သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္နယ္အစိုးရအဖဲြ႔ဝင္နဲ႔ လႊတ္ေတာ္တာဝန္ရိွသူေတြ ျပန္လြတ္ေျမာက္


၂၀၂၀ ခုႏွစ္ ဇြန္လ ၁ ရက္ေန႔က ေနျပည္ေတာ္မွာ လုပ္တဲ့ လႊတ္ေတာ္အစည္းအေဝးကို လာတက္ၾကတဲ့ NLD လႊတ္ေတာ္အမတ္တခ်ိဳ႕။ (ဇြန္ ၀၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္ၿပီးေနာက္ ထိန္းသိမ္းထားတဲ့ တုိင္းနဲ႔ျပည္နယ္က အစုိးရအဖဲြ႔ဝင္ေတြကုိ ဒီကေန႔ပဲ ျပန္လႊတ္ေပးေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပုိင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပေပးပါမယ္။

တပ္မေတာ္က အာဏာသိမ္းၿပီးေနာက္ ထိန္းသိမ္းထားတဲ့ တုိင္းနဲ႔ျပည္နယ္ အစုိးရအဖဲြ႔၀င္ေတြကုိ ျပန္လႊတ္ေပးရာမွာ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္နဲ႔ တနသၤာရီတိုင္းတုိ႔က အစိုးရအဖြဲ႔ဝင္ေတြလည္း ပါ၀င္ခဲ့ၾကပါတယ္။ ျပန္လြတ္လာသူ တဦးျဖစ္တဲ့ ခ်င္းျပည္နယ္အစိုးရအဖြဲ႔ဝင္ လူမႈေရးဝန္ႀကီးေပါင္လြန္မင္းထန္ကေတာ့ သူ႔ကုိ မေန႔ညေနကပဲ ျပန္ခြင့္ျပဳလုိက္တာလုိ႔ ေျပာပါတယ္။

“မေန႔က မနက္ ၅ နာရီေလာက္ကစျပီးေတာ့ လာေခၚသြားေတာာ့ ဒုတိုင္းမွဴးက ညိွႏိႈင္းစရာ ရွိလို႔ လာေခၚတယ္။ ေန႔လယ္စာ စားၿပီး ညေနပိုင္းမွာ သူတို႔နဲ႔ေတြ႔တယ္။ က်ေနာ္ရယ္၊ ဦး၀ီေကာ စီမံဘ႑ာဝန္ႀကီးရယ္၊ မန္ဟင္ရယ္၊ က်ေနာ္တို႔ သံုးေယာက္ လုံနယ္ပါတယ္၊ အတြင္းေရးမွဴးပါတယ္။ သူတို႔နဲ႔ေတြ႕ျပီးေတာ့ သူက သူတို႔ရဲ႕ ဘာေၾကာင့္ဒီလိုလုပ္ရသလဲဆိုတာ ရွင္းျပတယ္။ အဲဒါၿပီးတာနဲ႔ နည္းနည္းစကားေျပာျပီးေတာ့ ညေနပိုင္းမွာ က်ေနာ္တို႔ကို ျပန္လႊတ္ေပးလိုက္တာေပါ့။”

ခ်င္းျပည္နယ္ ၀န္ၾကီးခ်ဳပ္အပါ၀င္ စီမံကိန္းႏွင့္ဘ႑ာေရး၀န္ႀကီးဦးဝီေကာရယ္၊ စိုက္ပ်ဴိးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ သတၱဳ၀န္ႀကီးဦးမာန္ဟင္ဒါလ္ရယ္၊ လမ္းပန္းဆက္သြယ္ေရး၀န္ၾကီး ဦးေရႊထီးယိုကို ျပန္လႊတ္ေပးခဲ့ေပမဲ့ လႊတ္ေတာ္ဥကၠ႒၊ ဒု-ဥကၠဌ၊ စည္ပင္သာယာေရး၀န္ၾကီး ဦးစိုးထက္တို႔ကို ျပန္လႊတ္ေပးတာ မေတြ႕ရေသးဘူးလို႔လည္း ေျပာပါတယ္။

“၀န္ၾကီးခ်ဳပ္က သူတို႔ကတည ဟိုမွာ အိပ္ရတယ္ထင္တယ္။ ဒီမနက္အထိက ဦးစိုးထက္ စည္ပင္၀န္ၾကီး၊ ဦးေဖြအာ၊ ၀န္ၾကီးလႊတ္ေတာ္ဥကၠ႒၊ ဒု-ဥကၠ႒ မျပန္လာေသးဘူး။ ၀န္ၾကီးခ်ဳပ္ေတာ့ျပန္လာျပီးေတာ့ၾကားတယ္။”

စစ္တပ္က ထိန္းသိမ္းၿပီး ျပန္လႊတ္ေပးလုိက္တဲ့ အစုိးရအဖဲြ႔၀င္ေတြအေနနဲ႔ ေဖေဖာ္၀ါရီ ၄ ရက္ေန႔ ၾကာသပေတးေန႔မွာ ေနာက္ဆုံးထားၿပီး အေဆာင္ေယာင္ေတြ ျပန္အပ္ဖုိ႔ ညြန္ၾကားထားတယ္လုိ႔လည္း ဝန္ႀကီးေပါင္လြန္မင္းထန္ကေျပာပါတယ္။

ထိန္းသိမ္းခံရသူေတြထဲက ကရင္ျပည္နယ္၀န္ၾကီးခ်ဳပ္အပါအ၀င္ အစိုးရအဖြဲ႕၀င္တခ်ဳိ႕ ျပန္လြတ္လာေၾကာင္းလည္း ၾကာအင္းဆိပ္ၾကီးျမိဳ႕နယ္ မဲဆႏၵနယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေစာတင္၀င္းကေျပာပါတယ္။

“က်ေနာ္တုိ႔ ကရင္ျပည္နယ္ ဝန္ၾကီးခ်ဳပ္ သူျပန္ေရာက္ေနတယ္လို႔ က်ေနာ္တို႔ သိရတယ္။ အားလုံးနီးပါးေတာ့ ျပန္လြတ္လာၾကျပီလို႔ ေျပာတယ္။”

အလားတူ မြန္ျပည္နယ္ဘက္မွာလည္း ၀န္ၾကီးခ်ဳပ္အပါ၀င္ အစိုးရအဖြဲ႕၀င္ေတြ ျပန္လြတ္လာေၾကာင္းကိုလည္း ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚမာမာခိုင္ကေျပာပါတယ္။

“ေနာက္ဆုံးအေျခအေနက က်မတို႔ ဒီထိန္းသိမ္းထားတဲ့ ၀န္ၾကီးခ်ဳပ္ေရာ၊ က်မတို႔ မြန္ျပည္နယ္ပါတီဥကၠ႒ေရာ ျပန္လႊတ္လိုက္ပါျပီး။”

ျပန္လြတ္လာတဲ့ ၀န္ၾကီးခ်ဳပ္နဲ႔ ၀န္ၾကီးေတြကိုေတာ့ အစိုးရအိမ္ယာမွာ အက်ယ္ခ်ဴပ္နဲ႔ ဆက္ထားတယ္လို႔လည္း ေျပာပါတယ္။

တနသၤာရီတိုင္းဘက္မွာေတာ့ စီမံကိန္းႏွင့္ ဘ႑ာေရး၀န္ႀကီးေဒၚရီရီခ်ိဳက လြဲရင္ အားလုံးျပန္လြတ္လာျပီလို႔ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ဟိန္းကေျပာပါတယ္။

“ေနာက္ဆုံးအေျခအေနက စီမံဘ႑ာ၀န္ၾကီး ေဒၚရီရီခ်ိဳ တေယာက္ပဲ ထိန္းသိမ္းထားတယ္ေပါ့ေနာ္။ က်န္တဲ့၀န္ၾကီးခ်ဳပ္တို႔ကေတာ့ ျပန္လႊတ္ေပးတယ္လို႔ ၾကားတယ္ေလ။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း ျပန္လႊတ္တယ္။ ဝန္ၾကီးခ်ဳပ္ကိုေတာ့ အက်ယ္ခ်ဳပ္သေဘာပါပဲ။”

ေဖေဖာ္ဝါရီ ၁ ရက္ေန႔ မနက္အေစာပိုင္းမွာ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊ သမၼတ အပါအဝင္ အစိုးရအဖြဲ႕ဝင္ေတြ၊ တိုင္းနဲ႔ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြနဲ႔ အစိုးရအဖြဲ႕ဝင္ေတြ ထိန္းသိမ္းခံခဲ့ရၿပီးေနာက္ မေန႔က ညေနေလာက္ကစျပီး ဝန္ႀကီးတခ်ိဳ႕ကို ျပန္လႊတ္ေပးခဲ့တာပါ။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ မနက္ပိုင္းက ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံေတာ္သမၼတ႐ုံးက အမိန႔္ ေၾကညာစာအမွတ္ ၁/၂၀၂၁ နဲ႔ နိုင္ငံေတာ္အား အေရးေပၚအေျခအေနေၾကညာခဲ့ၿပီး နိုင္ငံေတာ္ရဲ႕ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး တရားစီရင္ေရး အာဏာေတြကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ အာဏာလႊဲေျပာင္းလိုက္ေၾကာင္း ေၾကညာခဲ့ပါတယ္။

အခုလိုတပ္မေတာ္ကေန အေရးေပၚအေျခအေနေၾကညာျပီး အာဏာသိမ္းလာတဲ့အေပၚ ကုလသမဂၢနဲ႔ အေမရိကန္အပါအ၀င္ ႏုိင္ငံတကာအသုိင္းအ၀န္းကေတာ့ ျပစ္တင္ေျပာဆုိေနၾကသလို ဖမ္းဆီးထားတဲ့ သူေတြျပန္လႊတ္ေပးဖို႔လည္း ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်နယ်အစိုးရအဖွဲ့ဝင်နဲ့ လွှတ်တော်တာဝန်ရှိသူတွေ ပြန်လွတ်မြောက်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ထိန်းသိမ်းထားတဲ့ တိုင်းနဲ့ပြည်နယ်က အစိုးရအဖွဲ့ဝင်တွေကို ဒီကနေ့ပဲ ပြန်လွှတ်ပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

တပ်မတော်က အာဏာသိမ်းပြီးနောက် ထိန်းသိမ်းထားတဲ့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးရာမှာ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့က အစိုးရအဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။ ပြန်လွတ်လာသူ တဦးဖြစ်တဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးပေါင်လွန်မင်းထန်ကတော့ သူ့ကို မနေ့ညနေကပဲ ပြန်ခွင့်ပြုလိုက်တာလို့ ပြောပါတယ်။

“မနေ့က မနက် ၅ နာရီလောက်ကစပြီးတော့ လာခေါ်သွားတောာ့ ဒုတိုင်းမှူးက ညှိနှိုင်းစရာ ရှိလို့ လာခေါ်တယ်။ နေ့လယ်စာ စားပြီး ညနေပိုင်းမှာ သူတို့နဲ့တွေ့တယ်။ ကျနော်ရယ်၊ ဦးဝီကော စီမံဘဏ္ဍာဝန်ကြီးရယ်၊ မန်ဟင်ရယ်၊ ကျနော်တို့ သုံးယောက် လုံနယ်ပါတယ်၊ အတွင်းရေးမှူးပါတယ်။ သူတို့နဲ့တွေ့ပြီးတော့ သူက သူတို့ရဲ့ ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတာ ရှင်းပြတယ်။ အဲဒါပြီးတာနဲ့ နည်းနည်းစကားပြောပြီးတော့ ညနေပိုင်းမှာ ကျနော်တို့ကို ပြန်လွှတ်ပေးလိုက်တာပေါ့။”

ချင်းပြည်နယ် ဝန်ကြီးချုပ်အပါဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဝီကောရယ်၊ စိုက်ပျိူးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဦးမာန်ဟင်ဒါလ်ရယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယိုကို ပြန်လွှတ်ပေးခဲ့ပေမဲ့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဌ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်တို့ကို ပြန်လွှတ်ပေးတာ မတွေ့ရသေးဘူးလို့လည်း ပြောပါတယ်။

“ဝန်ကြီးချုပ်က သူတို့ကတည ဟိုမှာ အိပ်ရတယ်ထင်တယ်။ ဒီမနက်အထိက ဦးစိုးထက် စည်ပင်ဝန်ကြီး၊ ဦးဖွေအာ၊ ဝန်ကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ မပြန်လာသေးဘူး။ ဝန်ကြီးချုပ်တော့ပြန်လာပြီးတော့ကြားတယ်။”

စစ်တပ်က ထိန်းသိမ်းပြီး ပြန်လွှတ်ပေးလိုက်တဲ့ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ ကြာသပတေးနေ့မှာ နောက်ဆုံးထားပြီး အဆောင်ယောင်တွေ ပြန်အပ်ဖို့ ညွန်ကြားထားတယ်လို့လည်း ဝန်ကြီးပေါင်လွန်မင်းထန်ကပြောပါတယ်။

ထိန်းသိမ်းခံရသူတွေထဲက ကရင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်တချို့ ပြန်လွတ်လာကြောင်းလည်း ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စောတင်ဝင်းကပြောပါတယ်။

“ကျနော်တို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် သူပြန်ရောက်နေတယ်လို့ ကျနော်တို့ သိရတယ်။ အားလုံးနီးပါးတော့ ပြန်လွတ်လာကြပြီလို့ ပြောတယ်။”

အလားတူ မွန်ပြည်နယ်ဘက်မှာလည်း ဝန်ကြီးချုပ်အပါဝင် အစိုးရအဖွဲ့ဝင်တွေ ပြန်လွတ်လာကြောင်းကိုလည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကပြောပါတယ်။

“နောက်ဆုံးအခြေအနေက ကျမတို့ ဒီထိန်းသိမ်းထားတဲ့ ဝန်ကြီးချုပ်ရော၊ ကျမတို့ မွန်ပြည်နယ်ပါတီဥက္ကဋ္ဌရော ပြန်လွှတ်လိုက်ပါပြီး။”

ပြန်လွတ်လာတဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကိုတော့ အစိုးရအိမ်ယာမှာ အကျယ်ချူပ်နဲ့ ဆက်ထားတယ်လို့လည်း ပြောပါတယ်။

တနင်္သာရီတိုင်းဘက်မှာတော့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဒေါ်ရီရီချိုက လွဲရင် အားလုံးပြန်လွတ်လာပြီလို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းကပြောပါတယ်။

“နောက်ဆုံးအခြေအနေက စီမံဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချို တယောက်ပဲ ထိန်းသိမ်းထားတယ်ပေါ့နော်။ ကျန်တဲ့ဝန်ကြီးချုပ်တို့ကတော့ ပြန်လွှတ်ပေးတယ်လို့ ကြားတယ်လေ။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပြန်လွှတ်တယ်။ ဝန်ကြီးချုပ်ကိုတော့ အကျယ်ချုပ်သဘောပါပဲ။”

ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေ ထိန်းသိမ်းခံခဲ့ရပြီးနောက် မနေ့က ညနေလောက်ကစပြီး ဝန်ကြီးတချို့ကို ပြန်လွှတ်ပေးခဲ့တာပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတရုံးက အမိန့် ကြေညာစာအမှတ် ၁/၂၀၂၁ နဲ့ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေး အာဏာတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲပြောင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

အခုလိုတပ်မတော်ကနေ အရေးပေါ်အခြေအနေကြေညာပြီး အာဏာသိမ်းလာတဲ့အပေါ် ကုလသမဂ္ဂနဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းကတော့ ပြစ်တင်ပြောဆိုနေကြသလို ဖမ်းဆီးထားတဲ့ သူတွေပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG