[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တာကို ကန္႔ကြက္ဖို႔ လႈံေဆာ္မႈေတြထြက္ေပၚလာေနတဲ့ အခ်ိန္မွာပဲ ဝန္ထမ္းတခ်ိဳ႕ အလုပ္က ထြက္တာ၊ ႐ုံးမတက္ဘဲ ဆႏၵျပလႈပ္ရွားမႈေတြရွိေနတဲ့ အေၾကာင္းေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက သတင္းေပးပို႔ထားပါတယ္။
NLD အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ ဦးေဆာင္တဲ့ အရပ္သား အစုိးရကုိ ဖယ္ရွားၿပီး အာဏာသိမ္းလုိက္တဲ့ လုပ္ရပ္ကုိ ကန္႔ကြက္ၾကဖုိ႔ က်န္းမာေရးဌာန အပါအ၀င္၀န္ထမ္းတခ်ဳိ႕ စတင္လုိက္ၾကတာပါ။ မႏၲေလး ကုတင္ ၃၀၀ ကေလးေဆး႐ုံက လက္ေထာက္ဆရာဝန္ေတြဟာ ဆုိရင္လည္း ေဖေဖာ္ဝါရီ ၃ ရက္ ဗုဒၶဟူးေန႔ကစလို႔ စစ္အစိုးရလက္ေအာက္မွာ အလုပ္တာဝန္ေတြကို ဆက္မလုပ္ေတာ့ပဲ အႏုနည္းနဲ႔ ဆန္႔က်င္တဲ့ လႈပ္ရွားမႈကုိ စတင္ဖုိ႔ စီစဥ္ထားေၾကာင္း ဒီလႈပ္ရွားမႈမွာ ပါဝင္တဲ့ ေဒါက္တာဟိန္းဝင့္ဝါက ေျပာပါတယ္။
“အခုအခ်ိန္မွာ အစိုးရအဖြဲ႕နဲ႔ ျပည္သူ႔ကိုယ္စားလွယ္ေတြကို လက္နက္ကိုင္ စစ္အုပ္စုကေနၿပီးေတာ့ တရားနည္းလမ္းမက် အဓမၼအာဏာသိမ္းထားတာေပါ့ေနာ္။ က်ေနာ္တို႔က ျပည္သူေတြျဖစ္တဲ့အတြက္ အားလုံးနဲ႔အတူ ပူးေပါင္းပါဝင္မယ္ဆိုတာကို ေျပာတာေပါ့ေနာ္။ ၿပီးေတာ့ ေလာေလာဆယ္မွာ က်ေနာ္တို႔က ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္မယ္။ ဘယ္လိုလုပ္မလဲဆိုေတာ့ မနက္ျဖန္ ၃ ရက္ေန႔ကေန စၿပီး က်ေနာ္တို႔က က်ေနာ္တို႔ရဲ႕ တာဝန္က်ရာကို မသြားဘဲနဲ႔ေပါ့ေနာ္။ ဒီစစ္အစိုးရလက္ေအာက္မွာ တစ္ရက္မွ အလုပ္မလုပ္ဘူးဆိုတဲ့ ဒီ Disobedience Camping ကို စလုပ္ဖို႔ က်ေနာ္တို႔ စီစဥ္ထားတာေပါ့ေႏွာ္။ ေလာေလာဆယ္မွာေတာ့ က်ေနာ္တို႔က မႏၲေလး ကုတင္ ၃၀၀ ကေလးေဆး႐ုံမွာရွိတဲ့ လက္ေထာက္ဆရာဝန္ေတြ အားလုံးပါတယ္။ ၿပီးေတာ့ အျခားေဆး႐ုံေတြက တစ္ဦးခ်င္း ပူးေပါင္းပါဝင္တဲ့ ဆရာဝန္ေတြ ခုဆိုရင္ ရာဂဏန္း ရွိေနၿပီေပါ့ေနာ္။ တကယ္လို႔ ေဆး႐ုံတစ္ခုလုံးမွာ ရွိတဲ့ လက္ေထာက္ဆရာဝန္ေတြအားလုံး ပါဝင္မယ္ဆိုရင္ေတာ့ ခုေၾကညာခ်က္ထုတ္သလိုမ်ိဳးပဲ ေဆး႐ုံတစ္ခုခ်င္းစီရဲ႕ နာမည္တပ္ၿပီးေတာ့ ဆက္ၿပီးလုပ္သြားဖို႔လည္းရွိပါတယ္။”
အစုိးရ႐ုံးစုိက္ရာ ေနျပည္ေတာ္၊ ရန္ကုန္စတဲ့ ၿမိဳ႕ေတြက ဆရာ၀န္၊ သူနာျပဳေတြနဲ႔ ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ၀န္ထမ္းေတြပါ အႏုနည္းနဲ႔ အာဏာဖီဆန္တဲ့ လႈပ္ရွားမႈမွာ ပူးေပါင္းပါ၀င္မယ့္အေၾကာင္း အင္တာနက္လူမႈကြန္ရက္ စာမ်က္ႏွာေတြမွာ ေဖာ္ျပတာေတြလည္း ေတြ႔လာရပါတယ္။
မႏၱေလးတုိင္း၊ ေညာင္ဦးေဆး႐ုံက ေဒါက္တာစည္သူေက်ာ္ကေတာ့ အစိုးရ ဝန္ထမ္းေတြ အားလုံး အာဏာရွင္ ဆန္႔က်င္ေရး လႈပ္ရွားမႈမွာ ပါဝင္ၾကဖုိ႔ တုိက္တြန္းထားပါတယ္။
“ဒါက ေလာေလာဆယ္ေတာ့ က်ေနာ္တို႔ က်န္းမာေရးဌာနေလ။ က်န္းမာေရးဌာနဘက္ကေန တတပ္တအားလုပ္တာပဲေလ။ ျပည္သူေတြကလည္း သူတို႔ဟာနဲ႔သူတို႔ ၿပီးေတာ့ အစိုးရအဖြဲ႕ေတြ၊ ဝန္ထမ္းေတြပါ ပါလာရင္ေတာ့ ပိုၿပီးေတာ့ ထိေရာက္မယ္ထင္ပါတယ္။ ဒီႏိုင္ငံေတာ္ ယႏၲရားဆိုတာ က်ေနာ္တို႔ က်န္းမာေရးတစ္ခုတည္းမွ မဟုတ္တာေနာ္။ က်ေနာ္တို႔က စလုပ္ရင္ က်န္တဲ့ သူေတြပါ ပါလာမယ္လို႔ ထင္ပါတယ္။”
တခ်ိန္တည္းမွာပဲ အာဏာသိမ္းတဲ့ လုပ္ရပ္ကုိ ဆန္႔က်င္တဲ့ အေနနဲ႔ အစိုးရ အရာထမ္း အမႈထမ္းေတြ စစ္အစိုးရရဲ႕ အုပ္ခ်ဳပ္ေရး ယႏၱယားကုိ ရပ္ဆုိင္းေအာင္လုပ္ၾကဖုိ႔လည္း ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ (ဗကသ) က ဒီကေန႔ပဲ တုိက္တြန္းလုိက္ပါတယ္။
ဗကသအဖဲြ႔ ဒုတိယ ဥကၠ႒ ဦးေအာင္ျပည့္စုံၿဖိဳးကေတာ့ အၾကမ္းမဖက္တဲ့နည္းနဲ႔ ဆန္႔က်င္ဖုိ႔ တုိက္တြန္းရတာလုိ႔ ေျပာပါတယ္။
“ဒီယႏၲယားနဲ႔ ပတ္သက္ၿပီးေတာ့ ဒီစစ္အာဏာသိမ္းတာနဲ႔ ပတ္သက္ၿပီးေတာ့ ဒီလို ျပည္သူေတြကို အစိုးရ ဝန္ထမ္းေတြ အခ်င္းခ်င္း တိုက္တြန္းတာဟာ လုပ္ငန္းစဥ္ထဲက တစ္ခုေပါ့။ ထိုနည္း၄င္းပဲ ဒီစစ္အာဏာရွင္စနစ္ကို အျခားေသာနည္းလမ္းေတြနဲ႔ ေတာ္လွန္ဖို႔ တြန္းလွန္ဖို႔ အတြက္လည္း က်ေနာ္တို႔ လုပ္ေဆာင္သြားအုံးမွာပါ။ ဒီလို အာဏာသိမ္းတာဟာ က်ေနာ္တို႔ တိုင္းျပည္ကို ေခ်ာက္ထဲ ဆြဲခ်ၿပီးရင္း ဆြဲခ်ေနတာျဖစ္တယ္။ သမိုင္းတစ္ေလွ်ာက္လုံးဆြဲခ်ခဲ့တာျဖစ္တဲ့အတြက္ က်ေနာ္တို႔က ဘယ္လိုမွ လက္ခံမွာမဟုတ္ဘူး။ က်ေနာ္တို႔ တတ္ႏိုင္တဲ့ နည္းလမ္းနဲ႔ ႀကိဳးစားသြားမွာျဖစ္တယ္။ အကယ္၍ က်ေနာ္တို႔ မတြန္းလွန္သြားဘူးဆိုရင္ က်ေနာ္တို႔ မတြန္းလွန္တဲ့ အႀကိဳးဆက္ကို က်ေနာ္တို႔ မ်ိဳးဆက္ေတြ ခံစားသြားရမွာပဲ။”
တုိင္းျပည္အာဏာကုိ လဲႊေျပာင္းယူလုိက္ေၾကာင္း မေန႔တုန္းက တရား၀င္ေၾကညာလုိက္တဲ့ ေန႔မွာပဲ တပ္မေတာ္ကေတာ့ အရပ္သားအစုိးရ အဖဲြ႔၀င္ေတြကုိ ဖယ္ရွားလုိက္ၿပီး၊ အစုိးရအဖဲြ႔၀င္ အသစ္ေတြကုိလည္း ေၾကညာခဲ့ပါတယ္။
[Unicode Version]
စစ်အာဏာသိမ်းမှုကန့်ကွက်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု တချို့ရှိ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို ကန့်ကွက်ဖို့ လှုံဆော်မှုတွေထွက်ပေါ်လာနေတဲ့ အချိန်မှာပဲ ဝန်ထမ်းတချို့ အလုပ်က ထွက်တာ၊ ရုံးမတက်ဘဲ ဆန္ဒပြလှုပ်ရှားမှုတွေရှိနေတဲ့ အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သား အစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ကန့်ကွက်ကြဖို့ ကျန်းမာရေးဌာန အပါအဝင်ဝန်ထမ်းတချို့ စတင်လိုက်ကြတာပါ။ မန္တလေး ကုတင် ၃၀၀ ကလေးဆေးရုံက လက်ထောက်ဆရာဝန်တွေဟာ ဆိုရင်လည်း ဖေဖော်ဝါရီ ၃ ရက် ဗုဒ္ဓဟူးနေ့ကစလို့ စစ်အစိုးရလက်အောက်မှာ အလုပ်တာဝန်တွေကို ဆက်မလုပ်တော့ပဲ အနုနည်းနဲ့ ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို စတင်ဖို့ စီစဉ်ထားကြောင်း ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဒေါက်တာဟိန်းဝင့်ဝါက ပြောပါတယ်။
“အခုအချိန်မှာ အစိုးရအဖွဲ့နဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို လက်နက်ကိုင် စစ်အုပ်စုကနေပြီးတော့ တရားနည်းလမ်းမကျ အဓမ္မအာဏာသိမ်းထားတာပေါ့နော်။ ကျနော်တို့က ပြည်သူတွေဖြစ်တဲ့အတွက် အားလုံးနဲ့အတူ ပူးပေါင်းပါဝင်မယ်ဆိုတာကို ပြောတာပေါ့နော်။ ပြီးတော့ လောလောဆယ်မှာ ကျနော်တို့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မယ်။ ဘယ်လိုလုပ်မလဲဆိုတော့ မနက်ဖြန် ၃ ရက်နေ့ကနေ စပြီး ကျနော်တို့က ကျနော်တို့ရဲ့ တာဝန်ကျရာကို မသွားဘဲနဲ့ပေါ့နော်။ ဒီစစ်အစိုးရလက်အောက်မှာ တစ်ရက်မှ အလုပ်မလုပ်ဘူးဆိုတဲ့ ဒီ Disobedience Camping ကို စလုပ်ဖို့ ကျနော်တို့ စီစဉ်ထားတာပေါ့နှော်။ လောလောဆယ်မှာတော့ ကျနော်တို့က မန္တလေး ကုတင် ၃၀၀ ကလေးဆေးရုံမှာရှိတဲ့ လက်ထောက်ဆရာဝန်တွေ အားလုံးပါတယ်။ ပြီးတော့ အခြားဆေးရုံတွေက တစ်ဦးချင်း ပူးပေါင်းပါဝင်တဲ့ ဆရာဝန်တွေ ခုဆိုရင် ရာဂဏန်း ရှိနေပြီပေါ့နော်။ တကယ်လို့ ဆေးရုံတစ်ခုလုံးမှာ ရှိတဲ့ လက်ထောက်ဆရာဝန်တွေအားလုံး ပါဝင်မယ်ဆိုရင်တော့ ခုကြေညာချက်ထုတ်သလိုမျိုးပဲ ဆေးရုံတစ်ခုချင်းစီရဲ့ နာမည်တပ်ပြီးတော့ ဆက်ပြီးလုပ်သွားဖို့လည်းရှိပါတယ်။”
အစိုးရရုံးစိုက်ရာ နေပြည်တော်၊ ရန်ကုန်စတဲ့ မြို့တွေက ဆရာဝန်၊ သူနာပြုတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းတွေပါ အနုနည်းနဲ့ အာဏာဖီဆန်တဲ့ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်မယ့်အကြောင်း အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြတာတွေလည်း တွေ့လာရပါတယ်။
မန္တလေးတိုင်း၊ ညောင်ဦးဆေးရုံက ဒေါက်တာစည်သူကျော်ကတော့ အစိုးရ ဝန်ထမ်းတွေ အားလုံး အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
“ဒါက လောလောဆယ်တော့ ကျနော်တို့ ကျန်းမာရေးဌာနလေ။ ကျန်းမာရေးဌာနဘက်ကနေ တတပ်တအားလုပ်တာပဲလေ။ ပြည်သူတွေကလည်း သူတို့ဟာနဲ့သူတို့ ပြီးတော့ အစိုးရအဖွဲ့တွေ၊ ဝန်ထမ်းတွေပါ ပါလာရင်တော့ ပိုပြီးတော့ ထိရောက်မယ်ထင်ပါတယ်။ ဒီနိုင်ငံတော် ယန္တရားဆိုတာ ကျနော်တို့ ကျန်းမာရေးတစ်ခုတည်းမှ မဟုတ်တာနော်။ ကျနော်တို့က စလုပ်ရင် ကျန်တဲ့ သူတွေပါ ပါလာမယ်လို့ ထင်ပါတယ်။”
တချိန်တည်းမှာပဲ အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ အနေနဲ့ အစိုးရ အရာထမ်း အမှုထမ်းတွေ စစ်အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တယားကို ရပ်ဆိုင်းအောင်လုပ်ကြဖို့လည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။
ဗကသအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ပြည့်စုံဖြိုးကတော့ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ဖို့ တိုက်တွန်းရတာလို့ ပြောပါတယ်။
“ဒီယန္တယားနဲ့ ပတ်သက်ပြီးတော့ ဒီစစ်အာဏာသိမ်းတာနဲ့ ပတ်သက်ပြီးတော့ ဒီလို ပြည်သူတွေကို အစိုးရ ဝန်ထမ်းတွေ အချင်းချင်း တိုက်တွန်းတာဟာ လုပ်ငန်းစဉ်ထဲက တစ်ခုပေါ့။ ထိုနည်း၎င်းပဲ ဒီစစ်အာဏာရှင်စနစ်ကို အခြားသောနည်းလမ်းတွေနဲ့ တော်လှန်ဖို့ တွန်းလှန်ဖို့ အတွက်လည်း ကျနော်တို့ လုပ်ဆောင်သွားအုံးမှာပါ။ ဒီလို အာဏာသိမ်းတာဟာ ကျနော်တို့ တိုင်းပြည်ကို ချောက်ထဲ ဆွဲချပြီးရင်း ဆွဲချနေတာဖြစ်တယ်။ သမိုင်းတစ်လျှောက်လုံးဆွဲချခဲ့တာဖြစ်တဲ့အတွက် ကျနော်တို့က ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူး။ ကျနော်တို့ တတ်နိုင်တဲ့ နည်းလမ်းနဲ့ ကြိုးစားသွားမှာဖြစ်တယ်။ အကယ်၍ ကျနော်တို့ မတွန်းလှန်သွားဘူးဆိုရင် ကျနော်တို့ မတွန်းလှန်တဲ့ အကြိုးဆက်ကို ကျနော်တို့ မျိုးဆက်တွေ ခံစားသွားရမှာပဲ။”
တိုင်းပြည်အာဏာကို လွဲှပြောင်းယူလိုက်ကြောင်း မနေ့တုန်းက တရားဝင်ကြေညာလိုက်တဲ့ နေ့မှာပဲ တပ်မတော်ကတော့ အရပ်သားအစိုးရ အဖွဲ့ဝင်တွေကို ဖယ်ရှားလိုက်ပြီး၊ အစိုးရအဖွဲ့ဝင် အသစ်တွေကိုလည်း ကြေညာခဲ့ပါတယ်။