သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္တပ္အာဏာသိမ္းမႈအေပၚ ႏိုင္ငံတကာတုံ႔ျပန္ခ်က္မ်ား


ေနျပည္ေတာ္ရွိ လမ္းတခုမွာ လံုျခံဳေရးယူထားတဲ့ ျမန္မာစစ္တပ္ တပ္ဖဲြ႔ဝင္တခ်ိဳ႕။ (ေဖေဖာ္ဝါရီ ၀၁၊ ၂၀၂၁)

[Zawgyi/Unicode]

ႏိုဝင္ဘာေ႐ြးေကာက္ပဲြရလဒ္ကို အတည္မျပဳႏုိင္ေအာင္ စစ္တပ္က အာဏာသိမ္းခဲ့တဲ့အေပၚ ႏိုင္ငံတကာကလည္း ေဝဖန္တံု႔ျပန္ၿပီး အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနၾကပါတယ္။ အေမရိကန္ အပါအဝင္ ႏိုင္ငံေတြရဲ႕ ထုတ္ျပန္ေျပာၾကားခ်က္ေတြကို မေအးသႏၱာေက်ာ္က စုစည္းတင္ျပပါမယ္႐ွင္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က ေရြးေကာက္ပြဲရလဒ္ကို မေက်နပ္ဘဲ လႊတ္ေတာ္စတင္ေခၚယူမယ့္ေန႔မွာ အဏာသိမ္းလိုက္တာကို ႏိုင္ငံတကာက ျပင္းျပင္းထန္ထန္ကန္႔ကြက္ရႈတ္ခ်ပါတယ္။ အေမရိကန္အစိုးရ အိမ္ျဖဴေတာ္ေၾကညာခ်က္မွာေတာ့ “တပ္မေတာ္ အပါအ၀င္ အျခားအဖြဲ႔အစည္းမ်ား အားလံုးအေနျဖင့္ ဒီမိုကေရစီ စံႏႈန္းမ်ားႏွင့္ ဥပေဒ စိုးမိုးေရးကို အေလးအနက္ထား လိုက္နာၿပီး ယေန႔ ဖမ္းဆီးထားသည့္ ပုဂၢိဳလ္မ်ားအား အျမန္ဆံုး လႊတ္ေပးဖို႔ေတာင္းဆိုၿပီး အေမရိကန္ ျပည္ေထာင္စုအေနႏွင့္ ျမန္မာႏုိင္ငံတြင္ မၾကာေသးခင္က က်င္းပခဲ႔သည့္ ေရြးေကာက္ပြဲမွ ရလဒ္မ်ားကို တစံုတရာ ေျပာင္းလဲရန္ ႀကိဳးပမ္းျခင္း၊ ျမန္မာႏုိင္ငံ ဒီမိုကေရစီ စနစ္သို႔ ကူးေျပာင္းေရးကို ခ်ိဳးဖ်က္ရန္ ႀကိဳးပမ္းျခင္း ဒီလို ကိစၥမွန္သမွ်ကို ဆန္႔က်င္ေၾကာင္း" ေျပာထားပါတယ္။

အေမရိကန္ ႏုိင္ငံျခားေရး ဝန္ႀကီး Antony Blinken ကလည္း ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ အရပ္သား အစိုးရအဖြဲ႔ ေခါင္းေဆာင္မ်ားႏွင့္ အရပ္ဘက္ အဖြဲ႔အစည္း ေခါင္းေဆာင္အမ်ားအျပလား ဖမ္းဆီးမႈသတင္းမ်ားေၾကာင့္ အေမရိကန္အေနျဖင့္ အႀကီးအက်ယ္ စိုးရိမ္မကင္း ျဖစ္ရေၾကာင္း ျမန္မာ စစ္တပ္ ေခါင္းေဆာင္မ်ားက ဖမ္းဆီးထားတဲ႔ အစိုးရ တာ၀န္ရွိသူေတြနဲ႔ အရပ္ဘက္ အဖြဲ႔အစည္း ေခါင္းေဆာင္ေတြ အားလံုးကို ျပန္လႊတ္ေပးရန္ႏွင့္ ႏို၀င္ဘာလ ၈ ရက္ေန႔ ဒီမိုကေရစီ နည္းက် ေရြးေကာက္ပြဲေတြမွာ ထင္ဟပ္ေဖာ္ျပခဲ႔တဲ႔ ျမန္မာ ျပည္သူ လူထုရဲ႕ ဆႏၵကို ေလးစားလိုက္နာဖို႔ေတာင္းဆိုေၾကာင္း twitter လူမႈကြန္ယက္စာမ်က္ႏွာမွာ ေရးထားပါတယ္။

ၿဗိတိသွ်ဝန္ႀကီးခ်ဳပ္ Boris Johnson ကေတာ့ လူထုရဲ႕ ဆႏၵမဲကိုေလးစားဖို႔၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဖမ္းဆီးထားတဲ့ ေခါင္းေဆာင္ေတြကို ျပန္လႊတ္ေပးဖို႔ Twitter လူမႈကြန္ရက္စာမ်က္ႏွာမွာ တိုက္တြန္းထားၿပီး ဥပေဒနဲမညီ ဖမ္းဆီးထားတာေတြကို ႐ႈတ္ခ်ေၾကာင္း ေရးထားပါတယ္။

ျမန္မာ့အိမ္နီးခ်င္းလည္းျဖစ္ ျမန္မာအစိုးရနဲ႔ စစ္တပ္အေပၚ ၾသဇာလႊမ္းမိုးမႈလည္း ရွိတဲ့ တ႐ုတ္ႏိုင္ငံကေတာ့ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ ကြဲလြဲမႈေတြကို ဖြဲ႕စည္းပံုအေျခခံဥပေဒေအာက္ကေန ေလွ်ာ္ညီစြာ ကိုင္တြယ္သြားႏိုင္ၿပီး ႏိုင္ငံေရးနဲ႔ လူမႈေရးတည္ၿငိမ္မႈကို ထိမ္းသိမ္းၾကဖုိ႔ ဒီကေန႔ပဲ တုိက္တြန္းလုိက္ပါတယ္။

"ျမန္မာႏုိင္ငံက ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္လုိ႔ ပုိမုိၿပီး နားလည္သေဘာေပါက္ေအာင္ ႀကိဳးပမ္းေနေၾကာင္းလည္း တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရ Wang Wenbin က ေဘဂ်င္းၿမိဳ႕ေတာ္ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆုိလုိက္တာပါ။ တ႐ုတ္ႏုိင္ငံဟာ ျမန္မာႏုိင္ငံရဲ႕ ရင္းႏွီးတဲ့ မိတ္ေဆြႏုိင္ငံျဖစ္ေၾကာင္းနဲ႔ ျမန္မာႏုိင္ငံက ကဲြလဲြမႈေတြကုိ ဖဲြ႔စည္းပုံ အေျခခံဥပေဒနဲ႔အညီ ေျဖရွင္းဖုိ႔၊ ဥပေဒနဲ႔အညီ ေဆာင္ရြက္ဖုိ႔နဲ႔ ႏုိင္ငံေရး၊ လူမႈေရးအရ တည္ၿငိမ္ေအာင္ ထိန္းသိမ္းႏုိင္ဖုိ႔ ေမွ်ာ္လင့္ေၾကာင္း" လည္း ေျပာဆုိထားပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi ဟာ ျမန္မာႏိုင္ငံကို အရင္လကပဲ လာေရာက္သြားေသးခဲ့ၿပီး ျမန္မာႏိုင္ငံစစ္တပ္အႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွႈိင္နဲ႔ ေတြ႔ဆံုသြားေသးတာပါ။ သူေတြ႔ဆံုစဥ္ ဒီ အာဏာသိမ္းကိစၥနဲ႔ ပတ္သတ္ၿပီး အရိပ္အကဲ ေျပာသြားေသးလားဆိုတဲ့ ေမးခြန္းနဲ႔ ဒီလို အာဏာသိမ္းမႈကို တ႐ုတ္အေနနဲ႔ ႐ႈတ္ခ်မွာလားလို႔ ေမးျမန္းတာကိုေတာ့ Mr. Wang က မေျဖဘဲ သူေျပာၾကားၿပီးသားကိုပဲ ထပ္ၿပီး ေျပာၾကားသြားခဲ့ပါတယ္။

ဂ်ပန္ႏိုင္ငံကလည္း အခုအေျခအေနကေန ဒီမိုကေရစီနည္းက် ေျပာဆိုေဆြးေႏြးမႈနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေျဖရွင္းသြားႏိုင္ဖို႔ အေရးႀကီးတယ္လို႔ ယံုၾကည္ေၾကာင္း သတင္းစာရွင္းလင္းပြဲတခုမွာ ဂ်ပန္ အစိုးရအတြင္းဝန္ခ်ဳပ္ Katsunobu Kato ေျပာသြားတာပါ။

"ဒီမိုကေရစီနည္းလမ္းနဲ႔အညီ ေျဖရွင္းၾကဖို႔ တိုက္တြန္းပါတယ္။ ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံမွာ ေရာက္ရွိေနတဲ့ ဂ်ပန္ႏိုင္ငံသားအားလံုးရဲ႕ လံုျခဳံေရးစိတ္ခ်ရဖို႔ အတတ္ႏိုင္ဆံုး ေဆာက္ရြတ္ေပးသြားပါမယ္။ ေလာေလာဆယ္မွာ ျမန္မာႏိုင္ငံေရာက္ေနတဲ့ ဂ်ပန္ႏိုင္ငံသားအားလံုးကို ဂ်ပန္သံ႐ံုးက အီးေမးလ္နဲ႔ အေျခအေနကို လွမ္းအေၾကာင္းၾကားထားၿပီးပါၿပီ။"

ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Scott Morrison ကေတာ့ ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြဟာ အထူးစိုးရိမ္စရာေကာင္းေၾကာင္း ႐ုပ္ျမင္သံၾကားမိန္႔ခြန္းတခုမွာ ေျပာၾကားသြားပါတယ္။

"အေျခအေနက စိုးရိမ္စရာေကာင္းပါတယ္။ ဒီသတင္းဆိုးေတြ က်ေနာ္ ၾကားၿပီးပါၿပီ။ က်ေနာ္တို႔ ႏိုင္ငံျခားေရးဝန္ႀကီးလည္း အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနပါတယ္။ က်ေနာ္တို႔ ၾသစေၾတးလ်ႏိုင္ငံက ျမန္မာႏိုင္ငံဒီမိုကေရစီစနစ္ ကူးေျပာင္းေရးအတြက္ ဟိုးအရင္ကတည္းက ေထာက္ခံအားေပးသူျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ရွိေနတဲ့ စိန္ေခၚမႈေတြ၊ ေက်ာ္လႊားလုပ္ေဆာင္ရမယ့္ အေနအထားေတြကိုလည္း သိပါတယ္။ ဒီေနရာမွာ ဒီမိုကေရစီစံႏႈန္းေတြကို လိုက္နာလုပ္ေဆာင္ၾကဖို႔ ၿပီးခဲ့တဲ့ေသာၾကာကပဲ အေမရိကန္ျပည္ေထာင္စု၊ ကေနဒါ၊ ၿဗိတိန္အျပင္ ဥေရာပႏိုင္ငံေတြနဲ႔ အတူ ဝိုင္းဝန္း တိုက္တြန္းထားပါတယ္။"

ကုလသမဂၢကေတာ့ အခုလို ေရြးေကာက္ပြဲမဲရလဒ္ကိစၥ အစိုးရနဲ႔ စစ္တပ္ညွိမရဘဲ စစ္တပ္က အာဏာသိမ္းေတာ့မယ္ဆိုတဲ့ သတင္းေတြ ထြက္ေနကတည္းက ဒီလို ဒီမိုကေရစီနည္းလမ္္းနဲ႔ မကိုက္ညီတဲ့ ေဆာင္ရြတ္ခ်က္ေတြ မလုပ္ဖို႔ ကုလသမဂၢအတြင္ေရးမွဴးခ်ဳပ္ Antonio Guterres က တိုက္တြန္းေနခဲ့တာျဖစ္ၿပီး အခုဖမ္းဆီးမႈေတြ စတင္လုပ္လုပ္ခ်င္းပဲလည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က ျပင္းျပင္းထန္ထန္ ရႈတ္ခ်ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆုိလိုက္ပါတယ္။ ဥပေဒျပဳေရး၊ စီမံခန္႔ခြဲေရးနဲ႔ တရားေရး ဆိုင္ရာ အာဏာအားလံုးကို စစ္တပ္ကို လႊဲေျပာင္းေပးလိုက္တယ္ဆိုတဲ့ ေၾကညာခ်က္အတြက္ အထူးစိုးရိမ္ေၾကာင္းနဲ႔ ဒါဟာ ျမန္မာႏိုင္ငံရဲ့ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရးကို အႀကီးအက်ယ္ထိခို္က္ေစႏိုင္ေၾကာင္းလည္း ေျပာၾကားထားပါတယ္။

ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews ကလည္း အခုေနာက္ဆံုးျဖစ္ရပ္နဲ႔ ပတ္သတ္ၿပီး တံု႔ျပန္ေျပာၾကားရာမွာ ျမန္မာႏိုင္ငံက ဒီမိုကေရစီလမ္းစဥ္ လံုးဝေျပာင္းျပန္ျဖစ္သြားၿပီ၊ အခုလုပ္ရပ္က သိပ္တရားလြန္ပါတယ္လို႔ ေျပာသြားပါတယ္။

“အခုလူေတြအမ်ားႀကီး ဖမ္းခံထားရပါတယ္။ ျမန္မာစစ္ဗိုလ္ခ်ဳပ္ႀကီးေတြပဲ ေရးထားတဲ့ ဒီဖြဲ႔စည္းပံုအေျခခံဥပေဒ၊ လြန္ခဲ့တဲ့ ၄၈ နာရီကပဲ သူတို႔လိုက္နာပါမယ္ဆိုၿပီး ကတိကဝတ္ျပဳထားခဲ့တဲ့အရာကို သူတို႔ လံုးဝဆန္႔က်င္ဘက္လုပ္လိုက္ၾကပါတယ္။ ဒါ့ေၾကာင့္ ဒီလုပ္ရပ္က သိပ္တရားလြန္တဲ့လို႔ ေျပာတာပါ။”

စစ္တပ္ကေတာ့ အခုလို ဖမ္းဆီးမႈေတြ လုပ္ေဆာင္တာက ေရြးေကာက္ပြဲ မဲသမာမႈေတြ ေၾကာင့္လို႔ေျပာၿပီး ႏိုင္ငံံ့အာဏာအလံုးစံုကို မဲစာရင္းေတြ စစ္ေဆး အတည္ျပဳျခင္းအပါအ၀င္ လုိအပ္တဲ့ အေရးယူေဆာင္ရြက္မႈေတြ ျပဳလုပ္ႏုိင္ရန္အတြက္ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၁၈၊ ပုဒ္မခြဲ (ဃ) အရ ႏုိင္ငံေတာ္ရဲ႕ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ တရားစီရင္ေရးအာဏာ အားလံုးကို တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ဆီကို လဲႊအပ္ တာ၀န္ေပးလုိက္ေၾကာင္း ယာယီသမၼတ ဦးျမင့္ေဆြရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

မေအးသႏၱာေက်ာ္စုစည္းတင္ျပခဲ့တာပါ။ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Christine Schraner Burgener အေနနဲ႔ မနက္ျဖန္ အဂၤါေန႔ လုပ္မယ့္ ကုလသမဂၢလံုၿခံဳေရးေကာင္စီမွာ ျမန္မာႏိုင္ငံရဲ႕ အေျခအေနကို ႐ွင္းလင္းေျပာၾကားမွာျဖစ္ပါတယ္။

ခုလုိ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတဲ့အေပၚ ႏိုင္ငံအသီးသီးမွာ ေရာက္ေနၾကတဲ့ ျမန္မာလူမ်ဳိးေတြကလည္း အခုလိုမ်ိဳးစစ္တပ္က အာဏာသိမ္းယူမႈအေပၚမွာ မယံုၾကည္ႏိုင္ေအာင္ျဖစ္ေနၾကၿပီးေတာ့ သူတို႔အေနနဲ႔ ေဒၚသထြက္ရေၾကာင္း၊ မေက်မနပ္ျဖစ္ရေၾကာင္း၊ ကန္႔ကြက္ေၾကာင္းေတြကို ဒီသူတို႔ရဲ႕ ဆႏၵသေဘာထားေတြကို လူမႈကြန္ယက္ေတြေပၚမွာ ေဖာ္ျပေနၾကပါတယ္။ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢသံတမန္ေဟာင္း Yanghee Lee ကေတာ့ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာဟာ ဒီမိုကေရစီကို ေစာ္ကားတဲ့လုပ္ရပ္ျဖစ္တယ္လို႔ ခုလိုတံု႔ျပန္ပါတယ္။

"ဒါဟာ ဒီမိုကေရစီကို ေစာ္ကားတဲ့ လုပ္ရပ္ျဖစ္ပါတယ္။ လက္႐ွိ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီစနစ္ဟာ အတိမ္းအေစာင္း မခံႏိုင္တဲ့ အေျခအေနျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ဒီမိုကေရစီစနစ္ခိုင္မာေအာင္ အားသြန္ခြန္စုိက္လုပ္မယ္လို႔ ေမ ွ်ာ္လင့္ခဲ့ေပမဲ့ မလုပ္ခဲ့ပါဘူး။ သူ႔လက္ထက္မွာ သတင္းေထာက္ေတြ ပိုၿပီး ဖမ္းခံရတယ္။ အခြင့္အေရးလႈပ္႐ွားေတာင္းဆုိတဲ့ ေက်ာင္းသားေတြ ပိုၿပီး ဖမ္းခံရတယ္။ အဓိပၸါယ္မ႐ွိတဲ့ ဥပေဒေတြကို အတည္ျပဳခဲ့တဲ့ ရခိုင္ျပည္နယ္မွာ လူမ်ဳိးတုံး သတ္ျဖတ္မႈေတြ ျဖစ္ပြားခဲ့ပါတယ္။"

ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးအာဏာကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကို အာဏာသိမ္းခဲ့တဲ့ ဦးျမင့္ေဆြက ဒီကေန႔ လႊဲေပးခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္အေနနဲ႔ ဘာေၾကာင့္ အာဏာလိုခ်င္ရသလဲဆိုတာနဲ႔ပါတ္သက္လို႔လည္း ေဒါက္တာ Yanghee Lee က AFP သတင္းဌာနကကို ခုလိုေျပာၾကားပါတယ္။

"မင္းေအာင္လႈိင္ဟာ အာဏာကို ဖက္တြယ္ထားခ်င္တဲ့အတြက္ သမၼတ ျဖစ္ခ်င္ေနတာပါ။ သူ႔မိသားစုေတြရဲ႕ စီးပြားေရးလုပ္ငန္းေတြေၾကာင့္ သူအာဏာလိုခ်င္တာပါ။ စစ္တပ္ကလုပ္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြ၊ စစ္တပ္နဲ႔နီးစပ္တဲ့ ခ႐ုိနီေတြ။ သူတုိ႔အေပါင္းအပါေတြလုပ္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြမွာ သူ႔မိသားစုရဲ႕ အက်ဳိးစီးပြားေတြ႐ွိေနပါတယ္။"

ေ႐ြးေကာက္ပြဲရလဒ္ အတည္မျပဳႏိုင္ေအာင္ ခုလိုအာဏာသိမ္းတ့ဲ လုပ္ရပ္ကို လုပ္ခဲ့တာပါ။ ေဒါက္တာ Yanghee Lee ကေတာ့ ျပည္သူအမ်ားဆႏၵနဲ႔ ေ႐ြးေကာက္ပဲြအႏိုင္ရခဲ့တဲ့အခ်က္ကို ျပစ္ပယ္လို႔ မရဘူးလို႔ေထာက္ျပပါတယ္။

"ျပည္သူေတြက NLD ပါတီကို မဲေပးခဲ့ၾကတာပါ။ NLD ကုိျပည္သူအမ်ား မဲေပးေထာက္ခံခဲ့တယ္ဆိုတဲ့ အခ်က္ကို ေလးစား အာ႐ံုစိုက္ဖုိ႔ လိုပါတယ္။"

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျဖစ္ခဲ့တဲ့ ကိစၥေၾကာင့္ ႏိုင္ငံတကာက ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေဝဖန္မႈေတြ ႐ွိခဲ့ပါတယ္။ ဒါေပမဲ့ ျမန္မာႏုိင္ငံရဲ႕ဒီမိုကေရစီစနစ္ထိခိုက္ေစတဲ့ အခုလို အာဏာသိမ္းကိစၥအတြက္ ႏိုင္ငံတကာအသိုင္းအဝုိင္းအေနနဲ႔ ဘယ္လိုခ်ဥ္းကပ္ ေျဖ႐ွင္းမလဲ၊ ဘယ္သူနဲ႔ ေဆြးေႏြးမယ္ဆိုတာကို စဥ္းစားရမယ္လို႔ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢသံတမန္ေဟာင္း Yanghee Lee က AFP သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်တပ်အာဏာသိမ်းမှုအပေါ် နိုင်ငံတကာတုံ့ပြန်ချက်များ

နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို အတည်မပြုနိုင်အောင် စစ်တပ်က အာဏာသိမ်းခဲ့တဲ့အပေါ် နိုင်ငံတကာကလည်း ဝေဖန်တုံ့ပြန်ပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။ အမေရိကန် အပါအဝင် နိုင်ငံတွေရဲ့ ထုတ်ပြန်ပြောကြားချက်တွေကို မအေးသန္တာကျော်က စုစည်းတင်ပြပါမယ်ရှင်။

မြန်မာနိုင်ငံမှာ စစ်တပ်က ရွေးကောက်ပွဲရလဒ်ကို မကျေနပ်ဘဲ လွှတ်တော်စတင်ခေါ်ယူမယ့်နေ့မှာ အဏာသိမ်းလိုက်တာကို နိုင်ငံတကာက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါတယ်။ အမေရိကန်အစိုးရ အိမ်ဖြူတော်ကြေညာချက်မှာတော့ “တပ်မတော် အပါအဝင် အခြားအဖွဲ့အစည်းများ အားလုံးအနေဖြင့် ဒီမိုကရေစီ စံနှုန်းများနှင့် ဥပဒေ စိုးမိုးရေးကို အလေးအနက်ထား လိုက်နာပြီး ယနေ့ ဖမ်းဆီးထားသည့် ပုဂ္ဂိုလ်များအား အမြန်ဆုံး လွှတ်ပေးဖို့တောင်းဆိုပြီး အမေရိကန် ပြည်ထောင်စုအနေနှင့် မြန်မာနိုင်ငံတွင် မကြာသေးခင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှ ရလဒ်များကို တစုံတရာ ပြောင်းလဲရန် ကြိုးပမ်းခြင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရေးကို ချိုးဖျက်ရန် ကြိုးပမ်းခြင်း ဒီလို ကိစ္စမှန်သမျှကို ဆန့်ကျင်ကြောင်း" ပြောထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သား အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်အများအပြလား ဖမ်းဆီးမှုသတင်းများကြောင့် အမေရိကန်အနေဖြင့် အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်ရကြောင်း မြန်မာ စစ်တပ် ခေါင်းဆောင်များက ဖမ်းဆီးထားတဲ့ အစိုးရ တာဝန်ရှိသူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်တွေ အားလုံးကို ပြန်လွှတ်ပေးရန်နှင့် နိုဝင်ဘာလ ၈ ရက်နေ့ ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲတွေမှာ ထင်ဟပ်ဖော်ပြခဲ့တဲ့ မြန်မာ ပြည်သူ လူထုရဲ့ ဆန္ဒကို လေးစားလိုက်နာဖို့တောင်းဆိုကြောင်း twitter လူမှုကွန်ယက်စာမျက်နှာမှာ ရေးထားပါတယ်။

ဗြိတိသျှဝန်ကြီးချုပ် Boris Johnson ကတော့ လူထုရဲ့ ဆန္ဒမဲကိုလေးစားဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ Twitter လူမှုကွန်ရက်စာမျက်နှာမှာ တိုက်တွန်းထားပြီး ဥပဒေနဲမညီ ဖမ်းဆီးထားတာတွေကို ရှုတ်ချကြောင်း ရေးထားပါတယ်။

မြန်မာ့အိမ်နီးချင်းလည်းဖြစ် မြန်မာအစိုးရနဲ့ စစ်တပ်အပေါ် သြဇာလွှမ်းမိုးမှုလည်း ရှိတဲ့ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ကွဲလွဲမှုတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ လျှော်ညီစွာ ကိုင်တွယ်သွားနိုင်ပြီး နိုင်ငံရေးနဲ့ လူမှုရေးတည်ငြိမ်မှုကို ထိမ်းသိမ်းကြဖို့ ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။

"မြန်မာနိုင်ငံက ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ပိုမိုပြီး နားလည်သဘောပေါက်အောင် ကြိုးပမ်းနေကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin က ဘေဂျင်းမြို့တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံက ကွဲလွဲမှုတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဖြေရှင်းဖို့၊ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့နဲ့ နိုင်ငံရေး၊ လူမှုရေးအရ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ကြောင်း" လည်း ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ မြန်မာနိုင်ငံကို အရင်လကပဲ လာရောက်သွားသေးခဲ့ပြီး မြန်မာနိုင်ငံစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှှိုင်နဲ့ တွေ့ဆုံသွားသေးတာပါ။ သူတွေ့ဆုံစဉ် ဒီ အာဏာသိမ်းကိစ္စနဲ့ ပတ်သတ်ပြီး အရိပ်အကဲ ပြောသွားသေးလားဆိုတဲ့ မေးခွန်းနဲ့ ဒီလို အာဏာသိမ်းမှုကို တရုတ်အနေနဲ့ ရှုတ်ချမှာလားလို့ မေးမြန်းတာကိုတော့ Mr. Wang က မဖြေဘဲ သူပြောကြားပြီးသားကိုပဲ ထပ်ပြီး ပြောကြားသွားခဲ့ပါတယ်။

ဂျပန်နိုင်ငံကလည်း အခုအခြေအနေကနေ ဒီမိုကရေစီနည်းကျ ပြောဆိုဆွေးနွေးမှုနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းသွားနိုင်ဖို့ အရေးကြီးတယ်လို့ ယုံကြည်ကြောင်း သတင်းစာရှင်းလင်းပွဲတခုမှာ ဂျပန် အစိုးရအတွင်းဝန်ချုပ် Katsunobu Kato ပြောသွားတာပါ။

"ဒီမိုကရေစီနည်းလမ်းနဲ့အညီ ဖြေရှင်းကြဖို့ တိုက်တွန်းပါတယ်။ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံသားအားလုံးရဲ့ လုံခြုံရေးစိတ်ချရဖို့ အတတ်နိုင်ဆုံး ဆောက်ရွတ်ပေးသွားပါမယ်။ လောလောဆယ်မှာ မြန်မာနိုင်ငံရောက်နေတဲ့ ဂျပန်နိုင်ငံသားအားလုံးကို ဂျပန်သံရုံးက အီးမေးလ်နဲ့ အခြေအနေကို လှမ်းအကြောင်းကြားထားပြီးပါပြီ။"

သြစတြေးလျဝန်ကြီးချုပ် Scott Morrison ကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ အထူးစိုးရိမ်စရာကောင်းကြောင်း ရုပ်မြင်သံကြားမိန့်ခွန်းတခုမှာ ပြောကြားသွားပါတယ်။

"အခြေအနေက စိုးရိမ်စရာကောင်းပါတယ်။ ဒီသတင်းဆိုးတွေ ကျနော် ကြားပြီးပါပြီ။ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးလည်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ ကျနော်တို့ သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံဒီမိုကရေစီစနစ် ကူးပြောင်းရေးအတွက် ဟိုးအရင်ကတည်းက ထောက်ခံအားပေးသူဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ စိန်ခေါ်မှုတွေ၊ ကျော်လွှားလုပ်ဆောင်ရမယ့် အနေအထားတွေကိုလည်း သိပါတယ်။ ဒီနေရာမှာ ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာလုပ်ဆောင်ကြဖို့ ပြီးခဲ့တဲ့သောကြာကပဲ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဗြိတိန်အပြင် ဥရောပနိုင်ငံတွေနဲ့ အတူ ဝိုင်းဝန်း တိုက်တွန်းထားပါတယ်။"

ကုလသမဂ္ဂကတော့ အခုလို ရွေးကောက်ပွဲမဲရလဒ်ကိစ္စ အစိုးရနဲ့ စစ်တပ်ညှိမရဘဲ စစ်တပ်က အာဏာသိမ်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်နေကတည်းက ဒီလို ဒီမိုကရေစီနည်းလမ်းနဲ့ မကိုက်ညီတဲ့ ဆောင်ရွတ်ချက်တွေ မလုပ်ဖို့ ကုလသမဂ္ဂအတွင်ရေးမှူးချုပ် Antonio Guterres က တိုက်တွန်းနေခဲ့တာဖြစ်ပြီး အခုဖမ်းဆီးမှုတွေ စတင်လုပ်လုပ်ချင်းပဲလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ ဥပဒေပြုရေး၊ စီမံခန့်ခွဲရေးနဲ့ တရားရေး ဆိုင်ရာ အာဏာအားလုံးကို စစ်တပ်ကို လွှဲပြောင်းပေးလိုက်တယ်ဆိုတဲ့ ကြေညာချက်အတွက် အထူးစိုးရိမ်ကြောင်းနဲ့ ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ်ထိခိုက်စေနိုင်ကြောင်းလည်း ပြောကြားထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကလည်း အခုနောက်ဆုံးဖြစ်ရပ်နဲ့ ပတ်သတ်ပြီး တုံ့ပြန်ပြောကြားရာမှာ မြန်မာနိုင်ငံက ဒီမိုကရေစီလမ်းစဉ် လုံးဝပြောင်းပြန်ဖြစ်သွားပြီ၊ အခုလုပ်ရပ်က သိပ်တရားလွန်ပါတယ်လို့ ပြောသွားပါတယ်။

“အခုလူတွေအများကြီး ဖမ်းခံထားရပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေပဲ ရေးထားတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွန်ခဲ့တဲ့ ၄၈ နာရီကပဲ သူတို့လိုက်နာပါမယ်ဆိုပြီး ကတိကဝတ်ပြုထားခဲ့တဲ့အရာကို သူတို့ လုံးဝဆန့်ကျင်ဘက်လုပ်လိုက်ကြပါတယ်။ ဒါ့ကြောင့် ဒီလုပ်ရပ်က သိပ်တရားလွန်တဲ့လို့ ပြောတာပါ။”

စစ်တပ်ကတော့ အခုလို ဖမ်းဆီးမှုတွေ လုပ်ဆောင်တာက ရွေးကောက်ပွဲ မဲသမာမှုတွေ ကြောင့်လို့ပြောပြီး နိုင်ငံံ့အာဏာအလုံးစုံကို မဲစာရင်းတွေ စစ်ဆေး အတည်ပြုခြင်းအပါအဝင် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ (ဃ) အရ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာ အားလုံးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဆီကို လွဲှအပ် တာဝန်ပေးလိုက်ကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မအေးသန္တာကျော်စုစည်းတင်ပြခဲ့တာပါ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener အနေနဲ့ မနက်ဖြန် အင်္ဂါနေ့ လုပ်မယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံရဲ့ အခြေအနေကို ရှင်းလင်းပြောကြားမှာဖြစ်ပါတယ်။

ခုလို မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့အပေါ် နိုင်ငံအသီးသီးမှာ ရောက်နေကြတဲ့ မြန်မာလူမျိုးတွေကလည်း အခုလိုမျိုးစစ်တပ်က အာဏာသိမ်းယူမှုအပေါ်မှာ မယုံကြည်နိုင်အောင်ဖြစ်နေကြပြီးတော့ သူတို့အနေနဲ့ ဒေါ်သထွက်ရကြောင်း၊ မကျေမနပ်ဖြစ်ရကြောင်း၊ ကန့်ကွက်ကြောင်းတွေကို ဒီသူတို့ရဲ့ ဆန္ဒသဘောထားတွေကို လူမှုကွန်ယက်တွေပေါ်မှာ ဖော်ပြနေကြပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသံတမန်ဟောင်း Yanghee Lee ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာဟာ ဒီမိုကရေစီကို စော်ကားတဲ့လုပ်ရပ်ဖြစ်တယ်လို့ ခုလိုတုံ့ပြန်ပါတယ်။

"ဒါဟာ ဒီမိုကရေစီကို စော်ကားတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ဟာ အတိမ်းအစောင်း မခံနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီမိုကရေစီစနစ်ခိုင်မာအောင် အားသွန်ခွန်စိုက်လုပ်မယ်လို့ မေ ျှာ်လင့်ခဲ့ပေမဲ့ မလုပ်ခဲ့ပါဘူး။ သူ့လက်ထက်မှာ သတင်းထောက်တွေ ပိုပြီး ဖမ်းခံရတယ်။ အခွင့်အရေးလှုပ်ရှားတောင်းဆိုတဲ့ ကျောင်းသားတွေ ပိုပြီး ဖမ်းခံရတယ်။ အဓိပ္ပါယ်မရှိတဲ့ ဥပဒေတွေကို အတည်ပြုခဲ့တဲ့ ရခိုင်ပြည်နယ်မှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။"

ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာသိမ်းခဲ့တဲ့ ဦးမြင့်ဆွေက ဒီကနေ့ လွှဲပေးခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဘာကြောင့် အာဏာလိုချင်ရသလဲဆိုတာနဲ့ပါတ်သက်လို့လည်း ဒေါက်တာ Yanghee Lee က AFP သတင်းဌာနကကို ခုလိုပြောကြားပါတယ်။

"မင်းအောင်လှိုင်ဟာ အာဏာကို ဖက်တွယ်ထားချင်တဲ့အတွက် သမ္မတ ဖြစ်ချင်နေတာပါ။ သူ့မိသားစုတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် သူအာဏာလိုချင်တာပါ။ စစ်တပ်ကလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စစ်တပ်နဲ့နီးစပ်တဲ့ ခရိုနီတွေ။ သူတို့အပေါင်းအပါတွေလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ သူ့မိသားစုရဲ့ အကျိုးစီးပွားတွေရှိနေပါတယ်။"

ရွေးကောက်ပွဲရလဒ် အတည်မပြုနိုင်အောင် ခုလိုအာဏာသိမ်းတဲ့ လုပ်ရပ်ကို လုပ်ခဲ့တာပါ။ ဒေါက်တာ Yanghee Lee ကတော့ ပြည်သူအများဆန္ဒနဲ့ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့အချက်ကို ပြစ်ပယ်လို့ မရဘူးလို့ထောက်ပြပါတယ်။

"ပြည်သူတွေက NLD ပါတီကို မဲပေးခဲ့ကြတာပါ။ NLD ကိုပြည်သူအများ မဲပေးထောက်ခံခဲ့တယ်ဆိုတဲ့ အချက်ကို လေးစား အာရုံစိုက်ဖို့ လိုပါတယ်။"

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီစနစ်ထိခိုက်စေတဲ့ အခုလို အာဏာသိမ်းကိစ္စအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဘယ်လိုချဉ်းကပ် ဖြေရှင်းမလဲ၊ ဘယ်သူနဲ့ ဆွေးနွေးမယ်ဆိုတာကို စဉ်းစားရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသံတမန်ဟောင်း Yanghee Lee က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG