သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈအေပၚ ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဥကၠဌ ေဒါက္တာ သက္သက္ခိုင္ သေဘာထား


ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဥကၠဌ ေဒါက္တာ သက္သက္ခိုင္

(Zawgyi/Unicode)

အရပ္သား အစိုးရ ေခါင္းေဆာင္ေတြကို ဖမ္းၿပီး တပ္မေတာ္က ႏုိင္ငံ အာဏာ ရယူခဲ႔တဲ႔ ျဖစ္ရပ္ဟာ ႏွစ္ဘက္ၾကား အလုပ္သေဘာ ဆက္ဆံေရး တရပ္ မထူေထာင္ႏုိင္ခဲ႔တာေၾကာင့္လို႔ ၂၀၂၀ ေရြးေကာက္ပြဲမွာ ပါတီသစ္ ထူေထာင္ၿပီး ေရြးေကာက္ပြဲ ၀င္ခဲ႔တဲ႔ ေဒါက္တာ သက္သက္ခိုင္က သံုးသပ္ပါတယ္။ စစ္အာဏာသိမ္းမႈ အေပၚ ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဥကၠဌ ေဒါက္တာ သက္သက္ခုိင္ရဲ႕ သေဘာထား ဘယ္လို ရွိပါသလဲ။ မသိဂၤ ီထုိက္ ဆက္သြယ္ ေမးျမန္းထားပါတယ္။

သိဂၤ ီထုိက္။ ။ အဲဒီေတာ့ တပ္မေတာ္က ၁ ႏွစ္အာဏာယူလိုက္တဲ့အေပၚမွာ ေဒါက္တာ သက္သက္ခိုင္အေနနဲ႔ သေဘာတူတယ္၊ သေဘာမတူဘူးဆိုၿပီးေတာ့မ်ား ျပတ္ျပတ္သားသား မွတ္ခ်က္မ်ိဳး ေပးႏိုင္ပါသလားရွင့္။

ေဒါက္တာ သက္သက္ခိုင္။ ။ ဘယ္သူမွေတာ့ တပ္မေတာ္ကေန အာဏာသိမ္းတာကိုေတာ့ ဘယ္ႏိုင္ငံသားမွေတာ့ သေဘာတူတာ မဟုတ္ဘူးေပါ့ေနာ္ ။ သို႔ေသာ္လည္း ဘာေၾကာင့္ျဖစ္ခဲ့ရတာလည္းဆိုတာေတြ က်မတို႔ ျပန္ၿပီးေတာ့မွ သံုးသပ္ဖို႔ လိုတာေပါ့ေနာ္။ က်မထင္တာေတာ့ တပ္မေတာ္လည္း ၿပီးခဲ့တဲ့ ၅ ႏွစ္တုန္းက တပ္မေတာ္လည္း ေတာ္ေတာ္ေလးကို ျပည္သူလူထုကေန Facebook ေတြမွာ အမုန္းစကားေတြေတာ္ေတာ္ေလးေျပာခံရတဲ့ အခါက်ေတာ့ တပ္မေတာ္ကလည္း အာဏာသိမ္းခ်င္မွာ မဟုတ္ဘူးလို႔ေတာင္ က်မထင္ပါတယ္ရွင့္။ ဘယ္သူမဆို ျပည္သူလူထု ခ်စ္ခင္ရိုေသတဲ့ ၊ ခ်စ္ခင္ယံုၾကည္တဲ့ တပ္မေတာ္ပဲ ျဖစ္ခ်င္မွာပဲေလ။ ဆိုေတာ့ အာဏာသိမ္းခ်င္မွာမဟုတ္ဘူး။ ဒါေပမယ့္ ဒီေန႔ဒီအခ်ိန္မွာေတာ့ အာဏာသိမ္းတဲ့အထိ ျဖစ္သြားတယ္ေပါ့ေနာ္။ ဒါကေတာ့ မလိုလားအပ္တဲ့ အေျခအေနတခုကို ဆိုက္ေရာက္သြားတယ္လို႔ က်မ သံုးသပ္ပါတယ္ရွင့္။

သိဂၤ ီထုိက္။ ။ ဟုတ္ကဲ့ ဒီေလာက္အေျခအေနေပါ့ေနာ္ တပ္မေတာ္က အာဏာရယူတဲ့ အေျခအေနမ်ိဳးအထိ ဘာေၾကာင့္ေရာက္လာရတယ္လို႔ ေဒါက္တာ သက္သက္ခိုင္ရႈျမင္ပါသလဲရွင့္။

ေဒါက္တာ သက္သက္ခိုင္။ ။ အဓိကေတာ့ ဒီလိုေပါ့ရွင့္ က်မတို႔ ျမန္မာႏိုင္ငံက စစ္အာဏာရွင္ေအာက္မွာ ေနခဲ့ရတယ္၊ ၿပီးလို႔ရွိရင္ လူမႈစီးပြား ဖြံ႔ၿဖိဳးတိုးတက္ျခင္းလည္း အကန္႔အသတ္ေတြနဲ႔ရွိခဲ့ၿပီးေတာ့မွ ဆင္းရဲမြဲေတမႈေတြလည္းရွိေတာ့ ျပည္သူလူထုေတြကေနၿပီးေတာ့ ရဟန္းရွင္လူ ျပည္သူအေပါင္းကေနၿပီးေတာ့မွ ဒီမိုကေရစီနဲ႔ သြားခ်င္တယ္ဆိုတာ ၊ ေနာက္ တိုင္းရင္းသားေတြကလည္း ဖယ္ဒရယ္နဲ႔ သြားခ်င္တယ္ဆိုတာ ဒါက ျပည္သူလူထုရဲ႕ ဆႏၵျဖစ္တယ္ေပါ့ေနာ္။

ဆိုလို႔ရွိရင္ ျပည္သူလူထုရဲ႕ ဆႏၵအတြက္ကို စစ္အာဏာရွင္ကေနၿပီးေတာ့မွ တင္းျပည့္ က်ပ္ျပည့္ ဒီမိုကေရစီနဲ႕ သြားဖို႔အတြက္ကုိ ၂၀၀၈ ဖြဲ႔စည္းပံုနဲ႔ စၿပီးေတာ့မွ တာထြက္တာေပါ့ေနာ္။ တာထြက္ေတာ့ ခုနက စစ္အာဏာရွင္စနစ္ကေန တင္းျပည့္ က်ပ္ျပည့္ ဒီမိုကေရစီ အထိ သြားဖို႔ဆိုရင္ ၾကားမွာ အသြင္ကူးေျပာင္းတဲ့ကာလအတြက္ ၂၀၀၈ ဖြဲ႔စည္းပံုနဲ႔ စၿပီးေတာ့မွ တာထြက္တာေပါ့ေနာ္။ ထြက္တဲ့အခ်ိန္မွာ ဘာပဲေျပာေျပာ ၂၀၀၈ ဖြဲ႔စည္းပံုကေတာ့ ဒီမိုကေရစီ ၁၀၀ ရာခိုင္ႏႈန္းေပးထားတာ မဟုတ္ေသးဘူး။ သို႔ေသာ္လည္း အနည္းဆံုးေတာ့ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ေတြရွိၿပီ၊ ႏိုင္ငံေရးပါတီေတြ မွတ္ပံုတင္လို႔ရတယ္။ ေရြးေကာက္ပြဲ ေတြရွိလာတယ္ ၊ ေရြးေကာက္ခံကိုယ္စားလွယ္ေတြ ရွိလာတယ္။ ျပည္သူေရြးခ်ယ္တဲ့ ျပည္သူ႔အစိုးရေတြ တက္လာတယ္ေပါ့ေနာ္။ ဒါေတြဟာ ၂၀၀၈ ဖြဲ႔စည္းပံုရဲ႕ ေပးထားတဲ့အခ်က္ထဲကေန ေကာင္းတဲ့ အခ်က္ေတြေပါ့ရွင့္။

တၿပိဳင္နက္ထဲမွာလည္း ၂၀၀၈ ဖြဲ႔စည္းပံု ျပင္ရန္ေတြလည္း အမ်ားႀကီး ရွိတာေပါ့ေနာ္။ အဲလိုျပင္ဖို႔အတြက္ကို အဓိက အခ်က္ကေတာ့ ဘာလဲဆိုရင္ တပ္မေတာ္ကေနၿပီးေတာ့ ႏိုင္ငံေရးထဲကေန ထြက္ခြာဖို႔အတြက္ ျပည္သူလူထုက ဆႏၵရွိတာေပါ့။ အဲဒီအခါက်ေတာ့ တပ္မေတာ္ကလည္း ျပည္သူလူထုခ်စ္ခင္ ျမတ္ႏိုးတဲ့ ၊ ယံုၾကည္တဲ့ တပ္မေတာ္ျဖစ္ခ်င္မွာပဲ။ ဆိုေတာ့ က်မတို႔က ဘာလုပ္သင့္သလဲဆိုရင္ ဒီတပ္မေတာ္ကို ဂုဏ္သိကၡာရွိရွိနဲ႔ ႏိုင္ငံေရးထဲကေန ထြက္သြားႏိုင္ေအာင္ ၀ိုင္းၿပီး ကူညီသင့္တယ္လုိ႔ က်မက ထင္တာေပါ့ေနာ္။ ဒီေန႔ ဒီအခ်ိန္မွာေတာ့ တပ္မေတာ္ကေန ၁ ႏွစ္ အာဏာ ယူလိုက္ရတဲ ့အေျခအေနကေတာ့ အဓိက ေနာက္ခံအေၾကာင္းတရားကေတာ့ အာဃာတ တရားေတြ ရွိေနၾကေသးတယ္လို႔ က်မကေတာ့ ထင္တယ္ေပါ့ေနာ္။

သိဂၤ ီထုိက္။ ။ အဲဒီေတာ့ NLD အစိုးရဟာဆိုရင္ လူထုေထာက္ခံမႈက အျပည့္အ၀ ရတယ္ဆိုတဲ့ အေနအထားမွာ ရွိပါတယ္။ ဆိုေတာ့ လူထုေထာက္ခံမႈရတဲ့ အေနအထားမွာ အရပ္ဘက္ စစ္ဘက္ ဆက္ဆံေရးဆိုတဲ့ဟာကို ၿပီးခဲ့တဲ့ ၅ ႏွစ္တာ ကာလအတြင္း ဘယ္ေလာက္တည္ေဆာက္ႏိုင္ခဲ့ပါသလဲ။

ေဒါက္တာ သက္သက္ခိုင္။ ။ က်မျမင္တာကေတာ့ မတည္ေဆာက္ခဲ့ႏိုင္ဘူးရွင့္ ။ ၃ ေနရာရွိတာေပါ့ေနာ္။ နံပတ္ ၁ က ဘာလဲဆိုရင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြမွာ တကယ္တမ္းဆိုရင္ ျပည္သူက ေရြးေကာက္လိုက္တဲ့အစိုးရ၊ ျပည္သူ႔အစိုးရလို႔ ေျပာရင္၊ တပ္မေတာ္သည္လည္း ငါတို႔အစိုးရရဲ႕ တပ္မေတာ္ျဖစ္တယ္။ အစိုးရရဲ႕အစိတ္အပိုင္းတခုျဖစ္တယ္။ ၿပီးလို႔ရွိရင္ တပ္နဲ႔အစုိးရနဲ႔က ညိွႏိႈင္းၿပီးရင္ တပ္နဲ႔အစုိးရနဲ႔ေပါင္းၿပီးေတာ့မွ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ညိွႏိႈင္းရမွာေပါ့ေနာ္။ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာလည္း တပ္နဲ႔အစုိးရနဲ႔က ပူးေပါင္းေဆာင္ရြက္မႈ နည္းတယ္လို႔ က်မကေတာ့ အျပင္ကေန ျမင္တယ္ေပါ့ေနာ္။

ၿပီးရင္ လႊတ္ေတာ္အတြင္းေပါ့ ၊ လႊတ္ေတာ္အတြင္းမွာလည္း တပ္နဲ႔ ေရြးေကာက္ခံကိုယ္စားလွယ္ေတြနဲ႔ ၾကားထဲမွာ ပြတ္တိုက္မႈေတြ ခဏခဏျဖစ္တာေပါေ့နာ္။ အဓိကေတာ့ အေျခခံဥပေဒျပင္ဆင္ေရး ကိစၥေတြမွာဆိုရင္ ေတာ္ေတာ္ေလး မေခ်ာေမြ႔ပဲနဲ႔ ရလဒ္လည္း မထြက္ခဲ့ဘူးေပါေ့နာ္။ အဲဒါရွိတယ္။

ေနာက္တခုကေတာ့ အစုိးရထဲမွာေပါ့ရွင့္။ ဒီအစိုးရထဲမွာလည္း ကာလံုေတြဘာေတြေခၚတာတို႔ ဘာတို႔ေပါ့ေနာ္ ။ NLD ဘက္က ကာလံုမေခၚဖို႔ စိတ္ပိုင္းျဖတ္ထားတဲ့သေဘာေပါ့ေနာ္။ တကယ္တမ္း က်မျမင္တာကေတာ့ အရပ္ဘက္ စစ္ဘက္ ဆက္ဆံေရးဆိုတာ ယႏၱယားတခု ျဖစ္တယ္ေပါေနာ္။ ႏိုင္ငံေတာ္ကာကြယ္ေရးနဲ႔ လံုၿခံဳေရးေကာင္စီဆိုတာ ။ အဓိကေတာ့ အျပန္အလွန္ အသိအမွတ္ျပဳၿပီးေတာ့ အျပန္အလွန္ ေလးစားမႈနဲ႔ အလုပ္သေဘာဆက္ဆံေရး မတည္ေဆာက္ခဲ့ႏိုင္ဘူးေပါေ့နာ္။ ၿပီးခဲ့တဲ့ ၅ ႏွစ္က။

သိဂၤ ီထုိက္။ ။အဲဒီေတာ့ ခုနက ေဒါက္တာ သက္သက္ခိုင္ ေျပာသလိုပဲ NLD က စစ္ဘက္ အရပ္ဘက္ဆက္ဆံေရးကို ထိထိေရာက္ေရာက္ မလုပ္ႏိုင္ခဲ့ဘူးဆိုေပမယ့္ ႏိုင္ငံတကာ နယ္ပယ္မွာဆိုရင္ ရခိုင္အေရးကိစၥ ၊ ေနာက္တခါ ျပည္တြင္းစစ္ေတြနဲ႔ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္က စစ္တပ္အေပၚမွာ မေ၀ဖန္ဘူးဆိုၿပီးေတာ့ စစ္တပ္ဘက္က ရပ္တည္တယ္ဆုိတဲ့ သေဘာမ်ိဳး ေ၀ဖန္မႈေတြလည္း ရွိပါတယ္။ ဆိုေတာ့ လက္ေတြ႔အားျဖင့္လည္း ဒါက စစ္တပ္နဲ႔က မေျပလည္ေနဘူး ၊ ႏိုင္ငံတကာမ်က္ႏွာစာမွာလည္း စစ္တပ္ဘက္က ပါေနတယ္ဆိုၿပီးေတာ့ ေ၀ဖန္ခံေနရတယ္ဆိုတဲ့ အေျခအေနမ်ိဳး ျဖစ္ေနေတာ့ ဒီအေျခအေနမ်ိဳးက အစစ္အမွန္ေပါ့ေနာ္ ေဒါက္တာ သက္သက္ခိုင္တို႔ ဘယ္လိုမ်ားျမင္ပါသလဲ။

ေဒါက္တာ သက္သက္ခိုင္။ ။ အန္တီစုအေနနဲ႔ ျပည္သူလူထုရဲ႕အႀကိဳက္ကို ၊ ျပည္သူလူထုရဲ႕ဆႏၵအတိုင္း လုပ္ရတာလို႔ ထင္တယ္ေလ။ ဒါေပမယ့္ ႏိုင္ငံတကာကေတာ့ ဘယ္လိုထင္သလဲဆိုရင္ တပ္ကုိ ကာဆီးကာဆီး လုပ္ေပးတယ္လို႔ ထင္ေကာင္းထင္မွာေပါ့ေနာ္။ တကယ္တမ္းက်ေတာ့ တပ္နဲ႔ အရပ္ဘက္ စစ္ဘက္ ဆက္ဆံေရးက ေတာ္ေတာ္းေလး ဒီ ၅ ႏွစ္မွာ ယိုယြင္းသြားတယ္ေပါ့ေနာ္။ ယိုယြင္းတာ ခုန က်မေျပာတာ အစိုးရထဲမွာလည္း ၃ ေနရာရွိသလို ၊ ျပည္သူထဲမွာလည္း Facebook ေတြအေပၚမွာ ၾကည့္လိုက္ရင္ စိတ္မေကာင္းစရာက တပ္နဲ႔ ျပည္သူနဲ႔ စိတ္၀မ္းကြဲေနတာေပါ့ေနာ္။ ဆိုလို႔ရွိရင္ အနီ မဟုတ္တဲ့ သူတိုင္းကို အစိမ္းလို႔ သတ္မွတ္တယ္။ အစိမ္း မဟုတ္သူတိုင္းက အနီျဖစ္တယ္။ အနီနဲ႔အစိမ္း ပဲရွိတယ္ဆိုၿပီးေတာ့မွ သိပ္ကိုမွ ျပည္သူလူထုၾကားထဲမွာ အက္ေၾကာင္း အၾကီးႀကီးရွိေနတာေပါ့ေနာ္။ ျပည္သူလူထု အခ်င္းခ်င္း ခ်စ္ခင္ရင္းႏွီးမႈမရွိဘဲနဲ႔ အျပန္အလွန္ အမုန္းစကားေတြနဲ႔ ၊ အျပန္အလွန္ ထိုးႏွက္ တုိက္ခိုက္ေနၾကတာ ဒါေတြက ေတြ႔ရတယ္ေပါ့။

ျပည္သူ႔ေရွ႕ေဆာင္ပါတီဥကၠဌ ေဒါက္တာ သက္သက္ခိုင္ကို ေမးျမန္းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္
စစ္အာဏာသိမ္းမႈအေပၚ ေဒါက္တာ သက္သက္ခိုင္ သေဘာထား
please wait

No media source currently available

0:00 0:07:15 0:00

...............

စစ်အာဏာသိမ်းမှုအပေါ်ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါက်တာ သက်သက်ခိုင် သဘောထား

(Unicode)

အရပ်သား အစိုးရ ခေါင်းဆောင်တွေကို ဖမ်းပြီး တပ်မတော်က နိုင်ငံ အာဏာ ရယူခဲ့တဲ့ ဖြစ်ရပ်ဟာ နှစ်ဘက်ကြား အလုပ်သဘော ဆက်ဆံရေး တရပ် မထူထောင်နိုင်ခဲ့တာကြောင့်လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီသစ် ထူထောင်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ဒေါက်တာ သက်သက်ခိုင်က သုံးသပ်ပါတယ်။ စစ်အာဏာသိမ်းမှု အပေါ် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါက်တာ သက်သက်ခိုင်ရဲ့ သဘောထား ဘယ်လို ရှိပါသလဲ။ မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းထားပါတယ်။

သိင်္ဂ ီထိုက်။ ။ အဲဒီတော့ တပ်မတော်က ၁ နှစ်အာဏာယူလိုက်တဲ့အပေါ်မှာ ဒေါက်တာ သက်သက်ခိုင်အနေနဲ့ သဘောတူတယ်၊ သဘောမတူဘူးဆိုပြီးတော့များ ပြတ်ပြတ်သားသား မှတ်ချက်မျိုး ပေးနိုင်ပါသလားရှင့်။

ဒေါက်တာ သက်သက်ခိုင်။ ။ ဘယ်သူမှတော့ တပ်မတော်ကနေ အာဏာသိမ်းတာကိုတော့ ဘယ်နိုင်ငံသားမှတော့ သဘောတူတာ မဟုတ်ဘူးပေါ့နော် ။ သို့သော်လည်း ဘာကြောင့်ဖြစ်ခဲ့ရတာလည်းဆိုတာတွေ ကျမတို့ ပြန်ပြီးတော့မှ သုံးသပ်ဖို့ လိုတာပေါ့နော်။ ကျမထင်တာတော့ တပ်မတော်လည်း ပြီးခဲ့တဲ့ ၅ နှစ်တုန်းက တပ်မတော်လည်း တော်တော်လေးကို ပြည်သူလူထုကနေ Facebook တွေမှာ အမုန်းစကားတွေတော်တော်လေးပြောခံရတဲ့ အခါကျတော့ တပ်မတော်ကလည်း အာဏာသိမ်းချင်မှာ မဟုတ်ဘူးလို့တောင် ကျမထင်ပါတယ်ရှင့်။ ဘယ်သူမဆို ပြည်သူလူထု ချစ်ခင်ရိုသေတဲ့ ၊ ချစ်ခင်ယုံကြည်တဲ့ တပ်မတော်ပဲ ဖြစ်ချင်မှာပဲလေ။ ဆိုတော့ အာဏာသိမ်းချင်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီနေ့ဒီအချိန်မှာတော့ အာဏာသိမ်းတဲ့အထိ ဖြစ်သွားတယ်ပေါ့နော်။ ဒါကတော့ မလိုလားအပ်တဲ့ အခြေအနေတခုကို ဆိုက်ရောက်သွားတယ်လို့ ကျမ သုံးသပ်ပါတယ်ရှင့်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ ဒီလောက်အခြေအနေပေါ့နော် တပ်မတော်က အာဏာရယူတဲ့ အခြေအနေမျိုးအထိ ဘာကြောင့်ရောက်လာရတယ်လို့ ဒေါက်တာ သက်သက်ခိုင်ရှုမြင်ပါသလဲရှင့်။

ဒေါက်တာ သက်သက်ခိုင်။ ။ အဓိကတော့ ဒီလိုပေါ့ရှင့် ကျမတို့ မြန်မာနိုင်ငံက စစ်အာဏာရှင်အောက်မှာ နေခဲ့ရတယ်၊ ပြီးလို့ရှိရင် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ခြင်းလည်း အကန့်အသတ်တွေနဲ့ရှိခဲ့ပြီးတော့မှ ဆင်းရဲမွဲတေမှုတွေလည်းရှိတော့ ပြည်သူလူထုတွေကနေပြီးတော့ ရဟန်းရှင်လူ ပြည်သူအပေါင်းကနေပြီးတော့မှ ဒီမိုကရေစီနဲ့ သွားချင်တယ်ဆိုတာ ၊ နောက် တိုင်းရင်းသားတွေကလည်း ဖယ်ဒရယ်နဲ့ သွားချင်တယ်ဆိုတာ ဒါက ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တယ်ပေါ့နော်။

ဆိုလို့ရှိရင် ပြည်သူလူထုရဲ့ ဆန္ဒအတွက်ကို စစ်အာဏာရှင်ကနေပြီးတော့မှ တင်းပြည့် ကျပ်ပြည့် ဒီမိုကရေစီနဲ့ သွားဖို့အတွက်ကို ၂၀၀၈ ဖွဲ့စည်းပုံနဲ့ စပြီးတော့မှ တာထွက်တာပေါ့နော်။ တာထွက်တော့ ခုနက စစ်အာဏာရှင်စနစ်ကနေ တင်းပြည့် ကျပ်ပြည့် ဒီမိုကရေစီ အထိ သွားဖို့ဆိုရင် ကြားမှာ အသွင်ကူးပြောင်းတဲ့ကာလအတွက် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ စပြီးတော့မှ တာထွက်တာပေါ့နော်။ ထွက်တဲ့အချိန်မှာ ဘာပဲပြောပြော ၂၀၀၈ ဖွဲ့စည်းပုံကတော့ ဒီမိုကရေစီ ၁၀၀ ရာခိုင်နှုန်းပေးထားတာ မဟုတ်သေးဘူး။ သို့သော်လည်း အနည်းဆုံးတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွေရှိပြီ၊ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်လို့ရတယ်။ ရွေးကောက်ပွဲ တွေရှိလာတယ် ၊ ရွေးကောက်ခံကိုယ်စားလှယ်တွေ ရှိလာတယ်။ ပြည်သူရွေးချယ်တဲ့ ပြည်သူ့အစိုးရတွေ တက်လာတယ်ပေါ့နော်။ ဒါတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပေးထားတဲ့အချက်ထဲကနေ ကောင်းတဲ့ အချက်တွေပေါ့ရှင့်။

တပြိုင်နက်ထဲမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရန်တွေလည်း အများကြီး ရှိတာပေါ့နော်။ အဲလိုပြင်ဖို့အတွက်ကို အဓိက အချက်ကတော့ ဘာလဲဆိုရင် တပ်မတော်ကနေပြီးတော့ နိုင်ငံရေးထဲကနေ ထွက်ခွာဖို့အတွက် ပြည်သူလူထုက ဆန္ဒရှိတာပေါ့။ အဲဒီအခါကျတော့ တပ်မတော်ကလည်း ပြည်သူလူထုချစ်ခင် မြတ်နိုးတဲ့ ၊ ယုံကြည်တဲ့ တပ်မတော်ဖြစ်ချင်မှာပဲ။ ဆိုတော့ ကျမတို့က ဘာလုပ်သင့်သလဲဆိုရင် ဒီတပ်မတော်ကို ဂုဏ်သိက္ခာရှိရှိနဲ့ နိုင်ငံရေးထဲကနေ ထွက်သွားနိုင်အောင် ဝိုင်းပြီး ကူညီသင့်တယ်လို့ ကျမက ထင်တာပေါ့နော်။ ဒီနေ့ ဒီအချိန်မှာတော့ တပ်မတော်ကနေ ၁ နှစ် အာဏာ ယူလိုက်ရတဲ့အခြေအနေကတော့ အဓိက နောက်ခံအကြောင်းတရားကတော့ အာဃာတ တရားတွေ ရှိနေကြသေးတယ်လို့ ကျမကတော့ ထင်တယ်ပေါ့နော်။

သိင်္ဂ ီထိုက်။ ။ အဲဒီတော့ NLD အစိုးရဟာဆိုရင် လူထုထောက်ခံမှုက အပြည့်အ၀ ရတယ်ဆိုတဲ့ အနေအထားမှာ ရှိပါတယ်။ ဆိုတော့ လူထုထောက်ခံမှုရတဲ့ အနေအထားမှာ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုတဲ့ဟာကို ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း ဘယ်လောက်တည်ဆောက်နိုင်ခဲ့ပါသလဲ။

ဒေါက်တာ သက်သက်ခိုင်။ ။ ကျမမြင်တာကတော့ မတည်ဆောက်ခဲ့နိုင်ဘူးရှင့် ။ ၃ နေရာရှိတာပေါ့နော်။ နံပတ် ၁ က ဘာလဲဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တကယ်တမ်းဆိုရင် ပြည်သူက ရွေးကောက်လိုက်တဲ့အစိုးရ၊ ပြည်သူ့အစိုးရလို့ ပြောရင်၊ တပ်မတော်သည်လည်း ငါတို့အစိုးရရဲ့ တပ်မတော်ဖြစ်တယ်။ အစိုးရရဲ့အစိတ်အပိုင်းတခုဖြစ်တယ်။ ပြီးလို့ရှိရင် တပ်နဲ့အစိုးရနဲ့က ညှိနှိုင်းပြီးရင် တပ်နဲ့အစိုးရနဲ့ပေါင်းပြီးတော့မှ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ညှိနှိုင်းရမှာပေါ့နော်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း တပ်နဲ့အစိုးရနဲ့က ပူးပေါင်းဆောင်ရွက်မှု နည်းတယ်လို့ ကျမကတော့ အပြင်ကနေ မြင်တယ်ပေါ့နော်။

ပြီးရင် လွှတ်တော်အတွင်းပေါ့ ၊ လွှတ်တော်အတွင်းမှာလည်း တပ်နဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ကြားထဲမှာ ပွတ်တိုက်မှုတွေ ခဏခဏဖြစ်တာပေါေ့နာ်။ အဓိကတော့ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စတွေမှာဆိုရင် တော်တော်လေး မချောမွေ့ပဲနဲ့ ရလဒ်လည်း မထွက်ခဲ့ဘူးပေါေ့နာ်။ အဲဒါရှိတယ်။

နောက်တခုကတော့ အစိုးရထဲမှာပေါ့ရှင့်။ ဒီအစိုးရထဲမှာလည်း ကာလုံတွေဘာတွေခေါ်တာတို့ ဘာတို့ပေါ့နော် ။ NLD ဘက်က ကာလုံမခေါ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့သဘောပေါ့နော်။ တကယ်တမ်း ကျမမြင်တာကတော့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုတာ ယန္တယားတခု ဖြစ်တယ်ပေါနော်။ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုတာ ။ အဓိကတော့ အပြန်အလှန် အသိအမှတ်ပြုပြီးတော့ အပြန်အလှန် လေးစားမှုနဲ့ အလုပ်သဘောဆက်ဆံရေး မတည်ဆောက်ခဲ့နိုင်ဘူးပေါေ့နာ်။ ပြီးခဲ့တဲ့ ၅ နှစ်က။

သိင်္ဂ ီထိုက်။ ။အဲဒီတော့ ခုနက ဒေါက်တာ သက်သက်ခိုင် ပြောသလိုပဲ NLD က စစ်ဘက် အရပ်ဘက်ဆက်ဆံရေးကို ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူးဆိုပေမယ့် နိုင်ငံတကာ နယ်ပယ်မှာဆိုရင် ရခိုင်အရေးကိစ္စ ၊ နောက်တခါ ပြည်တွင်းစစ်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်အပေါ်မှာ မဝေဖန်ဘူးဆိုပြီးတော့ စစ်တပ်ဘက်က ရပ်တည်တယ်ဆိုတဲ့ သဘောမျိုး ဝေဖန်မှုတွေလည်း ရှိပါတယ်။ ဆိုတော့ လက်တွေ့အားဖြင့်လည်း ဒါက စစ်တပ်နဲ့က မပြေလည်နေဘူး ၊ နိုင်ငံတကာမျက်နှာစာမှာလည်း စစ်တပ်ဘက်က ပါနေတယ်ဆိုပြီးတော့ ဝေဖန်ခံနေရတယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်နေတော့ ဒီအခြေအနေမျိုးက အစစ်အမှန်ပေါ့နော် ဒေါက်တာ သက်သက်ခိုင်တို့ ဘယ်လိုများမြင်ပါသလဲ။

ဒေါက်တာ သက်သက်ခိုင်။ ။ အန်တီစုအနေနဲ့ ပြည်သူလူထုရဲ့အကြိုက်ကို ၊ ပြည်သူလူထုရဲ့ဆန္ဒအတိုင်း လုပ်ရတာလို့ ထင်တယ်လေ။ ဒါပေမယ့် နိုင်ငံတကာကတော့ ဘယ်လိုထင်သလဲဆိုရင် တပ်ကို ကာဆီးကာဆီး လုပ်ပေးတယ်လို့ ထင်ကောင်းထင်မှာပေါ့နော်။ တကယ်တမ်းကျတော့ တပ်နဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက တော်တော်းလေး ဒီ ၅ နှစ်မှာ ယိုယွင်းသွားတယ်ပေါ့နော်။ ယိုယွင်းတာ ခုန ကျမပြောတာ အစိုးရထဲမှာလည်း ၃ နေရာရှိသလို ၊ ပြည်သူထဲမှာလည်း Facebook တွေအပေါ်မှာ ကြည့်လိုက်ရင် စိတ်မကောင်းစရာက တပ်နဲ့ ပြည်သူနဲ့ စိတ်ဝမ်းကွဲနေတာပေါ့နော်။ ဆိုလို့ရှိရင် အနီ မဟုတ်တဲ့ သူတိုင်းကို အစိမ်းလို့ သတ်မှတ်တယ်။ အစိမ်း မဟုတ်သူတိုင်းက အနီဖြစ်တယ်။ အနီနဲ့အစိမ်း ပဲရှိတယ်ဆိုပြီးတော့မှ သိပ်ကိုမှ ပြည်သူလူထုကြားထဲမှာ အက်ကြောင်း အကြီးကြီးရှိနေတာပေါ့နော်။ ပြည်သူလူထု အချင်းချင်း ချစ်ခင်ရင်းနှီးမှုမရှိဘဲနဲ့ အပြန်အလှန် အမုန်းစကားတွေနဲ့ ၊ အပြန်အလှန် ထိုးနှက် တိုက်ခိုက်နေကြတာ ဒါတွေက တွေ့ရတယ်ပေါ့။

ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါက်တာ သက်သက်ခိုင်ကို မေးမြန်းခဲ့တာပါ။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG