သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္စီးပြားနာလန္ထူေရး ကူညီမႈအေပၚ သမၼတ နဲ႔ ရီပတ္ဘလစ္ကင္ အမတ္ေတြ သေဘာကြဲ


သမၼတ ဂ်ိဴးဘိုင္ဒင္ က ရီပတ္ဘလစ္ကန္ အထက္လႊတ္ေတာ္အမတ္ ၁၀ ဦးနဲ ့အိမ္ျဖဴေတာ္မွာ ေဆြးေႏြး

(Zawgyi/Unicode)

အေမရိကန္ႏိုင္ငံမွာ COVID-19 ေၾကာင့္စီးပြားက်ဆင္းေနတာကို ျပန္လည္ကူညီနိုင္ဖို ့အတြက္ သမၼတ ဂ်ိဴးဘိုင္ဒင္ဟာ တနလၤာေန ့မွာ ရီပတ္ဘလစ္ကန္ အထက္လႊတ္ေတာ္အမတ္ ၁၀ ဦးနဲ ့အိမ္ျဖဴေတာ္မွာ လက္ခံေဆြးေႏြးခဲ့ပါတယ္။

ဒါေပမယ့္ ရန္ပံုေငြအတြက္ ဘယ္ေလာက္သံုးစြဲမယ္ဆိုတာကိုေတာ ့သေဘာတူညီမွု မရေသးပါဘူး။ သမၼတ ဘိုင္ဒင္က ၁.၉ ထရီလ်ံ ရန္ပံုေငြခ်ထားေပးဖို ့အဆိုျပဳခဲ့ေပမယ့္ အတိုက္အခံ လႊတ္ေတာ္အမတ္ေတြကေတာ့ ၆၁၈ ဘီလ်ံပဲ ခ်ထားေပးဖို ့တနဂၤေႏြေန ့မွာ ေတာင္းဆိုေနတာပါ။

ရီပတ္ဘလစ္ကန္လႊတ္ေတာ္အမတ္ေတြက တနဂၤေႏြေန ့တုန္းက ကယ္ဆယ္ကူညီေရးရန္ပံုေငြနဲ ့ပက္သက္ျပီး ညွိႏိႈင္းၾကရာမွာ မဲခြဲဆံုးျဖတ္တာမ်ိဳးတခုထဲထက္စာရင္ ေဆြးေႏြးညွိနိုွင္းၾကဖို ့တိုက္တြန္းထားတဲ့စာကို သမၼတ ဘိုင္ဒန္ဆီကို ရီပတ္ဘလစ္ကန္ေတြက ေပးပို ့ခဲ့ျပီးေနာက္ အိမ္ျဖဴေဆြးေႏြးပြဲ ေပၚေပါက္လာတာျဖစ္ပါတယ္။

သမၼတ ဘိုင္ဒန္က သူ ့ရဲ႕ Twitter စာမ်တ္ႏွာမွာေဖာ္ျပထားတာကေတာ့ အလုပ္ႀကိဳးစားတဲ့ အေမရိကန္ေတြဟာ အခုအခါမွာ အကူအညီလိုအပ္ေနၿပီး ဒါ့ေၾကာင့္သူဟာ ကြန္ဂရက္လႊတ္ေတာ္ အစည္းအေ၀းကိုေခၚယူၿပီး အလုပ္လက္မဲ့ အာမခံ အပါအ၀င္ အစားအစာေတြကို လူဆင္းရဲေတြရဲ့ စားပြဲေပၚကို ေရာက္ရွိလာေစဖို ့အေမရိကန္ေတြကယ္ဆယ္ေရးအစီအစဥ္ကို ခ်က္ခ်င္း ေအာင္ျမင္ေအာင္လုပ္ေဆာင္ရတာျဖစ္တယ္လို ့ဆိုပါတယ္။

ဆက္လက္ျပီး သမၼတ ဘိုင္ဒန္က လိုအပ္လာမယ္ဆိုရင္ သူ ့ရဲ့ ဒီမိုကရက္ပါတီအေနနဲ ့ပါတီလိုင္းကေန မဲေပးျခင္းအပါအ၀င္ ဒီအကူအညီေပးေရး အစီအစဥ္ကို လုပ္ေဆာင္သြားမယ္လို ့လည္း ေျပာသြားပါတယ္။

...............

ကန်စီးပွားနာလန်ထူရေး ကူညီမှုအပေါ် သမ္မတ နဲ့ ရီပတ်ဘလစ်ကင် အမတ်တွေ သဘောကွဲ

(Unicode)

အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့်စီးပွားကျဆင်းနေတာကို ပြန်လည်ကူညီနိုင်ဖို့အတွက် သမ္မတ ဂျိူးဘိုင်ဒင်ဟာ တနင်္လာနေ့မှာ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ၁၀ ဦးနဲ့အိမ်ဖြူတော်မှာ လက်ခံဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ရန်ပုံငွေအတွက် ဘယ်လောက်သုံးစွဲမယ်ဆိုတာကိုတော့သဘောတူညီမှု မရသေးပါဘူး။ သမ္မတ ဘိုင်ဒင်က ၁.၉ ထရီလျံ ရန်ပုံငွေချထားပေးဖို့အဆိုပြုခဲ့ပေမယ့် အတိုက်အခံ လွှတ်တော်အမတ်တွေကတော့ ၆၁၈ ဘီလျံပဲ ချထားပေးဖို့တနင်္ဂနွေနေ့မှာ တောင်းဆိုနေတာပါ။

ရီပတ်ဘလစ်ကန်လွှတ်တော်အမတ်တွေက တနင်္ဂနွေနေ့တုန်းက ကယ်ဆယ်ကူညီရေးရန်ပုံငွေနဲ့ပက်သက်ပြီး ညှိနှိုင်းကြရာမှာ မဲခွဲဆုံးဖြတ်တာမျိုးတခုထဲထက်စာရင် ဆွေးနွေးညှိနိုှင်းကြဖို့တိုက်တွန်းထားတဲ့စာကို သမ္မတ ဘိုင်ဒန်ဆီကို ရီပတ်ဘလစ်ကန်တွေက ပေးပို့ခဲ့ပြီးနောက် အိမ်ဖြူဆွေးနွေးပွဲ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

သမ္မတ ဘိုင်ဒန်က သူ့ရဲ့ Twitter စာမျတ်နှာမှာဖော်ပြထားတာကတော့ အလုပ်ကြိုးစားတဲ့ အမေရိကန်တွေဟာ အခုအခါမှာ အကူအညီလိုအပ်နေပြီး ဒါ့ကြောင့်သူဟာ ကွန်ဂရက်လွှတ်တော် အစည်းအဝေးကိုခေါ်ယူပြီး အလုပ်လက်မဲ့ အာမခံ အပါအဝင် အစားအစာတွေကို လူဆင်းရဲတွေရဲ့ စားပွဲပေါ်ကို ရောက်ရှိလာစေဖို့အမေရိကန်တွေကယ်ဆယ်ရေးအစီအစဉ်ကို ချက်ချင်း အောင်မြင်အောင်လုပ်ဆောင်ရတာဖြစ်တယ်လို့ဆိုပါတယ်။

ဆက်လက်ပြီး သမ္မတ ဘိုင်ဒန်က လိုအပ်လာမယ်ဆိုရင် သူ့ရဲ့ ဒီမိုကရက်ပါတီအနေနဲ့ပါတီလိုင်းကနေ မဲပေးခြင်းအပါအဝင် ဒီအကူအညီပေးရေး အစီအစဉ်ကို လုပ်ဆောင်သွားမယ်လို့လည်း ပြောသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG