သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ႔အေရး လံုၿခံဳေရးေကာင္စီေတာင္းဆိုခ်က္အတြက္ တရုတ္ရွင္းလင္းခ်က္


လံုျခံဳေရးေကာင္စီ အစည္းအေ၀းက်င္းပစဥ္ (ဓာတ္ပံု- Reuters)

(Zawgyi/Unicode)
ျမန္မာ့အေရးကိစၥ ကုလသမဂၢလုံျခဳံေရး ေကာင္စီက ေၾကညာခ်က္တစ္ေစာင္ တညီတညြတ္တည္း ထုတ္ျပန္လိုက္တဲ့အေပၚ တ႐ုတ္ ကုလသမဂၢ အဖြဲ႕႐ုံးက ေျပာခြင့္ရက ထပ္ဆင့္ ရွင္းလင္းခ်က္ ထုတ္ျပန္ပါတယ္။

အဲဒီ ရွင္းလင္းေၾကညာခ်က္မွာ ကုလသမဂၢလုံျခဳံေရးေကာင္စီရဲ့ ေဆာင္ရြက္ခ်က္ေတြဟာ ျမန္မာနိုင္ငံတြင္း နိုင္ငံေရးနဲ႔ လူမႈေရးအရ တည္ၿငိမ္မွ ုအျပင္ ၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရး အတြက္လည္း ဦးစားေပးစဥ္းစား သင့္တယ္လို႔ တ႐ုတ္နိုင္ငံက အျမဲတေစ ရႈျမင္ ေနခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္လည္း တ႐ုတ္နိုင္ငံက အစည္းအေဝးမွာ အျပဳသေဘာေဆာင္ေဆြးေႏြးခဲ့ၿပီး ေၾကညာခ်က္ပါ စာသားေတြကို ပိုမို ေကာင္းမြန္ေအာင္ အကူအညီေပးခဲ့သလို အားလုံး သေဘာတူညီခ်က္ တညီတညြတ္တည္း ရေအာင္လည္း ႀကိဳးပမ္းခဲ့တယ္ လို႔ ပါရွိပါတယ္။

ျမန္မာနိုင္ငံ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္ေရး၊ နိုင္ငံေရးအရ လြတ္လပ္ခြင့္၊ နယ္ေျမတည္တံ့ခိုင္ျမဲေရးနဲ႔ စည္းလုံးညီညြတ္ေရးအတြက္ လုပ္ေဆာင္သြားဖို႔ အတြက္ ခိုင္ခိုင္မာမာ ရပ္တည္သြားဖို႔ အဖြဲ႕ဝင္နိုင္ငံေတြက ကတိျပဳခဲ့ၾကတယ္လို႔လည္း တ႐ုတ္ေျပာခြင့္ရရဲ့ ေၾကညာခ်က္မွာ ပါရွိပါတယ္။

ျမန္မာနိုင္ငံတြင္း ပါတီေတြအေနနဲ႔ နိုင္ငံသားေတြ ရဲ့ ဆႏၵနဲ႔ အက်ိဳးစီပြါးကို ပထမဦးစားေပးၾကဖို႔၊ မတူညီကြဲျပား ျခားနားမႈ ေတြကို ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ တရားဥပေဒေဘာင္အတြင္းကေန ေဆြးေႏြးညႇိႏွိုင္း အေျဖရွာသြားဖို႔ အိမ္နီးခ်င္းနိုင္ငံျဖစ္တဲ့ တ႐ုတ္နိုင္ငံက ေမၽွာ္လင့္တယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

လုံျခဳံေရး ေကာင္စီက ၾကာသပေတးေန႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ အာဏာသိမ္းသူေတြကို ျပစ္တင္ ေဝဖန္တဲ့ စာသား ပါဝင္ျခင္း မရွိပါဘူး။ ၿဗိတိန္နိုင္ငံကေရးသားခဲ့တဲ့ ပထမမူၾကမ္းမွာသာ ပါရွိခဲ့တာပါ။

ျမန္မာနိုင္ငံကို အဓိက ေထာက္ခံေပးေလ့ရွိၿပီး ဗီတိုအာဏာလည္း သုံးနိုင္တဲ့ တ႐ုတ္နဲ႔ ႐ုရွားနိုင္ငံတို႔က ေၾကညာခ်က္ မူၾကမ္းပါ စာသားေတြကို ျပဳျပင္လိုတာေၾကာင့္ ၾကာသပေတးေန႔အထိ အခ်ိန္ပိုေပးဖို႔ ေတာင္းဆိုခဲ့တာပါ။ အဂၤါေန႔ကစခဲ့တဲ့ တ႐ုတ္နိုင္ငံနဲ႔ သံတမန္ေရးရာ ေစ့စပ္ ေဆြးေႏြးပြဲေတြက သိပ္ကို ခက္ခဲေၾကာင္း သံတမန္ တဦးက AFP သတင္းဌာနကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................................................................

မြန်မာ့အရေး လုံခြုံရေးကောင်စီတောင်းဆိုချက်အတွက် တရုတ်ရှင်းလင်းချက်

(Unicode)
မြန်မာ့အရေးကိစ္စ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ကြေညာချက်တစ်စောင် တညီတညွတ်တည်း ထုတ်ပြန်လိုက်တဲ့အပေါ် တရုတ် ကုလသမဂ္ဂ အဖွဲ့ရုံးက ပြောခွင့်ရက ထပ်ဆင့် ရှင်းလင်းချက် ထုတ်ပြန်ပါတယ်။

အဲဒီ ရှင်းလင်းကြေညာချက်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံတွင်း နိုင်ငံရေးနဲ့ လူမှုရေးအရ တည်ငြိမ်မှ ုအပြင် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက်လည်း ဦးစားပေးစဉ်းစား သင့်တယ်လို့ တရုတ်နိုင်ငံက အမြဲတစေ ရှုမြင် နေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း တရုတ်နိုင်ငံက အစည်းအဝေးမှာ အပြုသဘောဆောင်ဆွေးနွေးခဲ့ပြီး ကြေညာချက်ပါ စာသားတွေကို ပိုမို ကောင်းမွန်အောင် အကူအညီပေးခဲ့သလို အားလုံး သဘောတူညီချက် တညီတညွတ်တည်း ရအောင်လည်း ကြိုးပမ်းခဲ့တယ် လို့ ပါရှိပါတယ်။

မြန်မာနိုင်ငံ အချုပ်အခြာအာဏာပိုင်ဆိုင်ရေး၊ နိုင်ငံရေးအရ လွတ်လပ်ခွင့်၊ နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ စည်းလုံးညီညွတ်ရေးအတွက် လုပ်ဆောင်သွားဖို့ အတွက် ခိုင်ခိုင်မာမာ ရပ်တည်သွားဖို့ အဖွဲ့ဝင်နိုင်ငံတွေက ကတိပြုခဲ့ကြတယ်လို့လည်း တရုတ်ပြောခွင့်ရရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံတွင်း ပါတီတွေအနေနဲ့ နိုင်ငံသားတွေ ရဲ့ ဆန္ဒနဲ့ အကျိုးစီပွါးကို ပထမဦးစားပေးကြဖို့၊ မတူညီကွဲပြား ခြားနားမှု တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေဘောင်အတွင်းကနေ ဆွေးနွေးညှိနှိုင်း အဖြေရှာသွားဖို့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက မျှော်လင့်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လုံခြုံရေး ကောင်စီက ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အာဏာသိမ်းသူတွေကို ပြစ်တင် ဝေဖန်တဲ့ စာသား ပါဝင်ခြင်း မရှိပါဘူး။ ဗြိတိန်နိုင်ငံကရေးသားခဲ့တဲ့ ပထမမူကြမ်းမှာသာ ပါရှိခဲ့တာပါ။

မြန်မာနိုင်ငံကို အဓိက ထောက်ခံပေးလေ့ရှိပြီး ဗီတိုအာဏာလည်း သုံးနိုင်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့က ကြေညာချက် မူကြမ်းပါ စာသားတွေကို ပြုပြင်လိုတာကြောင့် ကြာသပတေးနေ့အထိ အချိန်ပိုပေးဖို့ တောင်းဆိုခဲ့တာပါ။ အင်္ဂါနေ့ကစခဲ့တဲ့ တရုတ်နိုင်ငံနဲ့ သံတမန်ရေးရာ စေ့စပ် ဆွေးနွေးပွဲတွေက သိပ်ကို ခက်ခဲကြောင်း သံတမန် တဦးက AFP သတင်းဌာနကို ပြောပါတယ်။

XS
SM
MD
LG