သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်များ ဖမ်းဆီးခံရမှု ကုလ သမဂ္ဂ အတွင်းရေးမှုးချုပ် ပြင်းပြင်းထန်ထန် ရှုတ်ချ


မှတ်တမ်းဓာတ်ပုံ။
မှတ်တမ်းဓာတ်ပုံ။

(Zawgyi/ Unicode)

မြန်မာ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သမ္မတဦးဝင်းမြင့်နဲ့ တခြားနိုင်ငံရေးခေါင်းဆောင်တွေကို လွှတ်တော်သစ် မခေါ်ယူခင် အချိန်ပိုင်းကလေးမှာပဲ ဖမ်းဆီးလိုက်တာ အတွက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း နယူးရောက် စံတော်ချိန် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဒါဟာ ဥပဒေပြုရေး၊ စီမံခန့်ခွဲရေးနဲ့ တရားရေး ဆိုင်ရာ အာဏာအားလုံးကို စစ်တပ်ကိုလွှဲပြောင်းပေးလိုက်တယ် ဆိုတဲ့ ကြေညာချက်အတွက် အထူးစိုးရိမ်ကြောင်းနဲ့ ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကို အကြီးအကျယ်ထိခိုက်စေနိုင်ကြောင်း လည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ မနှစ်က နိုဝင်ဘာ ၈ ရက်မှာကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အနိုင်ရတာဟာ အခက်ခဲတွေနဲ့ ပြည့်နေတဲ့ ဒီမိုကရေစီအပြောင်းအလဲ လမ်းကြောင်းကို ဆက်ပြီး လေ ျှာက်လှမ်းလိုတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒကို ရှင်းရှင်းလင်းလင်း ထင်ဟပ်စေတယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် မြန်မာစစ်ခေါင်းဆောင် တွေအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ ဆန္ဒကို လေးစားပြီး ဒီမိုကရေစီစံနှုန်းအတိုင်း မတူကွဲပြားမှုတွေကို ငြိမ်းချမ်းတဲ့ဆွေးနွေးမှုတွေနဲ့ ဖြေရှင်းကြဖို့လည်း အတွင်းရေးမှုးချုပ်က တိုက်တွန်းလိုက်ပါတယ်။

ခေါင်းဆောင်အားလုံးကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဦးစားပေးပြီး လူ့အခွင့်ရေးနဲ့ အခြေခံလွတ်လပ်မှုရပိုင်ခွင့်တွေကို အပြည့်အဝ လေးစားပြီး အကြမ်းမဖက်ပဲ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှုတွေနဲ့ တွေ့ဆုံဖြေရှင်းကြရမှာ ဖြစ်ကြောင်းလည်း သတိပေးပါတယ်။

ဒါ့အပြင် ကုလမဂ္ဂအနေနဲ့ မြန်မာနိုင်ငံသားတွေ ကြိုစားရယူနေတဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အတွက် အမြဲတမ်းထောက်ခံပံ့ပိုးပေးမှာ ဖြစ်ကြောင်းလည်း အတွင်းရေးမှုးချုပ်က ထပ်လောင်းပြောကြားခဲ့တယ်လို့ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stéphane Dujarric က ကုလသမဂ္ဂ -The United Nations Myanmar Facebook မှာ ပြောကြားခဲ့ပါတယ်။

(Unicode)









XS
SM
MD
LG