သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အာဏာသိမ်းမှု အပေါ် အမေရိကန် လွှတ်တော်အမတ်များ တုံ့ပြန်ချက်


အမေရိကန်အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် ဒီမိုကရက်အမတ် Chuck Schumer နဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ပလီကန် ခေါင်းဆောင် Mitch McConnell
အမေရိကန်အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် ဒီမိုကရက်အမတ် Chuck Schumer နဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ပလီကန် ခေါင်းဆောင် Mitch McConnell

(Zawgyi/ Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန်အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် ဒီမိုကရက်အမတ် Chuck Schumer ကစိုးရိမ်တကြီးစောင့်ကြည့်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ သူတို့ဟာ သမ္မတ Biden အစိုးရနဲ့ ဒီအရေးမှာ တန်းတူ ရပ်တည်နေတယ်၊ ရီပါပလီကန် ခေါင်းဆောင် မစ်ချ်မက်ကော်နယ်လ် အနေနဲ့လည်း မြန်မာ့ နိုင်ငံရေးရဲ့ အခြေအနေ အပေါ် စိုးရိမ်မှုတွေရှိနေတဲ့အတွက် ပါတီနှစ်ရပ် ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုအတွက် မြန်မာပြည်သူတွေအတွက်ပါ အကျိုးစီးပွားဖြစ်ထွန်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။

အလားတူစွာပဲ အောက်လွှတ်တော်အမတ် Chris Smith ကလဲ မြန်မာနိုင်ငံမှာ ဖမ်းဆီးမှုတွေဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ဆိုးရွားတဲ့ နောက်ပြန်လျှောကျမှု တခုဖြစ်ပြီး ကမ္ဘာတဝှမ်း လွတ်လပ်မှုမြတ်နိုးသူတွေအတွက် အားလျော့စရာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်အာဏာသိမ်းမှု အပေါ် အမေရိကန် လွှတ်တော်အမတ်များ တုံ့ပြန်ချက်
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

(Unicode)





XS
SM
MD
LG