သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဖဲြ႔စည္း


ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္။ (ဇူလိုင္ ၁၉၊ ၂၀၁၈)

[Zawgyi/Unicode]

ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ဥကၠ႒အျဖစ္ ဦးစီးမယ့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကုိ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ ရက္စြဲနဲ႔ ဖဲြ႔စည္းတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီက ထုတ္ျပန္ပါတယ္။ ေကာင္စီအတြင္းေရးမွဴးအျဖစ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးက ေဆာင္႐ြက္ၿပီး ထူးျခားတာကေတာ့ အရပ္သားအဖဲြ႔ဝင္ေတြထဲ KNU ကရင္အမ်ဳိးသားအစည္းအ႐ံုး ဗဟိုေကာ္မတီဝင္တဦးျဖစ္ခဲ့တဲ့ ဖဒိုမန္းၿငိမ္းေမာင္ ပါဝင္သလို ဦးသိန္းၫြန္႔၊ ဦးခင္ေမာင္ေဆြတို႔ အမည္ေတြ ပါဝင္ပါတယ္။

အမ်ိဳးသားဒီမိုကေရစီပါတီီသစ္ဥကၠ႒ ဦးသိန္းၫြန္႔ကေတာ့ သူပါတယ္ဆိုတာကို ဗီြအိုေအျမန္မာပိုင္းကို အတည္ျပဳပါတယ္။ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ထိပ္ပိုင္းေခါင္းေဆာင္ေတြျဖစ္ခဲ့ဖူးတဲ့ ဦးခင္ေမာင္ေဆြ၊ ဦးသိန္းၫြန္႔တို႔ဟာ ၂၀၁၀ ေနာက္ပိုင္းမွာ ပါတီသစ္ေတြအျဖစ္ခဲြေထာင္ခဲ့ၾကၿပီး NLD အစိုးရလက္ထက္မွာ တပ္မေတာ္နဲ႔ မဟာမိတ္သေဘာ ေတ႔ြဆံုေလ့႐ွိတဲ့ ႏိုင္ငံေရးပါတီေခါင္းေဆာင္ေတြျဖစ္ပါတယ္။ မဲစာရင္းအျငင္းပြားမႈေပၚ တည္ၿပီး အဲဒီႏိုင္ငံေရးပါတီေတြဟာ တပ္မေတာ္အာဏာ သိမ္းယူဖို႔ဆိုၿပီး တိုက္တြန္းမႈေတြ ႐ွိခဲ့ပါတယ္။

တဆက္ထဲမွာပဲ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အတြင္းေရးမွဴးလက္မွတ္နဲ႔ အမိန္႔ေၾကာ္ျငာခ်က္ေတြ ဆက္တိုက္ထြက္လာပါတယ္။ ေ႐ြးေကာက္ပြဲေကာ္မ႐ွင္သစ္ဖြ႔ဲစည္းလိုက္ၿပီး ဥကၠ႒အျဖစ္ ဦးသိန္းစိုးကို ခန္႔ထားပါတယ္။ ဒါ့အျပင္ ျပည္ေထာင္စုေ႐ွ႕ေနခ်ဳပ္၊ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္သစ္ေတြကိုလည္း ခန္႔အပ္လိုက္ပါတယ္။ တနလၤာေန႔တုန္းကလည္း အစိုးရဝန္ႀကီးသစ္ ၁၁ ေယာက္ခန္႔အပ္ေၾကာင္း ေၾကျငာခဲ့သလို ဒီေန႔မွာလည္း ေနာက္ထပ္ ဝန္ႀကီး ႏွစ္ ေယာက္ခန္႔အပ္ခဲ့ပါတယ္။

[Unicode Version]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ် ဦးစီးမယ့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ရက်စွဲနဲ့ ဖွဲ့စည်းတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီက ထုတ်ပြန်ပါတယ်။ ကောင်စီအတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဆောင်ရွက်ပြီး ထူးခြားတာကတော့ အရပ်သားအဖွဲ့ဝင်တွေထဲ KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင်တဦးဖြစ်ခဲ့တဲ့ ဖဒိုမန်းငြိမ်းမောင် ပါဝင်သလို ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေတို့ အမည်တွေ ပါဝင်ပါတယ်။

အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်ကတော့ သူပါတယ်ဆိုတာကို ဗွီအိုအေမြန်မာပိုင်းကို အတည်ပြုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ခဲ့ဖူးတဲ့ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်တို့ဟာ ၂၀၁၀ နောက်ပိုင်းမှာ ပါတီသစ်တွေအဖြစ်ခွဲထောင်ခဲ့ကြပြီး NLD အစိုးရလက်ထက်မှာ တပ်မတော်နဲ့ မဟာမိတ်သဘော တေ့ွဆုံလေ့ရှိတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေဖြစ်ပါတယ်။ မဲစာရင်းအငြင်းပွားမှုပေါ် တည်ပြီး အဲဒီနိုင်ငံရေးပါတီတွေဟာ တပ်မတော်အာဏာ သိမ်းယူဖို့ဆိုပြီး တိုက်တွန်းမှုတွေ ရှိခဲ့ပါတယ်။

တဆက်ထဲမှာပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးလက်မှတ်နဲ့ အမိန့်ကြော်ငြာချက်တွေ ဆက်တိုက်ထွက်လာပါတယ်။ ရွေးကောက်ပွဲကော်မရှင်သစ်ဖွ့ဲစည်းလိုက်ပြီး ဥက္ကဋ္ဌအဖြစ် ဦးသိန်းစိုးကို ခန့်ထားပါတယ်။ ဒါ့အပြင် ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်သစ်တွေကိုလည်း ခန့်အပ်လိုက်ပါတယ်။ တနင်္လာနေ့တုန်းကလည်း အစိုးရဝန်ကြီးသစ် ၁၁ ယောက်ခန့်အပ်ကြောင်း ကြေငြာခဲ့သလို ဒီနေ့မှာလည်း နောက်ထပ် ဝန်ကြီး နှစ် ယောက်ခန့်အပ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG