သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတဦးဝင္းျမင့္နဲ႔ မိသားစုကို သမၼတအိမ္ေတာ္ကေန ေျပာင္းေရႊ႕


သမၼတဦးဝင္းျမင့္။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

တပ္မေတာ္က အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးထိန္းသိမ္းၿပီး တရားစြဲခံထားရတဲ့ သမၼတဦးဝင္းျမင့္ကုိ မိသားစုနဲ႔အတူ သမၼတအိမ္ယာကေန ဒီေန႔ပဲ ေျပာင္းေ႐ႊ႕ ေပးလိုက္တယ္လို႔ NLD အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ထိပ္တန္းေခါင္းေဆာင္တေယာက္က ေျပာပါတယ္။

သမၼတကို ဒီကေန႔ညပိုင္းမွာ ဇမၺဴသီရိၿမိဳ႕နယ္ထဲမွာရွိတဲ့ ဝန္ႀကီးအိမ္ယာ ၂၅ ကို ေျပာင္းေ႐ႊ႕လိုက္ၿပီး ဆက္လက္ ထိန္းသိမ္းထားေၾကာင္း NLD ပါတီေျပာခြင့္ရ ဦးဝင္းထိန္က ဗြီအိုေအကို ေျပာပါတယ္။

"ဝန္ထမ္း အိမ္ယာ ၂၅ ကိုေျပာင္းတယ္သိရတယ္။ စစ္တပ္က ေျပာင္းတာ ဘယ္နဲ႔လုပ္ေတြ႕ရမလဲ။"

သမၼတနဲ႔အတူ အာဏာသိမ္းတဲ့ေန႔ကတည္းက ဖမ္းဆီးခံခဲ့ရၿပီး သီးျခားခြဲ ထိန္းသိမ္းခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ အေျခအေနကိုေတာ့ မသိရေသးဘူးလို႔လည္း ဦးဝင္းထိန္က ေျပာပါတယ္။

တပ္မေတာ္က အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးထားတဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ဆက္သြယ္ေရး ပစၥည္းေတြကို ခြင့္ျပဳခ်က္မရဘဲ တင္သြင္းမႈ၊ သမၼတဦးဝင္းျမင့္ကိုေတာ့ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈဥပေဒ ခ်ိဳးေဖာက္မႈေတြနဲ႔ တရားစြဲဆိုထားၿပီး မေန႔တုန္းကပဲ ခ်ဳပ္ရမာန္ယူထားပါတယ္။

[Unicode Version]

သမ္မတဦးဝင်းမြင့်နဲ့ မိသားစုကို သမ္မတအိမ်တော်ကနေ ပြောင်းရွှေ့

တပ်မတော်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းပြီး တရားစွဲခံထားရတဲ့ သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့အတူ သမ္မတအိမ်ယာကနေ ဒီနေ့ပဲ ပြောင်းရွှေ့ ပေးလိုက်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တယောက်က ပြောပါတယ်။

သမ္မတကို ဒီကနေ့ညပိုင်းမှာ ဇမ္ဗူသီရိမြို့နယ်ထဲမှာရှိတဲ့ ဝန်ကြီးအိမ်ယာ ၂၅ ကို ပြောင်းရွှေ့လိုက်ပြီး ဆက်လက် ထိန်းသိမ်းထားကြောင်း NLD ပါတီပြောခွင့်ရ ဦးဝင်းထိန်က ဗွီအိုအေကို ပြောပါတယ်။

"ဝန်ထမ်း အိမ်ယာ ၂၅ ကိုပြောင်းတယ်သိရတယ်။ စစ်တပ်က ပြောင်းတာ ဘယ်နဲ့လုပ်တွေ့ရမလဲ။"

သမ္မတနဲ့အတူ အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး သီးခြားခွဲ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့လည်း ဦးဝင်းထိန်က ပြောပါတယ်။

တပ်မတော်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေး ပစ္စည်းတွေကို ခွင့်ပြုချက်မရဘဲ တင်သွင်းမှု၊ သမ္မတဦးဝင်းမြင့်ကိုတော့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်မှုတွေနဲ့ တရားစွဲဆိုထားပြီး မနေ့တုန်းကပဲ ချုပ်ရမာန်ယူထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG