(Zawgyi/ Unicode)
လႊတ္ေတာ္ ကိုယ္စားလွယ္ေတြရဲ႕ ေနျပည္ေတာ္ စည္ပင္၀င္း ေနာက္ဆံုး အေျခအေနေတြကို ေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဘမ်ိဳးသိန္းနဲ႔ ဆက္သြယ္ေမးျမန္းခ်က္။
ေမခ။ ။ ဦးဘမ်ိဳးသိန္း အေျခအေန ဘယ္လို ရွိပါလဲ။
ဦးဘမ်ိဳးသိန္း။ ။ ဒီကေန႔ မနက္ ၃ နာရီခြဲ ကတည္းက စည္ပင္ အျပင္၀န္းကို ပိတ္ထားလိုက္တယ္။ ရဲေရာ တပ္ေရာ လာခ်ထားတယ္။ အဲဒီက စလို႔ အျပင္ထြက္လို႔ မရေတာ့ဘူး။ ေနာက္ၿပီးေတာ့ အင္တာနက္ လိုင္းလည္း ပိတ္ထားတယ္။ အခုမွ ေမခတို႔နဲ႔ အဆက္အသြယ္ ရတယ္ေပါ့ေနာ္။ ဒီထဲမွာ ရွိတာက ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြေရာ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ေတြေရာ အားလံုး ရွိတယ္ေပါ့။ ရွိတာက ျပည္ခိုင္ၿဖိဳး ကိုယ္စားလွယ္ေတြက လြဲလို႔ က်န္တဲ႔ ကိုယ္စားလွယ္ေတြ ရွိတယ္။
ေမခ။ ။ လက္ရွိ ေနျပည္ေတာ္ အေျခအေနကေရာ ဘာမွ မသိရဘူးေပါ့။
ဦးဘမ်ိဳးသိန္း။ ။ ေနျပည္ေတာ္ အေျခအေန ဘာမွ မသိရဘူး။ ဆက္သြယ္လို႔ မရဘူးေပါ့ေနာ္။
ေမခ။ ။ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြထဲက ဖမ္းဆီး ထိန္းသိမ္းသြားတဲ႔သူေတြေရာ ရွိပါလားရွင့္။
ဦးဘမ်ိဳးသိန္း ။ ။ အဲဒီလို ဖမ္းဆီး ထိန္းသိမ္းသြားတဲ႔သူေတြ အခုအခ်ိန္ထိ မရွိေသးဘူး။ ေနျပည္ေတာ္ စည္ပင္ ရိပ္သာ၀န္းထဲမွာဘဲ အကုန္ရွိၾကတယ္။
ေမခ။ ။ NLD ရံုးခ်ဳပ္နဲ႔ေရာ ဆက္သြယ္လို႔ ရပါလားရွင့္။
ဦးဘမ်ိဳးသိန္း။ ။ အခုထက္ထိ မရေသးဘူး။ ခုနကေတာ့ MRTV 4 က လႊင့္တဲ႔ ႏုိင္ငံေတာ္ သမၼတႀကီးမွ ထုတ္ျပန္ျခင္း ၁/၂၀၂၁ ကို နားေထာင္ရတယ္။
ေမခ။ ။ လက္ရွိ အေျခအေနမွာ ဆရာတို႔ဘက္က ဘယ္လို တုံ႔ျပန္သြားဖို႔ စိတ္ကူးထားပါလဲရွင့္။
ဦးဘမ်ိဳးသိန္း။ ။ ဒီမွာေတာ့ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႔ရဲ႕ ဆံုးျဖတ္ခ်က္ အတိုင္းဘဲ ေပါ့ေနာ္ က်ေနာ္တို႔ NLD ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ အားလံုး သေဘာတူ ထားၾကတယ္။ အဲဒီေတာ့ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက လက္မွတ္ထိုးထားတယ္။ တစံုတခု အေၾကာင္း တခုခု ရွိလာလို႔ ရွိရင္ ဗဟို အလုပ္အမႈေဆာင္ ဆံုးျဖတ္ခ်က္ အတိုင္း လုိက္နာ ေဆာင္ရြက္မယ္ဆိုတဲ႔ အေၾကာင္း ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲမွာ အႏိုင္ရခဲ႔တဲ႔ ျပည္သူ႔ လႊတ္ေတာ္ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက လက္မွတ္ထိုးထားတယ္ေပါ့။
ေမခ။ ။ တိုင္းရင္းသား လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ အေျခအေနကေရာ ဘယ္လိုမ်ား ရွိပါလဲရွင့္။
ဦးဘမ်ိဳးသိန္း။ ။ ေတြ႔တဲ႔သူေတြကေတာ့ တည္တည္ၿငိမ္ၿငိမ္ ရွိပါတယ္။
(Unicode)
လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နေပြည်တော် စည်ပင်ဝင်း နောက်ဆုံး အခြေအနေတွေကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းနဲ့ ဆက်သွယ်မေးမြန်းချက်။
မေခ။ ။ ဦးဘမျိုးသိန်း အခြေအနေ ဘယ်လို ရှိပါလဲ။
ဦးဘမျိုးသိန်း။ ။ ဒီကနေ့ မနက် ၃ နာရီခွဲ ကတည်းက စည်ပင် အပြင်ဝန်းကို ပိတ်ထားလိုက်တယ်။ ရဲရော တပ်ရော လာချထားတယ်။ အဲဒီက စလို့ အပြင်ထွက်လို့ မရတော့ဘူး။ နောက်ပြီးတော့ အင်တာနက် လိုင်းလည်း ပိတ်ထားတယ်။ အခုမှ မေခတို့နဲ့ အဆက်အသွယ် ရတယ်ပေါ့နော်။ ဒီထဲမှာ ရှိတာက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေရော အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေရော အားလုံး ရှိတယ်ပေါ့။ ရှိတာက ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေက လွဲလို့ ကျန်တဲ့ ကိုယ်စားလှယ်တွေ ရှိတယ်။
မေခ။ ။ လက်ရှိ နေပြည်တော် အခြေအနေကရော ဘာမှ မသိရဘူးပေါ့။
ဦးဘမျိုးသိန်း။ ။ နေပြည်တော် အခြေအနေ ဘာမှ မသိရဘူး။ ဆက်သွယ်လို့ မရဘူးပေါ့နော်။
မေခ။ ။ လွှတ်တော် ကိုယ်စားလှယ်တွေထဲက ဖမ်းဆီး ထိန်းသိမ်းသွားတဲ့သူတွေရော ရှိပါလားရှင့်။
ဦးဘမျိုးသိန်း ။ ။ အဲဒီလို ဖမ်းဆီး ထိန်းသိမ်းသွားတဲ့သူတွေ အခုအချိန်ထိ မရှိသေးဘူး။ နေပြည်တော် စည်ပင် ရိပ်သာဝန်းထဲမှာဘဲ အကုန်ရှိကြတယ်။
မေခ။ ။ NLD ရုံးချုပ်နဲ့ရော ဆက်သွယ်လို့ ရပါလားရှင့်။
ဦးဘမျိုးသိန်း။ ။ အခုထက်ထိ မရသေးဘူး။ ခုနကတော့ MRTV 4 က လွှင့်တဲ့ နိုင်ငံတော် သမ္မတကြီးမှ ထုတ်ပြန်ခြင်း ၁/၂၀၂၁ ကို နားထောင်ရတယ်။
မေခ။ ။ လက်ရှိ အခြေအနေမှာ ဆရာတို့ဘက်က ဘယ်လို တုံ့ပြန်သွားဖို့ စိတ်ကူးထားပါလဲရှင့်။
ဦးဘမျိုးသိန်း။ ။ ဒီမှာတော့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့ ဆုံးဖြတ်ချက် အတိုင်းဘဲ ပေါ့နော် ကျနော်တို့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အားလုံး သဘောတူ ထားကြတယ်။ အဲဒီတော့ လွှတ်တော် ကိုယ်စားလှယ်တွေက လက်မှတ်ထိုးထားတယ်။ တစုံတခု အကြောင်း တခုခု ရှိလာလို့ ရှိရင် ဗဟို အလုပ်အမှုဆောင် ဆုံးဖြတ်ချက် အတိုင်း လိုက်နာ ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်သူ့ လွှတ်တော် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေက လက်မှတ်ထိုးထားတယ်ပေါ့။
မေခ။ ။ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ အခြေအနေကရော ဘယ်လိုများ ရှိပါလဲရှင့်။
ဦးဘမျိုးသိန်း။ ။ တွေ့တဲ့သူတွေကတော့ တည်တည်ငြိမ်ငြိမ် ရှိပါတယ်။