သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ NCA ၁၀ ဖဲြ႔ ကန္႔ကြက္


ကခ်င္ျပည္နယ္ ျမစ္ၾကီးနားၿမိဳ႕လမ္းတေနရာမွာ လွည့္လည္သြားလာေနတဲ့ စစ္တပ္ တင့္ကားတစီး။ (ေဖေဖာ္ဝါရီ ၀၂၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ တပ္မေတာ္က အာဏာသိမ္းလုိက္တာဟာ ႏိုင္ငံေရးျပႆနာကို အင္အားသံုး ေျဖရွင္းတဲ့ လုပ္ရပ္အျဖစ္ တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြက ကန္႔ကြက္လိုက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

NLD အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ ဦးေဆာင္တဲ့ အရပ္သားအစုိးရကုိ ဖယ္ရွားၿပီး တပ္မေတာ္က အာဏာသိမ္းလုိက္တဲ့ လုပ္ရပ္ဟာ ႏုိင္ငံေရး ျပႆနာကုိ အင္အားသုံးေျဖရွင္းတဲ့ လုပ္ရပ္အျဖစ္ NCA အပစ္ရပ္ စာခ်ဳပ္ကို လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြက ကန္႔ကြက္လုိက္တာပါ။

တုိင္းရင္းသားလက္နက္ကုိင္ ၁၀ ဖဲြ႔က PPST ေခၚ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖဲြ႔ အေရးေပၚ အစည္းအေ၀း က်င္းပခဲ့ၿပီး ကန္႔ကြက္ဖုိ႔ ဆုံးျဖတ္လုိက္တာျဖစ္ေၾကာင္း အဖဲြ႔ရဲ႕ ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္မွဴးၾကီးခြန္ဥကၠာက VOA ကို ေျပာပါတယ္။

“ဒီအာဏာသိမ္းမႈက ႏိုင္ငံေရးျပႆနာကို အင္အားသံုးၿပီး ေျဖရွင္းတဲ့ပံုစံျဖစ္ေတာ့ ဒါကို က်ေနာ္တုိ႔က ကန္႔ကြက္တဲ့အေၾကာင္း အရင္ေပါ့ဗ်ာ။ ၿပီးေတာ့မွ ဖမ္းထားတဲ့ေခါင္းေဆာင္အားလံုးကို ျခြင္းခ်က္မရိွ ျပန္လႊတ္ေပးပါ။ ေနာက္ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္း သို႔တည္းမဟုတ္ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ေျဖရွင္းေပးပါ။ ဒီလိုေပါ့ဗ်ာ။ တဆင့္ၿပီး တဆင့္။ ေနာက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ NCA လမ္းေၾကာင္းကေတာ့ က်ေနာ္တုိ႔က ေလွ်ာက္မွာပဲ။ က်ေနာ္တုိ႔ ဒီေပၚမွာ ရပ္တည္တယ္။ ေနာက္ က်ေနာ္တုိ႔ တုိင္းရင္းသားအင္အားစုေတြ ကိုယ္ႏိႈက္ကလည္းပဲ လိုအပ္လုိ႔ရိွရင္ ျပည္သူနဲ႔အတူေပါင္းၿပီးေတာ့ အခုျဖစ္တဲ့အေရးအခင္းမွာ တတိယအင္အားစု ျပည္တြင္းအေနနဲ႔ေပါ့ဗ်ာ... က်ေနာ္တုိ႔လည္း ၾကိဳးပမ္းမယ္။”

လက္ရိွ ျဖစ္ေပၚေနတဲ့ ျပႆနာေတြ ေျဖရွင္းဖို႔အတြက္ကို ကုလသမဂၢအပါအ၀င္ ႏိုင္ငံတကာအသိုင္းအ၀ိုင္းက ပါ၀င္ေျဖရွင္းဖို႔ကိုလည္း တုိက္တြန္းေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ရွမ္းလက္နက္ကိုင္အဖဲြ႔ျဖစ္တဲ့ RCSS က အာဏာသိမ္းတာကို ဒီလ ၁ ရက္ေန႔ကပဲ ကန္႔ကြက္ေၾကာင္း ထုတ္ျပန္ထားပါတယ္။ ႏုိင္ငံေရး ျပႆနာေတြကုိ ေတြ႔ဆံုေဆြးေႏြးအေျဖရွာဖုိ႔ တုိက္တြန္းေၾကာင္းလည္း RCSS ရဲ့ ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္မွဴးခမ္းစံက ေျပာပါတယ္။

“အႏွစ္ခ်ဳပ္အေနနဲ႔က်ေတာ့ အာဏာသိမ္းတာ ဒီယံုၾကည္မႈနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ထိခိုက္တယ္ဆုိတဲ့အေၾကာင္း။ ေနာက္ နံပတ္ ၂ က်ေတာ့ RCSS က ဖက္ဒရယ္နဲ႔ ဒီမုိကေရစီ စံႏႈန္းအေပၚ ရပ္တည္တယ္။ ျပည္သူလူထုနဲ႔ တစ္သားတည္း ရပ္တည္သြားမယ္ဆိုတာ။ တတိယအခ်က္က်ေတာ့ NCA ရပ္တန္႔သြားႏိုင္တယ္ေပါ့ေနာ္။ အာဏာသိမ္းတဲ့အတြက္ေၾကာင့္ NCA လုပ္ငန္းစဥ္ေတြ ရပ္တန္႔သြားႏိုင္တယ္။ ေနာက္ဆံုးတစ္ခ်က္က်ေတာ့ က်ေနာ္တို႔ တုိက္တြန္းခ်က္ေပါ့။ သက္ဆုိင္ရာအဖဲြ႔အစည္းအသီးသီး ေတြ႔ဆံုေဆြးေႏြးဖို႔ တိုက္တြန္းတဲ့အခ်က္ပါ။”

ကရင္အမ်ိဳးသားအစည္းအရံုး KNU ကလည္း အာဏာသိမ္းတဲ့ လုပ္ရပ္ဟာ ျမန္မာႏုိင္ငံ ဒီမုိကေရစီအသြင္ကူးေျပာင္းေရးကုိ ထိခိုက္ေစတယ္လုိ႔ အဖဲြ႔ရဲ့ အေထြေထြ အတြင္းေရးမွဴး ပဒိုေစာတာဒိုမႈးက ေျပာပါတယ္။

“ဒီအာဏာသိမ္းလုိက္တယ္ဆိုတဲ့ ကိစၥကေတာ့ ဒီမုိကေရစီအသြင္ကူးေျပာင္းေရးကို အၾကီးအက်ယ္ အဟန္႔အတားျဖစ္ေစတာေပါ့။ ေနာက္ၿပီးေတာ့ NCA အရ က်ေနာ္တို႔ လက္ခံထားတဲ့ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္းနဲ႔ ေျဖရွင္းမယ္ဆိုတဲ့ သံဓိဌာန္အေပၚမွာလည္း စိန္ေခၚမႈေတြ ျမင္ရတာေပါ့ေနာ္။ ဒီဟာက ေလးနက္မႈ မရိွဘူးဆိုတာလား ဆုိတာမ်ိဳးေတာ့ ျဖစ္လာေစပါတယ္။”

ကုိဗစ္ကပ္ေရာဂါေၾကာင့္ စီးပြားေရးမွာ စိန္ေခၚမႈေတြ ႀကံဳေနရတဲ့ အခ်ိန္မွာပဲ စစ္တပ္က အာဏာသိမ္းလုိက္တာေၾကာင့္ ျပည္တြင္း၊ ျပည္ပ ဖိအားေတြက အၾကပ္အတည္းေတြ ပုိဆုိးလာမွာ စုိးရိမ္ရတယ္လုိ႔လည္း ေျပာပါတယ္။ အစုိးရ၊ တပ္မေတာ္နဲ႔ တုိင္းရင္းသား အင္အားစုေတြၾကား ေဆြးေႏြးေနတဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာလည္း ထိခုိက္မႈေတြ ရွိလာႏုိင္တယ္လုိ႔ ပဒိုေစာတာဒိုမႈးကေျပာပါတယ္။

“တပ္မေတာ္ဘက္က သေဘာထား ရွင္းရွင္းလင္းလင္းကေတာ့ သိဖို႔ လိုေသးတာေပါ့ေနာ္။ ဥပမာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ရံုးကေန ေၾကညာခ်က္ ၁/၂၀၂၁ ဆိုရင္ အမွတ္စဥ္ ၅ မွာက NCA ပါ သေဘာတူညီခ်က္မ်ားအတိုင္း ျဖစ္ႏိုင္သမွ် အေလးထားေဆာင္ရြက္မယ္ဆုိေတာ့ အဲဒီဟာ ျဖစ္ႏိုင္သမွ် ဆိုတဲ့ စကားလံုးကေတာ့ က်ေနာ္တုိ႔ ရွင္းလင္းေအာင္ လုပ္ဖို႔ လုိတာေပါ့ေနာ္။ ဒီအေျခခံနဲ႔ပတ္သက္လုိ႔ေတာ့ ေလာေလာဆယ္ေတာ့ က်ေနာ္ မ်ားမ်ား မေျပာလုိပါဘူး။ ဒါေပမဲ့ ထိခိုက္မႈရိွတယ္ဆုိတာေတာ့ ေသခ်ာတယ္။ ဒီဟာကို ဘယ္လုိ ျပန္လည္ၿပီးေတာ့ ကုစားမလဲဆုိတာပဲ က်ေနာ္က ပိုၿပီးေဆြးေႏြးလိုပါတယ္။”

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက ထုတ္ျပန္တဲ့ ေၾကညာခ်က္အမွတ္ ၁/၂၀၂၁ မွာေတာ့ တစ္ႏိုင္ငံလံုး ထာ၀ရ ၿငိမ္းခ်မ္းေရး ရရိွေရးအတြက္ တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA ပါ သေဘာတူညီခ်က္ေတြအတိုင္း တတ္ႏိုင္သမွ် အေလးထားေဆာင္ရြက္သြားမယ္လို႔ ေဖာ္ျပပါတယ္။

ပစ္ခိုက္တိုက္ခိုက္မႈရပ္စဲေရးနဲ႔ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ ထုတ္ျပန္ခ်က္မွာလည္း ၿငိမ္းခ်မ္းေရးဟာ မျဖစ္မေနေဆာင္ရြက္ရမယ့္ လုပ္ငန္းစဥ္ျဖစ္တဲ့အတြက္ NCA လက္မွတ္ထိုးအဖဲြ႔ေတြ၊ မထိုးေသးတဲ့အဖဲြ႔ေတြနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ဆက္လက္ေဆြးေႏြးႏိုင္ဖို႔ အဖဲြ႔၀င္ ၄ ဦးပါ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေကာ္မတီကို အဖဲြ႔၀င္ ၇ ဦးထိ တုိးျမွင့္ဖဲြ႔စည္းေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက ေၾကညာထားပါတယ္။

စစ္အာဏာသိမ္းမႈ NCA ၁၀ ဖဲြ႔ ကန္႔ကြက္
please wait

No media source currently available

0:00 0:04:26 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အာဏာသိမ်းမှု NCA ၁၀ ဖွဲ့ ကန့်ကွက်

မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းလိုက်တာဟာ နိုင်ငံရေးပြဿနာကို အင်အားသုံး ဖြေရှင်းတဲ့ လုပ်ရပ်အဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကန့်ကွက်လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး တပ်မတော်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ဟာ နိုင်ငံရေး ပြဿနာကို အင်အားသုံးဖြေရှင်းတဲ့ လုပ်ရပ်အဖြစ် NCA အပစ်ရပ် စာချုပ်ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကန့်ကွက်လိုက်တာပါ။

တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပြီး ကန့်ကွက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်ဥက္ကာက VOA ကို ပြောပါတယ်။

“ဒီအာဏာသိမ်းမှုက နိုင်ငံရေးပြဿနာကို အင်အားသုံးပြီး ဖြေရှင်းတဲ့ပုံစံဖြစ်တော့ ဒါကို ကျနော်တို့က ကန့်ကွက်တဲ့အကြောင်း အရင်ပေါ့ဗျာ။ ပြီးတော့မှ ဖမ်းထားတဲ့ခေါင်းဆောင်အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပါ။ နောက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း သို့တည်းမဟုတ် ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းပေးပါ။ ဒီလိုပေါ့ဗျာ။ တဆင့်ပြီး တဆင့်။ နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ NCA လမ်းကြောင်းကတော့ ကျနော်တို့က လျှောက်မှာပဲ။ ကျနော်တို့ ဒီပေါ်မှာ ရပ်တည်တယ်။ နောက် ကျနော်တို့ တိုင်းရင်းသားအင်အားစုတွေ ကိုယ်နှိုက်ကလည်းပဲ လိုအပ်လို့ရှိရင် ပြည်သူနဲ့အတူပေါင်းပြီးတော့ အခုဖြစ်တဲ့အရေးအခင်းမှာ တတိယအင်အားစု ပြည်တွင်းအနေနဲ့ပေါ့ဗျာ... ကျနော်တို့လည်း ကြိုးပမ်းမယ်။”

လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ ဖြေရှင်းဖို့အတွက်ကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ပါဝင်ဖြေရှင်းဖို့ကိုလည်း တိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ RCSS က အာဏာသိမ်းတာကို ဒီလ ၁ ရက်နေ့ကပဲ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။ နိုင်ငံရေး ပြဿနာတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းကြောင်းလည်း RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ပြောပါတယ်။

“အနှစ်ချုပ်အနေနဲ့ကျတော့ အာဏာသိမ်းတာ ဒီယုံကြည်မှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်တယ်ဆိုတဲ့အကြောင်း။ နောက် နံပတ် ၂ ကျတော့ RCSS က ဖက်ဒရယ်နဲ့ ဒီမိုကရေစီ စံနှုန်းအပေါ် ရပ်တည်တယ်။ ပြည်သူလူထုနဲ့ တစ်သားတည်း ရပ်တည်သွားမယ်ဆိုတာ။ တတိယအချက်ကျတော့ NCA ရပ်တန့်သွားနိုင်တယ်ပေါ့နော်။ အာဏာသိမ်းတဲ့အတွက်ကြောင့် NCA လုပ်ငန်းစဉ်တွေ ရပ်တန့်သွားနိုင်တယ်။ နောက်ဆုံးတစ်ချက်ကျတော့ ကျနော်တို့ တိုက်တွန်းချက်ပေါ့။ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းတဲ့အချက်ပါ။”

ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း အာဏာသိမ်းတဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထိခိုက်စေတယ်လို့ အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှုးက ပြောပါတယ်။

“ဒီအာဏာသိမ်းလိုက်တယ်ဆိုတဲ့ ကိစ္စကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အကြီးအကျယ် အဟန့်အတားဖြစ်စေတာပေါ့။ နောက်ပြီးတော့ NCA အရ ကျနော်တို့ လက်ခံထားတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ သံဓိဌာန်အပေါ်မှာလည်း စိန်ခေါ်မှုတွေ မြင်ရတာပေါ့နော်။ ဒီဟာက လေးနက်မှု မရှိဘူးဆိုတာလား ဆိုတာမျိုးတော့ ဖြစ်လာစေပါတယ်။”

ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးမှာ စိန်ခေါ်မှုတွေ ကြုံနေရတဲ့ အချိန်မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ပြည်တွင်း၊ ပြည်ပ ဖိအားတွေက အကြပ်အတည်းတွေ ပိုဆိုးလာမှာ စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား အင်အားစုတွေကြား ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ပဒိုစောတာဒိုမှုးကပြောပါတယ်။

“တပ်မတော်ဘက်က သဘောထား ရှင်းရှင်းလင်းလင်းကတော့ သိဖို့ လိုသေးတာပေါ့နော်။ ဥပမာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးကနေ ကြေညာချက် ၁/၂၀၂၁ ဆိုရင် အမှတ်စဉ် ၅ မှာက NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်မယ်ဆိုတော့ အဲဒီဟာ ဖြစ်နိုင်သမျှ ဆိုတဲ့ စကားလုံးကတော့ ကျနော်တို့ ရှင်းလင်းအောင် လုပ်ဖို့ လိုတာပေါ့နော်။ ဒီအခြေခံနဲ့ပတ်သက်လို့တော့ လောလောဆယ်တော့ ကျနော် များများ မပြောလိုပါဘူး။ ဒါပေမဲ့ ထိခိုက်မှုရှိတယ်ဆိုတာတော့ သေချာတယ်။ ဒီဟာကို ဘယ်လို ပြန်လည်ပြီးတော့ ကုစားမလဲဆိုတာပဲ ကျနော်က ပိုပြီးဆွေးနွေးလိုပါတယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်အမှတ် ၁/၂၀၂၁ မှာတော့ တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ပါ သဘောတူညီချက်တွေအတိုင်း တတ်နိုင်သမျှ အလေးထားဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။

ပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်မှာလည်း ငြိမ်းချမ်းရေးဟာ မဖြစ်မနေဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် NCA လက်မှတ်ထိုးအဖွဲ့တွေ၊ မထိုးသေးတဲ့အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်ဆွေးနွေးနိုင်ဖို့ အဖွဲ့ဝင် ၄ ဦးပါ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို အဖွဲ့ဝင် ၇ ဦးထိ တိုးမြှင့်ဖွဲ့စည်းကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG