[Zawgyi/Unicode]
စစ္တပ္က အာဏာသိမ္းတဲ့အေပၚ လမ္းေပၚမထြက္ အၾကမ္းမဖက္တဲ့နည္းနဲ႔ ဆန္႔က်င္အံတုတဲ့ Civil Disobedience လႈပ္ရွားမႈေတြ ျမန္မာႏိုင္ငံတဝန္းမွာ ေပၚလာေနပါတယ္။
လက္ရွိအားျဖင့္ ျမန္မာႏုိင္ငံတဝန္း ၿမိဳ႕ေပါင္း ၃၀ ထက္မနည္းက ေဆး႐ံုေတြနဲ႔ ေဆးဘက္ဆိုင္ရာဌာန ၇၀ ေက်ာ္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ ဝန္ထမ္းေတြအေနနဲ႔ ဒီကေန႔ ေဖေဖာ္ဝါရီ ၃ ရက္ေန႔ကစၿပီး လႈပ္ရွားမႈကို စတင္လိုက္တဲ့အေၾကာင္း Civil Disobedience Movement ဆိုတဲ့နာမည္နဲ႔အဖြဲ႔က ထုတ္ျပန္ထားပါတယ္။
ဒီလႈပ္ရွားမႈမွာ ပါဝင္သူေတြက စစ္တပ္အာဏာသိမ္းတာကို ကန္႔ကြက္တဲ့အေၾကာင္း၊ အာဏာသိမ္း စစ္အစိုးရလက္ေအာက္မွာ လုပ္ငန္းတာဝန္ေတြကို ဆက္ၿပီး မလုပ္ခ်င္ၾကတဲ့အတြက္ ၿငိိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ျပသသြားမွာျဖစ္တယ္လို႔ ေျပာၾကပါတယ္။
အခုလို သာမန္္လူထုကို က်န္းမာေရးေစာင့္ေရွာက္မႈေပးေနတဲ့ ေဆး႐ံုေတြနဲ႔ ေဆးဘက္ဆိုင္ရာဌာနေတြက ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ ဝန္ထမ္းေတြ သူတို႔လုပ္ငန္းတာဝန္ေတြကို ဆက္မလုပ္ဘဲ ဆႏၵျပၾကတာေၾကာင့္ လူထုအတြက္ က်န္းမာေရးဝန္ေဆာင္မႈပိုင္း လစ္ဟင္းသြားမယ့္အေပၚ စိုးရိမ္မႈေတြလည္း ထြက္ေပၚလာပါတယ္။
ဒါေၾကာင့္လည္း အခုအခါ က်န္းမာေရးဆုိင္ရာ ေမးျမန္းအၾကံယူႏုိင္မယ့္ အခမဲ့အြန္လိုင္းေဆးခန္းေတြ၊ ခ်ဳိ႕တဲ့ႏြမ္းပါးသူေတြအတြက္ ေဆးဖိုးနဲ႔ ကုသစရိတ္ အခမဲ့၊ ပံုမွန္လူနာေတြအတြက္ ေဆးဖိုးကုန္က်စရိတ္သာ ေပးရမယ့္ ပုဂၢလိကေဆးခန္းေတြ ေပၚလာေနပါတယ္။
ဒီလို လႈပ္ရွားမႈနဲ႔အတူ ႏုိင္ငံတဝန္းက လူထုအေနနဲ႔လည္း အၾကမ္းမဖက္ဘဲ ဆန္႔က်င္နည္းလမ္းတခုျဖစ္တဲ့ သံပံုးတီးလႈပ္ရွားမႈမွာ အဂၤါေန႔ညက လူအမ်ားအျပားပါဝင္ခဲ့ၾကပါတယ္။
ဒီကေန႔ည ၈ နာရီမွာေတာ့ သံပံုးတီးတာအျပင္ ႏုိင္ငံေတာ္သီခ်င္းကို သီဆိုဖို႔ပါ စည္း႐ံုးသူေတြက လႈံ႔ေဆာ္ထားပါတယ္။
[Unicode Version]
ကျန်းမာရေးဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှု စတင်
စစ်တပ်က အာဏာသိမ်းတဲ့အပေါ် လမ်းပေါ်မထွက် အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်အံတုတဲ့ Civil Disobedience လှုပ်ရှားမှုတွေ မြန်မာနိုင်ငံတဝန်းမှာ ပေါ်လာနေပါတယ်။
လက်ရှိအားဖြင့် မြန်မာနိုင်ငံတဝန်း မြို့ပေါင်း ၃၀ ထက်မနည်းက ဆေးရုံတွေနဲ့ ဆေးဘက်ဆိုင်ရာဌာန ၇၀ ကျော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဝန်ထမ်းတွေအနေနဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကစပြီး လှုပ်ရှားမှုကို စတင်လိုက်တဲ့အကြောင်း Civil Disobedience Movement ဆိုတဲ့နာမည်နဲ့အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေက စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့အကြောင်း၊ အာဏာသိမ်း စစ်အစိုးရလက်အောက်မှာ လုပ်ငန်းတာဝန်တွေကို ဆက်ပြီး မလုပ်ချင်ကြတဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသသွားမှာဖြစ်တယ်လို့ ပြောကြပါတယ်။
အခုလို သာမန်လူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံတွေနဲ့ ဆေးဘက်ဆိုင်ရာဌာနတွေက ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဝန်ထမ်းတွေ သူတို့လုပ်ငန်းတာဝန်တွေကို ဆက်မလုပ်ဘဲ ဆန္ဒပြကြတာကြောင့် လူထုအတွက် ကျန်းမာရေးဝန်ဆောင်မှုပိုင်း လစ်ဟင်းသွားမယ့်အပေါ် စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။
ဒါကြောင့်လည်း အခုအခါ ကျန်းမာရေးဆိုင်ရာ မေးမြန်းအကြံယူနိုင်မယ့် အခမဲ့အွန်လိုင်းဆေးခန်းတွေ၊ ချို့တဲ့နွမ်းပါးသူတွေအတွက် ဆေးဖိုးနဲ့ ကုသစရိတ် အခမဲ့၊ ပုံမှန်လူနာတွေအတွက် ဆေးဖိုးကုန်ကျစရိတ်သာ ပေးရမယ့် ပုဂ္ဂလိကဆေးခန်းတွေ ပေါ်လာနေပါတယ်။
ဒီလို လှုပ်ရှားမှုနဲ့အတူ နိုင်ငံတဝန်းက လူထုအနေနဲ့လည်း အကြမ်းမဖက်ဘဲ ဆန့်ကျင်နည်းလမ်းတခုဖြစ်တဲ့ သံပုံးတီးလှုပ်ရှားမှုမှာ အင်္ဂါနေ့ညက လူအများအပြားပါဝင်ခဲ့ကြပါတယ်။
ဒီကနေ့ည ၈ နာရီမှာတော့ သံပုံးတီးတာအပြင် နိုင်ငံတော်သီချင်းကို သီဆိုဖို့ပါ စည်းရုံးသူတွေက လှုံ့ဆော်ထားပါတယ်။