ငံ တည္ၿငိမ္ေရးကို ပ်က္ျပားေစၿပီး အမ်ားျပည္သူ အက်ိဳး ထိခိုက္ေစမယ့္ ေသြးထိုး လႈံေဆာ္မႈေတြနဲ႔ မဟုတ္မမွန္ သတင္းေတြ Facebook သုံးၿပီး ေရးသား ျဖန္႔ေဝ ေနတယ္လို႔ ေရးထားပါတယ္။
ယာယီ ပိတ္ပင္မႈကို အခု အေၾကာင္းစာရတဲ့ အခ်ိန္ကေန ေဖေဖာ္ဝါရီလ ၇ ရက္ေန႔အထိ ပိတ္ထားရမယ္လို႔ အဲဒီ စာမွာ ညႊန္ၾကားထားတာပါ။
ဆက္သြယ္ေရးပုဒ္မ ၇၇ နဲ႔အညီ အမ်ားျပည္သူ အက်ိဳးနဲ႔ နိုင္ငံေတာ္ တည္ၿငိမ္ေရးအတြက္ ပိတ္ပင္ရမယ္လို႔လည္း ညႊန္ၾကားစာမွာ ပါရွိပါတယ္။
...................................................
စစ်အာဏာသိမ်းကောင်စီက မြန်မာနိုင်ငံမှာ Facebook အသုံးပြုမှု ယာယီပိတ်ပင်တော့မည်
(Unicode)
မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ Facebook လူမှု လူမှု ကွန်ရက်ကို ယာယီ တားဆီး ထိန်းသိမ်း ပိတ်ပင်ဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ဌာနတွင်း ညွှန်ကြားစာ ထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်နေ့နဲ့ ထုတ်ပြန်တဲ့ အဲဒီစာမှာ လတ်တလော ကာလထဲ အဖျက်အမှောက် ဆောင်ရွက်သူတွေက နိုင်ငံ တည်ငြိမ်ရေးကို ပျက်ပြားစေပြီး အများပြည်သူ အကျိုး ထိခိုက်စေမယ့် သွေးထိုး လှုံဆော်မှုတွေနဲ့ မဟုတ်မမှန် သတင်းတွေ Facebook သုံးပြီး ရေးသား ဖြန့်ဝေ နေတယ်လို့ ရေးထားပါတယ်။
ယာယီ ပိတ်ပင်မှုကို အခု အကြောင်းစာရတဲ့ အချိန်ကနေ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ပိတ်ထားရမယ်လို့ အဲဒီ စာမှာ ညွှန်ကြားထားတာပါ။
ဆက်သွယ်ရေးပုဒ်မ ၇၇ နဲ့အညီ အများပြည်သူ အကျိုးနဲ့ နိုင်ငံတော် တည်ငြိမ်ရေးအတွက် ပိတ်ပင်ရမယ်လို့လည်း ညွှန်ကြားစာမှာ ပါရှိပါတယ်။