သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္ အာဏာရယူမႈ ကုလတုံ႔ျပန္ခ်က္


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres

(Zawgyi/Unicode)

ျမန္မာ စစ္တပ္က ႏုိင္ငံရဲ႕ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရး အာဏာေတြကို လႊဲေျပာင္းရယူေၾကာင္း ေၾကညာခဲ႔တဲ႔ အေပၚ အထူး စိုးရိမ္ေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ေျပာဆိုေၾကာင့္ ေျပာခြင့္ရက ေၾကညာခ်က္ ထုတ္ပါတယ္။

ဒီလုပ္ရပ္ေတြဟာဆိုရင္ ျမန္မာႏုိင္ငံတြင္း ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈကို အႀကီးအက်ယ္ ယုတ္ေလ်ာ့ေစတယ္လို႔လည္း ေဖာ္ျပပါတယ္။ ႏုိင္ငံေတြ အေနနဲ႔ ျမန္မာ အေပၚ ဒဏ္ခတ္ အေရးယူၾကဖို႔ ျမန္မာဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews ကလည္း တိုက္တြန္းပါတယ္။

ဒီမိုကေရစီ ျပန္လည္ က်င့္သံုးခ်ိန္ အထိ ျမန္မာ အေပၚ လက္နက္ ေရာင္းခ်မႈပိတ္ပင္ေရး၊ ျပင္းထန္တဲ႔ ပစ္မွတ္ထား ဒဏ္ခတ္ အေရးယူမႈေတြ ခ်မွတ္ေရး အပါအ၀င္ ျပင္းျပင္းထန္ထန္ အေရးယူ ေဆာင္ရြက္ဖို႔ အေရးႀကီးတယ္လို႔ ျမန္မာဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews က ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။ ဥေရာပ သမဂၢ၊ ၿဗိတိန္၊ ၾသစေတးလ်၊ အိႏၵိယ၊ ဂ်ပန္နဲ႔ စကာၤပူ ႏုိင္ငံတို႔ကလည္း စိုးရိမ္ေၾကာင္း ေျပာဆိုထားပါတယ္။

............

မြန်မာစစ်တပ် အာဏာရယူမှု ကုလတုံ့ပြန်ချက်
(Unicode)

မြန်မာ စစ်တပ်က နိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေကို လွှဲပြောင်းရယူကြောင်း ကြေညာခဲ့တဲ့ အပေါ် အထူး စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောဆိုကြောင့် ပြောခွင့်ရက ကြေညာချက် ထုတ်ပါတယ်။

ဒီလုပ်ရပ်တွေဟာဆိုရင် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အကြီးအကျယ် ယုတ်လျော့စေတယ်လို့လည်း ဖော်ပြပါတယ်။ နိုင်ငံတွေ အနေနဲ့ မြန်မာ အပေါ် ဒဏ်ခတ် အရေးယူကြဖို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကလည်း တိုက်တွန်းပါတယ်။

ဒီမိုကရေစီ ပြန်လည် ကျင့်သုံးချိန် အထိ မြန်မာ အပေါ် လက်နက် ရောင်းချမှုပိတ်ပင်ရေး၊ ပြင်းထန်တဲ့ ပစ်မှတ်ထား ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ရေး အပါအဝင် ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ကြေညာချက်မှာ ပြောဆိုထားပါတယ်။ ဥရောပ သမဂ္ဂ၊ ဗြိတိန်၊ သြစတေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ စကာၤပူ နိုင်ငံတို့ကလည်း စိုးရိမ်ကြောင်း ပြောဆိုထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG