[Zawgyi/Unicode]
ျမန္မာႏုိင္ငံမွာ ဒီမိုကေရစီနည္းက် ေရြးေကာက္ထားတဲ့ အရပ္သားအစိုးရအဖြဲ႔ကို ဖယ္ရွားၿပီး စစ္တပ္က အာဏာရယူလိုက္တဲ့အေပၚ ႏိိုင္ငံတကာအသိုင္းအ၀ုိင္းရဲ႕ တုံ႔ျပန္မႈေတြ မတူညီတာေတြရွိပါတယ္။ အေမရိကန္အပါအ၀င္ အေနာက္ႏိုင္ငံအမ်ားစုက ျပင္းျပင္းထန္ထန္ေ၀ဖန္ေပမဲ့ တ႐ုတ္၊ ဂ်ပန္ စတဲ့ အာရွႏိုင္ငံေတြကေတာ့ သတိနဲ႔ ခ်ဥ္းကပ္တုံ႔ျပန္ေနၾကပါတယ္။ နန္းေလာင္၀္က တင္ျပထားပါတယ္။
ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က ႏုိ္င္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦး၀င္းျမင့္နဲ႔ လူတခ်ိဳ႕ကို စစ္တပ္က ဖမ္းဆီးၿပီး အေရးေပၚအေျခအေန ထုတ္ျပန္လိုက္တဲ့ျဖစ္ရပ္ကို အာဏာသိမ္းမႈအျဖစ္ ႏုိင္ငံအေတာ္မ်ားမ်ားက အတိအလင္း ေၾကျငာခဲ့ေပမဲဲ့ ျပည္တြင္းေရး ၀င္မစြက္တဲ့မူ လက္ကိုင္ထားတဲ့ ျမန္မာ့အိမ္နီးခ်င္း တရုတ္ႏုိင္ငံကေတာ့ သူ႔အက်ိဳးစီးပြါးအရ လိမၼာပါးနပ္စြာ ခ်ဥ္းကပ္ေနတယ္ဆိုၿပီး ေဝဖန္သံေတြ ထြက္လာခဲ့ပါတယ္။ တရုတ္ႏုိင္ငံျခားေရး ၀န္ႀကီးဌာနကေျပာခြင့္ရသူ Wang Wenbin က ျမန္မာႏုိင္ငံေရးနဲ႔ပတ္သက္လို႔ တရုတ္တို႔ရဲ ႔ရပ္တည္ခ်က္ကို ေဖေဖာ္၀ါရီလ ၃ အခုလို ခုခံေျပာဆိုပါတယ္။
“ျမန္မာႏုိင္ငံနဲ႔ပတ္သက္ၿပီး တရုတ္ႏုိ္င္ငံအေပၚ အဲဒီလို ထင္ျမင္ယူဆေနၾကတာ မမွန္ပါဘူး။ ျမန္မာႏိုင္ငံတြင္း မတူကြဲျပားမႈေတြကို သင့္ေတာ္တဲ့ နည္းလမ္းေတြနဲ႔ ဘက္ေပါင္းစုံ ပါ၀င္ေျဖရွင္းၿပီး ႏုိင္ငံေရးအရေရာ လူမႈေရးအရပါ တည္ၿငိမ္ေနတာကိုပဲ ရင္းႏွီးတဲ့ အိမ္နီးခ်င္းႏုိ္င္ငံတခုအေနနဲ႔ေတြ႔ ျမင္ခ်င္ပါတယ္။”
ျမန္မာ့ဒီမိုကေရစီေရးကို အားေပးေထာက္ခံေနတဲ့ အေမရိကန္ျပည္ေထာင္စုကေတာ့ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က အရပ္သားအစိုးရကို ဖယ္ရွားခဲ့တဲ့လုပ္ရပ္ကို စစ္အာဏာသိမ္းမႈအျဖစ္ ေနာက္တေန႔မွာပဲ ေၾကျငာခဲ့တာပါ။ စစ္ဘက္ထိပ္တန္းေခါင္းေဆာင္ေတြ တခ်ိဳ႕အေပၚ အေရးယူဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္ဖို႔ရွိတယ္လို႔ အေမရိကန္အစိုးရကေျပာေပမဲ့ ျမန္မာႏုိင္ငံအတြက္ လူသားခ်င္းစာနာမႈအကူအညီေတြကို ဆက္ေပးသြားမယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။
ျမန္မာႏိုင္ငံလူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢအထူးသံတမန္ Tom Andrews ကလည္း ျမန္မာ စစ္ဗိုလ္ခ်ဳပ္ေတြရဲ ႔ လုပ္ရပ္ဟာ သိပ္ကို ဆိုးဝါးရဲတင္းတဲ့လုပ္ရပ္ျဖစ္ၿပီး ႏိုင္ငံထဲမွာ အေျခခံအခြင့္အေရး တိုးတက္ေအာင္လုပ္ထားသမွ် ျပန္ဆုတ္ယုတ္ေအာင္လုပ္တဲ့ လုပ္ရပ္ျဖစ္တယ္လို႔ VOA ကို ေျပာၾကားပါတယ္။ လက္ရွိျမန္မာႏိုင္ငံထဲမွာ ရွိေနသူအားလံုးအတြက္ သူစိုးရိမ္ေနေၾကာင္းကို ကုလသမဂၢဆိုင္ရာ VOA သတင္းေထာက္ Margaret Besheer နဲ႔ ေမးျမန္းခန္းမွာ ခုလို ေျပာၾကားခဲ့ပါတယ္။
"လူ႔အခြင့္အေရး တိုးတက္ေအာင္ ထုတ္ေဖာ္ေျပာေနၾကသူေတြ၊ စည္းရံုးေဆာင္ရြက္ေနသူေတြအပါအဝင္ လူအမ်ားႀကီးအတြက္ က်ေနာ္ သိပ္စိုးရိမ္ပါတယ္။ ရခိုင္ျပည္နယ္က ႐ိုဟင္ဂ်ာ ၆၀၀,၀၀၀ ေက်ာ္ကေန တျခား လူနည္းစု တိုင္းရင္းသားေတြအထိ ျမန္မာတႏိုင္ငံလံုးက အကာအကြယ္မဲ့ေနသူေတြအတြက္ က်ေနာ္ စိုးရိမ္ပါတယ္။ လက္ရွိအေျခအေနက သိပ္ကို အေလးအနက္ထားရမဲ့ အေျခအေနျဖစ္ပါတယ္။ အခုျဖစ္ေနတာက ဘာျဖစ္တယ္။ မျဖစ္ဘူးဆိုတာ ရွင္းရွင္းပဲဲေျပာပါရေစ။ ဒါဟာ ျပည္သူအားလံုးကို ေစာ္ကားလိုက္တာျဖစ္ပါတယ္။ သိပ္ကို ရွက္စရာ စိတ္ပ်က္စရာလုပ္ရပ္ျဖစ္ပါတယ္။ ႏိုင္ငံတကာအသိုင္းအဝိုင္း တခုလံုးက တိုက္႐ိုက္၊ အင္တိုက္အားတိုက္နဲ႔ တာဝန္ရွိစြာ တံု႔ျပန္သင့္ပါတယ္။"
ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ ကုလသမဂၢ လုံၿခဳံေရးေကာင္စီကလည္း အဂၤါေန႔မွာ တံခါးပိတ္ေဆြးေႏြးပြဲ တရပ္က်င္းပခဲ့ပါတယ္။ ကုလသမဂၢဆုိင္ရာၿဗိတိန္သံအမတ္ Barbara Woodward ကလည္း ဒီမိုကေရစီနည္းက်ေရြးခ်ယ္ထားတဲ့ အရပ္သားအစိုးရကို ဖယ္ရွားလိုက္တဲ့လုပ္ရပ္ကို ၿဗိတိန္ႏုိင္ငံအေနနဲ႔ ရႈတ္ခ်ၿပီး ဖမ္းဆီးထားသူေတြကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့တာပါ။
"ဒီကိစၥနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာအသိုင္းအ၀ိုင္းက အေတာ္စုိးရိမ္ေနၾကပါတယ္။ ဒီကေန႔က်င္းပတဲ့ အစည္းအေ၀းမွာ အဲဒီစိုးရိမ္ခ်က္ေတြကို က်မၾကားခဲ့ရပါတယ္။ ဒီအၾကပ္အတည္းကို ေျဖရွင္းတဲ့ေနရာမွာ အာဆီယံအဖြဲ႔အပါအ၀င္ ေဒသတြင္း မိတ္ဖက္ႏုိ္င္ငံေတြကို ႀကိဳဆိုပါတယ္။ ေနာက္ထပ္ဘာဆက္လုပ္မလဲဆိုတာ လုံၿခဳံေရးေကာင္စီအဖြဲ႔၀င္ေတြ ဆက္ၿပီးေဆြးေႏြးၾကမွာပါ။ ကုလသမဂၢလုံၿခဳံေရးေကာင္စီ အဖြဲ႔၀င္အားလုံး တညီတညႊတ္ထဲသေဘာတူတဲ႔ အသံတခု ထြက္လာနုိင္မယ္လို႔ ေမ ွ်ာ္လင့္ထားပါတယ္။ တိုးတက္မႈေတြကို က်မတို႔ အသိေပးသြားမွာပါ။”
ႏုိ္င္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦး၀င္းျမင့္အပါအ၀င္ ထိန္းသိမ္းခံထားရသူေတြအတြက္ စိုးရိမ္ေၾကာင္း ကမၻာ့စီးပြားေရးအင္အားႀကီး ၇ ႏုိင္ငံ G-7 က ေၾကျငာခ်က္ထုတ္ျပန္ပါတယ္။ ျမန္မာစစ္တပ္ရဲ ႔အာဏာသိမ္းမႈကိုလည္း ေၾကျငာခ်က္မွာရႈတ္ခ်ထားတာပါ။ G-7 အဖြဲ႔၀င္ႏုိင္ငံေတြက ကေနဒါ၊ ျပင္သစ္၊ ဂ်ာမဏီ၊ အီတလီ၊ ဂ်ပန္၊ ၿဗိတိန္၊ အေမရိကန္ျပည္ေထင္စုနဲ႔ ဥေရာပသမဂၢ EU တို႔ ျဖစ္ၿပီး စစ္အာဏာသိမ္းမႈကို တညီတညႊတ္ထဲ ကန္႔ကြက္လို္က္ၾကတာလည္းျဖစ္သလို စစ္တပ္က အေရးေပၚအေျခအေနေၾကျငာထားတာကို ခ်က္ခ်င္း ရုပ္သိမ္းဖို႔နဲ႔ ဒီမိုကေရစီနည္းက် ေရြးေကာက္တင္ေျမာက္ထားတဲ့ အစိုးရကို အာဏာျပန္အပ္ႏွင္းၿပီး မတရား ဖမ္းဆီးခံထားရသူေတြကို ျပန္လႊတ္ေပးဖို႔ G-7 အဖြဲ႔၀င္နုိင္ငံေတြက တညီတညႊတ္ထဲေတာင္းဆိုလိုက္ၾကတာလည္းျဖစ္ပါတယ္။
အာရွအင္အားႀကီးႏုိင္ငံတခုျဖစ္တဲ့ ဂ်ပန္ႏုိ္င္ငံကလည္း ျမန္မာ့အေရးကို သတိနဲ႔ ခ်ဥ္းကပ္ၾကဖို႔တုိက္တြန္းလိုက္ပါတယ္။ အာဏာသိမ္းမႈကို သေဘာမတူႏုိင္လို႔ စစ္ဗုိလ္ခ်ဳပ္ေတြနဲ႔အဆက္အသြယ္ျဖတ္လို္က္မယ္ဆိုရင္ ျမန္မာႏုိ္င္ငံနဲ႔ တရုတ္ကြန္ျမဴနစ္ပါတီရဲ ႔ လႊမ္းမိုးမႈေအာက္ က်ေရာက္သြားႏုိင္တဲ့အျပင္ ေဒသတြင္းတရုတ္ရဲ႕ ၾသဇာလႊမ္းမိုးမႈတိုးလာႏုိ္င္တယ္လို႔ ဂ်ပန္ ကာကြယ္ေရး၀န္ႀကီးဌာနက သတိေပးထားတာျဖစ္ပါတယ္။
[Unicode Version]
မြန်မာစစ်အာဏာသိမ်းမှု နိုင်ငံတကာတုံ့ပြန်မှု မတူညီ
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ အရပ်သားအစိုးရအဖွဲ့ကို ဖယ်ရှားပြီး စစ်တပ်က အာဏာရယူလိုက်တဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုတွေ မတူညီတာတွေရှိပါတယ်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံအများစုက ပြင်းပြင်းထန်ထန်ဝေဖန်ပေမဲ့ တရုတ်၊ ဂျပန် စတဲ့ အာရှနိုင်ငံတွေကတော့ သတိနဲ့ ချဉ်းကပ်တုံ့ပြန်နေကြပါတယ်။ နန်းလောင်ဝ်က တင်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ လူတချို့ကို စစ်တပ်က ဖမ်းဆီးပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်တဲ့ဖြစ်ရပ်ကို အာဏာသိမ်းမှုအဖြစ် နိုင်ငံအတော်များများက အတိအလင်း ကြေငြာခဲ့ပေမဲ့ ပြည်တွင်းရေး ဝင်မစွက်တဲ့မူ လက်ကိုင်ထားတဲ့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကတော့ သူ့အကျိုးစီးပွါးအရ လိမ္မာပါးနပ်စွာ ချဉ်းကပ်နေတယ်ဆိုပြီး ဝေဖန်သံတွေ ထွက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကပြောခွင့်ရသူ Wang Wenbin က မြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ တရုတ်တို့ရဲ့ရပ်တည်ချက်ကို ဖေဖော်ဝါရီလ ၃ အခုလို ခုခံပြောဆိုပါတယ်။
“မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် အဲဒီလို ထင်မြင်ယူဆနေကြတာ မမှန်ပါဘူး။ မြန်မာနိုင်ငံတွင်း မတူကွဲပြားမှုတွေကို သင့်တော်တဲ့ နည်းလမ်းတွေနဲ့ ဘက်ပေါင်းစုံ ပါဝင်ဖြေရှင်းပြီး နိုင်ငံရေးအရရော လူမှုရေးအရပါ တည်ငြိမ်နေတာကိုပဲ ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတခုအနေနဲ့တွေ့ မြင်ချင်ပါတယ်။”
မြန်မာ့ဒီမိုကရေစီရေးကို အားပေးထောက်ခံနေတဲ့ အမေရိကန်ပြည်ထောင်စုကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သားအစိုးရကို ဖယ်ရှားခဲ့တဲ့လုပ်ရပ်ကို စစ်အာဏာသိမ်းမှုအဖြစ် နောက်တနေ့မှာပဲ ကြေငြာခဲ့တာပါ။ စစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေ တချို့အပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ရှိတယ်လို့ အမေရိကန်အစိုးရကပြောပေမဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီတွေကို ဆက်ပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် Tom Andrews ကလည်း မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်ဟာ သိပ်ကို ဆိုးဝါးရဲတင်းတဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံထဲမှာ အခြေခံအခွင့်အရေး တိုးတက်အောင်လုပ်ထားသမျှ ပြန်ဆုတ်ယုတ်အောင်လုပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ VOA ကို ပြောကြားပါတယ်။ လက်ရှိမြန်မာနိုင်ငံထဲမှာ ရှိနေသူအားလုံးအတွက် သူစိုးရိမ်နေကြောင်းကို ကုလသမဂ္ဂဆိုင်ရာ VOA သတင်းထောက် Margaret Besheer နဲ့ မေးမြန်းခန်းမှာ ခုလို ပြောကြားခဲ့ပါတယ်။
"လူ့အခွင့်အရေး တိုးတက်အောင် ထုတ်ဖော်ပြောနေကြသူတွေ၊ စည်းရုံးဆောင်ရွက်နေသူတွေအပါအဝင် လူအများကြီးအတွက် ကျနော် သိပ်စိုးရိမ်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ၆၀၀,၀၀၀ ကျော်ကနေ တခြား လူနည်းစု တိုင်းရင်းသားတွေအထိ မြန်မာတနိုင်ငံလုံးက အကာအကွယ်မဲ့နေသူတွေအတွက် ကျနော် စိုးရိမ်ပါတယ်။ လက်ရှိအခြေအနေက သိပ်ကို အလေးအနက်ထားရမဲ့ အခြေအနေဖြစ်ပါတယ်။ အခုဖြစ်နေတာက ဘာဖြစ်တယ်။ မဖြစ်ဘူးဆိုတာ ရှင်းရှင်းပဲပြောပါရစေ။ ဒါဟာ ပြည်သူအားလုံးကို စော်ကားလိုက်တာဖြစ်ပါတယ်။ သိပ်ကို ရှက်စရာ စိတ်ပျက်စရာလုပ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်း တခုလုံးက တိုက်ရိုက်၊ အင်တိုက်အားတိုက်နဲ့ တာဝန်ရှိစွာ တုံ့ပြန်သင့်ပါတယ်။"
မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း အင်္ဂါနေ့မှာ တံခါးပိတ်ဆွေးနွေးပွဲ တရပ်ကျင်းပခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာဗြိတိန်သံအမတ် Barbara Woodward ကလည်း ဒီမိုကရေစီနည်းကျရွေးချယ်ထားတဲ့ အရပ်သားအစိုးရကို ဖယ်ရှားလိုက်တဲ့လုပ်ရပ်ကို ဗြိတိန်နိုင်ငံအနေနဲ့ ရှုတ်ချပြီး ဖမ်းဆီးထားသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။
"ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အတော်စိုးရိမ်နေကြပါတယ်။ ဒီကနေ့ကျင်းပတဲ့ အစည်းအဝေးမှာ အဲဒီစိုးရိမ်ချက်တွေကို ကျမကြားခဲ့ရပါတယ်။ ဒီအကြပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာ အာဆီယံအဖွဲ့အပါအဝင် ဒေသတွင်း မိတ်ဖက်နိုင်ငံတွေကို ကြိုဆိုပါတယ်။ နောက်ထပ်ဘာဆက်လုပ်မလဲဆိုတာ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ ဆက်ပြီးဆွေးနွေးကြမှာပါ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်အားလုံး တညီတညွှတ်ထဲသဘောတူတဲ့ အသံတခု ထွက်လာနိုင်မယ်လို့ မေ ျှာ်လင့်ထားပါတယ်။ တိုးတက်မှုတွေကို ကျမတို့ အသိပေးသွားမှာပါ။”
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် ထိန်းသိမ်းခံထားရသူတွေအတွက် စိုးရိမ်ကြောင်း ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G-7 က ကြေငြာချက်ထုတ်ပြန်ပါတယ်။ မြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှုကိုလည်း ကြေငြာချက်မှာရှုတ်ချထားတာပါ။ G-7 အဖွဲ့ဝင်နိုင်ငံတွေက ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်ပြည်ထေင်စုနဲ့ ဥရောပသမဂ္ဂ EU တို့ ဖြစ်ပြီး စစ်အာဏာသိမ်းမှုကို တညီတညွှတ်ထဲ ကန့်ကွက်လိုက်ကြတာလည်းဖြစ်သလို စစ်တပ်က အရေးပေါ်အခြေအနေကြေငြာထားတာကို ချက်ချင်း ရုပ်သိမ်းဖို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရကို အာဏာပြန်အပ်နှင်းပြီး မတရား ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ G-7 အဖွဲ့ဝင်နိုင်ငံတွေက တညီတညွှတ်ထဲတောင်းဆိုလိုက်ကြတာလည်းဖြစ်ပါတယ်။
အာရှအင်အားကြီးနိုင်ငံတခုဖြစ်တဲ့ ဂျပန်နိုင်ငံကလည်း မြန်မာ့အရေးကို သတိနဲ့ ချဉ်းကပ်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ အာဏာသိမ်းမှုကို သဘောမတူနိုင်လို့ စစ်ဗိုလ်ချုပ်တွေနဲ့အဆက်အသွယ်ဖြတ်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ လွှမ်းမိုးမှုအောက် ကျရောက်သွားနိုင်တဲ့အပြင် ဒေသတွင်းတရုတ်ရဲ့ သြဇာလွှမ်းမိုးမှုတိုးလာနိုင်တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးထားတာဖြစ်ပါတယ်။