သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈေၾကာင့္ ကန္ ျမန္မာကုန္သြယ္ေရး ထိခိုက္နိုင္


ရန္ကုန္ၿမိဳ႕ ဟိႏၵဴဘုရားေက်ာင္းေရွ႕အနီးမွာ ေတြ႔ရတဲ့ ျမန္မာစစ္တပ္ တပ္ဖဲြ႔ဝင္တဦး။ (ေဖေဖာ္ဝါရီ ၀၂၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တဲ့အတြက္ အေမရိကန္နဲ႔ျမန္မာ့ ကုန္သြယ္ေရး သိသိသာသာက်ဆင္းသြားမယ္လို႔ ကၽြမ္းက်င္သူေတြက သတိေပးလိုက္ပါတယ္။ ျမန္မာစစ္တပ္က ႏုိင္ငံေရးေခါင္းေဆာင္ေတြကို ဖမ္းဆီးထိန္းသိမ္းထားတဲ့အေပၚ ဆန္႔က်င္ကန္႔ကြက္ထားတဲ့ အေမရိကန္သမၼတအိမ္ျဖဴေတာ္ကလည္း ႏွစ္ႏုိင္ငံကုန္သြယ္ေရးသေဘာတူညီမႈကို ျပန္သုံးသပ္ေနေၾကာင္း တနလၤာေန႔ကေျပာပါတယ္။

"လြန္ခဲ့တဲ့ ၁၀ စုႏွစ္အတြင္း ျမန္မာ့ဒီမိုကေရစီေရးလုပ္ငန္းေတြ တိုးတက္လာတဲ့အတြက္အေမရိကန္ရဲ ႔ ဒဏ္ခတ္ပိတ္ဆုိ႔မႈေတြ ဖယ္ရွားေပးခဲ့ပါတယ္။ အဲဒီ တိုးတက္မႈေတြ ေနာက္ျပန္လွည့္သြားမယ္ဆိုရင္ေတာ့ အေမရိကန္ရဲ ႔ ဒဏ္ခတ္ပိတ္ဆုိ႔မႈေတြနဲ႔ အခြင့္အာဏာကို ခ်က္ခ်င္းျပန္သုံးသပ္ရပါလိမ့္မယ္။ ၿပီးရင္ေတာ့ သင့္ေတာ္သလိုေဆာင္ရြက္မွာျဖစ္ပါတယ္” လို႔ အိမ္ျဖဴေတာ္ေျပာခြင့္ရသူ Jen Psaki က ေန႔စဥ္သတင္းစာရွင္းလင္းပြဲမွာ ေျပာဆုိသြားတာပါ။

၂၀၁၃ ခုႏွစ္ကတည္းစၿပီး ျမန္မာနဲ႔အေမရိကန္ၾကား ကုန္သြယ္ေရးသေဘာတူညီမႈနဲ႔ ပုံမွန္ခ်ိတ္ဆက္ေဆာင္ရြက္လာသလို ျမန္မာအေပၚ ခ်မွတ္ထားတဲ့ အေမရိကန္ရဲ ႔ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ အဆုံးသတ္သြားခ့ဲတာျဖစ္ပါတယ္။ အေမရိကန္စာရင္းအင္းဗ်ဴရုိအရ ႏွစ္ႏိုင္ငံကုန္သြယ္မႈတန္ဖိုးက ၂၀၁၉ ခုႏွစ္မွာ ေဒၚလာ ၁.၂ ဘီလီယံရွိရာကေန ၂၀၂၀ ခုႏွစ္မွာေတာ့ ၁.၃ ဘီလီယံထိ တိုးလာတာပါ။ အေမရိကန္ရဲ ႔ ဒဏ္ခတ္ပိတ္ဆုိ႔မႈေတြက ဖိနပ္လုပ္ငန္းအေပၚအေတာ္သက္ေရာက္မႈ ရွိလိ္မ့္မယ္လို႔ ရိုက္တာသတင္းကေျပာပါတယ္။ ျမန္မာႏိုင္ငံကေန အေမရိကန္ကို တင္သြင္းေနတဲ့ ကုန္ပစၥည္း ၄၁% က အဝတ္အစားနဲ႔ ဖိနပ္ေတြျဖစ္တယ္လို႔ S&P ကမၻာ့ကုန္သြယ္ေရးေစ်းကြက္ သုေတသနဌာနကေျပာပါတယ္။ ျမန္မာႏုိင္ငံကေန အေမရိကန္တို႔ ဝယ္ယူေနတဲ့အ၀တ္အစားေတြထဲမွာ LL Bean, H&M နဲ႔ Adidas တံဆိပ္ေတြလည္း ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အာဏာသိမ်းမှုကြောင့် ကန် မြန်မာကုန်သွယ်ရေး ထိခိုက်နိုင်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် အမေရိကန်နဲ့မြန်မာ့ ကုန်သွယ်ရေး သိသိသာသာကျဆင်းသွားမယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ မြန်မာစစ်တပ်က နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်ထားတဲ့ အမေရိကန်သမ္မတအိမ်ဖြူတော်ကလည်း နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီမှုကို ပြန်သုံးသပ်နေကြောင်း တနင်္လာနေ့ကပြောပါတယ်။

"လွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်း မြန်မာ့ဒီမိုကရေစီရေးလုပ်ငန်းတွေ တိုးတက်လာတဲ့အတွက်အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားပေးခဲ့ပါတယ်။ အဲဒီ တိုးတက်မှုတွေ နောက်ပြန်လှည့်သွားမယ်ဆိုရင်တော့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ အခွင့်အာဏာကို ချက်ချင်းပြန်သုံးသပ်ရပါလိမ့်မယ်။ ပြီးရင်တော့ သင့်တော်သလိုဆောင်ရွက်မှာဖြစ်ပါတယ်” လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Jen Psaki က နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

၂၀၁၃ ခုနှစ်ကတည်းစပြီး မြန်မာနဲ့အမေရိကန်ကြား ကုန်သွယ်ရေးသဘောတူညီမှုနဲ့ ပုံမှန်ချိတ်ဆက်ဆောင်ရွက်လာသလို မြန်မာအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ အမေရိကန်စာရင်းအင်းဗျူရိုအရ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးက ၂၀၁၉ ခုနှစ်မှာ ဒေါ်လာ ၁.၂ ဘီလီယံရှိရာကနေ ၂၀၂၀ ခုနှစ်မှာတော့ ၁.၃ ဘီလီယံထိ တိုးလာတာပါ။ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက ဖိနပ်လုပ်ငန်းအပေါ်အတော်သက်ရောက်မှု ရှိလိမ့်မယ်လို့ ရိုက်တာသတင်းကပြောပါတယ်။ မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်သွင်းနေတဲ့ ကုန်ပစ္စည်း ၄၁% က အဝတ်အစားနဲ့ ဖိနပ်တွေဖြစ်တယ်လို့ S&P ကမ္ဘာ့ကုန်သွယ်ရေးဈေးကွက် သုတေသနဌာနကပြောပါတယ်။ မြန်မာနိုင်ငံကနေ အမေရိကန်တို့ ဝယ်ယူနေတဲ့အဝတ်အစားတွေထဲမှာ LL Bean, H&M နဲ့ Adidas တံဆိပ်တွေလည်း ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG