သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကို တရားမစဲြပဲ ျပန္လႊတ္ဖို႔ ကုလသမဂၢ ေတာင္းဆို


(Zawgyi/Unicode)

ေဒၚေအာင္ဆန္းစုၾကည္ အေပၚ တရားစြဲဆိုခ်က္ေတြကို ရုပ္သိမ္းၿပီး လႊတ္ေပးဖို႔ ကုလသမဂၢက ေတာင္းဆိုလိုက္ပါတယ္။

စြဲဆိုခ်က္ အားလံုးကို ရုပ္သိမ္းၿပီး သူမကို လႊတ္ေပးဖို႔ ေတာင္းဆိုေၾကာင္း" ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုခဲ႔တာပါ။ လူထုကို ၿငိမ္းခ်မ္းစြာ ဆႏၵမျပႏုိင္ေအာင္ လုပ္ေနတာေတြ၊ ႏုိင္ငံေရး ေခါင္းေဆာင္ေတြနဲ႔ တက္ၾကြလႈပ္ရွားသူေတြကို ဖမ္းဆီး ခ်ဳပ္ေႏွာင္ေနၿပီး လူထုရဲ႕ ဒီမိုကေရစီ စိတ္ဆႏၵေတြကို ဖ်က္စီးေနတဲ႔ လက္ရွိ ျမန္မာ့ အခင္းအက်င္းကို ကုလသမဂၢက ျပတ္ျပတ္သားသား ဆန္႔က်င္ ရႈတ္ခ်ေၾကာင္းလည္း ေျပာခြင့္ရက ေျပာပါတယ္။

ျမန္မာႏုိင္ငံတြင္းက မိုလ္ဘိုင္းဆက္သြယ္ေရး လုပ္ငန္းေတြကို ေပးပို႔ထားတဲ႔ ဆိုက္ဘာလံုၿခံဳေရး ဥပေဒၾကမ္းရဲ႕ ရိုက္ခတ္သက္ေရာက္မႈေတြကိုလည္း ျမန္မာဆိုင္ရာ ကုလသမဂၢ အဖြဲ႔က စိုးရိမ္စရာ ျဖစ္ေၾကာင္း တနလာၤေန႔က ေျပာဆိုထားပါတယ္။

ႏုိင္ငံတကာ လူ႔အခြင့္အေရး စံႏႈန္းေတြနဲ႔ မကိုက္ညီတဲ႔ ဒီဥပေဒၾကမ္းဟာဆိုရင္ လြတ္လပ္စြာ ေျပာဆိုခြင့္၊ သတင္းအခ်က္အလက္ ရရွိခြင့္၊ ပုဂၢလိက လြတ္လပ္မႈနဲ႔ လံုၿခံဳေရးတို႔ကို တရားဥပေဒနဲ႔ အညီမဟုတ္ဘဲ စစ္တပ္က ခန္႔အပ္သူေတြက ထိပါး ခ်ိဳးေဖာက္ခြင့္ရသြားေစႏုိင္တာေၾကာင့္ အထူးပဲ စိုးရိမ္ရပါေၾကာင္း ျမန္မာဆိုင္ရာ ကုလသမဂၢရံုးက ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ဒေါ်အောင်ဆန်းစုကြည်ကို တရားမစွဲပဲ ပြန်လွှတ်ဖို့ ကုလသမဂ္ဂ တောင်းဆို

(Unicode)

ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစွဲဆိုချက်တွေကို ရုပ်သိမ်းပြီး လွှတ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

“ စွဲဆိုချက် အားလုံးကို ရုပ်သိမ်းပြီး သူမကို လွှတ်ပေးဖို့ တောင်းဆိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ လူထုကို ငြိမ်းချမ်းစွာ ဆန္ဒမပြနိုင်အောင် လုပ်နေတာတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီး ချုပ်နှောင်နေပြီး လူထုရဲ့ ဒီမိုကရေစီ စိတ်ဆန္ဒတွေကို ဖျက်စီးနေတဲ့ လက်ရှိ မြန်မာ့ အခင်းအကျင်းကို ကုလသမဂ္ဂက ပြတ်ပြတ်သားသား ဆန့်ကျင် ရှုတ်ချကြောင်းလည်း ပြောခွင့်ရက ပြောပါတယ်။

မြန်မာနိုင်ငံတွင်းက မိုလ်ဘိုင်းဆက်သွယ်ရေး လုပ်ငန်းတွေကို ပေးပို့ထားတဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေကြမ်းရဲ့ ရိုက်ခတ်သက်ရောက်မှုတွေကိုလည်း မြန်မာဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့က စိုးရိမ်စရာ ဖြစ်ကြောင်း တနလာၤနေ့က ပြောဆိုထားပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ဒီဥပဒေကြမ်းဟာဆိုရင် လွတ်လပ်စွာ ပြောဆိုခွင့်၊ သတင်းအချက်အလက် ရရှိခွင့်၊ ပုဂ္ဂလိက လွတ်လပ်မှုနဲ့ လုံခြုံရေးတို့ကို တရားဥပဒေနဲ့ အညီမဟုတ်ဘဲ စစ်တပ်က ခန့်အပ်သူတွေက ထိပါး ချိုးဖောက်ခွင့်ရသွားစေနိုင်တာကြောင့် အထူးပဲ စိုးရိမ်ရပါကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးက ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG