သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD လႊတ္ေတာ္ကိုယ္စားလွယ္ေတြ လႊတ္ေတာ္သစ္စတင္ဖို႔ ကတိျပဳလက္မွတ္ထိုး


၂၀၁၇ ခုနွစ္ ဇြန္လက လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေနျပည္ေတာ္ လႊတ္ေတာ္အစည္းအေဝး တက္ေရာက္တဲ့ ျမင္ကြင္း။ (ဇြန္ ၁၉၊ ၂၀၁၇)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္ေပမဲ့ ေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ ၇၀ ေက်ာ္က လႊတ္ေတာ္သစ္ စတင္ေၾကာင္း ျပသတဲ့အေနနဲ႔ ကတိသစၥာျပဳ လက္မွတ္ ေရးထုိးလုိက္ၾကပါတယ္။ NLD အမ်ဳိးသား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္က လႊတ္ေတာ္ကုိယ္စားလွယ္ေတြ ဦးေဆာင္တဲ့ လႈပ္ရွားမႈမွာ တျခားလႊတ္ေတာ္အမတ္ေတြပါ ပါဝင္လာေအာင္ ဆက္လက္ ႀကိဳးပမ္းေနတဲ့အေၾကာင္းကုိ ဗြီအုိေအ ျမန္မာပုိင္း သတင္းေထာက္ ကုိမုိးေဇာ္က တင္ျပေပးပါမယ္။

ေရြးေကာက္ပဲြအၿပီး လႊတ္ေတာ္သစ္ က်င္းပမယ့္ အခ်ိန္မွာပဲ တပ္မေတာ္က အာဏာသိမ္းလုိက္တာေၾကာင့္ ေရြးေကာက္ခံ ကုိယ္စားလွယ္ေတြ တရားဝင္က်မ္းသစၥာက်ိန္ဆုိၿပီး လႊတ္ေတာ္မတက္ႏုိင္ဘဲ ျဖစ္ခဲ့ၾကတာပါ။

လႊတ္ေတာ္မက်င္းပႏုိင္ခဲ့ေပမဲ့လည္း လူထုကေရြးခ်ယ္ထားတဲ့ ကုိယ္စားလွယ္ေတြအျဖစ္ တရား၀င္ က်မ္းသစၥာက်ိန္ဆုိဖုိ႔ ဒီကေန႔ မနက္ပုိင္းမွာပဲ ေနျပည္ေတာ္၊ စည္ပင္ရိပ္သာမွာ က်န္ရိွေနသူ ကုိယ္စားလွယ္ ၇၀ ေက်ာ္က လက္မွတ္ေရးထိုးခဲ့တာျဖစ္ေၾကာင္း ရန္ကုန္းတုိင္းေဒသၾကီး မဂၤလာေတာင္ညႊန္ၿမိဳ႕နယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚျဖဴျဖဴသင္းက VOA ကို ေျပာပါတယ္။

"ျပည္သူေတြကေနၿပီး က်မတို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ေနာက္ NLD ပါတီကို ျပတ္ျပတ္သားသား မဲေပးထားတယ္။ ဒီမဲေပးတဲ့ ရလဒ္က ဘယ္လုိ အေၾကာင္းေၾကာင္းနဲ႔မွ ဆံုးရႈံးသြားစရာအေၾကာင္း မရိွဘူး။ ဒါက က်မတုိ႔ရဲ့ အခုိင္မာဆံုး Legitimacy ေပါ့ေနာ္။ ဒါေပမဲ့ လႊတ္ေတာ္မွာက်ေတာ့ က်မ္းက်ိန္ၿပီးမွသာ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ သတ္မွတ္လုိ႔ ရတာျဖစ္တဲ့အတြက္ က်မတို႔ ရိွတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အကုန္လံုး စုေပါင္းၿပီးေတာ့ က်မ္းက်ိန္လႊာမွာ လက္မွတ္ ထုိးၿပီးေတာ့ က်မတုိ႔ ကတိသစၥာျပဳခဲ့တယ္ေပါ့ေနာ္။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ရိွတဲ့ေနရာဟာ လႊတ္ေတာ္က်င္းပခြင့္ရတယ္ဆုိတဲ့ပံုစံနဲ႔ က်မတို႔က ကတိသစၥာျပဳတာေပါ့ေနာ္။ ”

လက္မွတ္ေရးထုိးရာမွာ ပါ၀င္ခဲ့သူတစ္ဦးျဖစ္တဲ့ ေနျပည္ေတာ္၊ ပုဗၺသီရိၿမိဳ႕နယ္က ဦးရည္မြန္ေခၚ ဦးတင္သစ္ကလည္း က်မ္းက်ိန္လႊာမွာ လက္မွတ္ေရးထုိးတဲ့အေပၚ အခုလုိ ေျပာပါတယ္။

“ဒါ က်ေနာ္တုိ႔ လႊတ္ေတာ္စတင္တယ္ဆုိတဲ့ အဓိပၸါယ္လည္း ယူလုိ႔ ရတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးခ်င္းအေနနဲ႔လည္း ဒါ တရား၀င္ေပါ့။ က်ေနာ္တုိ႔ ေရြးေကာက္ခံထားရတဲ့ ကိုယ္စားလွယ္မ်ားအေနနဲ႔လည္း က်မ္းသစၥာက်ိန္ဆိုၿပီးေတာ့ က်မ္းသစၥာမွာ လက္မွတ္ ေရးထုိးၾကတယ္ဆုိေတာ့ က်ေနာ္တုိ႔က ဒါ တတိယအၾကိမ္ လႊတ္ေတာ္သက္တမ္းရဲ့ တရား၀င္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအျဖစ္ စတင္ေဆာင္ရြက္ၾကဖို႔ပါပဲ။”

က်န္ေနေသးတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုလည္း online ကေန လက္မွတ္ ဆက္လက္ေကာက္ယူေနၿပီး ေနာက္ထပ္ လက္မွတ္ေရးထုိး ပါ၀င္လာသူ အမ်ားအျပား ရွိေနတယ္လုိ႔လည္းေျပာပါတယ္။

“မနက္က စာရင္းအရေတာ့ လူ ၇၀ ေက်ာ္ေလာက္၊ ဒါက်ေနာ္တုိ႔ စည္ပင္ရိပ္သာမွာ က်န္ရိွတဲ့ ကိုယ္စားလွယ္ေတြေပါ့။ က်န္တဲ့ ကိုယ္စားလွယ္ေတြကလည္း အြန္လိုင္းကေန ျပန္ၿပီးေတာ့ လက္မွတ္ထုိးေတြ ေပးပို႔ေနတယ္ဆုိေတာ့ က်ေနာ္တုိ႔ ထင္ပါတယ္။ ရာဂဏန္းအထက္ေတာ့ က်ေနာ္တုိ႔ ရိွေလာက္ၿပီထင္ပါတယ္။ အတိအက်ေတာ့ မသိေသးဘူးေပါ့ေနာ္။”

၁၉၉၀ ျပည့္ေရြးေကာက္ပဲြအၿပီးမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ ရန္ကုန္ၿမိဳ႕ ဂႏၵီခန္းမမွာ စုေ၀းၿပီး လႊတ္ေတာ္အစည္းအေ၀းက်င္းပဖုိ႔ ေတာင္းဆိုခဲ့ဖူးသလို ႏိုင္ငံေတာ္ ၿငိမ္၀ပ္ပိျပားမႈတည္ေဆာက္ေရး ေခၚ စစ္အစိုးရက အမိန္႔အမွတ္ ၁/၉၀ ထုတ္ျပန္ၿပီး ျငင္းပယ္ခဲ့ပါတယ္။

ေနာက္ပိုင္းမွာ အစိုးရဖဲြ႔စည္းဖုိ႔ ျပင္ဆင္ခ်ိန္မွာေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႔ ဖမ္းဆီးခံရသလို အခ်ိဳ႕က နယ္စပ္ေဒသကို ထြက္ခြာၿပီး စင္ၿပိဳင္အစိုးရဖဲြ႔စည္းတာေတြ ရိွခဲ့ပါတယ္။

၁၉၉၀ ခုႏွစ္ ဧရာ၀တီတုိင္း၊ ဟသၤာတနယ္ေျမ ၂ က ေရြးျခယ္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေဇာ္ျမင့္ကေတာ့ လႊတ္ေတာ္ ကုိယ္စားလွယ္ေတြရဲ႕ လႈပ္ရွားမႈအေပၚ အာဏာပုိင္ေတြက အေရးယူတာမ်ဳိး ႀကံဳရေလ့ရွိတယ္လုိ႔ ေျပာပါတယ္။

“ဆိုေတာ့ အခု လႊတ္ေတာ္ကိုယ္စားလွယ္ေတြက က်ေနာ္တို႔ လုပ္သြားတဲ့ ပံုစံလုိပဲ။ က်ေနာ္တုိ႔ ၅(ည)နဲ႔ ဆဲြတယ္။ ေဒါက္တာစိန္၀င္းတုိ႔ ဘာတုိ႔က ဟုိဘက္ကို ထြက္သြားတယ္ အစိုးရဖဲြ႔လုိက္တဲ့အခါက်ေတာ့ က်ေနာ္တုိ႔ ၅(ည)ကေနၿပီးေတာ့ ႏိုင္ငံေတာ္ပုန္ကန္မႈျဖစ္သြားတယ္။ ၂၅ ႏွစ္ ေထာင္ခ်ခံရတယ္။ ဒါေပမဲ့ က်ေနာ္မထြက္ဘူး။ ဗမာျပည္ရဲ့ႏိုင္ငံေရးက ရန္ကုန္မွာပဲ ရိွတယ္။ အခုခ်ိန္လည္း ဒီတုိင္းပဲ။ အခုလူေတြက အဲဒီဟာကို သူတုိ႔မ်က္စိထဲကို ျမင္ေနဖုိ႔ ေကာင္းတယ္။ သိေနဖုိ႔ ေကာင္းတယ္။ ဘယ္ဟာပဲ လုပ္လုပ္ ဓာရဏပရိတ္ထဲမွာ ဘာေျပာလဲ၊ ကိုယ္နဲ႔ လုပ္တဲ့အလုပ္ျဖစ္ျဖစ္၊ ပါးစပ္နဲ႔ လုပ္တဲ့အလုပ္ျဖစ္ျဖစ္၊ စိတ္နဲ႔ လုပ္တဲ့အလုပ္ျဖစ္ျဖစ္ ဥာဏ္က ေရွ႕က သြားပါ။ ပညာသားအပါဆံုး ဘာျဖစ္ႏိုင္မလဲဆုိတာကို သူတို႔ စဥ္းစားရမယ္။”

ေလာေလာဆယ္ အခ်ိန္ထိေတာ့ တတိယအၾကိမ္လႊတ္ေတာ္ေခၚယူေၾကာင္း လက္မွတ္ေရးထုိးတဲ့ ကိုယ္စားလွယ္အေတာ္မ်ားမ်ားဟာ မိမိတို႔ ေနအိမ္ကို ျပန္ေနၾကၿပီး ဖမ္းဆီးတာ၊ စစ္ေဆးေမးျမန္းတာမ်ိဳး မၾကားသိရေသးပါဘူး။ ေနျပည္ေတာ္ စည္ပင္ရိပ္သာမွာ ရွိေနၾကတဲ့ လႊတ္ေတာ္ကုိယ္စားလွယ္ေတြကုိေတာ့ မေန႔တုန္းက ေနာက္ဆုံးထား ေနရပ္ျပန္ဖုိ႔လည္း အာဏာပိုင္ေတြက ညႊန္ၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

NLD လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်သစ်စတင်ဖို့ ကတိပြုလက်မှတ်ထိုး

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပေမဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၇၀ ကျော်က လွှတ်တော်သစ် စတင်ကြောင်း ပြသတဲ့အနေနဲ့ ကတိသစ္စာပြု လက်မှတ် ရေးထိုးလိုက်ကြပါတယ်။ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုမှာ တခြားလွှတ်တော်အမတ်တွေပါ ပါဝင်လာအောင် ဆက်လက် ကြိုးပမ်းနေတဲ့အကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

ရွေးကောက်ပွဲအပြီး လွှတ်တော်သစ် ကျင်းပမယ့် အချိန်မှာပဲ တပ်မတော်က အာဏာသိမ်းလိုက်တာကြောင့် ရွေးကောက်ခံ ကိုယ်စားလှယ်တွေ တရားဝင်ကျမ်းသစ္စာကျိန်ဆိုပြီး လွှတ်တော်မတက်နိုင်ဘဲ ဖြစ်ခဲ့ကြတာပါ။

လွှတ်တော်မကျင်းပနိုင်ခဲ့ပေမဲ့လည်း လူထုကရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေအဖြစ် တရားဝင် ကျမ်းသစ္စာကျိန်ဆိုဖို့ ဒီကနေ့ မနက်ပိုင်းမှာပဲ နေပြည်တော်၊ စည်ပင်ရိပ်သာမှာ ကျန်ရှိနေသူ ကိုယ်စားလှယ် ၇၀ ကျော်က လက်မှတ်ရေးထိုးခဲ့တာဖြစ်ကြောင်း ရန်ကုန်းတိုင်းဒေသကြီး မင်္ဂလာတောင်ညွှန်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက VOA ကို ပြောပါတယ်။

"ပြည်သူတွေကနေပြီး ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေကို နောက် NLD ပါတီကို ပြတ်ပြတ်သားသား မဲပေးထားတယ်။ ဒီမဲပေးတဲ့ ရလဒ်က ဘယ်လို အကြောင်း ကြောင်းနဲ့မှ ဆုံးရှုံးသွားစရာအကြောင်း မရှိဘူး။ ဒါက ကျမတို့ရဲ့ အခိုင်မာဆုံး Legitimacy ပေါ့နော်။ ဒါပေမဲ့ လွှတ်တော်မှာကျတော့ ကျမ်းကျိန်ပြီးမှသာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်လို့ ရတာဖြစ်တဲ့အတွက် ကျမတို့ ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အကုန်လုံး စုပေါင်းပြီးတော့ ကျမ်းကျိန်လွှာမှာ လက်မှတ် ထိုးပြီးတော့ ကျမတို့ ကတိသစ္စာပြုခဲ့တယ်ပေါ့နော်။ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိတဲ့နေရာဟာ လွှတ်တော်ကျင်းပခွင့်ရတယ်ဆိုတဲ့ပုံစံနဲ့ ကျမတို့က ကတိသစ္စာပြုတာပေါ့နော်။ ”

လက်မှတ်ရေးထိုးရာမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်က ဦးရည်မွန်ခေါ် ဦးတင်သစ်ကလည်း ကျမ်းကျိန်လွှာမှာ လက်မှတ်ရေးထိုးတဲ့အပေါ် အခုလို ပြောပါတယ်။

“ဒါ ကျနော်တို့ လွှတ်တော်စတင်တယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ယူလို့ ရတယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအနေနဲ့လည်း ဒါ တရားဝင်ပေါ့။ ကျနော်တို့ ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်များအနေနဲ့လည်း ကျမ်းသစ္စာကျိန်ဆိုပြီးတော့ ကျမ်းသစ္စာမှာ လက်မှတ် ရေးထိုးကြတယ်ဆိုတော့ ကျနော်တို့က ဒါ တတိယအကြိမ် လွှတ်တော်သက်တမ်းရဲ့ တရားဝင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် စတင်ဆောင်ရွက်ကြဖို့ပါပဲ။”

ကျန်နေသေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း online ကနေ လက်မှတ် ဆက်လက်ကောက်ယူနေပြီး နောက်ထပ် လက်မှတ်ရေးထိုး ပါဝင်လာသူ အများအပြား ရှိနေတယ်လို့လည်းပြောပါတယ်။

“မနက်က စာရင်းအရတော့ လူ ၇၀ ကျော်လောက်၊ ဒါကျနော်တို့ စည်ပင်ရိပ်သာမှာ ကျန်ရှိတဲ့ ကိုယ်စားလှယ်တွေပေါ့။ ကျန်တဲ့ ကိုယ်စားလှယ်တွေကလည်း အွန်လိုင်းကနေ ပြန်ပြီးတော့ လက်မှတ်ထိုးတွေ ပေးပို့နေတယ်ဆိုတော့ ကျနော်တို့ ထင်ပါတယ်။ ရာဂဏန်းအထက်တော့ ကျနော်တို့ ရှိလောက်ပြီထင်ပါတယ်။ အတိအကျတော့ မသိသေးဘူးပေါ့နော်။”

၁၉၉၀ ပြည့်ရွေးကောက်ပွဲအပြီးမှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့ ဂန္ဒီခန်းမမှာ စုဝေးပြီး လွှတ်တော်အစည်းအဝေးကျင်းပဖို့ တောင်းဆိုခဲ့ဖူးသလို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး ခေါ် စစ်အစိုးရက အမိန့်အမှတ် ၁/၉၀ထုတ်ပြန်ပြီး ငြင်းပယ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ အစိုးရဖွဲ့စည်းဖို့ ပြင်ဆင်ချိန်မှာတော့ လွှတ်တော်ကိုယ်စားလှယ်အချို့ ဖမ်းဆီးခံရသလို အချို့က နယ်စပ်ဒေသကို ထွက်ခွာပြီး စင်ပြိုင်အစိုးရဖွဲ့စည်းတာတွေ ရှိခဲ့ပါတယ်။

၁၉၉၀ ခုနှစ် ဧရာဝတီတိုင်း၊ ဟင်္သာတနယ်မြေ ၂ က ရွေးခြယ်ခံ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်ကတော့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လှုပ်ရှားမှုအပေါ် အာဏာပိုင်တွေက အရေးယူတာမျိုး ကြုံရလေ့ရှိတယ်လို့ ပြောပါတယ်။

“ဆိုတော့ အခု လွှတ်တော်ကိုယ်စားလှယ်တွေက ကျနော်တို့ လုပ်သွားတဲ့ ပုံစံလိုပဲ။ ကျနော်တို့ ၅(ည)နဲ့ ဆွဲတယ်။ ဒေါက်တာစိန်ဝင်းတို့ ဘာတို့က ဟိုဘက်ကို ထွက်သွားတယ် အစိုးရဖွဲ့လိုက်တဲ့အခါကျတော့ ကျနော်တို့ ၅(ည)ကနေပြီးတော့ နိုင်ငံတော်ပုန်ကန်မှုဖြစ်သွားတယ်။ ၂၅ နှစ် ထောင်ချခံရတယ်။ ဒါပေမဲ့ ကျနော်မထွက်ဘူး။ ဗမာပြည်ရဲ့နိုင်ငံရေးက ရန်ကုန်မှာပဲ ရှိတယ်။ အခုချိန်လည်း ဒီတိုင်းပဲ။ အခုလူတွေက အဲဒီဟာကို သူတို့မျက်စိထဲကို မြင်နေဖို့ ကောင်းတယ်။ သိနေဖို့ ကောင်းတယ်။ ဘယ်ဟာပဲ လုပ်လုပ် ဓာရဏပရိတ်ထဲမှာ ဘာပြောလဲ၊ ကိုယ်နဲ့ လုပ်တဲ့အလုပ်ဖြစ်ဖြစ်၊ ပါးစပ်နဲ့ လုပ်တဲ့အလုပ်ဖြစ်ဖြစ်၊ စိတ်နဲ့ လုပ်တဲ့အလုပ်ဖြစ်ဖြစ် ဉာဏ်က ရှေ့က သွားပါ။ ပညာသားအပါဆုံး ဘာဖြစ်နိုင်မလဲဆိုတာကို သူတို့ စဉ်းစားရမယ်။”

လောလောဆယ် အချိန်ထိတော့ တတိယအကြိမ်လွှတ်တော်ခေါ်ယူကြောင်း လက်မှတ်ရေးထိုးတဲ့ ကိုယ်စားလှယ်အတော်များများဟာ မိမိတို့ နေအိမ်ကို ပြန်နေကြပြီး ဖမ်းဆီးတာ၊ စစ်ဆေးမေးမြန်းတာမျိုး မကြားသိရသေးပါဘူး။ နေပြည်တော် စည်ပင်ရိပ်သာမှာ ရှိနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ မနေ့တုန်းက နောက်ဆုံးထား နေရပ်ပြန်ဖို့လည်း အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG