သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ အေျခခံဥပေဒ ႐ႈေထာင့္ ႏွင့္ ႏိုင္ငံတကာ ဝင္စြက္ႏိုင္ေျခ


ေနျပည္ေတာ္ရွိ လမ္းတခုတြင္ စစ္ကားမ်ားနဲ႔ လံုျခံဳေရးယူထားတဲ့ ျမင္ကြင္း။ (ဖေဖာ္ဝါရီ ၀၁၊ ၂၀၂၁)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံမွာ စစ္အစိုးရတိုင္းဟာ သူတို႔အာဏာသိမ္းၿပီးတိုင္း ဖဲြ႕စည္းပံုအေျခခံဥပေဒကို စိတ္ႀကိဳက္ ျပင္ဆင္ေျပာင္းလဲခဲ့တာေၾကာင့္ ဖဲြ႕စည္းပံု စုစုေပါင္း အခု ၂၀ ထိ ရွိခဲ့ပါတယ္။ ဒါေၾကာင့္ လက္ရွိျမန္မာႏိုင္ငံမွာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္တဲ့ စစ္အာဏာသိမ္းမႈကိုၾကည့္ရင္ ထိုင္း စစ္တပ္က ေရးဆဲြခဲ့တဲ့ ဖဲြ႕စည္းပံုအေျခခံဥပေဒမ်ဳိး ျမန္မာႏိုင္ငံမွာေရာ ပံုစံတူ ျပင္ဆင္မယ့္အလားအလာရွိပါသလား။ တရုတ္-ျမန္မာနယ္စပ္ မိုင္ဂ်ာယန္ ဖယ္ဒရယ္ ဥပေဒ အကယ္ဒမီ ေက်ာင္းအုပ္၊ လူ႔အခြင့္အေရးေရွ႕ေန ဦးေအာင္ထူးကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

ဦးေအာင္ထူး။ ။ ဘာလုပ္ခ်င္သလဲ ၂၀၀၈ ထဲမွာ မပါတဲ့ဟာေတြ လုပ္ခ်င္တယ္ဆိုရင္ ၂၀၀၈ ကို ဖ်က္သိမ္းေၾကာင္း ေၾကညာရမွာ။ သို႔ေသာ္လည္း လက္ေတြ႔က်ေတာ့ အခု က်ေနာ္တို႔ အာဏာသိမ္းတာက တရားကို မ၀င္ဘူး။ တကယ္တမ္းေတာ့ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒက လက္ေတြ႔ေတာ့ ပ်က္သြားၿပီ ။ ဒါေပမယ့္ ခုနက ေမးသလို ေနာက္ထပ္ ဖြဲ႔စည္းပံု လုပ္ခ်င္တယ္ဆိုရင္ ေနာက္ထပ္ ဖြဲ႔စည္းပံု အသစ္ တခါ ျပန္လုပ္ေလ။

အင္ၾကင္းႏိုင္။ ။ စစ္တပ္ကေတာ့ အခုခ်ိန္ထိ ၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒကို အသက္ေပးကာကြယ္ေစာင့္ေရွာက္သြားမယ္လို႔ ေျပာထားပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတဲ့ သမိုင္းေၾကာင္းကိုၾကည့္ရင္ ဖဲြ႕စည္းပံုအေျခခံဥပေဒေတြကို ဖ်က္သိမ္းတာေတြ႕ရပါတယ္။ ဥပမာ-ဗိုလ္ခ်ဳပ္ေန၀င္း စစ္အာဏာသိမ္းခ်ိန္မွာ ၁၉၄၇ခုနွစ္ ဥပေဒကို ဖ်က္သိမ္းခဲ့တာမ်ဳိးေပါ့။ အဲေတာ့ ဒီတေခါက္ စစ္အာဏာသိမ္းတာဟာ အရင္ စစ္အာဏာသိမ္းတာမ်ဳိးနဲ႔ ဘာကြာသလဲ။

ဦးေအာင္ထူး။ ။ ဒါက သိပ္ကြာျခားတာေပါ့ ရာႏႈန္းျပည့္ ကြာျခားတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ထံုးစံပဲေလ စစ္တပ္က အာဏာသိမ္းရင္ ဖြဲ႔စည္းပံုက ဖ်က္လိုက္ရတာပဲ ။ စစ္တပ္ အာဏာသိမ္းၿပီးေတာ့ ဖြဲ႔စည္းပံု ဆက္ထားတယ္ဆိုတာက ျမန္မာႏိုင္ငံတခုပဲရွိတယ္ ကမာၻ႕သမိုင္းမွာ ။ အဲဒါဘာေၾကာင့္လဲ ရွင္းရွင္းေလးပဲ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒက စစ္အာဏာရွင္စနစ္ကို ခိုင္ျမဲေအာင္လုပ္ထားေပးၿပီးသား ။ အဲဒီၾကားထဲက လစ္ဟာခ်က္ျဖစ္သြားတယ္။ ဘာလစ္ဟာခ်က္လဲဆိုေတာ့ ၂၀၁၀ ေရြးေကာက္ပြဲနဲ႔ ၂၀၁၅-၂၀၂၀ ၾကားထဲမွာ အျဖစ္အပ်က္ေတြက ေျပာင္းသြားတယ္။

အဲဒီေတာ့ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ အေျခခံက ဘာလဲဆိုေတာ့ တဖက္က မွန္တယ္ စစ္တပ္က အဓိက က်တဲ့ေနရာေတြ အစိုးရမွာ ေနရာယူထားတယ္၊ လႊတ္ေတာ္ထဲမွာလည္း ယူထားတယ္၊ ေတာ္ေတာ္ခိုင္ေနၿပီ။ သို႔ေသာ္ ေသခ်ာေအာင္ တဖက္က သမၼတကိုလည္း စစ္တပ္က ဖြဲ႔ထားတဲ့လူ သူတို႔လူ ျဖစ္ရမယ္။ ဒါက ၂၀၀၈ မွာ စီစဥ္ထားတဲ့ဟာ အဲဒီအတိုင္းလည္း ျဖစ္သြားတယ္ ၂၀၁၀ ေရြးေကာက္ပြဲအၿပီးမွာ ဦးသိန္းစိန္ သမၼတ တက္လာတယ္။ အဲဒါက်ေတာ့ အာဏာက အကုန္လံုးနီးပါး သူတို႔ လက္ထဲမွာ ရွိတယ္။ အဲဒီေတာ့ ၂၀၁၀-၂၀၁၅ ၾကားထဲမွာ ေခ်ာေခ်ာေမာေမာျပီးသြားတယ္ ဘာမွ ဒီျပႆနာေတြမရွိဘူး ။

အဲဒီေတာ့ ၂၀၁၅ မွာစၿပီးေတာ့ သူတို႔ အရင္တုန္းကလိုမဟုတ္ေတာ့ပဲနဲ႔ သမၼတက စစ္တပ္ကလူ မဟုတ္ေတာ့ပဲနဲ႔ အရပ္သား သပ္သပ္ျဖစ္သြားတယ္။ အဲဒီမွာစၿပီးေတာ့ သူတို႔ ျပႆနာေတြ႔တာပဲ ။ အဲဒီေတာ့ ၂၀၂၀ မတိုင္ခင္မွာ စစ္တပ္က စလႈပ္ရွားလာတယ္။ ၂၀၂၀ ေရြးေကာက္ပြဲမွာ ႏိုင္ဖို႔အတြက္ကို ေသခ်ာျပင္ဆင္လႈပ္ရွားလာတယ္။ ၿပီးေတာ့ စစ္တပ္က ဖိအားေပးတယ္ ၊ ကခ်င္တခ်ိဳ႕ေနရာေတြမွာ မဲဆႏၵနယ္ေျမေတြ ဖ်က္ပစ္လိုက္တယ္ စစ္တပ္က။ ေနာက္ၿပီးေတာ့ ရခိုင္မွာ AA နဲ႔ ခ်က္ခ်င္းအပစ္အခတ္ရပ္စဲေရးေတြလုပ္ၿပီးေတာ့ ရခိုင္မွာ ေရြးေကာက္ပြဲျပန္က်င္းပဖို႔ ၀ိုင္းေတာင္းဆိုေပးတယ္ ၁ လအတြင္း က်င္းပဖို႔။ ဆိုေတာ့ အဲဒါမ်ိဳးေတြကဘာလဲဆိုေတာ့ ၂၀၂၀ ေရြးေကာက္ပြဲရလဒ္က စစ္တပ္ရဲ႕ ပါတီျဖစ္တဲ့ ျပည္ခိုင္ၿဖိဳးက ေနရာအႀကီးအက်ယ္က်ဆင္းသြားတယ္။ ၂၀၁၀ တုန္းကလို မဟုတ္ေတာ့ဘူး။ သူတို႔ရဲ႕ စုစုေပါင္း လႊတ္ေတာ္ အားလံုးေပါင္းမွာ ၁၀ ေအာက္ကို ျဖစ္သြားၿပီ။ တခ်ိဳ႕ ဆိုရင္ ၇ တို႔ ၈ ရာခိုင္ႏႈန္းတို႔ေလာက္နဲ႔ေတာင္ တြက္တာရွိလာတယ္။ ဆိုေတာ့ ဘယ္လိုနည္းနဲ႔မွ လႊတ္ေတာ္အတြင္းကို လႊမ္းမိုးႏိုင္တဲ့ အေျခအေနမရွိေတာ့ဘူး။

အဲဒီအခါက်ေတာ့ စစ္တပ္အာဏာတည္ျမဲေရးက ၿခိမ္းေျခာက္လာတယ္။ တခ်ိန္တည္းမွာ ကာခ်ဳပ္မင္းေအာင္လိႈင္ကလည္း ပင္စင္ယူရေတာ့မယ္။ သူက ဒီဘက္မ်ာ သမၼတ ျဖစ္ခ်င္တဲ့ သေဘာရွိတယ္။ ဒါေပမယ့္ သူ႔အိမ္မက္က ပ်က္သြားၿပီ ၂၀၂၀ အရဆိုရင္။ ေနာက္တခ်ိန္တည္းမွာ ႏိုင္ငံတကာက အေရးယူမယ့္အလားအလာေတြရွိေနတယ္။ ICJ တို႕ ICC တို႔က အေရးယူမွာေတြ လာႏိုင္လာတယ္။ ဆိုေတာ့ ဒီလိုအေျခအေန ေပါင္းစံုသြားတဲ့အခါ မလြဲသာ မေရွာင္သာပဲနဲ႔ အာဏာကို သိမ္းရတဲ့ အေျခအေနျဖစ္တယ္။ သို႔ေသာ္ တခ်ိန္တည္းမွာ ၂၀၀၈ ဖြဲ႔စည္းပံုလည္း မပ်က္ေစခ်င္ဘူး။ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ ေအာက္မွာပဲ သူက စစ္အုပ္ခ်ဳပ္ေရးအာဏာယူလိုက္တယ္ ဆိုတဲ့ ပံုစံမ်ိဳး ဖန္တီးလိုက္တာျဖစ္တယ္။

အင္ၾကင္းႏိုင္။ ။ ဒီလို ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းလိုက္ခ်ိန္မွာ တဖက္မွာလည္း စစ္တပ္က လူမ်ဳိးတုန္းသတ္ျဖတ္မႈ စဲြခ်က္ကို ကုလသမဂၢ တရားရံုးမွာ ရင္ဆိုင္ေနရပါတယ္။ အဲဒီလိုအေနအထားမွာ အထူးသျဖင့္ ကုလသမဂၢ ICJ၊ ICC တို႔ဘက္က ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနနဲ႔ ပတ္သက္လို႔ ဘယ္လိုမ်ဳိး ၀င္ေရာက္ ေဆာင္ရြက္ႏိုင္သလဲ။

ဦးေအာင္ထူး။ ။ ဒီလိုဗ် က်ေနာ္တို႔က ၿပီးခဲ့တဲ့ ရက္တခ်ိဳ႕က မီဒီယာေတြကတဆင့္ အၾကံေပးပါတယ္။ ဒီလိုအေျခအေနက ဒီလိုျဖစ္လာႏိုင္တယ္ဆိုတာ အဲလိုဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္ေခါင္းေဆာင္တဲ့အစိုးရက သြက္ဖို႔လိုတယ္။ ရိုးရိုးေလးပဲဗ် ၂ ခုလုပ္လို႔ ရတယ္၊ ၁ က ဘာလဲဆိုေတာ့ Rome Statute ကို လက္မွတ္ထိုးလိုက္လို႔ရတယ္။ ခ်က္ခ်င္း ICJ ကလုပ္ရင္ ပို active ျဖစ္သြားမယ္။ သူတို႔လံုး၀လုပ္လို႔ရတယ္ တရား၀င္အစိုးရလို႔ ကမာၻက လက္ခံထားတဲ့အခ်ိန္မွာ လုပ္လို႔ရတယ္ ဘာေၾကာင့္မလုပ္တာလဲ။

ေနာက္တခုက အခုျပည္တြင္းၿငိမ္းခ်မ္းေရးကို ရွာေဖြေနတဲ့ Process ႀကီးက သြားေနတယ္။ ဒါလက္ေတြ႔မွာ တိုက္ပြဲေတြ ဆက္ျဖစ္ေနတယ္။ အဲဒါနဲ႔ ဆက္စပ္လို႔ရတယ္ တိုင္းျပည္မၿငိမ္မသက္က ဆက္ျဖစ္ေနတယ္။ အဲဒါေၾကာင့္မို႔ ဇန္န၀ါရီလ ၃၁ ရက္ေန႔အထိေပါ့ဗ်ာ ေဒၚေအာင္ဆန္းစုၾကည္ အစိုးရ လုပ္လို႔ရတာရွိတယ္ အဲဒါဘာလဲဆိုေတာ့ ျပည္တြင္းၿငိမ္းခ်မ္းေရးျပႆနာကို အေၾကာင္းျပၿပီးေတာ့ ကုလသမဂၢ Peacekeeping force ဆိုတာရွိတယ္။ ၿငိမ္းခ်မ္းမႈထိန္းသိမ္းေရးတပ္ေတြ၊ ၿငိမ္းခ်မ္းမႈထိန္းသိမ္းေရး လုပ္ငန္းစဥ္ေတြကို အကူအညီေတာင္းလို႔ရတယ္ တရား၀င္ေပါ့။ အဲဒါ ကုလသမဂၢက တရား၀င္ ၀င္လို႔ရတယ္။ ဆိုေတာ့ ဒီအေျခအေနကို NLD အစိုးရက ဘာမွ မလုပ္ခဲ့ဘူး။

ဆိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္က သူကိုယ္တိုင္က ေဖေဖေထာင္ထားေသာ တပ္မေတာ္ႀကီးဆိုၿပီးေတာ့ ယံုၾကည္ေနပံုရတယ္။ ေနျပည္ေတာ္မွာေတာင္မွ ေျမကြက္၀ယ္အိမ္ေဆာက္ၿပီး သြားေနေနတာ ၾကည့္ေလဗ်ာ။ အဲဒီေတာ့ ဘာမွ ျပင္ဆင္ထားပံုမရဘူး။ အခုအခ်ိန္မွာေတာ့ ႏိုင္ငံတကာ ၀င္ရတာ ခက္သြားေရာ။ ၀င္ဖို႔ အလားအလာမရွိဘူးလားဆိုေတာ့ ရွိေသးတယ္ ။ အဲဒါဘာလဲဆိုေတာ ့ICJ ကေနၿပီးေတာ့ တရားသူႀကီး ၃ ဦးဖြဲ႔ေပးထားလိုက္တယ္။ ဒါက ICJ statute ကို ျပည္ၿပီးေတာ့ ဖြဲ႔ေပးလိုက္တာ။ အဲဒီ တရားသူႀကီး ၃ ဦးက ဘာလုပ္ခြင့္ရွိသြားသလဲဆိုေတာ့ ICJ ဆံုးျဖတ္ခ်က္ခ်ထားတဲ့အတိုင္းပဲ ပထမအခ်က္ကဘာလဲ ေနာက္ထပ္ျပစ္မႈက်ဴးလြန္မႈေတြ မရွိေအာင္ ရပ္ဆိုင္းထားရမယ္၊ ၿပီးရင္ သက္ေသခံ ပစၥည္းေတြ မေဖ်ာက္ပစ္ရဘူး ဆိုေတာ့ အဲဒါေတြ အစီရင္ခံစာေတြ တင္ရေတာ့မယ္။ အဲဒီလို အစီရင္ခံစာေတြ တင္ရေတာ့မယ္ဆိုတဲ့အခါက်ေတာ့ စစ္တပ္ဘက္က အက်ပ္အတည္းျဖစ္လာတယ္။

ဆိုေတာ့ ယေန႔အခ်ိန္မွာ ICJ က ဘာလုပ္သင့္သလဲဆိုေတာ ့ ခုနေျပာတဲ့ Provisional Measure လို႔ေခၚတဲ့ ၾကားျဖတ္စီမံေဆာင္ရြက္ခ်က္ အမိန္႔ကို ေနာက္တခု ထပ္ခ်လို႔ရတယ္ ICJ ရဲ႕ လုပ္ထံုးလုပ္နည္းအရ။ အနည္းဆံုး တခ်က္လုပ္သင့္တယ္ အဲဒါဘာလဲဆိုေတာ့ အခုလက္ရွိခ်ထားတဲ့ အမိန္႔ထဲမွာ မပါဘူး။ ႏိုင္ငံတကာ ဥပေဒအဖြဲ႔အစည္းေတြ IIMM အပါအ၀င္ UNFFM ရဲ႕ အဆက္က IIMM ျဖစ္တယ္။ အဲဒါ အပါအ၀င္ ႏိုင္ငံတကာ ဥပေဒအဖြဲ႔အစည္းေတြ ၊ လူ႔အခြင့္အေရးအဖြဲ႔အစည္းေတြ၊ သတင္းမီဒီယာေတြရဲ႕ access ေပါ့ ၊ ရခိုင္ေဒသကို သြားေရာက္ၾကည့္ရႈစစ္ေဆးခြင့္ဆိုတာကို ICJ က ခ်လို႔ရတယ္။ အခုအခ်ိန္မွာ ခ်လိုက္ရင္ ပိုေကာင္းတယ္ ။ ဆိုေတာ့ အဲဒါမ်ိဳးနဲ႔ဆိုရင္ ICJ ရဲ႕ အခန္းက႑ကလည္း တစံုတရာ ေပၚသြားမယ္ ။ ေနာက္တခ်ိန္တည္းမွာ ICC (International Criminal Court) တရားစြဲအရာရွိက စံုစမ္းစစ္ေဆးေနၿပီ။ ကာခ်ဳပ္မင္းေအာင္လိႈင္နဲ႔ စစ္ဗိုလ္ခ်ဳပ္ ထိပ္ပိုင္း ၆ ေယာက္ကို UNFFM မွာ ပါထားၿပီးသား ၀ရမ္းထုတ္လုိက္ပါ။ ၀ရမ္းထုတ္လုိက္ရင္ အေျခအေနေတြက ႏိုင္ငံတကာ ဖိအားေတြ ပိုတက္လာႏိုင္တယ္။

တိုက္႐ိုက္ လင့္ခ္


................

စစ်အာဏာသိမ်းမှု အခြေခံဥပဒေ ရှုထောင့် နှင့် နိုင်ငံတကာ ဝင်စွက်နိုင်ခြေ

(Unicode)

ထိုင်းနိုင်ငံမှာ စစ်အစိုးရတိုင်းဟာ သူတို့အာဏာသိမ်းပြီးတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက် ပြင်ဆင်ပြောင်းလဲခဲ့တာကြောင့် ဖွဲ့စည်းပုံ စုစုပေါင်း အခု ၂၀ ထိ ရှိခဲ့ပါတယ်။ ဒါကြောင့် လက်ရှိမြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုကိုကြည့်ရင် ထိုင်း စစ်တပ်က ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမျိုး မြန်မာနိုင်ငံမှာရော ပုံစံတူ ပြင်ဆင်မယ့်အလားအလာရှိပါသလား။ တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန် ဖယ်ဒရယ် ဥပဒေ အကယ်ဒမီ ကျောင်းအုပ်၊ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးအောင်ထူး။ ။ ဘာလုပ်ချင်သလဲ ၂၀၀၈ ထဲမှာ မပါတဲ့ဟာတွေ လုပ်ချင်တယ်ဆိုရင် ၂၀၀၈ ကို ဖျက်သိမ်းကြောင်း ကြေညာရမှာ။ သို့သော်လည်း လက်တွေ့ကျတော့ အခု ကျနော်တို့ အာဏာသိမ်းတာက တရားကို မဝင်ဘူး။ တကယ်တမ်းတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက လက်တွေ့တော့ ပျက်သွားပြီ ။ ဒါပေမယ့် ခုနက မေးသလို နောက်ထပ် ဖွဲ့စည်းပုံ လုပ်ချင်တယ်ဆိုရင် နောက်ထပ် ဖွဲ့စည်းပုံ အသစ် တခါ ပြန်လုပ်လေ။

အင်ကြင်းနိုင်။ ။ စစ်တပ်ကတော့ အခုချိန်ထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပေးကာကွယ်စောင့်ရှောက်သွားမယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ သမိုင်းကြောင်းကိုကြည့်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ဖျက်သိမ်းတာတွေ့ရပါတယ်။ ဥပမာ-ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းချိန်မှာ ၁၉၄၇ခုနှစ် ဥပဒေကို ဖျက်သိမ်းခဲ့တာမျိုးပေါ့။ အဲတော့ ဒီတခေါက် စစ်အာဏာသိမ်းတာဟာ အရင် စစ်အာဏာသိမ်းတာမျိုးနဲ့ ဘာကွာသလဲ။

ဦးအောင်ထူး။ ။ ဒါက သိပ်ကွာခြားတာပေါ့ ရာနှုန်းပြည့် ကွာခြားတယ်။ ဘာကြောင့်လဲဆိုတော့ ထုံးစံပဲလေ စစ်တပ်က အာဏာသိမ်းရင် ဖွဲ့စည်းပုံက ဖျက်လိုက်ရတာပဲ ။ စစ်တပ် အာဏာသိမ်းပြီးတော့ ဖွဲ့စည်းပုံ ဆက်ထားတယ်ဆိုတာက မြန်မာနိုင်ငံတခုပဲရှိတယ် ကမ္ဘာ့သမိုင်းမှာ ။ အဲဒါဘာကြောင့်လဲ ရှင်းရှင်းလေးပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်အာဏာရှင်စနစ်ကို ခိုင်မြဲအောင်လုပ်ထားပေးပြီးသား ။ အဲဒီကြားထဲက လစ်ဟာချက်ဖြစ်သွားတယ်။ ဘာလစ်ဟာချက်လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅-၂၀၂၀ ကြားထဲမှာ အဖြစ်အပျက်တွေက ပြောင်းသွားတယ်။

အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံက ဘာလဲဆိုတော့ တဖက်က မှန်တယ် စစ်တပ်က အဓိက ကျတဲ့နေရာတွေ အစိုးရမှာ နေရာယူထားတယ်၊ လွှတ်တော်ထဲမှာလည်း ယူထားတယ်၊ တော်တော်ခိုင်နေပြီ။ သို့သော် သေချာအောင် တဖက်က သမ္မတကိုလည်း စစ်တပ်က ဖွဲ့ထားတဲ့လူ သူတို့လူ ဖြစ်ရမယ်။ ဒါက ၂၀၀၈ မှာ စီစဉ်ထားတဲ့ဟာ အဲဒီအတိုင်းလည်း ဖြစ်သွားတယ် ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ဦးသိန်းစိန် သမ္မတ တက်လာတယ်။ အဲဒါကျတော့ အာဏာက အကုန်လုံးနီးပါး သူတို့ လက်ထဲမှာ ရှိတယ်။ အဲဒီတော့ ၂၀၁၀-၂၀၁၅ ကြားထဲမှာ ချောချောမောမောပြီးသွားတယ် ဘာမှ ဒီပြဿနာတွေမရှိဘူး ။

အဲဒီတော့ ၂၀၁၅ မှာစပြီးတော့ သူတို့ အရင်တုန်းကလိုမဟုတ်တော့ပဲနဲ့ သမ္မတက စစ်တပ်ကလူ မဟုတ်တော့ပဲနဲ့ အရပ်သား သပ်သပ်ဖြစ်သွားတယ်။ အဲဒီမှာစပြီးတော့ သူတို့ ပြဿနာတွေ့တာပဲ ။ အဲဒီတော့ ၂၀၂၀ မတိုင်ခင်မှာ စစ်တပ်က စလှုပ်ရှားလာတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ဖို့အတွက်ကို သေချာပြင်ဆင်လှုပ်ရှားလာတယ်။ ပြီးတော့ စစ်တပ်က ဖိအားပေးတယ် ၊ ကချင်တချို့နေရာတွေမှာ မဲဆန္ဒနယ်မြေတွေ ဖျက်ပစ်လိုက်တယ် စစ်တပ်က။ နောက်ပြီးတော့ ရခိုင်မှာ AA နဲ့ ချက်ချင်းအပစ်အခတ်ရပ်စဲရေးတွေလုပ်ပြီးတော့ ရခိုင်မှာ ရွေးကောက်ပွဲပြန်ကျင်းပဖို့ ဝိုင်းတောင်းဆိုပေးတယ် ၁ လအတွင်း ကျင်းပဖို့။ ဆိုတော့ အဲဒါမျိုးတွေကဘာလဲဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်က စစ်တပ်ရဲ့ ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးက နေရာအကြီးအကျယ်ကျဆင်းသွားတယ်။ ၂၀၁၀ တုန်းကလို မဟုတ်တော့ဘူး။ သူတို့ရဲ့ စုစုပေါင်း လွှတ်တော် အားလုံးပေါင်းမှာ ၁၀ အောက်ကို ဖြစ်သွားပြီ။ တချို့ ဆိုရင် ၇ တို့ ၈ ရာခိုင်နှုန်းတို့လောက်နဲ့တောင် တွက်တာရှိလာတယ်။ ဆိုတော့ ဘယ်လိုနည်းနဲ့မှ လွှတ်တော်အတွင်းကို လွှမ်းမိုးနိုင်တဲ့ အခြေအနေမရှိတော့ဘူး။

အဲဒီအခါကျတော့ စစ်တပ်အာဏာတည်မြဲရေးက ခြိမ်းခြောက်လာတယ်။ တချိန်တည်းမှာ ကာချုပ်မင်းအောင်လှိုင်ကလည်း ပင်စင်ယူရတော့မယ်။ သူက ဒီဘက်မျာ သမ္မတ ဖြစ်ချင်တဲ့ သဘောရှိတယ်။ ဒါပေမယ့် သူ့အိမ်မက်က ပျက်သွားပြီ ၂၀၂၀ အရဆိုရင်။ နောက်တချိန်တည်းမှာ နိုင်ငံတကာက အရေးယူမယ့်အလားအလာတွေရှိနေတယ်။ ICJ တို့ ICC တို့က အရေးယူမှာတွေ လာနိုင်လာတယ်။ ဆိုတော့ ဒီလိုအခြေအနေ ပေါင်းစုံသွားတဲ့အခါ မလွဲသာ မရှောင်သာပဲနဲ့ အာဏာကို သိမ်းရတဲ့ အခြေအနေဖြစ်တယ်။ သို့သော် တချိန်တည်းမှာ ၂၀၀၈ ဖွဲ့စည်းပုံလည်း မပျက်စေချင်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာပဲ သူက စစ်အုပ်ချုပ်ရေးအာဏာယူလိုက်တယ် ဆိုတဲ့ ပုံစံမျိုး ဖန်တီးလိုက်တာဖြစ်တယ်။

အင်ကြင်းနိုင်။ ။ ဒီလို မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်ချိန်မှာ တဖက်မှာလည်း စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်ကို ကုလသမဂ္ဂ တရားရုံးမှာ ရင်ဆိုင်နေရပါတယ်။ အဲဒီလိုအနေအထားမှာ အထူးသဖြင့် ကုလသမဂ္ဂ ICJ၊ ICC တို့ဘက်က မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ ဘယ်လိုမျိုး ဝင်ရောက် ဆောင်ရွက်နိုင်သလဲ။

ဦးအောင်ထူး။ ။ ဒီလိုဗျ ကျနော်တို့က ပြီးခဲ့တဲ့ ရက်တချို့က မီဒီယာတွေကတဆင့် အကြံပေးပါတယ်။ ဒီလိုအခြေအနေက ဒီလိုဖြစ်လာနိုင်တယ်ဆိုတာ အဲလိုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အစိုးရက သွက်ဖို့လိုတယ်။ ရိုးရိုးလေးပဲဗျ ၂ ခုလုပ်လို့ ရတယ်၊ ၁ က ဘာလဲဆိုတော့ Rome Statute ကို လက်မှတ်ထိုးလိုက်လို့ရတယ်။ ချက်ချင်း ICJ ကလုပ်ရင် ပို active ဖြစ်သွားမယ်။ သူတို့လုံးဝလုပ်လို့ရတယ် တရားဝင်အစိုးရလို့ ကမ္ဘာက လက်ခံထားတဲ့အချိန်မှာ လုပ်လို့ရတယ် ဘာကြောင့်မလုပ်တာလဲ။

နောက်တခုက အခုပြည်တွင်းငြိမ်းချမ်းရေးကို ရှာဖွေနေတဲ့ Process ကြီးက သွားနေတယ်။ ဒါလက်တွေ့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ အဲဒါနဲ့ ဆက်စပ်လို့ရတယ် တိုင်းပြည်မငြိမ်မသက်က ဆက်ဖြစ်နေတယ်။ အဲဒါကြောင့်မို့ ဇန်နဝါရီလ ၃၁ ရက်နေ့အထိပေါ့ဗျာ ဒေါ်အောင်ဆန်းစုကြည် အစိုးရ လုပ်လို့ရတာရှိတယ် အဲဒါဘာလဲဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာကို အကြောင်းပြပြီးတော့ ကုလသမဂ္ဂ Peacekeeping force ဆိုတာရှိတယ်။ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်တွေ၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေကို အကူအညီတောင်းလို့ရတယ် တရားဝင်ပေါ့။ အဲဒါ ကုလသမဂ္ဂက တရားဝင် ဝင်လို့ရတယ်။ ဆိုတော့ ဒီအခြေအနေကို NLD အစိုးရက ဘာမှ မလုပ်ခဲ့ဘူး။

ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင်က ဖေဖေထောင်ထားသော တပ်မတော်ကြီးဆိုပြီးတော့ ယုံကြည်နေပုံရတယ်။ နေပြည်တော်မှာတောင်မှ မြေကွက်ဝယ်အိမ်ဆောက်ပြီး သွားနေနေတာ ကြည့်လေဗျာ။ အဲဒီတော့ ဘာမှ ပြင်ဆင်ထားပုံမရဘူး။ အခုအချိန်မှာတော့ နိုင်ငံတကာ ဝင်ရတာ ခက်သွားရော။ ဝင်ဖို့ အလားအလာမရှိဘူးလားဆိုတော့ ရှိသေးတယ် ။ အဲဒါဘာလဲဆိုတော့ICJ ကနေပြီးတော့ တရားသူကြီး ၃ ဦးဖွဲ့ပေးထားလိုက်တယ်။ ဒါက ICJ statute ကို ပြည်ပြီးတော့ ဖွဲ့ပေးလိုက်တာ။ အဲဒီ တရားသူကြီး ၃ ဦးက ဘာလုပ်ခွင့်ရှိသွားသလဲဆိုတော့ ICJ ဆုံးဖြတ်ချက်ချထားတဲ့အတိုင်းပဲ ပထမအချက်ကဘာလဲ နောက်ထပ်ပြစ်မှုကျူးလွန်မှုတွေ မရှိအောင် ရပ်ဆိုင်းထားရမယ်၊ ပြီးရင် သက်သေခံ ပစ္စည်းတွေ မဖျောက်ပစ်ရဘူး ဆိုတော့ အဲဒါတွေ အစီရင်ခံစာတွေ တင်ရတော့မယ်။ အဲဒီလို အစီရင်ခံစာတွေ တင်ရတော့မယ်ဆိုတဲ့အခါကျတော့ စစ်တပ်ဘက်က အကျပ်အတည်းဖြစ်လာတယ်။

ဆိုတော့ ယနေ့အချိန်မှာ ICJ က ဘာလုပ်သင့်သလဲဆိုတော့ ခုနပြောတဲ့ Provisional Measure လို့ခေါ်တဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက် အမိန့်ကို နောက်တခု ထပ်ချလို့ရတယ် ICJ ရဲ့ လုပ်ထုံးလုပ်နည်းအရ။ အနည်းဆုံး တချက်လုပ်သင့်တယ် အဲဒါဘာလဲဆိုတော့ အခုလက်ရှိချထားတဲ့ အမိန့်ထဲမှာ မပါဘူး။ နိုင်ငံတကာ ဥပဒေအဖွဲ့အစည်းတွေ IIMM အပါအဝင် UNFFM ရဲ့ အဆက်က IIMM ဖြစ်တယ်။ အဲဒါ အပါအဝင် နိုင်ငံတကာ ဥပဒေအဖွဲ့အစည်းတွေ ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေရဲ့ access ပေါ့ ၊ ရခိုင်ဒေသကို သွားရောက်ကြည့်ရှုစစ်ဆေးခွင့်ဆိုတာကို ICJ က ချလို့ရတယ်။ အခုအချိန်မှာ ချလိုက်ရင် ပိုကောင်းတယ် ။ ဆိုတော့ အဲဒါမျိုးနဲ့ဆိုရင် ICJ ရဲ့ အခန်းကဏ္ဍကလည်း တစုံတရာ ပေါ်သွားမယ် ။ နောက်တချိန်တည်းမှာ ICC (International Criminal Court) တရားစွဲအရာရှိက စုံစမ်းစစ်ဆေးနေပြီ။ ကာချုပ်မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ် ထိပ်ပိုင်း ၆ ယောက်ကို UNFFM မှာ ပါထားပြီးသား ဝရမ်းထုတ်လိုက်ပါ။ ဝရမ်းထုတ်လိုက်ရင် အခြေအနေတွေက နိုင်ငံတကာ ဖိအားတွေ ပိုတက်လာနိုင်တယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG