သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ (သို႔) အာဏာသိမ္းစစ္ေခါင္းေဆာင္ (စည္သူေအာင္ျမင့္)


တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္။ (မတ္ ၂၇၊ ၂၀၁၇)

[Zawgyi/Unicode]

တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္။ (ဒီဇင္ဘာ ၃၀၊ ၂၀၁၉)
တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္။ (ဒီဇင္ဘာ ၃၀၊ ၂၀၁၉)

၂၀၂၁ ခုႏွစ္ ေဖေဖၚ၀ါရီ ၁ ရက္ေန႔ မနက္လင္းအားၾကီး အခ်ိန္မွာ ႏိုင္ငံေတာ္ သမၼတကို ဖမ္းဆီးျပီး စစ္အာဏာသိမ္းခဲ့တဲ့ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လႈိင္ဟာ ၂၀၁၁ ခုႏွစ္ မတ္လက စ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ တာဝန္ကို တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။ ၁၉၅၆ ခုႏွစ္ ဇူလိုင္လမွာ ေမြးဖြားခဲ့တဲ့ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္ဟာ လာမယ့္ ၂၀၂၁ ခုႏွစ္ ဇူလိုင္မွာ အသက္ ၆၅ ႏွစ္ ျပည့္မွာျဖစ္ျပီး တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္တာဝန္ကေန အနားယူမယ္လို႔ သတင္းထြက္ေပၚခဲ့ေပမဲ့ လက္ရွိမွာေတာ့ အာဏာသိမ္း စစ္ေခါင္းေဆာင္ ျဖစ္ေနပါျပီ။

တပ္မေတာ္မွာ ဒုဗိုလ္အဆင့္ကေန ဗိုလ္ခ်ဳပ္ၾကီး ရာထူးအထိ အဆင့္ဆင့္ တာဝန္ထမ္းေဆာင္ျပီး ၂၀၁၁ ခုႏွစ္မွာေတာ့ အရင္ စစ္အာဏာရွင္ ဗိုလ္ခ်ဳပ္မွဴးၾကီးသန္းေရႊကိုယ္တုိင္ သူ႔ေနရာဆက္ခံသူအျဖစ္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ တာဝန္ ေပးအပ္သြားခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၁ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အတြင္း ဗိုလ္ခ်ဳပ္ၾကီးေဟာင္း သိန္းစိန္ ဦးေဆာင္တဲ့ အစိုးရအဖြဲ႕ လက္ထက္မွာ တပ္ခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လိႈင္ဟာ တပ္မေတာ္ အေရးအရာကိစၥေတြကိုပဲ ေဆာင္ရြက္ခဲ့တာ ေတြ႔ၾကရပါတယ္။

အဲဒီကာလ အတြင္း စစ္ဗိုလ္ခ်ဳပ္ေဟာင္းေတြရဲ႕ အာဏာရ ျပည္ခုိင္ျဖိဳးပါတီအတြင္း ၾကီးမားတဲ့ အကြဲအျပဲေတြ ေပၚေပါက္ခဲ့ျပီး ကံမေကာင္းအေၾကာင္းမလွစြာဘဲ ၂၀၁၅ ေရြးေကာက္ပြဲမွာ အၾကီးအက်ယ္ ရႈံးနိမ့္သြားခဲ့သလို အစိုးရအာဏာဟာလည္း ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း ေရြးေကာက္ခံ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLD ပါတီလက္ထဲ ေရာက္သြားခဲ့ပါတယ္။

အဲဒီအခ်ိန္ကစ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္ဟာ တပ္ပိုင္းဆုိင္ရာေတြ အျပင္၊ စစ္ဗိုလ္ခ်ဳပ္ေတြနဲ႔ စစ္ဗိုလ္ခ်ဳပ္ေဟာင္းေတြ ဆံုးရွံုးသြားရတဲ့ တုိင္းျပည္အာဏာ အျပည့္အဝ သူ႔လက္ထဲ ျပန္လည္ရရွိေရး အာရံုစိုက္လာတာ ေတြ႔ရပါတယ္။ သူကိုယ္တုိင္လည္း သူ႔မွာ တပ္မေတာ္ပိုင္းဆုိင္ရာ အေတြ႔အၾကံဳေတြေရာ၊ အုပ္ခ်ဳပ္ေရးပိုင္းဆုိင္ရာ အေတြ႔အၾကံဳေတြ ရွိတဲ့အေၾကာင္း ဒါေၾကာင့္ တပ္မေတာ္က အနားယူျပီး ေနာက္ပိုင္းလည္း အဲဒီ တာဝန္ေတြကို ဆက္လက္ ထမ္းေဆာင္လိုေၾကာင္း၊ တနည္းအားျဖင့္ သမၼတတာဝန္ ထမ္းေဆာင္လိုေၾကာင္း ျပည္တြင္း၊ ျပည္ပ သတင္းဌာနေတြကို သြယ္၀ိုက္ျပီး ေျပာဆုိခဲ့ပါတယ္။

၂၀၂၀ ေရာက္တဲ့အခါ ေရြးေကာက္ပြဲ ကိစၥ ပိုျပီး အာရံုစိုက္လာတာ ေတြ႔ရပါတယ္။ ေရြးေကာက္ပြဲ အၾကိဳကာလအတြင္း ျပည္ခိုင္ျဖိဳးနဲ႔ မိတ္ဖက္ပါတီေတြကို ေတြ႔ဆံုခဲ့တာ၊ တပ္ရင္း တပ္ဖြဲ႕ေတြကို လွည့္လည္ရင္း ဘယ္လိုပါတီမ်ိဳးကို မဲေပးသင့္တယ္ဆိုတဲ့အေၾကာင္း တပ္မေတာ္သားေတြကို လမ္းညႊန္မႈေပးတာ၊ ေရြးေကာက္ပြဲ ေကာ္မရွင္ကို ယံုၾကည္ စိတ္ခ်ရမႈ မရွိေၾကာင္း သူ႔ရဲ႕ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက ထုတ္ျပန္တာစတာေတြ ေတာက္ေလွ်ာက္ လုပ္ခဲ့ပါတယ္။

ႏိုဝင္ဘာ ၈ ရက္ မဲေပးတဲ့ေန႔ သူမဲေပးအျပီးမွာ မဲရလဒ္ေတြကို ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္က ေၾကညာလိုက္ျပီဆုိရင္ လက္ခံရမွာပဲလို႔ ေျပာခဲ့ေပမဲ့ ေနာက္ပိုင္း ျပည္ခုိင္ျဖိဳးပါတီ အၾကီးအက်ယ္ ရႈံးနိမ့္တာကို သိလိုက္ရတဲ့အခါ တပ္မေတာ္ အေနနဲ႔ မဲေပးပိုင္ခြင့္ ရွိသူစာရင္းကို စစ္ေဆးတာ လုပ္ေစခဲ့ပါတယ္။ အဲဒီလို စစ္ေဆးျပီးေနာက္ မသမာမႈ ျဖစ္ေစႏိုင္တဲ့ မဲေပးပိုင္ခြင့္ ရွိသူစာရင္း ၁၀ သန္းေက်ာ္ေတြ႔တယ္လို႔ တစ္ဘက္သတ္ ေၾကညာျပီး အဲဒီ ကိစၥ ေျဖရွင္းေပးဖို႔ ႏိုင္ငံေတာ္ သမၼတဆီ တင္ျပတာ သက္တမ္းကုန္ေတာ့မယ့္ ဒုတိယ အၾကိမ္ လႊတ္ေတာ္ ေခၚေပးဖုိ႔ ေတာင္းဆိုတာ လုပ္ခဲ့ပါတယ္။ ေရြးေကာက္ပြဲ ေကာ္မရွင္ကေတာ့ ဥပေဒနဲ႔ အညီ ေျဖရွင္းႏုိင္တယ္လို႔ တုံ႔ျပန္ခဲ့ေပမဲ့ တပ္မေတာ္ဘက္ကေတာ့ ေရြးေကာက္ပြဲ ရလဒ္ကို အေကာင္အထည္ ေဖာ္မယ့္ လႊတ္ေတာ္သစ္္ေတြ ေခၚယူက်င္းပတာကို ဆုိင္းငံ့ေပးဖို႔အထိ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

ဒီအေတာအတြင္း ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္ဟာ ေရွ႕မွာ စစ္အာဏာသိမ္းခဲ့တဲ့ ၂ ၾကိမ္နည္းတူ အာဏာသိမ္းျပီးရင္ ဖြဲ႕စည္းပံု အေျခခံဥပေဒကိုလည္း ဖ်က္ပစ္လို႔ရတယ္လို႔ ေျပာဆိုခဲ့ပါတယ္။ အဲဒီလို ေျပာဆုိခ်က္ ထြက္ေပၚျပီးေနာက္ ႏုိင္ငံေတာ္ သံဃာ့မဟာ နာယက အဖြဲ႔ၾကီး အပါအ၀င္ ျပည္တြင္း အဖြဲ႔အစည္း အေတာ္မ်ားမ်ားက အျငင္းပြားမႈေတြကို ဖြဲ႔စည္းပံုအပါအဝင္ တည္ဆဲ ဥပေဒေဘာင္အတြင္းက ေျဖရွင္းဖို႔ ၀ိုင္းဝန္း တုိက္တြန္းၾကတဲ့ အတြက္ သူတုိ႔အေနနဲ႔ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံ ဥပေဒကို လိုက္နာပါ့မယ္လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုးက ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ဒီအတြက္လည္း ႏုိင္ငံေတာ္သမၼတကို ဖမ္းဆီးထိန္းသိမ္းျပီး စစ္အာဏာသိမ္းခဲ့တဲ့တုိင္ ဒုသမၼတ စစ္ဗိုလ္ခ်ဳပ္ေဟာင္း ဦးျမင့္ေဆြကို ယာယီသမၼတ ရာထူးေပးျပီး သူ႔ကို ၂၀၀၈ ဖြဲ႕စည္းပံုပါ အေရးေပၚကာလဆုိင္ရာ ျပဌာန္းခ်က္မ်ားအရ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရးနဲ႔ တရားစီရင္ေရး အာဏာ သံုးရပ္စလံုး တစ္ႏွစ္ လဲႊေျပာင္းေပးတဲ့ သေဘာ ေဆာင္ရြက္ခဲ့သလို ၂၀၀၈ ဖြဲ႔စည္းပံုကိုဆက္ျပီး လုိက္နာမယ္လို႔ ကတိျပဳခဲ့တာ ေတြ႔ရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ျပည္သူေတြနဲ႔ ႏိုင္ငံတကာ အသိုင္းအဝိုင္းကေတာ့ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္ကို အာဏာသိမ္း စစ္ေခါင္းေဆာင္အျဖစ္ သတ္မွတ္ ေခၚေဝၚၾကမယ္ ျဖစ္ေၾကာင္းပါ။

[Unicode Version]

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (သို့) အာဏာသိမ်းစစ်ခေါင်းဆောင် (စည်သူအောင်မြင့်)

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ မနက်လင်းအားကြီး အချိန်မှာ နိုင်ငံတော် သမ္မတကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ် မတ်လက စ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ် ဇူလိုင်လမှာ မွေးဖွားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် ၂၀၂၁ ခုနှစ် ဇူလိုင်မှာ အသက် ၆၅ နှစ် ပြည့်မှာဖြစ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာဝန်ကနေ အနားယူမယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ လက်ရှိမှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင် ဖြစ်နေပါပြီ။

တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္။ (ၾသဂုတ္ ၂၇၊ ၂၀၁၄)
တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္။ (ၾသဂုတ္ ၂၇၊ ၂၀၁၄)

တပ်မတော်မှာ ဒုဗိုလ်အဆင့်ကနေ ဗိုလ်ချုပ်ကြီး ရာထူးအထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ပြီး ၂၀၁၁ ခုနှစ်မှာတော့ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် သူ့နေရာဆက်ခံသူအဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန် ပေးအပ်သွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ လက်ထက်မှာ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တပ်မတော် အရေးအရာကိစ္စတွေကိုပဲ ဆောင်ရွက်ခဲ့တာ တွေ့ကြရပါတယ်။

အဲဒီကာလ အတွင်း စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အာဏာရ ပြည်ခိုင်ဖြိုးပါတီအတွင်း ကြီးမားတဲ့ အကွဲအပြဲတွေ ပေါ်ပေါက်ခဲ့ပြီး ကံမကောင်းအကြောင်းမလှစွာဘဲ ၂၀၁၅ ရွေးကောက်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်သွားခဲ့သလို အစိုးရအာဏာဟာလည်း နှစ်ပေါင်း ၅၀ ကျော်အတွင်း ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီလက်ထဲ ရောက်သွားခဲ့ပါတယ်။

အဲဒီအချိန်ကစ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်ပိုင်းဆိုင်ရာတွေ အပြင်၊ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဆုံးရှုံးသွားရတဲ့ တိုင်းပြည်အာဏာ အပြည့်အဝ သူ့လက်ထဲ ပြန်လည်ရရှိရေး အာရုံစိုက်လာတာ တွေ့ရပါတယ်။ သူကိုယ်တိုင်လည်း သူ့မှာ တပ်မတော်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေရော၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အတွေ့အကြုံတွေ ရှိတဲ့အကြောင်း ဒါကြောင့် တပ်မတော်က အနားယူပြီး နောက်ပိုင်းလည်း အဲဒီ တာဝန်တွေကို ဆက်လက် ထမ်းဆောင်လိုကြောင်း၊ တနည်းအားဖြင့် သမ္မတတာဝန် ထမ်းဆောင်လိုကြောင်း ပြည်တွင်း၊ ပြည်ပ သတင်းဌာနတွေကို သွယ်ဝိုက်ပြီး ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ရောက်တဲ့အခါ ရွေးကောက်ပွဲ ကိစ္စ ပိုပြီး အာရုံစိုက်လာတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲ အကြိုကာလအတွင်း ပြည်ခိုင်ဖြိုးနဲ့ မိတ်ဖက်ပါတီတွေကို တွေ့ဆုံခဲ့တာ၊ တပ်ရင်း တပ်ဖွဲ့တွေကို လှည့်လည်ရင်း ဘယ်လိုပါတီမျိုးကို မဲပေးသင့်တယ်ဆိုတဲ့အကြောင်း တပ်မတော်သားတွေကို လမ်းညွှန်မှုပေးတာ၊ ရွေးကောက်ပွဲ ကော်မရှင်ကို ယုံကြည် စိတ်ချရမှု မရှိကြောင်း သူ့ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်တာစတာတွေ တောက်လျှောက် လုပ်ခဲ့ပါတယ်

နိုဝင်ဘာ ၈ ရက် မဲပေးတဲ့နေ့ သူမဲပေးအပြီးမှာ မဲရလဒ်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပြီဆိုရင် လက်ခံရမှာပဲလို့ ပြောခဲ့ပေမဲ့ နောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ အကြီးအကျယ် ရှုံးနိမ့်တာကို သိလိုက်ရတဲ့အခါ တပ်မတော် အနေနဲ့ မဲပေးပိုင်ခွင့် ရှိသူစာရင်းကို စစ်ဆေးတာ လုပ်စေခဲ့ပါတယ်။ အဲဒီလို စစ်ဆေးပြီးနောက် မသမာမှု ဖြစ်စေနိုင်တဲ့ မဲပေးပိုင်ခွင့် ရှိသူစာရင်း ၁၀ သန်းကျော်တွေ့တယ်လို့ တစ်ဘက်သတ် ကြေညာပြီး အဲဒီ ကိစ္စ ဖြေရှင်းပေးဖို့ နိုင်ငံတော် သမ္မတဆီ တင်ပြတာ သက်တမ်းကုန်တော့မယ့် ဒုတိယ အကြိမ် လွှတ်တော် ခေါ်ပေးဖို့ တောင်းဆိုတာ လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဥပဒေနဲ့ အညီ ဖြေရှင်းနိုင်တယ်လို့ တုံ့ပြန်ခဲ့ပေမဲ့ တပ်မတော်ဘက်ကတော့ ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖော်မယ့် လွှတ်တော်သစ်တွေ ခေါ်ယူကျင်းပတာကို ဆိုင်းငံ့ပေးဖို့အထိ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရှေ့မှာ စစ်အာဏာသိမ်းခဲ့တဲ့ ၂ ကြိမ်နည်းတူ အာဏာသိမ်းပြီးရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ဖျက်ပစ်လို့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီလို ပြောဆိုချက် ထွက်ပေါ်ပြီးနောက် နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့ကြီး အပါအဝင် ပြည်တွင်း အဖွဲ့အစည်း အတော်များများက အငြင်းပွားမှုတွေကို ဖွဲ့စည်းပုံအပါအဝင် တည်ဆဲ ဥပဒေဘောင်အတွင်းက ဖြေရှင်းဖို့ ဝိုင်းဝန်း တိုက်တွန်းကြတဲ့ အတွက် သူတို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုက်နာပါ့မယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီအတွက်လည်း နိုင်ငံတော်သမ္မတကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်အာဏာသိမ်းခဲ့တဲ့တိုင် ဒုသမ္မတ စစ်ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေကို ယာယီသမ္မတ ရာထူးပေးပြီး သူ့ကို ၂၀၀၈ ဖွဲ့စည်းပုံပါ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များအရ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာ သုံးရပ်စလုံး တစ်နှစ် လွဲှပြောင်းပေးတဲ့ သဘော ဆောင်ရွက်ခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံကိုဆက်ပြီး လိုက်နာမယ်လို့ ကတိပြုခဲ့တာ တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာသိမ်း စစ်ခေါင်းဆောင်အဖြစ် သတ်မှတ် ခေါ်ဝေါ်ကြမယ် ဖြစ်ကြောင်းပါ။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG