သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ႔အေရး လံုျခံဳေရးေကာင္စီ တံခါးပိတ္ေဆြးေႏြးပဲြ


မွတ္တမ္းဓါတ္ပံု- ၂၀၁၉ ဧၿပီတုန္းက ျမန္မာ့အေရး လံုျခံဳေရးေကာင္စီ အစည္းအေ၀းတခု

(Zawgyi/Unicode)

ကုလသမဂၢ လံုၿခံဳေရး ေကာင္စီ အဖြဲ႔၀င္ ႏုိင္ငံေတြ ဘက္က ျမန္မာ႔ ဒီမိုကေရစီေရးကို ေထာက္ခံေၾကာင္း ရွင္းလင္း ျပတ္သားတဲ႔ သတင္းစကားပါးဖို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Christine Schraner Burgener က အဂၤါေန႔ ျမန္မာ့ အေရး လံုၿခံဳေရး ေကာင္စီ တံခါးပိတ္ အစည္းအေ၀းမွာ တင္ျပခဲ႔ပါတယ္။ ႏို၀င္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပြဲ ေနာက္ပိုင္း ဥပေဒ အညီ ျဖစ္ရမယ္ဆိုတဲ႔ သေဘာမ်ိဳး စစ္တပ္က ျပသခဲ႔ၿပီး အခုလို အေျခအေနမ်ိဳး ျဖစ္လာတဲ႔ အေပၚ အံ႔ၾသ တုန္လႈပ္ရတယ္လို႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္က ေျပာဆိုခဲ႔ပါတယ္။

အဂၤါေန႔ မနက္ခင္းမွာ လံုၿခံဳေရးေကာင္စီက ျမန္မာ့ အေရး တံခါးပိတ္ အစည္းအေ၀း က်င္းပပါတယ္။ စစ္တပ္က အာဏာယူတဲ႔ ကိစၥကို အျပင္းအထန္ ကန္႔ကြက္ရႈတ္ခ်ေၾကာင္းလည္း အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္က လံုၿခံဳေရးေကာင္စီ တံခါးပိတ္ အစည္းအေ၀းမွာ တင္ျပခဲ႔ေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က သတင္းစာ ရွင္းလင္းခဲ႔ပါတယ္။

"စစ္တပ္က အာဏာသိမ္းမႈ မစခင္ တရက္အလိုမွာ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ မစၥ Burgener က ျမန္မာ စစ္တပ္ ေခါင္းေဆာင္ေတြနဲ႔ ဆက္သြယ္ခဲ႔တာမွာေတာ့ စစ္တပ္ ေခါင္းေဆာင္ေတြဘက္က အစိုးရ၊ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္တို႔နဲ႔ ဆက္သြယ္ေဆာင္ရြက္ေနေၾကာင္း ျပန္ၾကားခဲ႔တယ္ " လို႔လည္း အဂၤါေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဖမ္းဆီးထားတဲ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦး၀င္းျမင့္၊ ႏုိင္ငံေရး ေခါင္းေဆာင္ေတြ တက္ၾကြလႈပ္ရွားသူေတြကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္က ေတာင္းဆိုထားပါတယ္။ ႏုိင္ငံ အေရးေပၚ အေျခအေန ေၾကညာၿပီး အရပ္သား ႏုိင္ငံေရး ေခါင္းေဆာင္ေတြကို ဖမ္းဆီးမႈဟာ အေျခခံ ဥပေဒနဲ႔ မညီသလို ဥပေဒမဲ႔ လုပ္ရပ္ ျဖစ္တယ္လို႔လည္း သူမက ေျပာဆိုခဲ႔ေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုခဲ႔တာပါ။

ျမန္မာ စစ္အာဏာသိမ္းမႈကို ရႈတ္ခ်ၿပီး စစ္တပ္ဘက္က ဥပေဒ ေလးစားလိုက္နာေရး၊ လူ႔အခြင့္အေရးကို အေလးထားေရးနဲ႔ တရားဥပေဒမဲ႔ ဖမ္းဆီးထားသူေတြကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားတဲ႔ ၿဗိတိန္က ျပဳစုထားတဲ႔ ေၾကညာခ်က္ မူၾကမ္းကို လံုၿခံဳေရးေကာင္စီမွာ ေဆြးေႏြးေနေၾကာင္းလည္း ကုသလမဂၢ သံတမန္ေတြေျပာဆိုခ်က္ကို ကိုးကားၿပီး Reuters သတင္းက ေဖာ္ျပပါတယ္။ အဖြဲ႔၀င္ အားလံုးက သေဘာတူရင္ေတာ့ ကုလသမဂၢလံုၿခံဳေရး ေကာင္စီက ေၾကညာခ်က္ ထုတ္ႏုိင္မွာ ျဖစ္ပါတယ္။ ကုလသမဂၢ လံုၿခံဳေရးေကာင္စီရဲ႕ ဥကၠဌ ကုလသမဂၢဆိုင္ရာ ၿဗိတိန္ သံအမတ္ႀကီး Barbara Woodward ကေတာ့ အဖြဲ႔၀င္ အားလံုး တညီတညြတ္ သေဘာတူညီခ်က္ရဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။

"ဒီကိစၥနဲ႔ ပတ္သက္ၿပီး တညီတညြတ္တည္း ဆံုးျဖတ္ခ်က္ ခ်ႏုိင္ဖို႔ အေသအခ်ာ ေမွ်ာ္လင့္ထားၿပီး ျဖစ္ထြန္းမႈွေတြကို ဆက္လက္ အသိေပးသြားမယ္" လို႔ ၿဗိတိန္ သံအမတ္ႀကီး WOODWARD ေျပာဆိုခဲ႔တာပါ။

ႏုိင္ငံတကာ အသိုင္းအ၀ိုင္းတြင္းမွာ အထူးဘဲ စိုးရိမ္ေနၾကၿပီး အဂၤါေန႔ မနက္ခင္းမွာလည္း တျခား သံအမတ္ႀကီးေတြထံကေနလည္း အလားတူ စိုးရိမ္မကင္း ျဖစ္ေနတဲ႔ အေၾကာင္းေတြကို ရွင္းရွင္းလင္းလင္း ၾကားသိရေၾကာင္း ကုလသမဂၢ လံုၿခံဳေရးေကာင္စီ ဥကၠဌ ၿဗိတိန္ သံအမတ္ႀကီး Woodward က ေျပာပါတယ္။ ဒီျပသနာကို ေျဖရွင္းေရး အတြက္ ASEAN အပါအ၀င္ ေဒသတြင္း ႏုိင္ငံေတြရဲ႕ အခန္းက႑ကိုလည္း ႀကိဳဆိုေၾကာင္းနဲ႔ လံုၿခံဳေရး ေကာင္စီက သံအမတ္ႀကီးေတြနဲ႔ ဆက္လက္ ေဆြးေႏြးသြားဖို႔လည္း ရွိေနေၾကာင္း ေျပာပါတယ္။

ကုလသမဂၢ လံုၿခံဳေရးေကာင္စီတြင္း ျမန္မာ့ အေရး ေဆြးေႏြးမႈေတြမွာ အစဥ္တစိုက္ ကန္႔ကြက္တဲ႔ တရုတ္ႏိုင္ငံဘက္ကေတာ့ ျမန္မာ့ အေရး လံုၿခံဳေရးေကာင္စီ တံခါးပိတ္ အစည္းအေ၀း အတြက္ ဆက္သြယ္ေဆာင္ရြက္ေနေၾကာင္း ေဆြးေႏြးပြဲ မစခင္မွာဘဲ တရုတ္ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရ Wang Wenbin က ေျပာပါတယ္။

"လံုၿခံဳေရးေကာင္စီ အေရးကိစၥေတြနဲ႔ ပတ္သက္ၿပီး သက္ဆိုင္သူ အားလံုးနဲ႔ တရုတ္က ဆက္သြယ္ ေဆာင္ရြက္ေနပါတယ္။ ျမန္မာႏုိင္ငံတြင္း ႏုိင္ငံေရး လူမႈေရး တည္ၿငိမ္မႈ အတြက္ အေထာက္အကူ ျဖစ္ေစဖို႔၊ ေနာက္ ၿငိမ္းခ်မ္းစြာ ျပန္လည္သင့္ျမတ္ေရးကို ပံ႔ပိုးေပးႏုိင္ေရးကိုသာ ႏုိင္ငံတကာ အသိုင္းအ၀ိုင္းဘက္က ေဆာင္ရြက္ခ်က္ဖို႔၊ ျပသနာေတြ ပိုႀကီးၿပီး အေျခအေန ရႈပ္ေထြးသြားေစမယ့္ အေရးေတြ ေရွာင္ရွားသင့္ေၾကာင္း" တရုတ္ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရက ေျပာဆိုခဲ႔တာပါ။

ျမန္မာ ျပည္သူလူထုကို အကာအကြယ္ေပးဖို႔ ေနာက္ ျမန္မာ ျပည္သူ လူထုရဲ႕ အေျခခံ အခြင့္အေရးေတြကို ကာကြယ္ေပးႏုိင္ဖို႔ အတြက္ ဒီအခ်ိန္မွာ မျဖစ္မေန ေဆာင္ရြက္ၾကရမယ္လို႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ Schraner Burgener က ကုလသမဂၢလံုၿခံဳေရးေကာင္စီ ျမန္မာ့အေရး အေရးေပၚ တံခါးပိတ္ အစည္းအေ၀းမွာ ေျပာဆုိခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္



............

မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲ

(Unicode)

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေ ဘက်က မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံကြောင်း ရှင်းလင်း ပြတ်သားတဲ့ သတင်းစကားပါးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener က အင်္ဂါနေ့ မြန်မာ့ အရေး လုံခြုံရေး ကောင်စီ တံခါးပိတ် အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ နောက်ပိုင်း ဥပဒေ အညီ ဖြစ်ရမယ်ဆိုတဲ့ သဘောမျိုး စစ်တပ်က ပြသခဲ့ပြီး အခုလို အခြေအနေမျိုး ဖြစ်လာတဲ့ အပေါ် အံ့သြ တုန်လှုပ်ရတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။

အင်္ဂါနေ့ မနက်ခင်းမှာ လုံခြုံရေးကောင်စီက မြန်မာ့ အရေး တံခါးပိတ် အစည်းအဝေး ကျင်းပပါတယ်။ စစ်တပ်က အာဏာယူတဲ့ ကိစ္စကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးမှာ တင်ပြခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က သတင်းစာ ရှင်းလင်းခဲ့ပါတယ်။

"စစ်တပ်က အာဏာသိမ်းမှု မစခင် တရက်အလိုမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စ Burgener က မြန်မာ စစ်တပ် ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ခဲ့တာမှာတော့ စစ်တပ် ခေါင်းဆောင်တွေဘက်က အစိုးရ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့နဲ့ ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြန်ကြားခဲ့တယ် " လို့လည်း အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဖမ်းဆီးထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံရေး ခေါင်းဆောင်တွေ တက်ကြွလှုပ်ရှားသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က တောင်းဆိုထားပါတယ်။ နိုင်ငံ အရေးပေါ် အခြေအနေ ကြေညာပြီး အရပ်သား နိုင်ငံရေး ခေါင်းဆောင်တွေကို ဖမ်းဆီးမှုဟာ အခြေခံ ဥပဒေနဲ့ မညီသလို ဥပဒေမဲ့ လုပ်ရပ် ဖြစ်တယ်လို့လည်း သူမက ပြောဆိုခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မြန်မာ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး စစ်တပ်ဘက်က ဥပဒေ လေးစားလိုက်နာရေး၊ လူ့အခွင့်အရေးကို အလေးထားရေးနဲ့ တရားဥပဒေမဲ့ ဖမ်းဆီးထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ဗြိတိန်က ပြုစုထားတဲ့ ကြေညာချက် မူကြမ်းကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးနေကြောင်းလည်း ကုသလမဂ္ဂ သံတမန်တွေပြောဆိုချက်ကို ကိုးကားပြီး Reuters သတင်းက ဖော်ပြပါတယ်။ အဖွဲ့ဝင် အားလုံးက သဘောတူရင်တော့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ကြေညာချက် ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဥက္ကဌ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Barbara Woodward ကတော့ အဖွဲ့ဝင် အားလုံး တညီတညွတ် သဘောတူညီချက်ရဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး တညီတညွတ်တည်း ဆုံးဖြတ်ချက် ချနိုင်ဖို့ အသေအချာ မျှော်လင့်ထားပြီး ဖြစ်ထွန်းမှုှတွေကို ဆက်လက် အသိပေးသွားမယ်" လို့ ဗြိတိန် သံအမတ်ကြီး WOODWARD ပြောဆိုခဲ့တာပါ။

နိုင်ငံတကာ အသိုင်းအဝိုင်းတွင်းမှာ အထူးဘဲ စိုးရိမ်နေကြပြီး အင်္ဂါနေ့ မနက်ခင်းမှာလည်း တခြား သံအမတ်ကြီးတွေထံကနေလည်း အလားတူ စိုးရိမ်မကင်း ဖြစ်နေတဲ့ အကြောင်းတွေကို ရှင်းရှင်းလင်းလင်း ကြားသိရကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌ ဗြိတိန် သံအမတ်ကြီး Woodward က ပြောပါတယ်။ ဒီပြသနာကို ဖြေရှင်းရေး အတွက် ASEAN အပါအဝင် ဒေသတွင်း နိုင်ငံတွေရဲ့ အခန်းကဏ္ဍကိုလည်း ကြိုဆိုကြောင်းနဲ့ လုံခြုံရေး ကောင်စီက သံအမတ်ကြီးတွေနဲ့ ဆက်လက် ဆွေးနွေးသွားဖို့လည်း ရှိနေကြောင်း ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်း မြန်မာ့ အရေး ဆွေးနွေးမှုတွေမှာ အစဉ်တစိုက် ကန့်ကွက်တဲ့ တရုတ်နိုင်ငံဘက်ကတော့ မြန်မာ့ အရေး လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေး အတွက် ဆက်သွယ်ဆောင်ရွက်နေကြောင်း ဆွေးနွေးပွဲ မစခင်မှာဘဲ တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Wang Wenbin က ပြောပါတယ်။

"လုံခြုံရေးကောင်စီ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်သူ အားလုံးနဲ့ တရုတ်က ဆက်သွယ် ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေး လူမှုရေး တည်ငြိမ်မှု အတွက် အထောက်အကူ ဖြစ်စေဖို့၊ နောက် ငြိမ်းချမ်းစွာ ပြန်လည်သင့်မြတ်ရေးကို ပံ့ပိုးပေးနိုင်ရေးကိုသာ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ဆောင်ရွက်ချက်ဖို့၊ ပြသနာတွေ ပိုကြီးပြီး အခြေအနေ ရှုပ်ထွေးသွားစေမယ့် အရေးတွေ ရှောင်ရှားသင့်ကြောင်း" တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရက ပြောဆိုခဲ့တာပါ။

မြန်မာ ပြည်သူလူထုကို အကာအကွယ်ပေးဖို့ နောက် မြန်မာ ပြည်သူ လူထုရဲ့ အခြေခံ အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်ဖို့ အတွက် ဒီအချိန်မှာ မဖြစ်မနေ ဆောင်ရွက်ကြရမယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Schraner Burgener က ကုလသမဂ္ဂလုံခြုံရေးကောင်စီ မြန်မာ့အရေး အရေးပေါ် တံခါးပိတ် အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG