သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဏာသိမ္းေထာက္ခံဆႏၵျပပဲြ သတင္းယူသူ သတင္းသမားႏွစ္ဦး ႐ိုက္ႏွက္ခံရ


အာဏာသိမ္းေထာက္ခံသူမ်ား ကားမ်ားနဲ႔ စီတန္းသြားလာတဲ့ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၀၁၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းတဲ့ လုပ္ရပ္ကုိ ေထာက္ခံေၾကာင္း ရန္ကုန္ၿမိဳ႕မွာ ဆႏၵျပလႈပ္ရွားမႈေတြကုိ သတင္းယူေနရင္း တုိက္ခုိက္ခံရတာေၾကာင့္ သတင္းသမားတခ်ဳိ႕ ဒဏ္ရာရခဲ့တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပုိင္းသတင္းေထာက္ မအဂၢႏြန္က ေျပာျပပါမယ္။

ဆူးေလဘုရားအနီး ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ဒီကေန႔ မြန္းလဲြပုိင္းက တပ္မေတာ္ကုိ ေထာက္ခံေၾကာင္း ဆႏၵျပၾကတဲ့ လႈပ္ရွားမႈကုိ သြားေရာက္ သတင္းယူေနစဥ္ လူအုပ္စုက သတင္းသမားေတြကုိ ႐ုိက္ႏွက္ခဲ့တာေၾကာင့္ ဂ်ပန္ႏုိင္ငံသား အလြတ္သတင္းေထာက္ တစ္ဦးနဲ႔ သတင္းသမားတခ်ဳိ႕ ထိခုိက္ဒဏ္ရာရခဲ့ပါတယ္။

တပ္မေတာ္ကုိ ေထာက္ခံေၾကာင္း ဆႏၵျပသူေတြထဲက လူတခ်ဳိ႕ရဲ႕ ႐ုိက္ႏွက္မႈေၾကာင့္ ဒဏ္ရာရခဲ့တဲ့ ဒီလိႈင္းဂ်ာနယ္က သတင္းေထာက္ ကိုသူရိန္ေက်ာ္ကေတာ့ ဘယ္ဘက္မ်က္ခံုးမွာ ဒဏ္ရာရခဲ့တာေၾကာင့္ ၇ ခ်က္ခ်ဳပ္လိုက္ရၿပီး ဦးေႏွာက္နဲ႔ အာ႐ုံေၾကာဌာနမွာ စစ္ေဆးမႈခံယူခဲ့ရတယ္လို႔ ဗီြအိုေအကို ေျပာပါတယ္။

“အခုေလာေလာဆယ္ေတာ့ အေျခအေနက ေခါင္းက ေတာ္ေတာ္မူးေနတယ္။ ခ်ဳပ္ေတာ့ ခ်ဳပ္ၿပီးပါၿပီ။ အခုေလာေလာဆယ္ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာသြားေနတယ္။ အခုလိုက္စစ္ခိုင္းတာေပါ့... ဦးေႏွာက္ထိမွာေၾကာက္လို႔။ အစ္ကိုတို႔ကလည္း သတင္းရေစခ်င္လို႔သာ သူတို႔ဆႏၵျပပြဲေတြ ေတာက္ေလွ်ာက္လိုက္လာတာေလ။ ဒါေပမဲ့ ဒီလိုအႏၱရာယ္ျပဳတာၾကေတာ့လည္း အဆင္မေျပဘူးေပါ့။ ဆႏၵျပတဲ့ လူကို ဓာတ္ပံု႐ုိက္တယ္ဆိုတာ သတင္းသမားေတာ့ ဟိုလူကို ေရြးရုိက္မယ္၊ ဒီလူေရြးရုိက္မယ္၊ ရွိတာမွမဟုတ္တာ။ ႀကံဳတဲ့ လူပဲ ဒီလိုပဲ ပံုေကာင္းေကာင္းရခ်င္လို႔ ရုိက္ၾကတာပဲ ရွိတယ္။ အဲ့ဒီအေပၚမွာ သူတို႔ပံုေတြ ရုိက္လို႔ဆိုၿပီး ရန္ရွာတာေတာ့ မလုပ္သင့္တဲ့ ကိစၥေတြ။ ၿပီးေတာ့ ဒီဆႏၵျပပြဲဦးေဆာင္တဲ့ လူေတြကလည္း ဒီဟာေတြကို ၾကပ္မတ္ေပးသင့္တယ္။ သတင္းသမားလည္း ေနာက္ပိုင္းမွာ ကိုယ္ေတြ အႏၱရာယ္ျပဳဖို႔ သတင္းယူတာ အရမ္းအခက္အခဲအမ်ားႀကီး ရွိလာတယ္ေလ။ အခုဒီေန႔ မေန႔ပိုင္းက အထိုးခံရတဲ့ သတင္းေထာက္ေတြလည္း ရွိတယ္။ ကိုယ့္ေရွ႕မွာတင္ ရန္ျပဳခံရတာ သတင္းသမား ေလး၊ ငါး၊ ေျခာက္ေယာက္ရွိတယ္။ အထိုးခံရတာ ႏွစ္ေယာက္ေလာက္ေတာ့ ရွိတယ္။”

အခုဆႏၵျပပဲြမွာပဲ ဂ်ပန္ႏုိင္ငံသား အလြတ္သတင္းေထာက္ တဦးလည္း ကုိယ္ထိလက္ေရာက္ တုိက္ခုိက္ခံခဲ့ရေပမဲ့ ထိခုိက္မႈ မျပင္းထန္ဘူးလုိ႔လည္း သတင္းသမားေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔ကလည္း ဗဟန္းၿမိဳ႕နယ္က ေၾကးသြန္းဘုရားအနီး တပ္မေတာ္ေထာက္ခံဆႏၵပြဲမွာ သတင္းယူေနတဲ့ ဧရာဝတီသတင္းဌာနက သတင္းေထာက္ အမ်ဳိးသမီးတစ္ဦး ဆံပင္ဆြဲ ရန္ျပဳခံခဲ့ရပါတယ္။ ႏုိင္ငံေရးအေျခအေန မတည္မၿငိမ္ျဖစ္ေနခ်ိန္မွာ သတင္းသမားေတြ ကုိယ္ထိလက္ေရာက္ တုိက္ခုိက္ခံေနရတာေၾကာင့္ သတိထားဖုိ႔လည္း ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီ တြဲဖက္အတြင္းေရးမွဴး(၁) ဦးျမင့္ေက်ာ္က တိုက္တြန္းပါတယ္။

“ဒီလိုကိစၥမ်ဳိးနဲ႔ အခုပတ္သက္လို႔ေတာ့ ဒီလံုၿခံဳေရးအဖြဲ႕အစည္းေတြ ရဲတပ္ဖြဲ႕တို႔ ဒီအခ်ိန္မွာေတာ့ response ရဖို႔ တုံ႔ျပန္မႈရဖို႔က ခက္ခဲမယ့္အေနအထားရွိတယ္။ နံပါတ္ ၁ ကေတာ့ သတင္းသမားေတြ အထူးသတိထားဖုိ႔ပဲ သတိႀကီးႀကီးနဲ႔ သတင္းယူဖို႔ပဲ နံပါတ္ ၁ တိုက္တြန္းခ်င္တယ္ေပါ့ေနာ္။ ေကာင္စီအေနအထားနဲ႔လည္း အခုေတြ႔ဖို႔ ဆံုဖို႔ သို႔မဟုတ္ဆက္သြယ္ၿပီးေတာ့ ဒီကိစၥကို တိုင္ပင္ဖို႔က ဆက္သြယ္ေရးဖုန္းလိုင္းေတြ ေခၚမရတဲ့ဟာရွိတယ္။ အင္တာနက္ေတာ့ ရတဲ့ေနရာေတြရေနၿပီ။ ဆိုေတာ့ ေလာေလာဆယ္ေတာ့ အဖြဲ႕အစည္းအေနနဲ႔ ဒီကိစၥနဲ႔ပတ္သက္ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ဆက္သြယ္ဖို႔ အခက္အခဲရွိေနတယ္။ သို႔ေသာ္ က်ေနာ္တစ္ဦးခ်င္အျမင္ ေျပာရရင္ေတာ့ သတင္းသမားေတြ ေဘးအႏၱရာယ္ကင္းရွင္းေရးကို ကိုယ္တတ္ႏိုင္သေလာက္ သတိပိုၿပီး ႏွစ္ဆေလာက္ထားဖို႔ လိုတယ္ေပ့ါေနာ္။ ၿပီးခဲ့တဲ့ ႏွစ္ရက္အေျခအေနန႔ဲ တစ္ရက္အေျခနဲ႔ ဒီေန႔အေျခအေနနဲ႔ လံုးဝအတူကြဲျပားတဲ့ အေနအထားမ်ဳိးေတြ ျဖစ္ေနတယ္။ ဒီအခ်ိန္မွာ တာဝန္ခံဖို႔၊ သက္ဆုိင္တဲ့ အဖြဲ႕အစည္းေတြ တာဝန္ယူဖို႔ဆိုတာ... တာဝန္ခံမယ့္၊ တာဝန္ယူမယ့္အေနအထားမွာ ဘယ္သူက တာဝန္ရွိတဲ့သူမွန္း မသိတဲ့အေနအထားမ်ဳိးမွာ ျဖစ္ေနတယ္။”

ဆႏၵျပလႈပ္ရွားမႈေတြနဲ႔ ပတ္သက္လုိ႔ သတင္းေရးသားေဖာ္ျပခ်က္ေတြကို သေဘာမက်တာေၾကာင့္ သတင္းသမားေတြကို တိုက္ခိုက္သြားမယ္ဆုိၿပီး အင္တာနက္ လူမႈကြန္ရက္ေပၚမွာ မၾကာေသးခင္က ၿခိမ္းေျခာက္တဲ့ လုပ္ရပ္နဲ႔ ပတ္သက္လုိ႔ သက္ဆုိင္ရာ အာဏာပိုင္ေတြကုိ အေၾကာင္းၾကားမွာ ျဖစ္ေၾကာင္းလည္း ဇန္နဝါရီ ၃၁ ရက္ေန႔မွာ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္္စီက သတင္းထုတ္ျပန္ထားပါတယ္။ သတင္းသမားေတြအေနနဲ႔လည္း ႏုိင္ငံေရးအၾကပ္အတည္းၾကား သတင္းက်င့္ဝတ္နဲ႔အညီ ဘက္မလိုက္ဘဲ အတတ္ႏိုင္ဆံုး ေရးသားေဖာ္ျပဖို႔လည္း ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီက တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အာဏာသိမ်းထောက်ခံဆန္ဒပြပွဲ သတင်းယူသူ သတင်းသမားနှစ်ဦး ရိုက်နှက်ခံရ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ထောက်ခံကြောင်း ရန်ကုန်မြို့မှာ ဆန္ဒပြလှုပ်ရှားမှုတွေကို သတင်းယူနေရင်း တိုက်ခိုက်ခံရတာကြောင့် သတင်းသမားတချို့ ဒဏ်ရာရခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။

ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ မွန်းလွဲပိုင်းက တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒပြကြတဲ့ လှုပ်ရှားမှုကို သွားရောက် သတင်းယူနေစဉ် လူအုပ်စုက သတင်းသမားတွေကို ရိုက်နှက်ခဲ့တာကြောင့် ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် တစ်ဦးနဲ့ သတင်းသမားတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒပြသူတွေထဲက လူတချို့ရဲ့ ရိုက်နှက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒီလှိုင်းဂျာနယ်က သတင်းထောက် ကိုသူရိန်ကျော်ကတော့ ဘယ်ဘက်မျက်ခုံးမှာ ဒဏ်ရာရခဲ့တာကြောင့် ၇ ချက်ချုပ်လိုက်ရပြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ စစ်ဆေးမှုခံယူခဲ့ရတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“အခုလောလောဆယ်တော့ အခြေအနေက ခေါင်းက တော်တော်မူးနေတယ်။ ချုပ်တော့ ချုပ်ပြီးပါပြီ။ အခုလောလောဆယ် ဦးနှောက်နဲ့ အာရုံကြောသွားနေတယ်။ အခုလိုက်စစ်ခိုင်းတာပေါ့... ဦးနှောက်ထိမှာကြောက်လို့။ အစ်ကိုတို့ကလည်း သတင်းရစေချင်လို့သာ သူတို့ဆန္ဒပြပွဲတွေ တောက်လျှောက်လိုက်လာတာလေ။ ဒါပေမဲ့ ဒီလိုအန္တရာယ်ပြုတာကြတော့လည်း အဆင်မပြေဘူးပေါ့။ ဆန္ဒပြတဲ့ လူကို ဓာတ်ပုံရိုက်တယ်ဆိုတာ သတင်းသမားတော့ ဟိုလူကို ရွေးရိုက်မယ်၊ ဒီလူရွေးရိုက်မယ်၊ ရှိတာမှမဟုတ်တာ။ ကြုံတဲ့ လူပဲ ဒီလိုပဲ ပုံကောင်းကောင်းရချင်လို့ ရိုက်ကြတာပဲ ရှိတယ်။ အဲ့ဒီအပေါ်မှာ သူတို့ပုံတွေ ရိုက်လို့ဆိုပြီး ရန်ရှာတာတော့ မလုပ်သင့်တဲ့ ကိစ္စတွေ။ ပြီးတော့ ဒီဆန္ဒပြပွဲဦးဆောင်တဲ့ လူတွေကလည်း ဒီဟာတွေကို ကြပ်မတ်ပေးသင့်တယ်။ သတင်းသမားလည်း နောက်ပိုင်းမှာ ကိုယ်တွေ အန္တရာယ်ပြုဖို့ သတင်းယူတာ အရမ်းအခက်အခဲအများကြီး ရှိလာတယ်လေ။ အခုဒီနေ့ မနေ့ပိုင်းက အထိုးခံရတဲ့ သတင်းထောက်တွေလည်း ရှိတယ်။ ကိုယ့်ရှေ့မှာတင် ရန်ပြုခံရတာ သတင်းသမား လေး၊ ငါး၊ ခြောက်ယောက်ရှိတယ်။ အထိုးခံရတာ နှစ်ယောက်လောက်တော့ ရှိတယ်။”

အခုဆန္ဒပြပွဲမှာပဲ ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် တဦးလည်း ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံခဲ့ရပေမဲ့ ထိခိုက်မှု မပြင်းထန်ဘူးလို့လည်း သတင်းသမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကလည်း ဗဟန်းမြို့နယ်က ကြေးသွန်းဘုရားအနီး တပ်မတော်ထောက်ခံဆန္ဒပွဲမှာ သတင်းယူနေတဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက် အမျိုးသမီးတစ်ဦး ဆံပင်ဆွဲ ရန်ပြုခံခဲ့ရပါတယ်။ နိုင်ငံရေးအခြေအနေ မတည်မငြိမ်ဖြစ်နေချိန်မှာ သတင်းသမားတွေ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံနေရတာကြောင့် သတိထားဖို့လည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး(၁) ဦးမြင့်ကျော်က တိုက်တွန်းပါတယ်။

“ဒီလိုကိစ္စမျိုးနဲ့ အခုပတ်သက်လို့တော့ ဒီလုံခြုံရေးအဖွဲ့အစည်းတွေ ရဲတပ်ဖွဲ့တို့ ဒီအချိန်မှာတော့ response ရဖို့ တုံ့ပြန်မှုရဖို့က ခက်ခဲမယ့်အနေအထားရှိတယ်။ နံပါတ် ၁ ကတော့ သတင်းသမားတွေ အထူးသတိထားဖို့ပဲ သတိကြီးကြီးနဲ့ သတင်းယူဖို့ပဲ နံပါတ် ၁ တိုက်တွန်းချင်တယ်ပေါ့နော်။ ကောင်စီအနေအထားနဲ့လည်း အခုတွေ့ဖို့ ဆုံဖို့ သို့မဟုတ်ဆက်သွယ်ပြီးတော့ ဒီကိစ္စကို တိုင်ပင်ဖို့က ဆက်သွယ်ရေးဖုန်းလိုင်းတွေ ခေါ်မရတဲ့ဟာရှိတယ်။ အင်တာနက်တော့ ရတဲ့နေရာတွေရနေပြီ။ ဆိုတော့ လောလောဆယ်တော့ အဖွဲ့အစည်းအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ဖို့ အခက်အခဲရှိနေတယ်။ သို့သော် ကျနော်တစ်ဦးချင်အမြင် ပြောရရင်တော့ သတင်းသမားတွေ ဘေးအန္တရာယ်ကင်းရှင်းရေးကို ကိုယ်တတ်နိုင်သလောက် သတိပိုပြီး နှစ်ဆလောက်ထားဖို့ လိုတယ်ပေ့ါနော်။ ပြီးခဲ့တဲ့ နှစ်ရက်အခြေအနေနဲ့ တစ်ရက်အခြေနဲ့ ဒီနေ့အခြေအနေနဲ့ လုံးဝအတူကွဲပြားတဲ့ အနေအထားမျိုးတွေ ဖြစ်နေတယ်။ ဒီအချိန်မှာ တာဝန်ခံဖို့၊ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ တာဝန်ယူဖို့ဆိုတာ... တာဝန်ခံမယ့်၊ တာဝန်ယူမယ့်အနေအထားမှာ ဘယ်သူက တာဝန်ရှိတဲ့သူမှန်း မသိတဲ့အနေအထားမျိုးမှာ ဖြစ်နေတယ်။”

ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ သတင်းရေးသားဖော်ပြချက်တွေကို သဘောမကျတာကြောင့် သတင်းသမားတွေကို တိုက်ခိုက်သွားမယ်ဆိုပြီး အင်တာနက် လူမှုကွန်ရက်ပေါ်မှာ မကြာသေးခင်က ခြိမ်းခြောက်တဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားမှာ ဖြစ်ကြောင်းလည်း ဇန်နဝါရီ ၃၁ ရက်နေ့မှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ သတင်းသမားတွေအနေနဲ့လည်း နိုင်ငံရေးအကြပ်အတည်းကြား သတင်းကျင့်ဝတ်နဲ့အညီ ဘက်မလိုက်ဘဲ အတတ်နိုင်ဆုံး ရေးသားဖော်ပြဖို့လည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG