သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈကို အႏုနည္းအာဏာဖီဆန္မႈ တခ်ိဳ႕ရွိလာျခင္း 


စစ္အာဏာသိမ္းတာကို ဆန္႔က်င္ေၾကာင္း ရပ္ကြက္တစ္ခ်ိဳ႕မွာ ၁၅ မိနစ္ၾကာ ကားဟြန္းေတြတီး ၊ အိုးေတြ ေခါက္ၿပီး ဆႏၵျပခဲ့

(Zawgyi/Unicode)

နိုဝင္ဘာလက က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲမွာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ကို မဲေပးခဲ့ၾကတဲ့ ျပည္သူေတြ အေနနဲ႔ civil disobedience လို႔ ေခၚတဲ့ ျပည္သူ တစ္ရပ္လုံးက ဆန္႔က်င္ျခင္း လႈပ္ရွားမႈမွာ ပါဝင္ ဆင္ႏႊဲၾကဖို႔ NLD ထိပ္တန္းေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ဦးဝင္းထိန္က တိုက္တြန္း လိုက္ပါတယ္။

NLD ပါတီ ဗဟိုေကာ္မတီဝင္ ဦးဝင္းထိန္က ေနျပည္ေတာ္က NLD ႐ုံးခန္းမွာ ေျပာသြားတာ ျဖစ္ပါတယ္။

ျမန္မာနိုင္ငံဟာ စစ္အာဏာ သိမ္းမႈရဲ႕ က်ိန္စာ သင့္ေနၿပီး အာဏာသိမ္းမႈေတြေၾကာင့္ နိုင္ငံက ဆင္းရဲေနရေၾကာင္းလည္း သူက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕မွာေတာ့ စစ္အာဏာသိမ္းတာကို ဆန္႔က်င္ေၾကာင္း ျပသဖို႔ ဒီမိုကေရစီလိုလားတဲ့ အဖြဲ႕ေတြရဲ့ လႈံ႔ေဆာ္ခ်က္နဲ႔အတူ အဂၤါေန႔ ည ည ၈ နာရီမွာ ရပ္ကြက္တစ္ခ်ိဳ႕ထဲ ၁၅ မိနစ္ၾကာ ကားဟြန္းေတြတီး အိုးေတြ ေခါက္ၿပီး ဆႏၵျပခဲ့ၾကပါတယ္။

ဒါ့အျပင္၊ ဖမ္းဆီး ထိန္းသိမ္းခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာေစေၾကာင္း ဆုေတာင္းသံေတြနဲ႔ အာဏာရွင္ စနစ္ကို ဖ်က္သိမ္းၿပီး လြတ္လပ္မႈကို ေတာင္းဆိုတဲ့ ေႂကြးေၾကာ္မႈေတြ ျပဳလုပ္ခဲ့ၾကတယ္လို႔ AP သတင္းဌာနက ေျပာပါတယ္။

ေက်ာင္းသား ေခါင္းေဆာင္ ကိုမင္းကိုနိုင္ကလည္း IT နဲ႔ တျခား ရနိုင္တဲ့ နည္းလမ္းေတြ အသုံးျပဳၿပီး non participation လို႔ ေခၚတဲ့ မပူးေပါင္း မေဆာင္ရြက္ေရး နည္းလမ္းေတြကို ျပည္သူေတြ အသုံးျပဳဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

စစ်အာဏာသိမ်းမှုကို အနုနည်းအာဏာဖီဆန်မှု တချို့ရှိလာခြင်း

(Unicode)

နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို မဲပေးခဲ့ကြတဲ့ ပြည်သူတွေ အနေနဲ့ civil disobedience လို့ ခေါ်တဲ့ ပြည်သူ တစ်ရပ်လုံးက ဆန့်ကျင်ခြင်း လှုပ်ရှားမှုမှာ ပါဝင် ဆင်နွှဲကြဖို့ NLD ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်က တိုက်တွန်း လိုက်ပါတယ်။

NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းထိန်က နေပြည်တော်က NLD ရုံးခန်းမှာ ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ စစ်အာဏာ သိမ်းမှုရဲ့ ကျိန်စာ သင့်နေပြီး အာဏာသိမ်းမှုတွေကြောင့် နိုင်ငံက ဆင်းရဲနေရကြောင်းလည်း သူက ပြောပါတယ်။

ရန်ကုန်မြို့မှာတော့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ပြသဖို့ ဒီမိုကရေစီလိုလားတဲ့ အဖွဲ့တွေရဲ့ လှုံ့ဆော်ချက်နဲ့အတူ အင်္ဂါနေ့ ည ည ၈ နာရီမှာ ရပ်ကွက်တစ်ချို့ထဲ ၁၅ မိနစ်ကြာ ကားဟွန်းတွေတီး အိုးတွေ ခေါက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင်၊ ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေကြောင်း ဆုတောင်းသံတွေနဲ့ အာဏာရှင် စနစ်ကို ဖျက်သိမ်းပြီး လွတ်လပ်မှုကို တောင်းဆိုတဲ့ ကြွေးကြော်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ AP သတင်းဌာနက ပြောပါတယ်။

ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း IT နဲ့ တခြား ရနိုင်တဲ့ နည်းလမ်းတွေ အသုံးပြုပြီး non participation လို့ ခေါ်တဲ့ မပူးပေါင်း မဆောင်ရွက်ရေး နည်းလမ်းတွေကို ပြည်သူတွေ အသုံးပြုဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG