သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘာေၾကာင့္ အာဏာသိမ္းတာလဲ စစ္အုပ္ခ်ဳပ္ေရး ဘယ္ေလာက္ၾကာမလဲ


People clatter pans and tins to make noise to protest the military coup in response to a social media campaign in Yangon on February 2, 2021, as the party of Myanmar's toppled leader Aung San Suu Kyi demanded her immediate release Tuesday. (Photo by STR /
တိုက္႐ိုက္ လင့္ခ္

ဒီတပတ္ ျမန္မာ့အေရး ေဆြးေႏြးသံုးသပ္ခန္းမွာ ျမန္မာႏိုင္ငံမွာ လက္ရိွ စစ္တပ္အာဏာသိမ္းလိုက္တဲ့အေပၚ ဘယ္လိုျမင္ သံုးသပ္မိသလဲဆိုတာကို ကိုေဇာ္ဝင္းလိႈင္က ဦးေက်ာ္ဇံသာကို ျပန္လည္ေမးျမန္း ေဆြးေႏြးသံုးသပ္တင္ျပထားပါတယ္။

ေမး ။ ။ ဦးေက်ာ္ဇံသာေရ .. ခါတိုင္း သတင္းပတ္ေတြ သံုးသပ္ခ်က္ေတြမွာေတာ့ ဦးေက်ာ္ဇံသာကပဲ တျခားလူေတြကို ေမးလာတာျဖစ္ၿပီး၊ ဒီတပတ္ေတာ့ က်ေနာ္က ဦးေက်ာ္ဇံသာကို ေမးလိုက္ေတာ့မယ္။ အခုလက္ရိွ တပ္မေတာ္က အာဏာသိမ္းတဲ့ကိစၥမွာ အေျခခံဥပေဒနဲ႔ ညီမညီဆိုတာကို ဘယ္လိုသံုးသပ္လို႔ ရမလဲ။

ေျဖ ။ ။ အေျခခံဥပေဒနဲ႔ညီေအာင္ေတာ့ စစ္တပ္က လုပ္ျပတာပဲ။ တကယ္ေတာ့ ႏိုင္ငံေတာ္ကာလံုကို သမၼတက ေခၚရမယ္။ သမၼတက မေခၚဘဲေနေတာ့ အဲဒီသမၼတကို ျဖဳတ္ခ်ၿပီးေတာ့ သူတုိ႔ခိုင္းတိုင္းလုပ္မယ့္ ဒုသမၼတကို သမၼတအျဖစ္တင္ၿပီးေတာ့ ကာလံုေခၚၿပီးေတာ့ လုပ္သြားတယ္။ ဒါကေတာ့ အေျခခံဥပေဒကို ခ်ဳိးေဖာက္တယ္ဆိုတာေတာ့ လံုးဝထင္ရွားေနတယ္လို႔ ထင္ပါတယ္။

ေမး ။ ။ အာဏာသိမ္းတယ္ဆိုကတည္းက အာဏာရယူလိုတဲ့ ဆႏၵရိွလို လုပ္တယ္ဆိုတာ မွန္တယ္ေပါ့။ ဒါေပမဲ့ အာဏာသိမ္းတဲ့ေနာက္ကြယ္မွာ တျခားဘာအေၾကာင္းအရာေတြ ရိွတယ္လို႔ ယူဆပါလဲ။

ေျဖ ။ ။ တစ္ခုစဥ္းစားမိတာက ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္အေနနဲ႔ သူထြက္ေပါက္မရိွေတာ့ဘူးလား။ သူတုိ႔ျဖစ္ေစခ်င္တာကေတာ့ ေရြးေကာက္ပြဲမွာ မသမာမႈေတြ ရိွတယ္။ ဒီမသမႈေတြ ျဖစ္ခဲ့တယ္ဆိုတဲ့ဟာေတြ ေျပာထားေတာ့ ဒါကိုျပန္ျပင္ခ်င္တယ္ဆိုၿပီးေတာ့ ေတာင္းဆိုတယ္။ သူတုိ႔ေတာင္းဆိုခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က လံုးဝမညိွႏိႈင္းခဲ့ဘူးလား။ လိုက္ေလ်ာမႈ မရိွခဲ့ဘူးလား။ ပြင့္လင္းျမင္သာမႈ မရိွေတာ့ ညိွႏိႈင္းမညိွႏိႈင္းဘူးေတာ့ က်ေနာ္တို႔ မသိရဘူးေပါ့။ အဲဒီလို မညိွႏိႈင္းခဲ့တဲ့အခါမွာ သူတို႔ေတာင္းဆိုသံေတြ ထြက္လာတာနဲ႔အမွွ် တနည္းအားျဖင္ ၿခိမ္းေျခာက္သံေတြ ပါလာတယ္ဆိုေတာ့ လူေတြက စစ္တပ္ကို ေဝဖန္ၾကတယ္။ စစ္တပ္က လူတိုင္းက စကားျပန္လည္တံု႔ျပန္တယ္။ ထြက္ေပါက္မရိွ ျဖစ္လာတယ္။ ဘက္ေပါင္းစံုက သူတို႔ကို ပိတ္စို႔ေနၾကေတာ့ ေနာက္ဆံုးထြက္ေပါက္အေနနဲ႔ ဒီလိုလုပ္လိုက္ရသလားဆိုတာကို တဘက္က စဥ္းစားစရာ ရိွပါတယ္။

ေမး ။ ။ ဆိုေတာ့ အာဏာသိမ္းတာအျပင္ တျခားႏုိင္ငံေရးအရ ေရြးခ်ယ္စရာ နည္းလမ္းမရိွေတာ့ဘူးလား။ ဥပမာဆိုရင္ မဲမသာမႈေတြ ရိွတယ္။ ထားပါေတာ့ မဲစာရင္းေတြ မွားယြင္းေနတယ္ဆိုရင္လဲ ေရြးေကာက္ပြဲေကာ္မရွင္ကတဆင့္ တရားရံုးကတဆင့္ မသမာမႈေတြ ရိွတဲ့ဟာကို စံုစမ္းစစ္ေဆးၿပီး အျပစ္ရိွရင္လဲ အျပစ္ေပးလို႔ လုပ္လို႔ရတဲ့ ဥပမာနည္းလမ္းေၾကာင္းေတြလည္း ရိွတယ္ဆိုတာ ဥပမာ တစ္ခုေပါ့။

ေျဖ ။ ။ အဓိကေတာ့ ႏွစ္ဘက္အေပးအယူလုပ္ၿပီးေတာ့ အေလွ်ာ့အတင္း ေဆြးေႏြးတာေတြကို က်ေနာ္တို႔ မၾကားခဲ့ရဘူး။ အဲဒီလို လုပ္တတ္တဲ့ culture negotiated culture ျမန္မာႏိုင္ငံမွာ မရိွဘူးဆိုတာ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဒီလာတုန္းက က်ေနာ္နဲ႔ အင္တာဗ်ဴးမွာ ေျပာဖူးတယ္။ ဆိုေတာ့ တကယ္တမ္း သူနဲ႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႔ ထိပ္တိုက္ေတြ႔တဲ့ကိစၥမွာလည္း negotiate လုပ္ၾကတယ္၊ compromise လုပ္ၾကတယ္။ အေပးအယူ အေလွ်ာ့အတင္း လုပ္ၿပီးေတာ့ ေဆြးေႏြးၾကတာကို တစ္ခ်က္မွ မေတြ႔လိုက္ရပါဘူး။ အဲဒီလို မလုပ္ခဲ့ဘူးလို႔ က်ေနာ္က ထင္တာပဲ။

ေမး ။ ။ ေဆြးေတာ့ေဆြးေႏြးၾကတယ္ ေျပာတယ္။ ဒါေပမဲ့ အေပးအယူ မတည့္တာ ျဖစ္ႏိုင္တယ္။

ေျဖ ။ ။ အေပးအယူ မတည့္တဲ့ေနရာမွာ ေတာင္းဆိုတဲ့ လူကမ်ား သိပ္တင္းမာေနသလား။ ဟိုဘက္ကလည္း ငါတို႔က ျပည္သူက ေထာက္ခံထားတာ လံုးဝအေလွွ်ာ့မေပးႏိုင္ဘူး ေျပာသလား။ အဲဒါမ်ဳိးလဲ စဥ္းစားစရာေတာ့ ရိွတယ္။

ေမး ။ ။ ဒီေနရာမွာ တုိင္းရင္းသားေတြရဲ ႔ အခန္းက႑ကလဲ စဥ္းစားစရာ ျဖစ္လာတယ္။ တပ္မေတာ္က အာဏာသိမ္းတဲ့ေနရာမွာလည္း သူက တိုင္းရင္းသားစည္းလံုးညီညႊတ္ေရး ၿပိဳကြဲမွာစိုးလို႔ ထံုးစံအတိုင္း အရင္စစ္အစိုးရေတြ အာဏာသိမ္းတုန္းက ေျပာခဲ့တဲ့ စကားလံုးေတြပဲ ျပန္သံုးထားတာ ရိွတယ္။ ေနာက္ၿပီးေတာ့ ေရြးေကာက္ပြဲကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ တိုင္းရင္းသားပါတီေတြက တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကို သြားၿပီးေတာ့ တုိင္းရင္းသားပါတီေတြအပါအဝင္ သြားၿပီးေတာ့ ေတာင္းဆိုခဲ့ၾကတာေတြ ရိွတယ္။ ပါတီေပါင္း (၃၀) ေက်ာ္ ရိွမယ္ထင္တယ္။ အဲဒီလိုမ်ဳိးေတြလည္း ရိွခဲ့ေတာ့ သူ႔ဘက္က တမ်ဳိးတျမည္း ျပန္ၿပီးေတာ့ ေတြးစရာမ်ား ျဖစ္လာမလား။ သူ႔ကို ေထာက္ခံတဲ့လူေတြ ရိွေနတယ္ဆိုတာမ်ား ယူဆသြားေလသလားမ်ား ရိွႏိုင္မလား။

ေျဖ ။ ။ သူ အားကိုးတာကေတာ့ တုိင္းရင္းသားေတြက သူကို ေထာက္ခံလိမ့္မယ္လို႔ ႀကိဳတင္တြက္ဟန္ ရိွပါတယ္။ တိုင္းရင္းသား (၃၂) ပါတီ သူကို သြားေတြ႔ၾကတာရယ္။ ျပည္ေထာင္စုၿပိဳကြဲႏိုင္မယ့္ အႏၱရာယ္ ရိွႏိုင္တဲ့အထိေတာ့ ဒီတစ္ခါမွာ မေတြ႔ရပါဘူး။ ပထမဦးဆံုး ၆၂ မွာ ဗိုလ္ခ်ဳပ္ေနဝင္း အာဏာသိမ္းတဲ့အခါမွာေတာ့ ရွမ္းဘက္က ဖယ္ဒရယ္မူကို တင္လာတဲ့အတြက္ေၾကာင့္ အဲဒီေလာက္ထိ ျဖစ္ခဲ့တယ္။ အခုအခါမွာလဲ ဖယ္ဒရယ္မူ ေျပာေနၾကတာ သူကိုယ္တိုင္လည္း ေျပာေနတာပဲ ဖယ္ဒရယ္မူကို ေပးရမယ္ဆိုေတာ့။ သို႔ေသာ္လဲပဲ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ႏုိင္ငံေရးထဲကို ဝင္ခ်င္လာၿပီ။ သူက တပ္မေတာ္ထဲမွာလဲ သက္တမ္းျပည့္လာၿပီဆိုေတာ့ သူ႔ရဲ ႔ အနာဂတ္ ႏုိင္ငံေရးလမ္းေၾကာင္းက ႏိုင္ငံေရးထဲကို ဝင္လာရင္ သူကို ဘယ္သူေထာက္ခံမလဲ။ တုိင္းရင္းသားအင္အားစုေတြရဲ ႔ ေထာက္ခံမႈကို သူက ေမ်ွာ္လင့္ခဲ့မယ္လို႔ ထင္ပါတယ္။ ပိုၿပီးေတာ့ ေပၚလႊင္ထင္ရွားတာက ဒီအာဏာမသိမ္းခင္ ရက္သတၱပါတ္ တစ္ပါတ္ေလာက္မွာပဲ အပစ္အခတ္ရပ္စဲေရး သက္တမ္းကို တိုးခ်ဲ ႔လိုက္တယ္ မဟုတ္လား။ တမင္တကာ သူ ဒီလိုလုပ္တဲ့အခါမွာ ဝိုင္းဝန္းကန္႔ကြက္မႈ သိပ္မမ်ားေအာင္ဆိုတဲ့သေဘာ လုပ္တယ္။ သို႔တည္မဟုတ္ စစ္ျမင္ႏွာျပင္ ႏွစ္ခုဖြင့္မထားရေအာင္ လုပ္တယ္ဆိုတဲ့ သေဘာကေတာ့ ေပၚလြင္ေနတယ္လို႔ ထင္တယ္။

ေမး ။ ။ ဒီေနရာမွာ တစ္ခုထည့္စဥ္းစားစရာ ရိွတာကလဲ ေဒသတြင္း ႏုိင္ငံေတြရဲ ႔ အခန္းက႑ေပါ့။ အေနာက္ႏုိင္ငံေတြကေတာ့ ေသခ်ာတယ္။ အခု ကန္႔ကြက္တယ္။ ရႈတ္ခ်တယ္ဆိုတယ္ဆိုၿပီး ေၾကညာခ်က္ေတြအသီးသီး ထုတ္ၿပီးၾကၿပီ။ ေဒသတြင္း ႏိုင္ငံေတြတခ်ဳိ ႔ အာဆီယံလို အဖြဲ႔အစည္းေတြကလည္း ေၾကညာခ်က္ေတြ ထုတ္ၾကတာေတာ့ ရိွတာပဲ။ ဒါေပမဲ့ ေဒသတြင္းမွာ အိမ္နီးခ်င္း တရုတ္ႏုိင္ငံက အင္အားႀကီးႏို္င္ငံလည္း ျဖစ္ေနေတာ့ တရုတ္ႏုိင္ငံရဲ ႔ အခန္းက႑က ဘယ္ေလာက္ထိမ်ား ပါဝင္ပတ္သက္မႈမ်ား ရိွမလဲ။ သူနဲ႔ ဆက္ႏႊယ္ေနတဲ့ ျမန္မာႏိုင္ငံထဲက လက္နက္ကိုင္အဖြဲ႔အစည္းေတြရဲ ႔ အခန္းက႑က ဘယ္လိုရိွလဲ။

ေျဖ ။ ။ တရုတ္တင္မက ဒီေနရာမွာ အေနာက္ဘက္ျခမ္း ႏိုင္ငံေတြနဲ႔ အာရွႏုိင္ငံေတြၾကားမွာကုိ ဒီလိုကြဲလြဲမႈေတြ ရိွေနတာကို ေတြ႔ရပါတယ္။ အေနာက္ႏိုင္ငံေတြကေတာ့ စီးပြားေရးအရ အေရးယူမႈေတြ၊ ဒဏ္ခတ္မယ္။ အခုေတာင္ အေမရိကန္က စတင္ၿပီးေတာ့ လံႈေဆာ္ေနၿပီ။ ဒီမိုကေရစီႏုိင္ငံေတြကို ျမန္မာႏိုင္ငံမွာ စစ္အာဏာရွင္သိမ္းမႈကို ဝိုင္းဝန္းတံု႔ျပန္ၾကစို႔ဆိုၿပီး လုပ္ေနၿပီ ျဖစ္ပါတယ္။ အာရွႏိုင္ငံေတြကေတာ့ အဲဒီလို မဟုတ္ဘဲ ေျပရာေျပေၾကာင္း ဘယ္လိုခ်ဥ္းကပ္မလဲဆိုတာကို စဥ္းစားၾကတယ္။ ေနာက္ၿပီးေတာ့ အာရွႏိုင္ငံေတြက အေနာက္တိုင္းက စီးပြားေရးသပိတ္ေမွာက္ထားတဲ့အခါ သူတို႔က စီးပြားေရး ရင္းႏီွးျမဳပ္ႏံွမႈ အခြင့္အလမ္းကလည္း ပိုသာေနတဲ့သေဘာလည္း ရိွတယ္။ အဲဒီအထဲမွာ တရုတ္ကေတာ့ အကဲဆံုးေပါ့။ သူကေတာ့ ျမန္မာႏိုင္ငံမွာ စီးပြားေရးအတြက္ေကာ မဟာဗ်ဴဟာအရ ထြက္ေပါက္လည္း လိုခ်င္ေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ျမန္မာႏိုင္ငံမွာ သူတို႔ၾသဇာရိွေနဖို႔က လိုခ်င္တာပဲ။ အဲဒီအတြက္ေၾကာင့္ ျမန္မာႏိုင္ငံမွာ အေျပာင္းအလဲ ဘာပဲျဖစ္ျဖစ္ တက္လာတဲ့ အစိုးရနဲ႔ သင့္တင့္ေအာင္ ဆက္ဆံဖို႔ဆိုတာကေတာ့ တရုတ္မွာ ရည္ရြယ္ခ်က္ရိွမယ္ဆိုတာ အမွန္ပါပဲ။

ေမး ။ ။ ဒီေနရာမွာ တရုတ္နဲ႔ ဆက္စပ္ေနတဲ့ ေျမာက္ပိုင္းမဟာမိတ္ လက္နက္ကိုင္အဖြဲ႔ေတြ။ NCA လက္မွတ္ထိုးထားတဲ့ အဖြဲ႔ေတြဆိုရင္ အခုေၾကညာခ်က္ ထုတ္လိုက္ၿပီ။ ဒါေပမဲ့ ေျမာက္ပိုင္းမဟာမိတ္ AA အပါအဝင္ အဖြဲ႔ေတြကေတာ့ အခုထိ ေရငံုႏႈတ္ပိတ္ေနေနေသးတယ္။ တစံုတရာ သူတို႔ မွတ္ခ်က္ေပးတာ မရိွေသးဘူး။ အဲဒီအေပၚ ဘယ္လိုျမင္ပါသလဲ။

ေျဖ ။ ။ တရုတ္ရဲ ႔ အခ်က္ျပမႈကိုလည္း သူတုိ႔ၾကည့္ေကာင္းၾကည့္မယ္။ တဘက္ကလဲ သူတို႔အေနနဲ႔လဲ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အစိုးရအေပၚမွာ အဲဒီသေဘာထားလည္း ရိွခဲ့မယ္ထင္တယ္။ ေျမာက္ပိုင္းမဟာမိတ္နဲ႔ စစ္တပ္က ၿငိမ္းခ်မ္းေရးအတြက္ ပိုၿပီးေတာ့ လိုလိုလားလား လုပ္ျပေနတဲ့အခ်ိန္မွာ NLD က လိုက္မလာဘူးဆိုတာကို ေတြ႔ရတယ္။ အထူးသျဖင့္ AA ကိစၥမွာ ျဖစ္တယ္။ ေနာက္ ရခိုင္ေဒသမွာ ေရြးေကာက္ပြဲ မလုပ္တဲ့နယ္ ေတာ္ေတာ္မ်ားမ်ားကိစၥနဲ႔ ပတ္သက္လို႔လဲ NLD အစိုးရနဲ႔ AA တင္မကဘူး ရခိုင္ေဒသခံေတြ၊ ရခိုင္ႏုိ္င္ငံေရးအင္အားစုေတြ၊ ေျမေပၚႏိုင္ငံေရးအင္အားစုေတြနဲ႔လဲ ကႏၷေကာစ ျဖစ္တယ္ထင္တယ္။ သူတုိ႔ကလည္း သိပ္ၿပီးေတာ့ မလိုလားၾကဘူး။ ဒါေတြကိုလည္း ထည့္တြက္မွာပဲ။ အာဏာသိမ္းတဲ့အခါ စစ္တပ္က ဒီလူေတြက ငါတုိ႔ဘက္ကို ပါမွာပဲဆိုတာ။ အဲဒီလိုပဲ အလားတူစြာ ေျမာက္ပိုင္းေဒသတခ်ဳိ ႔မွာလည္း အဲဒီလိုမ်ဳိးေတြ ျဖစ္ခဲ့ေတာ့ သူတုိ႔က ဒါကို သူတို႔ဘက္ ပါလိမ့္မယ္လို႔ ထည့္တြက္ခဲ့ဟန္ တူပါတယ္။

ေမး ။ ။ အဲဒီေတာ့ စစ္တပ္အေနနဲ႔ သူ႔လက္ထက္မွာ လုပ္လို႔ရတယ္ဆိုတာကတပိုင္း လုပ္ျပတဲ့သေဘာနဲ႔ ၿငိမ္းခ်မ္းေရးကိစၥေတြကို ပိုၿပီးေတာ့ တိုက္တိုက္တြန္းတြန္း လုပ္လာမယ္လို႔ ေမွ်ာ္လင့္ရသလား။ ယူဆလို႔ရလား။

ေျဖ ။ ။ အပစ္အခတ္ ရပ္စဲေရးအဆင့္ကိုေတာ့ သူတို႔ လြယ္လြယ္ကူကူ ေရာက္ႏိုင္တယ္။ နဝတေခတ္တုန္းကလည္း ကခ်င္နဲ႔ဆို ႏွစ္ေပါင္း (၁၄) ႏွစ္နီးပါး အပစ္အခတ္ ရပ္စဲခဲ့တာပဲ။ ဒါေပမဲ့ ဒီျပႆနာဟာ ႏိုင္ငံေရးအားျဖင့္ political settlement ကို အေပးအယူလုပ္ၿပီးေတာ့ မထူေထာင္ႏိုင္သမွ် ဒီဟာက ပ်က္သြားတယ္ဆိုတာကို က်ေနာ္တို႔ အႀကိမ္ႀကိမ္ေတြ႔ခဲ့ရၿပီးၿပီ။ ကခ်င္နဲ႔ ဒီလိုပဲ ပ်က္ခဲ့ရတယ္။ အခုလဲ အပစ္ရပ္စဲေရးသာလုပ္တယ္ ပစ္ေနခတ္ေနတာေတြက အမ်ားႀကီး။ ႏိုင္ငံေရးသေဘာတူညီမႈကို ေက်ေက်လည္လည္ မရရိွခဲ့ဘူး။ တပ္မေတာ္က အခု ဘယ္ေလာက္ပဲ လုပ္ျပလုပ္ျပ တုိင္းရင္းသားေတြရဲ ႔ လိုလားခ်က္ကို ဘယ္ေလာက္လိုက္ေလ်ာႏိုင္မွာလဲ။ တိုင္းရင္းသားေတြကလည္း ဘယ္ေလာက္အေလွ်ာ့ေပးၿပီးေတာ့ လက္ခံမလဲ စသည္ျဖင့္ ဆိုေတာ့ ႏိုင္ငံေရးသေဘာတူညီမႈရၿပီး ေျပလည္မႈက ခဲယဥ္းလိမ့္မယ္။ အပစ္အခတ္ရပ္စဲေရးေလာက္ကေတာ့ ျဖစ္ႏိုင္မယ္ ထင္ပါတယ္။

ေမး ။ ။ အခု ဒါဆိုလို႔ရိွရင္ သူတို႔ အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြက သူတို႔ကိုယ္သူတို႔ နာမည္ေပးထားတာက ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ - အဲဒီအဖြဲ႔အေနနဲ႔ အဖြဲ႔လည္းဖြဲ႔လိုက္ၿပီ။ ေစာေစာပိုင္းမွာ (၁) ႏွစ္အတြင္းမွာ ေရြးေကာက္ပြဲ က်င္းပေပးမယ္ေျပာတယ္။ အဲဒါေတြကေကာ ေရြးေကာက္ပြဲကိစၥက တကယ္လက္ေတြ႔ ျဖစ္လာႏိုင္ေခ် ရိွသလား။

ေျဖ ။ ။ အရင္တုန္းကလဲ စစ္တပ္က ေရြးေကာက္ပြဲ မၾကာခဏ လုပ္ခဲ့တယ္။ ရႈံးတဲ့အတြက္ လႊဲမေပးခဲ့တဲ့ ေရြးေကာက္ပြဲလည္း ရိွခဲ့တယ္။ အခုၾကေတာ့ ရႈံးျပန္ၿပီ။ မသမာရိွတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြေတာ့ ရိွတယ္။ ဒါေပမဲ့ ရႈံးျပန္ၿပီ။ အျပတ္အသတ္ရႈံးတယ္။ ရႈံးတဲ့အခါၾကျပန္ေတာ့ ေရြးေကာက္ပြဲကို ျပန္ၿပီးေတာ့ ဖ်က္သိမ္းလိုက္တာပဲ။ ျပန္လုပ္မယ္ဆုိၿပီး ေျပာတယ္ဆိုေတာ့ ေနာက္တစ္ႀကိမ္လုပ္လို႔ေကာ လုပ္ေပးတယ္ထားအံုးေတာ့ ဘယ္ေလာက္ မွ်မွ်တတ ရိွမလဲ။ လုပ္လို႔ NLD က ထပ္ၿပီးႏိုင္တယ္ဆိုရင္ေကာ သူတုိိ႔တကယ္ လႊဲေပးပါအံုးမလား။ ေရြးေကာက္ပြဲ လုပ္ေပးႏုိင္တဲ့ အေျခအေနေတာ့ ရိွပါတယ္။ အဲဒီေရြးေကာက္ပြဲကို NLD ျပန္လည္ၿပီး ဝင္မလား။ NLD က ဒီဟာကိုပဲ ဆုပ္ကိုင္ထားမယ္။ ဒီရလဒ္ကိုပဲ ၂၀၂၀ ေရြးေကာက္ပြဲ ဆုပ္ကိုင္ၿပီး အသစ္ကို သပိတ္ေမွာက္တယ္ဆိုရင္ က်န္တဲ့ႏိုင္ငံေရးပါတီေတြ ဘယ္ေလာက္ဝင္ဝင္ NLD မပါရင္ အဲဒီေရြးေကာက္ပြဲက ႏိုင္ငံတကာ အသိအမွတ္ ျပဳႏိ္ုင္ေလာက္တဲ့ ဂုဏ္သိကၡာရိွတဲ့ ေရြးေကာက္ပြဲေတာ့ ျဖစ္မလာႏိုင္ပါဘူး။ NLD လက္မခံခဲ့ရင္ေပါ့။

ေမး ။ ။ အဲဒီေတာ့ ေနာက္ဆံုးအဆံုးသတ္ရရင္ေတာ့ ေနာက္တစ္ႀကိမ္ စစ္အုပ္ခ်ဳပ္ေရးေအာက္ကို က်ေနာ္တို႔ ေရာက္သြားျပန္ၿပီေပါ့။ အရင္ စစ္အုပ္ခ်ဳပ္ေရးေတြတုန္းကလည္း ႏွစ္ေတြ ဆယ္စုႏွစ္ေတြ အမ်ားႀကီး ၾကာခဲ့ၾကတယ္။ အခု ဒီတစ္ခါ ေနာက္ဆံုး အာဏာသိမ္းတဲ့ဟာက ဘယ္ေလာက္ၾကာမလဲလို႔ ခန္႔မွန္းလို႔ ရမလဲ။

ေျဖ ။ ။ History repeats itself သမုိင္းဘီး တပတ္လည္တာေပါ့။ ဒံုရင္းကို ျပန္ေရာက္သြားတယ္။ ျမန္မာႏို္င္ငံဟာ။ ပထမဦးဆံုးလဲ လြတ္လပ္ေရးရၿပီးတဲ့ constitution က (၁၄) ႏွစ္ တာရွည္ခံတယ္။ ေနာက္ၿပီးေတာ့ (၆၂) ႏွစ္မွာလည္း (၇၄) အထိ ခံတယ္။ အဲဒီ (၇၄) ေျခဥလည္း (၈၈) အထိ ခံတယ္။ အဲဒီလို ပ်က္သြားတယ္ဆိုေတာ့ အခုဆြဲလိုက္တဲ့ အေျခခံဥပေဒလည္း တစ္ႏွစ္ပဲ ခံတယ္။ သူတုိ႔ကေကာ သူတို႔ကေတာ့ constitution ကို မဖ်က္ပါဘူးလို႔ ေျပာတယ္။ ေရြးေကာက္ပြဲလုပ္ရင္ ဒီဥပေဒေတြနဲ႔ပဲ လုပ္မယ္ဆိုရင္လဲ ဥပေဒအားျဖင့္လဲ ပ်က္ေနတဲ့ ဥပေဒလို ျဖစ္ေနတယ္။ သူတို႔ကိုယ္တိုင္ ခ်ဳိးေဖာက္ထားတဲ့ ဥပေဒ ျဖစ္ေနတယ္။ ေနာက္တစ္ခါ အခုနေျပာတဲ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က သူတုိ႔လုပ္မယ့္ ေရြးေကာက္ပြဲကို သပိတ္ေမွာက္တယ္လို႔ ျဖစ္ေကာင္းျဖစ္လာအံုးမယ္။ အဲဒီလိုဆိုရင္ေတာ့ ႏုိ္င္ငံေရးသံသယက စစ္အုပ္ခ်ဳပ္ေရး၊ ဒီမိုကေရစီ မဆန္ေသာ အုပ္ခ်ဳပ္ေရးနဲ႔ပဲ ဆယ္စုႏွစ္ခ်ီၿပီး ၾကာလိမ့္အံုးမယ္ ထင္ပါတယ္။

==Unicode ==

ဒီတပတ် မြန်မာ့အရေး ဆွေးနွေးသုံးသပ်ခန်းမှာ မြန်မာနိုင်ငံမှာ လက်ရှိ စစ်တပ်အာဏာသိမ်းလိုက်တဲ့အပေါ် ဘယ်လိုမြင် သုံးသပ်မိသလဲဆိုတာကို ကိုဇော်ဝင်းလှိုင်က ဦးကျော်ဇံသာကို ပြန်လည်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

မေး ။ ။ ဦးကျော်ဇံသာရေ .. ခါတိုင်း သတင်းပတ်တွေ သုံးသပ်ချက်တွေမှာတော့ ဦးကျော်ဇံသာကပဲ တခြားလူတွေကို မေးလာတာဖြစ်ပြီး၊ ဒီတပတ်တော့ ကျနော်က ဦးကျော်ဇံသာကို မေးလိုက်တော့မယ်။ အခုလက်ရှိ တပ်မတော်က အာဏာသိမ်းတဲ့ကိစ္စမှာ အခြေခံဥပဒေနဲ့ ညီမညီဆိုတာကို ဘယ်လိုသုံးသပ်လို့ ရမလဲ။

ဖြေ ။ ။ အခြေခံဥပဒေနဲ့ညီအောင်တော့ စစ်တပ်က လုပ်ပြတာပဲ။ တကယ်တော့ နိုင်ငံတော်ကာလုံကို သမ္မတက ခေါ်ရမယ်။ သမ္မတက မခေါ်ဘဲနေတော့ အဲဒီသမ္မတကို ဖြုတ်ချပြီးတော့ သူတို့ခိုင်းတိုင်းလုပ်မယ့် ဒုသမ္မတကို သမ္မတအဖြစ်တင်ပြီးတော့ ကာလုံခေါ်ပြီးတော့ လုပ်သွားတယ်။ ဒါကတော့ အခြေခံဥပဒေကို ချိုးဖောက်တယ်ဆိုတာတော့ လုံးဝထင်ရှားနေတယ်လို့ ထင်ပါတယ်။

မေး ။ ။ အာဏာသိမ်းတယ်ဆိုကတည်းက အာဏာရယူလိုတဲ့ ဆန္ဒရှိလို လုပ်တယ်ဆိုတာ မှန်တယ်ပေါ့။ ဒါပေမဲ့ အာဏာသိမ်းတဲ့နောက်ကွယ်မှာ တခြားဘာအကြောင်းအရာတွေ ရှိတယ်လို့ ယူဆပါလဲ။

ဖြေ ။ ။ တစ်ခုစဉ်းစားမိတာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ သူထွက်ပေါက်မရှိတော့ဘူးလား။ သူတို့ဖြစ်စေချင်တာကတော့ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိတယ်။ ဒီမသမှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ဟာတွေ ပြောထားတော့ ဒါကိုပြန်ပြင်ချင်တယ်ဆိုပြီးတော့ တောင်းဆိုတယ်။ သူတို့တောင်းဆိုချက်နဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝမညှိနှိုင်းခဲ့ဘူးလား။ လိုက်လျောမှု မရှိခဲ့ဘူးလား။ ပွင့်လင်းမြင်သာမှု မရှိတော့ ညှိနှိုင်းမညှိနှိုင်းဘူးတော့ ကျနော်တို့ မသိရဘူးပေါ့။ အဲဒီလို မညှိနှိုင်းခဲ့တဲ့အခါမှာ သူတို့တောင်းဆိုသံတွေ ထွက်လာတာနဲ့အမျှ တနည်းအားဖြင် ခြိမ်းခြောက်သံတွေ ပါလာတယ်ဆိုတော့ လူတွေက စစ်တပ်ကို ဝေဖန်ကြတယ်။ စစ်တပ်က လူတိုင်းက စကားပြန်လည်တုံ့ပြန်တယ်။ ထွက်ပေါက်မရှိ ဖြစ်လာတယ်။ ဘက်ပေါင်းစုံက သူတို့ကို ပိတ်စို့နေကြတော့ နောက်ဆုံးထွက်ပေါက်အနေနဲ့ ဒီလိုလုပ်လိုက်ရသလားဆိုတာကို တဘက်က စဉ်းစားစရာ ရှိပါတယ်။

မေး ။ ။ ဆိုတော့ အာဏာသိမ်းတာအပြင် တခြားနိုင်ငံရေးအရ ရွေးချယ်စရာ နည်းလမ်းမရှိတော့ဘူးလား။ ဥပမာဆိုရင် မဲမသာမှုတွေ ရှိတယ်။ ထားပါတော့ မဲစာရင်းတွေ မှားယွင်းနေတယ်ဆိုရင်လဲ ရွေးကောက်ပွဲကော်မရှင်ကတဆင့် တရားရုံးကတဆင့် မသမာမှုတွေ ရှိတဲ့ဟာကို စုံစမ်းစစ်ဆေးပြီး အပြစ်ရှိရင်လဲ အပြစ်ပေးလို့ လုပ်လို့ရတဲ့ ဥပမာနည်းလမ်းကြောင်းတွေလည်း ရှိတယ်ဆိုတာ ဥပမာ တစ်ခုပေါ့။

ဖြေ ။ ။ အဓိကတော့ နှစ်ဘက်အပေးအယူလုပ်ပြီးတော့ အလျှော့အတင်း ဆွေးနွေးတာတွေကို ကျနော်တို့ မကြားခဲ့ရဘူး။ အဲဒီလို လုပ်တတ်တဲ့ culture negotiated culture မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီလာတုန်းက ကျနော်နဲ့ အင်တာဗျူးမှာ ပြောဖူးတယ်။ ဆိုတော့ တကယ်တမ်း သူနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ထိပ်တိုက်တွေ့တဲ့ကိစ္စမှာလည်း negotiate လုပ်ကြတယ်၊ compromise လုပ်ကြတယ်။ အပေးအယူ အလျှော့အတင်း လုပ်ပြီးတော့ ဆွေးနွေးကြတာကို တစ်ချက်မှ မတွေ့လိုက်ရပါဘူး။ အဲဒီလို မလုပ်ခဲ့ဘူးလို့ ကျနော်က ထင်တာပဲ။

မေး ။ ။ ဆွေးတော့ဆွေးနွေးကြတယ် ပြောတယ်။ ဒါပေမဲ့ အပေးအယူ မတည့်တာ ဖြစ်နိုင်တယ်။

ဖြေ ။ ။ အပေးအယူ မတည့်တဲ့နေရာမှာ တောင်းဆိုတဲ့ လူကများ သိပ်တင်းမာနေသလား။ ဟိုဘက်ကလည်း ငါတို့က ပြည်သူက ထောက်ခံထားတာ လုံးဝအလျှော့မပေးနိုင်ဘူး ပြောသလား။ အဲဒါမျိုးလဲ စဉ်းစားစရာတော့ ရှိတယ်။

မေး ။ ။ ဒီနေရာမှာ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကလဲ စဉ်းစားစရာ ဖြစ်လာတယ်။ တပ်မတော်က အာဏာသိမ်းတဲ့နေရာမှာလည်း သူက တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ပြိုကွဲမှာစိုးလို့ ထုံးစံအတိုင်း အရင်စစ်အစိုးရတွေ အာဏာသိမ်းတုန်းက ပြောခဲ့တဲ့ စကားလုံးတွေပဲ ပြန်သုံးထားတာ ရှိတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားပါတီတွေက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို သွားပြီးတော့ တိုင်းရင်းသားပါတီတွေအပါအဝင် သွားပြီးတော့ တောင်းဆိုခဲ့ကြတာတွေ ရှိတယ်။ ပါတီပေါင်း (၃၀) ကျော် ရှိမယ်ထင်တယ်။ အဲဒီလိုမျိုးတွေလည်း ရှိခဲ့တော့ သူ့ဘက်က တမျိုးတမြည်း ပြန်ပြီးတော့ တွေးစရာများ ဖြစ်လာမလား။ သူ့ကို ထောက်ခံတဲ့လူတွေ ရှိနေတယ်ဆိုတာများ ယူဆသွားလေသလားများ ရှိနိုင်မလား။

ဖြေ ။ ။ သူ အားကိုးတာကတော့ တိုင်းရင်းသားတွေက သူကို ထောက်ခံလိမ့်မယ်လို့ ကြိုတင်တွက်ဟန် ရှိပါတယ်။ တိုင်းရင်းသား (၃၂) ပါတီ သူကို သွားတွေ့ကြတာရယ်။ ပြည်ထောင်စုပြိုကွဲနိုင်မယ့် အန္တရာယ် ရှိနိုင်တဲ့အထိတော့ ဒီတစ်ခါမှာ မတွေ့ရပါဘူး။ ပထမဦးဆုံး ၆၂ မှာ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတဲ့အခါမှာတော့ ရှမ်းဘက်က ဖယ်ဒရယ်မူကို တင်လာတဲ့အတွက်ကြောင့် အဲဒီလောက်ထိ ဖြစ်ခဲ့တယ်။ အခုအခါမှာလဲ ဖယ်ဒရယ်မူ ပြောနေကြတာ သူကိုယ်တိုင်လည်း ပြောနေတာပဲ ဖယ်ဒရယ်မူကို ပေးရမယ်ဆိုတော့။ သို့သော်လဲပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေးထဲကို ဝင်ချင်လာပြီ။ သူက တပ်မတော်ထဲမှာလဲ သက်တမ်းပြည့်လာပြီဆိုတော့ သူ့ရဲ့ အနာဂတ် နိုင်ငံရေးလမ်းကြောင်းက နိုင်ငံရေးထဲကို ဝင်လာရင် သူကို ဘယ်သူထောက်ခံမလဲ။ တိုင်းရင်းသားအင်အားစုတွေရဲ့ ထောက်ခံမှုကို သူက မျှော်လင့်ခဲ့မယ်လို့ ထင်ပါတယ်။ ပိုပြီးတော့ ပေါ်လွှင်ထင်ရှားတာက ဒီအာဏာမသိမ်းခင် ရက်သတ္တပါတ် တစ်ပါတ်လောက်မှာပဲ အပစ်အခတ်ရပ်စဲရေး သက်တမ်းကို တိုးချဲ့လိုက်တယ် မဟုတ်လား။ တမင်တကာ သူ ဒီလိုလုပ်တဲ့အခါမှာ ဝိုင်းဝန်းကန့်ကွက်မှု သိပ်မများအောင်ဆိုတဲ့သဘော လုပ်တယ်။ သို့တည်မဟုတ် စစ်မြင်နှာပြင် နှစ်ခုဖွင့်မထားရအောင် လုပ်တယ်ဆိုတဲ့ သဘောကတော့ ပေါ်လွင်နေတယ်လို့ ထင်တယ်။

မေး ။ ။ ဒီနေရာမှာ တစ်ခုထည့်စဉ်းစားစရာ ရှိတာကလဲ ဒေသတွင်း နိုင်ငံတွေရဲ့ အခန်းကဏ္ဍပေါ့။ အနောက်နိုင်ငံတွေကတော့ သေချာတယ်။ အခု ကန့်ကွက်တယ်။ ရှုတ်ချတယ်ဆိုတယ်ဆိုပြီး ကြေညာချက်တွေအသီးသီး ထုတ်ပြီးကြပြီ။ ဒေသတွင်း နိုင်ငံတွေတချို့ အာဆီယံလို အဖွဲ့အစည်းတွေကလည်း ကြေညာချက်တွေ ထုတ်ကြတာတော့ ရှိတာပဲ။ ဒါပေမဲ့ ဒေသတွင်းမှာ အိမ်နီးချင်း တရုတ်နိုင်ငံက အင်အားကြီးနိုင်ငံလည်း ဖြစ်နေတော့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိများ ပါဝင်ပတ်သက်မှုများ ရှိမလဲ။ သူနဲ့ ဆက်နွှယ်နေတဲ့ မြန်မာနိုင်ငံထဲက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိလဲ။

ဖြေ ။ ။ တရုတ်တင်မက ဒီနေရာမှာ အနောက်ဘက်ခြမ်း နိုင်ငံတွေနဲ့ အာရှနိုင်ငံတွေကြားမှာကို ဒီလိုကွဲလွဲမှုတွေ ရှိနေတာကို တွေ့ရပါတယ်။ အနောက်နိုင်ငံတွေကတော့ စီးပွားရေးအရ အရေးယူမှုတွေ၊ ဒဏ်ခတ်မယ်။ အခုတောင် အမေရိကန်က စတင်ပြီးတော့ လှုံဆော်နေပြီ။ ဒီမိုကရေစီနိုင်ငံတွေကို မြန်မာနိုင်ငံမှာ စစ်အာဏာရှင်သိမ်းမှုကို ဝိုင်းဝန်းတုံ့ပြန်ကြစို့ဆိုပြီး လုပ်နေပြီ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေကတော့ အဲဒီလို မဟုတ်ဘဲ ပြေရာပြေကြောင်း ဘယ်လိုချဉ်းကပ်မလဲဆိုတာကို စဉ်းစားကြတယ်။ နောက်ပြီးတော့ အာရှနိုင်ငံတွေက အနောက်တိုင်းက စီးပွားရေးသပိတ်မှောက်ထားတဲ့အခါ သူတို့က စီးပွားရေး ရင်းနှီးမြုပ်နံှမှု အခွင့်အလမ်းကလည်း ပိုသာနေတဲ့သဘောလည်း ရှိတယ်။ အဲဒီအထဲမှာ တရုတ်ကတော့ အကဲဆုံးပေါ့။ သူကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးအတွက်ကော မဟာဗျူဟာအရ ထွက်ပေါက်လည်း လိုချင်တော့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ သူတို့သြဇာရှိနေဖို့က လိုချင်တာပဲ။ အဲဒီအတွက်ကြောင့် မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဘာပဲဖြစ်ဖြစ် တက်လာတဲ့ အစိုးရနဲ့ သင့်တင့်အောင် ဆက်ဆံဖို့ဆိုတာကတော့ တရုတ်မှာ ရည်ရွယ်ချက်ရှိမယ်ဆိုတာ အမှန်ပါပဲ။

မေး ။ ။ ဒီနေရာမှာ တရုတ်နဲ့ ဆက်စပ်နေတဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့တွေ။ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေဆိုရင် အခုကြေညာချက် ထုတ်လိုက်ပြီ။ ဒါပေမဲ့ မြောက်ပိုင်းမဟာမိတ် AA အပါအဝင် အဖွဲ့တွေကတော့ အခုထိ ရေငုံနှုတ်ပိတ်နေနေသေးတယ်။ တစုံတရာ သူတို့ မှတ်ချက်ပေးတာ မရှိသေးဘူး။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ တရုတ်ရဲ့ အချက်ပြမှုကိုလည်း သူတို့ကြည့်ကောင်းကြည့်မယ်။ တဘက်ကလဲ သူတို့အနေနဲ့လဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအပေါ်မှာ အဲဒီသဘောထားလည်း ရှိခဲ့မယ်ထင်တယ်။ မြောက်ပိုင်းမဟာမိတ်နဲ့ စစ်တပ်က ငြိမ်းချမ်းရေးအတွက် ပိုပြီးတော့ လိုလိုလားလား လုပ်ပြနေတဲ့အချိန်မှာ NLD က လိုက်မလာဘူးဆိုတာကို တွေ့ရတယ်။ အထူးသဖြင့် AA ကိစ္စမှာ ဖြစ်တယ်။ နောက် ရခိုင်ဒေသမှာ ရွေးကောက်ပွဲ မလုပ်တဲ့နယ် တော်တော်များများကိစ္စနဲ့ ပတ်သက်လို့လဲ NLD အစိုးရနဲ့ AA တင်မကဘူး ရခိုင်ဒေသခံတွေ၊ ရခိုင်နိုင်ငံရေးအင်အားစုတွေ၊ မြေပေါ်နိုင်ငံရေးအင်အားစုတွေနဲ့လဲ ကန္နကောစ ဖြစ်တယ်ထင်တယ်။ သူတို့ကလည်း သိပ်ပြီးတော့ မလိုလားကြဘူး။ ဒါတွေကိုလည်း ထည့်တွက်မှာပဲ။ အာဏာသိမ်းတဲ့အခါ စစ်တပ်က ဒီလူတွေက ငါတို့ဘက်ကို ပါမှာပဲဆိုတာ။ အဲဒီလိုပဲ အလားတူစွာ မြောက်ပိုင်းဒေသတချို့မှာလည်း အဲဒီလိုမျိုးတွေ ဖြစ်ခဲ့တော့ သူတို့က ဒါကို သူတို့ဘက် ပါလိမ့်မယ်လို့ ထည့်တွက်ခဲ့ဟန် တူပါတယ်။

မေး ။ ။ အဲဒီတော့ စစ်တပ်အနေနဲ့ သူ့လက်ထက်မှာ လုပ်လို့ရတယ်ဆိုတာကတပိုင်း လုပ်ပြတဲ့သဘောနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ပိုပြီးတော့ တိုက်တိုက်တွန်းတွန်း လုပ်လာမယ်လို့ မျှော်လင့်ရသလား။ ယူဆလို့ရလား။

ဖြေ ။ ။ အပစ်အခတ် ရပ်စဲရေးအဆင့်ကိုတော့ သူတို့ လွယ်လွယ်ကူကူ ရောက်နိုင်တယ်။ နဝတခေတ်တုန်းကလည်း ကချင်နဲ့ဆို နှစ်ပေါင်း (၁၄) နှစ်နီးပါး အပစ်အခတ် ရပ်စဲခဲ့တာပဲ။ ဒါပေမဲ့ ဒီပြဿနာဟာ နိုင်ငံရေးအားဖြင့် political settlement ကို အပေးအယူလုပ်ပြီးတော့ မထူထောင်နိုင်သမျှ ဒီဟာက ပျက်သွားတယ်ဆိုတာကို ကျနော်တို့ အကြိမ်ကြိမ်တွေ့ခဲ့ရပြီးပြီ။ ကချင်နဲ့ ဒီလိုပဲ ပျက်ခဲ့ရတယ်။ အခုလဲ အပစ်ရပ်စဲရေးသာလုပ်တယ် ပစ်နေခတ်နေတာတွေက အများကြီး။ နိုင်ငံရေးသဘောတူညီမှုကို ကျေကျေလည်လည် မရရှိခဲ့ဘူး။ တပ်မတော်က အခု ဘယ်လောက်ပဲ လုပ်ပြလုပ်ပြ တိုင်းရင်းသားတွေရဲ့ လိုလားချက်ကို ဘယ်လောက်လိုက်လျောနိုင်မှာလဲ။ တိုင်းရင်းသားတွေကလည်း ဘယ်လောက်အလျှော့ပေးပြီးတော့ လက်ခံမလဲ စသည်ဖြင့် ဆိုတော့ နိုင်ငံရေးသဘောတူညီမှုရပြီး ပြေလည်မှုက ခဲယဉ်းလိမ့်မယ်။ အပစ်အခတ်ရပ်စဲရေးလောက်ကတော့ ဖြစ်နိုင်မယ် ထင်ပါတယ်။

မေး ။ ။ အခု ဒါဆိုလို့ရှိရင် သူတို့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေက သူတို့ကိုယ်သူတို့ နာမည်ပေးထားတာက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ - အဲဒီအဖွဲ့အနေနဲ့ အဖွဲ့လည်းဖွဲ့လိုက်ပြီ။ စောစောပိုင်းမှာ (၁) နှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်ပြောတယ်။ အဲဒါတွေကကော ရွေးကောက်ပွဲကိစ္စက တကယ်လက်တွေ့ ဖြစ်လာနိုင်ချေ ရှိသလား။

ဖြေ ။ ။ အရင်တုန်းကလဲ စစ်တပ်က ရွေးကောက်ပွဲ မကြာခဏ လုပ်ခဲ့တယ်။ ရှုံးတဲ့အတွက် လွှဲမပေးခဲ့တဲ့ ရွေးကောက်ပွဲလည်း ရှိခဲ့တယ်။ အခုကြတော့ ရှုံးပြန်ပြီ။ မသမာရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေတော့ ရှိတယ်။ ဒါပေမဲ့ ရှုံးပြန်ပြီ။ အပြတ်အသတ်ရှုံးတယ်။ ရှုံးတဲ့အခါကြပြန်တော့ ရွေးကောက်ပွဲကို ပြန်ပြီးတော့ ဖျက်သိမ်းလိုက်တာပဲ။ ပြန်လုပ်မယ်ဆိုပြီး ပြောတယ်ဆိုတော့ နောက်တစ်ကြိမ်လုပ်လို့ကော လုပ်ပေးတယ်ထားအုံးတော့ ဘယ်လောက် မျှမျှတတ ရှိမလဲ။ လုပ်လို့ NLD က ထပ်ပြီးနိုင်တယ်ဆိုရင်ကော သူတို့တကယ် လွှဲပေးပါအုံးမလား။ ရွေးကောက်ပွဲ လုပ်ပေးနိုင်တဲ့ အခြေအနေတော့ ရှိပါတယ်။ အဲဒီရွေးကောက်ပွဲကို NLD ပြန်လည်ပြီး ဝင်မလား။ NLD က ဒီဟာကိုပဲ ဆုပ်ကိုင်ထားမယ်။ ဒီရလဒ်ကိုပဲ ၂၀၂၀ ရွေးကောက်ပွဲ ဆုပ်ကိုင်ပြီး အသစ်ကို သပိတ်မှောက်တယ်ဆိုရင် ကျန်တဲ့နိုင်ငံရေးပါတီတွေ ဘယ်လောက်ဝင်ဝင် NLD မပါရင် အဲဒီရွေးကောက်ပွဲက နိုင်ငံတကာ အသိအမှတ် ပြုနိုင်လောက်တဲ့ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲတော့ ဖြစ်မလာနိုင်ပါဘူး။ NLD လက်မခံခဲ့ရင်ပေါ့။

မေး ။ ။ အဲဒီတော့ နောက်ဆုံးအဆုံးသတ်ရရင်တော့ နောက်တစ်ကြိမ် စစ်အုပ်ချုပ်ရေးအောက်ကို ကျနော်တို့ ရောက်သွားပြန်ပြီပေါ့။ အရင် စစ်အုပ်ချုပ်ရေးတွေတုန်းကလည်း နှစ်တွေ ဆယ်စုနှစ်တွေ အများကြီး ကြာခဲ့ကြတယ်။ အခု ဒီတစ်ခါ နောက်ဆုံး အာဏာသိမ်းတဲ့ဟာက ဘယ်လောက်ကြာမလဲလို့ ခန့်မှန်းလို့ ရမလဲ။

ဖြေ ။ ။ History repeats itself သမိုင်းဘီး တပတ်လည်တာပေါ့။ ဒုံရင်းကို ပြန်ရောက်သွားတယ်။ မြန်မာနိုင်ငံဟာ။ ပထမဦးဆုံးလဲ လွတ်လပ်ရေးရပြီးတဲ့ constitution က (၁၄) နှစ် တာရှည်ခံတယ်။ နောက်ပြီးတော့ (၆၂) နှစ်မှာလည်း (၇၄) အထိ ခံတယ်။ အဲဒီ (၇၄) ခြေဥလည်း (၈၈) အထိ ခံတယ်။ အဲဒီလို ပျက်သွားတယ်ဆိုတော့ အခုဆွဲလိုက်တဲ့ အခြေခံဥပဒေလည်း တစ်နှစ်ပဲ ခံတယ်။ သူတို့ကကော သူတို့ကတော့ constitution ကို မဖျက်ပါဘူးလို့ ပြောတယ်။ ရွေးကောက်ပွဲလုပ်ရင် ဒီဥပဒေတွေနဲ့ပဲ လုပ်မယ်ဆိုရင်လဲ ဥပဒေအားဖြင့်လဲ ပျက်နေတဲ့ ဥပဒေလို ဖြစ်နေတယ်။ သူတို့ကိုယ်တိုင် ချိုးဖောက်ထားတဲ့ ဥပဒေ ဖြစ်နေတယ်။ နောက်တစ်ခါ အခုနပြောတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတို့လုပ်မယ့် ရွေးကောက်ပွဲကို သပိတ်မှောက်တယ်လို့ ဖြစ်ကောင်းဖြစ်လာအုံးမယ်။ အဲဒီလိုဆိုရင်တော့ နိုင်ငံရေးသံသယက စစ်အုပ်ချုပ်ရေး၊ ဒီမိုကရေစီ မဆန်သော အုပ်ချုပ်ရေးနဲ့ပဲ ဆယ်စုနှစ်ချီပြီး ကြာလိမ့်အုံးမယ် ထင်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG