သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အစိုးရနဲ႔ မပူးေပါင္းေရး ဆန္႔က်င္လႈပ္ရွားမႈအရွိန္ ျမင့္လာ


စစ္အာဏာသိမ္းမႈကို ကန္႔ကြက္ဆႏၵျပၾကတဲ့ က်န္းမာေရးဝန္ထမ္းမ်ားကို မႏၱေလးၿမိဳ႕ ကိုဗစ္စင္တာ တခုမွာေတြ႔ရ။ (ဓာတ္ပံု - PROF CHO MAR LWIN - ေဖေဖာ္ဝါရီ ၀၃၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ အရပ္သားအစုိးရကုိ ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းအုပ္ခ်ဳပ္တာကုိ ဆန္႔က်င္လႈပ္ရွားမႈေတြ အရွိန္ျမွင့္ လုပ္ေဆာင္လာေနပါတယ္။ အစိုးရဝန္ထမ္းေတြ၊ လူမႈအဖြဲ႕အစည္းေတြက စစ္အစိုးရရဲ႕ အုပ္ခ်ဳပ္မႈ ယႏၲရား ရပ္တန္႔သြားေစဖို႔အတြက္ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ကန္႔ကြက္ဆႏၵျပဖုိ႔လည္း လႈံ႔ေဆာ္ေနၾကတာပါ။ ဒီအေၾကာင္းအျပည့္အစုံကုိေတာ့ VOA ျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက ေျပာျပပါမယ္။

စစ္အာဏာသိမ္းမႈကို ကန္႔ကြက္ဆႏၵျပၾကတဲ့ က်န္းမာေရးဝန္ထမ္းမ်ားကို မႏၱေလးၿမိဳ႕ရွိ ေဆးရံု တခုမွာေတြ႔ရ။ (ဓာတ္ပံု - PROF CHO MAR LWIN - ေဖေဖာ္ဝါရီ ၀၃၊ ၂၀၂၁)
စစ္အာဏာသိမ္းမႈကို ကန္႔ကြက္ဆႏၵျပၾကတဲ့ က်န္းမာေရးဝန္ထမ္းမ်ားကို မႏၱေလးၿမိဳ႕ရွိ ေဆးရံု တခုမွာေတြ႔ရ။ (ဓာတ္ပံု - PROF CHO MAR LWIN - ေဖေဖာ္ဝါရီ ၀၃၊ ၂၀၂၁)

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ဦးေဆာင္တဲ့ အစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္တဲ့ လုပ္ရပ္ကို ကန္႔ကြက္ ဆႏၵျပၾကတဲ့ အေနနဲ႔ စစ္အစိုးရရဲ႕ အုပ္ခ်ဳပ္ေရးယႏၲရား ရပ္တန္႔သြားေစဖို႔ အစိုးရဝန္ထမ္းေတြ ႐ုံးမတက္ဘဲ ဆႏၵျပတာ၊ က်န္းမာေရးဝန္ထမ္းေတြ ဖဲႀကိဳးနီ၀တ္ဆင္တာစတဲ့ လႈပ္ရွားမႈေတြကုိ လုပ္လာေနၾကပါတယ္။ စစ္အစိုးရလက္ေအာက္မွာ အလုပ္မလုပ္ဘဲ ဆႏၵျပတာေတြကုိ ဒီကေန႔ ဗုဒၶဟူးေန႔က စလုပ္ၾကဖုိ႔လည္း လူမႈကြန္ရက္ေတြကေန တုိက္တြန္းထားၾကတာပါ။

အစိုးရဝန္ထမ္းေတြ ႐ုံးမတက္ဘဲ ဆႏၵျပၾကတဲ့ လႈပ္ရွားမႈကို က်န္းမာေရးဝန္ထမ္းေတြက ဦးေဆာင္ခဲ့ရာမွာ အခုဆိုရင္ ႏုိင္ငံအ၀န္းက က်န္းမာေရးဌာနေပါင္း ၁၀၀ ေက်ာ္နဲ႔ တျခားအစိုးရဌာနေတြလည္း ပူးေပါင္းပါ၀င္လာေၾကာင္း ဒီလႈပ္ရွားမႈမွာ ပါဝင္တဲ့ ေဒါက္တာ ဟိန္းဝင့္ဝါက ေျပာပါတယ္။

“က်ေနာ္တို႔ အခု မေန႔ကေန စတယ္။ အခုအခ်ိန္မွာ ေဆး႐ုံေပါင္း ၁၀၀ ေက်ာ္အထိပါလာၿပီ။ က်န္းမာေရးဝန္ထမ္းေတြ ပါတယ္။ ေနာက္တစ္ခါ က်န္းမာေရးဝန္ထမ္း မဟုတ္တဲ့ အျခားဝန္ထမ္းေတြလည္း ပါဝင္လာတာ ရွိတယ္ေပါ့ေနာ္။ အဲ့ဒီေတာ့ ဒီလႈပ္ရွားမႈက တျဖည္းျဖည္း ျမင့္တက္လာၿပီးေတာ့ တျခားျပည္သူေတြ၊ တျခား အရပ္ဘက္ အဖြဲ႕အစည္းေတြ၊ သမဂၢ တို႔ ပူးေပါင္းလာမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ရည္မွန္းထားတဲ့ စစ္အာဏာရွင္စနစ္ကို ေတာ္လွန္ႏိုင္ မယ္ဆိုတဲ့ အထိေတာ့ ေရာက္သြားမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ က်ေနာ္တို႔ လိုခ်င္တာကေတာ့ ျပည္သူေတြေထာက္ခံၿပီး ဆႏၵမဲေပးထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္အစိုးရကို အာဏာျပန္အပ္ဖို႔ပါပဲ။ ဒါကေတာ့ က်ေနာ္တို႔ ေမွ်ာ္လင့္ထားတဲ့ ေကာင္းက်ိဳးျဖစ္ပါတယ္။ ဆိုးက်ိဳးအေနနဲ႔က အမ်ိဳးမ်ိဳးရွိ လာႏိုင္တယ္ေပါ့ေလ။ ပထမဆုံးကေတာ့ က်ေနာ္တို႔ လႈပ္ရွားတဲ့ ဆရာဝန္ေတြအေပၚမွာ သက္ေရာက္မႈ အေနနဲ႔ကေတာ့ အေရးယူတာတို႔၊ ဆ/မ သိမ္းတာတို႔ ဒါေတြကလည္း မျဖစ္ႏိုင္ဘူးလို႔ မေျပာႏိုင္ဘူးေပါ့ေနာ္။ စစ္အာဏာရွင္ အစိုးဆိုတာကေတာ့ ဘယ္လို အေရးယူမႈမ်ိဳးကိုမဆို လုပ္လာ ႏိုင္တာေပါ့။ ဒါေတြကိုလည္ က်ေနာ္တို႔ ႀကိဳေတြးၿပီးေတာ့ သမိုင္းမွာဆိုရင္ အသက္ေတာင္ရင္းၿပီး ေပးခဲ့တဲ့ သူေတြရွိတာပဲ။ က်ေနာ္တို႔က ဒီ ရာထူးနဲ႔ ဆ/မ ေလာက္ကို ဘာလိုမရင္းရဲရမွာလဲ။”

က်န္းမာေရးဝန္ထမ္းေတြက အစိုးရရဲ႕ လုပ္ငန္းေဆာင္တာေတြကို ဆက္လက္ မထမ္းေဆာင္ပဲ ဆႏၵျပတဲ့အတြက္ ျပည္သူေတြရဲ႕ က်န္းမာေရးကို စိုးရိမ္ပူပန္မႈေတြလည္း ရွိေနၾကပါတယ္။ ဒါေပမဲ့ က်န္းမာေရးအတြက္ ဆရာဝန္ေတြနဲ႔ အြန္လိုင္းကေန ေဆြးေႏြးတိုင္ပင္တာ၊ စမ္းသပ္ခ အခမဲ့နဲ႔ ေဆးခန္းေတြမွာ ကုသမႈေပးတာမ်ိဳးေတြ လက္ရွိေဆာင္႐ြက္ေပးတာမ်ိဳးေတြ ရွိေနတယ္လို႔ ေဒါက္တာ ဟိန္းဝင့္ဝါက ေျပာပါတယ္။

စစ္တပ္ကအာဏာသိမ္းၿပီး ဖဲြ႔စည္းလုိက္တဲ့ အုပ္ခ်ဳပ္ေရးစနစ္မွာ ပူးေပါင္းပါဝင္ဖုိ႔ ျငင္းဆန္ၾကတဲ့အထဲမွာ အလုပ္သမားေရး လႈပ္ရွားသူေတြလည္း ပါ၀င္လာပါတယ္။ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ (CTUM) ကလည္း ေနာက္ေၾကာင္းျပန္ အာဏာသိမ္းယူတဲ့ စစ္အစိုးရလက္ေအာက္က အစိုးရ အလုပ္ရွင္ အလုပ္သမား သုံးပြင့္ဆိုင္ ယႏၲရားအားလုံးကေန ႏုတ္ထြက္ေၾကာင္း ဒီကေန႔ ဗုဒၶဟူးေန႔မွာပဲ ေၾကညာခဲ့တာပါ။

စစ္အစိုးရက ခန္႔အပ္လုိက္တဲ့ အလုပ္သမား၀န္ႀကီးနဲ႔ အလုပ္သမား၊ အလုပ္ရွင္အဖြဲ႔အစည္းေတြ ေတြ႔ဆုံဖုိ႔ စီစဥ္ထားတဲ့ေန႔မွာပဲ ကန္႔ကြက္ေၾကာင္း ျပသတဲ့အေနနဲ႔ ေၾကညာလုိက္တာလုိ႔လည္း CTUM အဖဲြ႔ အေထြေထြအတြင္းေရးမွဴး ေဒၚၿဖိဳးစႏၵာစိုးက ေျပာပါတယ္။

“ဒီစစ္အစိုးရအဖြဲ႕က ခန္႔အပ္လိုက္တဲ့ ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ႀကိဳင္အေနနဲ႔ကေတာ့ အလုပ္သမားအဖြဲ႔အစည္း၊ အလုပ္ရွင္အဖြဲ႕အစည္းေတြနဲ႔ ေတြ႔ဆုံေဆြးေႏြးၿပီးေတာ့ အစည္းအေဝးလုပ္ခ်င္တယ္လို႔ ေျပာလာတယ္။ အဲ့ဒီအေပၚမွာေတာ့ က်မတို႔က အစကတည္းက ဆန္႔က်င္တယ္လို႔ ထုတ္ျပန္ထားတာေၾကာင့္မို႔လို႔ က်မတို႔ CTUM ထဲမွာလည္း ေဆြးေႏြးပါတယ္။ ေဆြးေႏြးေတာ့ က်မတို႔ ဒီမိုကေရစီ အစိုးရမဟုတ္တဲ့ စစ္အစိုးရနဲ႔ လုပ္ငန္းေတြ ပူးေပါင္းေဆာင္႐ြက္မႈ မလုပ္ဘူးဆိုတဲ့ ဆုံးျဖတ္ခ်က္က်တယ္။ က်တာျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ စၿပီးေတာ့ ဒီေန႔ေဆြးေႏြးပြဲကေန စၿပီးေတာ့ က်မတို႔ ႏုတ္ထြက္လိုက္တယ္ေပါ့။”

အာဏာသိမ္းလိုက္တဲ့ တပ္မေတာ္ကေတာ့ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအျဖစ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ၿပီး အဖဲြ႔၀င္ ၁၁ ဦးနဲ႔ မေန႔တုန္းကပဲ ဖြဲ႕စည္းလိုက္သလို တိုင္းနဲ႔ျပည္နယ္မွာလည္း အုပ္ခ်ဳပ္ေရးေကာင္စီေတြကို ဖြဲ႕စည္းေပးလိုက္ပါတယ္။ ဒီမတိုင္ခင္မွာတုန္းကလည္း အရပ္သားအစိုးရအဖြဲ႔ကို ဖ်က္သိမ္းလိုက္ၿပီး အစိုးရအဖြဲ႔သစ္ကို ဖြဲ႔စည္းလိုက္ေၾကာင္းလည္း ေၾကညာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အစိုးရနဲ့ မပူးပေါင်းရေး ဆန့်ကျင်လှုပ်ရှားမှုအရှိန် မြင့်လာ

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းအုပ်ချုပ်တာကို ဆန့်ကျင်လှုပ်ရှားမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။ အစိုးရဝန်ထမ်းတွေ၊ လူမှုအဖွဲ့အစည်းတွေက စစ်အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရား ရပ်တန့်သွားစေဖို့အတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ ကန့်ကွက်ဆန္ဒပြဖို့လည်း လှုံ့ဆော်နေကြတာပါ။ ဒီအကြောင်းအပြည့်အစုံကိုတော့ VOA မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ကန့်ကွက် ဆန္ဒပြကြတဲ့ အနေနဲ့ စစ်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားစေဖို့ အစိုးရဝန်ထမ်းတွေ ရုံးမတက်ဘဲ ဆန္ဒပြတာ၊ ကျန်းမာရေးဝန်ထမ်းတွေ ဖဲကြိုးနီဝတ်ဆင်တာစတဲ့ လှုပ်ရှားမှုတွေကို လုပ်လာနေကြပါတယ်။ စစ်အစိုးရလက်အောက်မှာ အလုပ်မလုပ်ဘဲ ဆန္ဒပြတာတွေကို ဒီကနေ့ ဗုဒ္ဓဟူးနေ့က စလုပ်ကြဖို့လည်း လူမှုကွန်ရက်တွေကနေ တိုက်တွန်းထားကြတာပါ။

အစိုးရဝန်ထမ်းတွေ ရုံးမတက်ဘဲ ဆန္ဒပြကြတဲ့ လှုပ်ရှားမှုကို ကျန်းမာရေးဝန်ထမ်းတွေက ဦးဆောင်ခဲ့ရာမှာ အခုဆိုရင် နိုင်ငံအဝန်းက ကျန်းမာရေးဌာနပေါင်း ၁၀၀ ကျော်နဲ့ တခြားအစိုးရဌာနတွေလည်း ပူးပေါင်းပါဝင်လာကြောင်း ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဒေါက်တာ ဟိန်းဝင့်ဝါက ပြောပါတယ်။

“ကျနော်တို့ အခု မနေ့ကနေ စတယ်။ အခုအချိန်မှာ ဆေးရုံပေါင်း ၁၀၀ ကျော်အထိပါလာပြီ။ ကျန်းမာရေးဝန်ထမ်းတွေ ပါတယ်။ နောက်တစ်ခါ ကျန်းမာရေးဝန်ထမ်း မဟုတ်တဲ့ အခြားဝန်ထမ်းတွေလည်း ပါဝင်လာတာ ရှိတယ်ပေါ့နော်။ အဲ့ဒီတော့ ဒီလှုပ်ရှားမှုက တဖြည်းဖြည်း မြင့်တက်လာပြီးတော့ တခြားပြည်သူတွေ၊ တခြား အရပ်ဘက် အဖွဲ့အစည်းတွေ၊ သမဂ္ဂ တို့ ပူးပေါင်းလာမယ်ဆိုရင်တော့ ကျနော်တို့ ရည်မှန်းထားတဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်နိုင် မယ်ဆိုတဲ့ အထိတော့ ရောက်သွားမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ လိုချင်တာကတော့ ပြည်သူတွေထောက်ခံပြီး ဆန္ဒမဲပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို အာဏာပြန်အပ်ဖို့ပါပဲ။ ဒါကတော့ ကျနော်တို့ မျှော်လင့်ထားတဲ့ ကောင်းကျိုးဖြစ်ပါတယ်။ ဆိုးကျိုးအနေနဲ့က အမျိုးမျိုးရှိ လာနိုင်တယ်ပေါ့လေ။ ပထမဆုံးကတော့ ကျနော်တို့ လှုပ်ရှားတဲ့ ဆရာဝန်တွေအပေါ်မှာ သက်ရောက်မှု အနေနဲ့ကတော့ အရေးယူတာတို့၊ ဆ/မ သိမ်းတာတို့ ဒါတွေကလည်း မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူးပေါ့နော်။ စစ်အာဏာရှင် အစိုးဆိုတာကတော့ ဘယ်လို အရေးယူမှုမျိုးကိုမဆို လုပ်လာ နိုင်တာပေါ့။ ဒါတွေကိုလည် ကျနော်တို့ ကြိုတွေးပြီးတော့ သမိုင်းမှာဆိုရင် အသက်တောင်ရင်းပြီး ပေးခဲ့တဲ့ သူတွေရှိတာပဲ။ ကျနော်တို့က ဒီ ရာထူးနဲ့ ဆ/မ လောက်ကို ဘာလိုမရင်းရဲရမှာလဲ။”

ကျန်းမာရေးဝန်ထမ်းတွေက အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေကို ဆက်လက် မထမ်းဆောင်ပဲ ဆန္ဒပြတဲ့အတွက် ပြည်သူတွေရဲ့ ကျန်းမာရေးကို စိုးရိမ်ပူပန်မှုတွေလည်း ရှိနေကြပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက် ဆရာဝန်တွေနဲ့ အွန်လိုင်းကနေ ဆွေးနွေးတိုင်ပင်တာ၊ စမ်းသပ်ခ အခမဲ့နဲ့ ဆေးခန်းတွေမှာ ကုသမှုပေးတာမျိုးတွေ လက်ရှိဆောင်ရွက်ပေးတာမျိုးတွေ ရှိနေတယ်လို့ ဒေါက်တာ ဟိန်းဝင့်ဝါက ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး ဖွဲ့စည်းလိုက်တဲ့ အုပ်ချုပ်ရေးစနစ်မှာ ပူးပေါင်းပါဝင်ဖို့ ငြင်းဆန်ကြတဲ့အထဲမှာ အလုပ်သမားရေး လှုပ်ရှားသူတွေလည်း ပါဝင်လာပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ကလည်း နောက်ကြောင်းပြန် အာဏာသိမ်းယူတဲ့ စစ်အစိုးရလက်အောက်က အစိုးရ အလုပ်ရှင် အလုပ်သမား သုံးပွင့်ဆိုင် ယန္တရားအားလုံးကနေ နုတ်ထွက်ကြောင်း ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာခဲ့တာပါ။

စစ်အစိုးရက ခန့်အပ်လိုက်တဲ့ အလုပ်သမားဝန်ကြီးနဲ့ အလုပ်သမား၊ အလုပ်ရှင်အဖွဲ့အစည်းတွေ တွေ့ဆုံဖို့ စီစဉ်ထားတဲ့နေ့မှာပဲ ကန့်ကွက်ကြောင်း ပြသတဲ့အနေနဲ့ ကြေညာလိုက်တာလို့လည်း CTUM အဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။

“ဒီစစ်အစိုးရအဖွဲ့က ခန့်အပ်လိုက်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်အနေနဲ့ကတော့ အလုပ်သမားအဖွဲ့အစည်း၊ အလုပ်ရှင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ အစည်းအဝေးလုပ်ချင်တယ်လို့ ပြောလာတယ်။ အဲ့ဒီအပေါ်မှာတော့ ကျမတို့က အစကတည်းက ဆန့်ကျင်တယ်လို့ ထုတ်ပြန်ထားတာကြောင့်မို့လို့ ကျမတို့ CTUM ထဲမှာလည်း ဆွေးနွေးပါတယ်။ ဆွေးနွေးတော့ ကျမတို့ ဒီမိုကရေစီ အစိုးရမဟုတ်တဲ့ စစ်အစိုးရနဲ့ လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကျတယ်။ ကျတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ စပြီးတော့ ဒီနေ့ဆွေးနွေးပွဲကနေ စပြီးတော့ ကျမတို့ နုတ်ထွက်လိုက်တယ်ပေါ့။”

အာဏာသိမ်းလိုက်တဲ့ တပ်မတော်ကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး အဖွဲ့ဝင် ၁၁ ဦးနဲ့ မနေ့တုန်းကပဲ ဖွဲ့စည်းလိုက်သလို တိုင်းနဲ့ပြည်နယ်မှာလည်း အုပ်ချုပ်ရေးကောင်စီတွေကို ဖွဲ့စည်းပေးလိုက်ပါတယ်။ ဒီမတိုင်ခင်မှာတုန်းကလည်း အရပ်သားအစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ကြောင်းလည်း ကြေညာထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG