[Zawgyi/Unicode]
ျမန္မာစစ္တပ္က အာဏာသိမ္းတဲ့အေပၚ ၾသစေၾတးလ်ႏုိင္ငံ၊ ဆစ္ဒ္နီၿမိဳ႕နဲ႔ ဂ်ပန္ႏိုင္ငံ၊ တိုက်ဳိၿမိဳ႕ေတြမွာ ျမန္မာႏြယ္ဖြားေတြက ဒီကေန႔ ဆႏၵျပ ကန္႔ကြက္ခဲ့ၾကပါတယ္။
ဆစ္ဒ္နီၿမိဳ႕ဆႏၵျပပြဲမွာ လူ ရာနဲ႔ခ်ီပါဝင္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႐ုပ္ပံုေတြ၊ ေႂကြးေက်ာ္သံေရးထားတဲ့ ဆိုင္းဘုတ္ေတြ ကိုင္ေဆာင္ၿပီး ဆႏၵျပခဲ့ၾကတာပါ။
"ျမန္မာစစ္တပ္က အာဏာသိမ္းတာကို က်ေနာ္တို႔ အျပင္းအထန္ ကန္႔ကြက္ပါတယ္။ ေရြးေကာက္ခံ NLD အစိုးရနဲ႔ ၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲရလဒ္ေတြကို က်ေနာ္တုိ႔လက္ခံပါတယ္။ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ႏုိင္ငံေရးအရ ထိန္းသိမ္းထားသူအားလံုးကုိ ခ်က္ျခင္းနဲ႔ ႁခြင္းခ်က္မရွိ ျပန္လႊတ္ေပးဖို႔ က်ေနာ္တုိ႔ ေတာင္းဆိုပါတယ္။" လို႔ ဆႏၵျပပြဲကို စီစဥ္သူတဦးျဖစ္တဲ့ ေဒါက္တာသိန္းမိုးဝင္းကေျပာပါတယ္။
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တယ္ဆိုတဲ့ သတင္းေတြဟာ စိုးရိမ္ဖြယ္ရာအေျခအေနေတြပဲလို႔ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Scott Morrison က တနလၤာေန႔မွာ ေျပာခဲ့ပါတယ္။
ဂ်ပန္ႏိုင္ငံ၊ တိုက်ဳိၿမိဳ႕ေတာ္က ဂ်ပန္ႏုိင္ငံျခားေရးဌာန႐ံုး အျပင္ဘက္မွာလည္း ေထာင္နဲ႔ခ်ီတဲ့ ဆႏၵျပသူေတြ ဒီကေန႔စုေဝးၿပီး ျမန္မာ စစ္အာဏာသိမ္းမႈကို ဂ်ပန္ႏုိင္ငံအေနနဲ႔ ျပင္းျပင္းထန္ထန္တုံ႔ျပန္ဖို႔ ေတာင္းဆိုၾကပါတယ္။
ဂ်ပန္ႏိုင္ငံအေနနဲ႔ ႏုိင္ငံေရး၊ သံတမန္ေရးနဲ စီးပြားေရး ၾသဇာအာဏာ အားလံုးကိုအသံုးျပဳၿပီး ျမန္မာႏုိင္ငံမွာ အရပ္သားအစိုးရ ျပန္ၿပီး ထူေထာင္ႏုိင္ေအာင္ လုပ္ေဆာင္ဖို႔ ေတာင္းဆိုထားတဲ့ ထုတ္ျပန္ခ်က္တေစာင္ကို ဆႏၵျပသူေတြ ဂ်ပန္ႏုိင္ငံျခားေရးဌာန တာဝန္ရွိသူေတြလက္ထဲ ေပးခဲ့ပါတယ္။
ဆႏၵျပပြဲကိုစီစဥ္တဲ့ ျမန္မာႏိုင္ငံသားမ်ားအသင္းက ဂ်ပန္ႏိုင္ငံအေနနဲ႔ ျမန္မာစစ္အစိုးရကို အသိအမွတ္မျပဳသင့္ဘူးလို႔ ေျပာပါတယ္။ ဆႏၵျပပြဲမွာ လူ ၃,၀၀၀ နီးပါး ပါဝင္တယ္လို႔ စီစဥ္သူေတြက ေျပာပါတယ္။
ဂ်ပန္အစိုးရရဲ႕ အဂၤါေန႔ သတင္းစာရွင္းလင္းပြဲအတြင္းမွာေတာ့ ဂ်ပန္ႏိုင္ငံအေနနဲ႔ ဒဏ္ခတ္အေရးယူမႈ ခ်မွတ္ႏိုင္ေျခအပါအဝင္ အေမရိကန္ျပည္ေထာင္စုက ေျပာဆိုထားတဲ့ ရပ္တည္ခ်က္မ်ဳိးကို ေထာက္ခံဖို႔ ဒါမွမဟုတ္ အဲဒီလိုလုပ္ေဆာင္ေရး အေလးေပးသြားဖို႔ရွိတယ္လုိ႔ပဲ အစိုးရေျပာခြင့္ရကေျပာသြားၿပီး တိုက္႐ိုက္ မေျဖခဲ့ပါဘူး။ ဂ်ပန္ႏုိင္ငံအေနနဲ႔ တျခားႏိုင္ငံေတြနဲ႔ မျပတ္ထိစပ္ေနသလို ျမန္မာႏုိင္ငံက အေျခအေနကိုလည္း အနီးကပ္ေစာင့္ၾကည့္ေနပါတယ္လို႔ပဲ ထပ္ေျပာသြားပါတယ္။
[Unicode Version]
သြစတြေးလျနဲ့ ဂျပန်ရောက် မြန်မာများ စစ်အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြ
မြန်မာစစ်တပ်က အာဏာသိမ်းတဲ့အပေါ် သြစတြေးလျနိုင်ငံ၊ ဆစ်ဒ်နီမြို့နဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွေမှာ မြန်မာနွယ်ဖွားတွေက ဒီကနေ့ ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။
ဆစ်ဒ်နီမြို့ဆန္ဒပြပွဲမှာ လူ ရာနဲ့ချီပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံတွေ၊ ကြွေးကျော်သံရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။
"မြန်မာစစ်တပ်က အာဏာသိမ်းတာကို ကျနော်တို့ အပြင်းအထန် ကန့်ကွက်ပါတယ်။ ရွေးကောက်ခံ NLD အစိုးရနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်တွေကို ကျနော်တို့လက်ခံပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအရ ထိန်းသိမ်းထားသူအားလုံးကို ချက်ခြင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။" လို့ ဆန္ဒပြပွဲကို စီစဉ်သူတဦးဖြစ်တဲ့ ဒေါက်တာသိန်းမိုးဝင်းကပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တယ်ဆိုတဲ့ သတင်းတွေဟာ စိုးရိမ်ဖွယ်ရာအခြေအနေတွေပဲလို့ သြစတြေးလျဝန်ကြီးချုပ် Scott Morrison က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်က ဂျပန်နိုင်ငံခြားရေးဌာနရုံး အပြင်ဘက်မှာလည်း ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ဒီကနေ့စုဝေးပြီး မြန်မာ စစ်အာဏာသိမ်းမှုကို ဂျပန်နိုင်ငံအနေနဲ့ ပြင်းပြင်းထန်ထန်တုံ့ပြန်ဖို့ တောင်းဆိုကြပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ နိုင်ငံရေး၊ သံတမန်ရေးနဲ စီးပွားရေး သြဇာအာဏာ အားလုံးကိုအသုံးပြုပြီး မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပြန်ပြီး ထူထောင်နိုင်အောင် လုပ်ဆောင်ဖို့ တောင်းဆိုထားတဲ့ ထုတ်ပြန်ချက်တစောင်ကို ဆန္ဒပြသူတွေ ဂျပန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေလက်ထဲ ပေးခဲ့ပါတယ်။
ဆန္ဒပြပွဲကိုစီစဉ်တဲ့ မြန်မာနိုင်ငံသားများအသင်းက ဂျပန်နိုင်ငံအနေနဲ့ မြန်မာစစ်အစိုးရကို အသိအမှတ်မပြုသင့်ဘူးလို့ ပြောပါတယ်။ ဆန္ဒပြပွဲမှာ လူ ၃,၀၀၀ နီးပါး ပါဝင်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။
ဂျပန်အစိုးရရဲ့ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ ဂျပန်နိုင်ငံအနေနဲ့ ဒဏ်ခတ်အရေးယူမှု ချမှတ်နိုင်ခြေအပါအဝင် အမေရိကန်ပြည်ထောင်စုက ပြောဆိုထားတဲ့ ရပ်တည်ချက်မျိုးကို ထောက်ခံဖို့ ဒါမှမဟုတ် အဲဒီလိုလုပ်ဆောင်ရေး အလေးပေးသွားဖို့ရှိတယ်လို့ပဲ အစိုးရပြောခွင့်ရကပြောသွားပြီး တိုက်ရိုက် မဖြေခဲ့ပါဘူး။ ဂျပန်နိုင်ငံအနေနဲ့ တခြားနိုင်ငံတွေနဲ့ မပြတ်ထိစပ်နေသလို မြန်မာနိုင်ငံက အခြေအနေကိုလည်း အနီးကပ်စောင့်ကြည့်နေပါတယ်လို့ပဲ ထပ်ပြောသွားပါတယ်။