မီဒီယာသမားတွေကို လုံခြုံရေးတပ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာလို့ သတင်းစာဆရာတဦးပြောကြား
လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးတိုက်ခိုက်တာဟာ ကြောက်ရွံ့သွားအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာလို့ ရန်ကုန်သတင်းစာသင်တန်းကျောင်း(YJS) တည်ထောင်သူ သတင်းစာဆရာ ကိုရဲနိုင်မိုး က ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်း ကိုခင်မောင်စိုးမင်း Zoom Call နဲ့ မေးမြန်းစဉ်မှာ သူက ပြောတာဖြစ်ပါတယ်။