သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ကို ကန်ကြည်းတပ်ဦးစီးချုပ် ဆက်သွယ်ဖို့ကြိုးပမ်းမှု မအောင်မြင်


 အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ ဥက္ကဌ ကြည်းတပ် ဗိုလ်ချုပ်ကြီး Mark Milley
အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ ဥက္ကဌ ကြည်းတပ် ဗိုလ်ချုပ်ကြီး Mark Milley

(Zawgyi/Unicode)
အမေရိကန် သမ္မတ အိမ်ဖြူတော်ရဲ့ ပြောဆိုချက် အရ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ ဥက္ကဌ ကြည်းတပ် ဗိုလ်ချုပ်ကြီး Mark Milley က အာဏာသိမ်းတဲ့ မြန်မာ စစ်တပ်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ကြောင်း အမည်မဖော်တဲ့ အမေရိကန် အစိုးရ တာဝန်ရှိသူတဦးက ရိုက်တာ သတင်းအေဂျင်စီကို ပြောဆိုခဲ့ကြောင်း ရိုက်တာ သတင်းက ဖော်ပြပါတယ်။

မြန်မာ့ ရွေးကောက်ပွဲမှာ မသမာမှုတွေ အရေး တုံ့ပြန်တဲ့ အနေနဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ပုဂ္ဂိုလ်တွေကို စစ်တပ်က ဖမ်းဆီးပြီး တနှစ်တာ အရေးပေါ် ကာလ ကြေညာ၊ နောက် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာလွှဲပေးပြီး ရွေးကောက်ပွဲသစ်တွေ ကျင်းပဖို့ ပြောဆိုခဲ့ပြီးနောက်မှာ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ ဥက္ကဌ ကြည်းတပ် ဗိုလ်ချုပ်ကြီး Milley က မြန်မာ စစ်တပ်ကို ဆက်သွယ်ခဲ့တာ ဖြစ်ပြီး ဆက်သွယ်လို့ မရခဲ့တာလို့ သတင်းက ဖော်ပြပါတယ်။

တရုတ် စစ်တပ်နဲ့ ဆက်ဆံရေး ခိုင်မာတဲ့ မြန်မာ စစ်တပ်ဟာ အမေရိကန် စစ်တပ်နဲ့ အပြန်အလှန် ဆက်ဆံရေး မည်မည်ရရ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်


...........

(Unicode)



XS
SM
MD
LG