သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံ ဂ်ပန္သတင္းေထာက္ ျမန္မာအာဏာပိုင္ေတြ ျပန္လႊတ္


ဂ်ပန္သတင္းေထာက္- Yuki Kitazumi (ဓါတ္ပံု -Yuki Kitazumi facebook)

(Zawgyi/Unicode)

စစ္တပ္အာဏာသိမ္းတာကို ဆန္႔က်င္တဲ့ ရန္ကုန္ၿမိဳ႕က ဆႏၵျပပြဲေတြကို သတင္းယူေနတဲ့ ဂ်ပန္အလြတ္တန္း သတင္းေထာက္တေယာက္ကို ရဲေတြက ေခတၱ ဖမ္းဆီးခဲ့ၿပီး နာရီပိုင္းအတြင္း ျပန္လႊတ္ေပးခဲ့ေၾကာင္း ရိုက္တာ သတင္းက ေျပာပါတယ္။

ရန္ကုန္အေျခစိုက္ မီဒီယာ ထုတ္လုပ္ေရး ကုမၸဏီလုပ္ငန္းလုပ္ကိုင္တဲ့ Yuki Kitazumi ဟာ အရင္က Nikkei business daily သတင္းစာ သတင္းေထာက္အျဖစ္ လုပ္ကိုင္ခဲ့ဖူးသူ ျဖစ္ပါတယ္။ သူက ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္အာဏာသိမ္း ၿပီးေနာက္ ပိုင္း ပထမဆုံး အဖမ္းခံလိုက္ရတဲ့ နိုင္ငံျခား သတင္းေထာက္ တေယာက္ျဖစ္လာပါတယ္။

သူ႔ကို စမ္းေခ်ာင္းၿမိဳ႕နယ္ ရဲစခန္းက ျပန္လႊတ္ေပးလိုက္ၿပီးတဲ့ေနာက္ သူက မိတ္ေဆြေတြကို အခုအခါ ေဘးကင္း ရန္ကင္း ရွိၿပီျဖစ္ေၾကာင္နဲ႔ ေက်းဇူးတင္ေၾကာင္း ေျပာပါတယ္။

အေစာပိုင္းတုန္းကေတာ့ ဂ်ပန္နိုင္ငံဘက္ကေတာ့ အသက္ ၄၀ ဝန္းက်င္ ဂ်ပန္လူမ်ိဳး သတင္းေထာက္ တေယာက္ အဖမ္းခံရတယ္လို႔ ေျပာခဲ့ေပမယ့္ အေသးစိတ္ေတာ့ မေျပာၾကားခဲ့ပါဘူး။

ဒီကိစၥနဲ႔ ပတ္သက္လို႔ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ဘက္က မွတ္ခ်က္တစုံတရာ ေျပာၾကားျခင္းလည္း မရွိပါဘူး။

ေဒၚေအာင္ဆန္းစုၾကည္ အရပ္သား အစိုးရနဲ႔ ေခါင္းေဆာင္ေတြကို ဖမ္းဆီးထိန္းသိမ္း အာဏာရယူလိုက္တဲ့ အာဏာသိမ္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီကို စစ္တပ္ကို ဆန္႔က်င္ ဆႏၵျပပြဲေတြ ေပၚေပါက္ေနခဲ့တာ သီတင္း သုံးပတ္ေက်ာ္လာေနၿပီျဖစ္ပါတယ္။ နိုင္ငံျခားေရးသားေတြထဲ

ပထမဦးဆုံးအျဖစ္ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔က ေဒၚေအာင္ဆန္းစုၾကည္ရဲ့ စီးပြားေရး အႀကံေပး ၾသစေတးလ်နိုင္ငံသား Sean Turnell ကိုလည္း စစ္တပ္ ကဖမ္းဆီးထိန္းသိမ္းထားတာပါ။ အခု Kitazumi က ဒုတိယေျမာက္ဖမ္းဆီးခံရသူ နိုင္ငံျခားသားျဖစ္ၿပီး သူ႔ကိုေတာ့ နာရီပိုင္းအတြင္း မွာပဲ ျပန္လႊတ္ေပးခဲ့ပါတယ္။

၂၀၀၇ ခုႏွစ္ ေရႊဝါေရာင္ေတာ္လွန္ေရး ဆႏၵျပမႈအတြင္း သတင္းယူေနခဲ့တဲ့ ဂ်ပန္သတင္းေထာက္ Kenji Nagai ကေတာ့ စစ္တပ္ရဲ႕ ဆႏၵျပပြဲၿဖိဳခြင္းမႈ အတြင္း ေသနတ္ထိမွန္ေသဆုံးခဲ့တာပါ။

အခု ရဲတပ္ဖြဲ႕က ျပန္လႊတ္ေပးလိုက္တဲ့ Kitazumi ရဲ့ မီဒီယာ ကုမၸဏီက သတင္းနဲ႔ ႐ုပ္ရွင္ နမူနာ ဗီြဒီယို ေတြကို ထုတ္လုပ္တဲ့ ကုမၸဏီ ျဖစ္ပါတယ္။သတင္းေထာက္ေတြကို လြတ္လပ္စြာေျပာဆိုခြင့္အတြက္ ေလ့က်င့္သင္ၾကားေပးတဲ့ ကုမၸဏီျဖစ္တယ္လို႔လည္း ကုမၸဏီ website မွာ ေရးသားထားပါတယ္။

Kitazumi ဟာ ဂ်ပန္နိုင္ငံက အဓိက မီဒီယာေတြအတြက္ နိုင္ငံေရးနဲ႔ စီးပြားေရးဆိုင္ရာ သတင္းေတြကို ေရးသား ေပးေနတာ ျဖစ္တယ္လို႔ လည္း သူ႔ရဲ့ ျမန္မာမိတ္ေဆြ တဦးက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ဖမ်းဆီးခံ ဂျပန်သတင်းထောက် မြန်မာအာဏာပိုင်တွေပြန်လွှတ်

(Unicode)

စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေကို သတင်းယူနေတဲ့ ဂျပန်အလွတ်တန်း သတင်းထောက်တယောက်ကို ရဲတွေက ခေတ္တ ဖမ်းဆီးခဲ့ပြီး နာရီပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ကြောင်း ရိုက်တာ သတင်းက ပြောပါတယ်။

ရန်ကုန်အခြေစိုက် မီဒီယာ ထုတ်လုပ်ရေး ကုမ္ပဏီလုပ်ငန်းလုပ်ကိုင်တဲ့ Yuki Kitazumi ဟာ အရင်က Nikkei business daily သတင်းစာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူက ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်း ပြီးနောက် ပိုင်း ပထမဆုံး အဖမ်းခံလိုက်ရတဲ့ နိုင်ငံခြား သတင်းထောက် တယောက်ဖြစ်လာပါတယ်။

သူ့ကို စမ်းချောင်းမြို့နယ် ရဲစခန်းက ပြန်လွှတ်ပေးလိုက်ပြီးတဲ့နောက် သူက မိတ်ဆွေတွေကို အခုအခါ ဘေးကင်း ရန်ကင်း ရှိပြီဖြစ်ကြောင်နဲ့ ကျေးဇူးတင်ကြောင်း ပြောပါတယ်။

အစောပိုင်းတုန်းကတော့ ဂျပန်နိုင်ငံဘက်ကတော့ အသက် ၄၀ ဝန်းကျင် ဂျပန်လူမျိုး သတင်းထောက် တယောက် အဖမ်းခံရတယ်လို့ ပြောခဲ့ပေမယ့် အသေးစိတ်တော့ မပြောကြားခဲ့ပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်က မှတ်ချက်တစုံတရာ ပြောကြားခြင်းလည်း မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည် အရပ်သား အစိုးရနဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်း အာဏာရယူလိုက်တဲ့ အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီကို စစ်တပ်ကို ဆန့်ကျင် ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေခဲ့တာ သီတင်း သုံးပတ်ကျော်လာနေပြီဖြစ်ပါတယ်။ နိုင်ငံခြားရေးသားတွေထဲ

ပထမဦးဆုံးအဖြစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး သြစတေးလျနိုင်ငံသား Sean Turnell ကိုလည်း စစ်တပ် ကဖမ်းဆီးထိန်းသိမ်းထားတာပါ။ အခု Kitazumi က ဒုတိယမြောက်ဖမ်းဆီးခံရသူ နိုင်ငံခြားသားဖြစ်ပြီး သူ့ကိုတော့ နာရီပိုင်းအတွင်း မှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဆန္ဒပြမှုအတွင်း သတင်းယူနေခဲ့တဲ့ ဂျပန်သတင်းထောက် Kenji Nagai ကတော့ စစ်တပ်ရဲ့ ဆန္ဒပြပွဲဖြိုခွင်းမှု အတွင်း သေနတ်ထိမှန်သေဆုံးခဲ့တာပါ။

အခု ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်တဲ့ Kitazumi ရဲ့ မီဒီယာ ကုမ္ပဏီက သတင်းနဲ့ ရုပ်ရှင် နမူနာ ဗွီဒီယို တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။သတင်းထောက်တွေကို လွတ်လပ်စွာပြောဆိုခွင့်အတွက် လေ့ကျင့်သင်ကြားပေးတဲ့ ကုမ္ပဏီဖြစ်တယ်လို့လည်း ကုမ္ပဏီ website မှာ ရေးသားထားပါတယ်။

Kitazumi ဟာ ဂျပန်နိုင်ငံက အဓိက မီဒီယာတွေအတွက် နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ သတင်းတွေကို ရေးသား ပေးနေတာ ဖြစ်တယ်လို့ လည်း သူ့ရဲ့ မြန်မာမိတ်ဆွေ တဦးက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG