သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ‌‌‌‌‌‌ေဒါက္တာျမင့္ႏိုင္နဲ႔ ဗြီအိုေအ ေမးျမန္းခ်က္


စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ‌‌‌‌‌‌ေဒါက္တာျမင့္ႏိုင္။ (ဓာတ္ပံု - Sagaing Region Government Office - ဒီဇင္ဘာ ၀၉၊ ၂၀၁၈)

[Zawgyi/Unicode]

စစ္တပ္အာဏာသိမ္းတဲ့ေန႔ မနက္ပိုင္းက ထိန္းသိ္မ္းခံခဲ့ရတဲ့ စစ္ကိုင္းတိုင္း ဝန္ၾကီးခ်ဳပ္ ေဒါက္တာျမင့္နိုင္ကို ျဖစ္စဥ္နဲ႔ ပတ္သက္လို႔ေရာ၊ စစ္တပ္အာဏာသိမ္းတဲ့ သူ႔ သေဘာထားကိုပါ ဗီြအိုေအ သတင္းေထာက္ မေမခက ဆက္သြယ္ေမးျမန္းထားပါတယ္။ အျပည့္အစံု တင္ဆင္ေပးလိုက္ပါတယ္။

မေမခ။ ။ ဆရာတို႔အေျခအေန ဘယ္လိုမ်ားရွိသလဲလို႔ သိခ်င္လို႔ပါရွင့္။

ေဒါက္တာျမင့္ႏိုင္။ ။ အခု ၁၁ နာရီက ျပန္လႊတ္ေပးတယ္ေလ။

မေမခ။ ။ ဆရာတို႔ကို ဘယ္မွာ ထိန္းသိမ္းထားလဲ မသိဘူးရွင့္။

ေဒါက္တာျမင့္ႏိုင္။ ။ စစ္ဌာနခ်ဳပ္။ အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္မွာ ထားတာပါ။

မေမခ။ ။ ျပန္လႊတ္လိုက္ေတာ့ေရာ။ ဆရာနဲ႔အတူဘယ္သူေတြမ်ားပါလာေသးသလဲရွင့္။

ေဒါက္တာျမင့္ႏိုင္။ ။ လွ်ပ္စစ္လမ္းပန္းဝန္ၾကီး ျပန္ေရာက္ၿပီ၊ ခ်င္းဝန္ႀကီးျပန္ေရာက္ၿပီ၊ စိုက္ေမြးဝန္ႀကီးျပန္ေရာက္ၿပီလို႔ သိရတယ္။

မေမခ။ ။ အဲဒီမွာ ထားတုန္းကေရာ... ဆရာတို႔ကို ဘယ္လိုပံုစံမ်ိဳး သူတို႔ေတြ ေျပာဆိုတာမ်ိဳးရွိပါသလဲရွင့္။

ေဒါက္တာျမင့္ႏိုင္။ ။ ဘာမွ မေျပာဆို၊ ဘာမွ မေမးမစမ္း ... လႊတ္ေတာ့လည္းပဲ အိမ္ကေန ဘယ္မွမသြားပါနဲ႔ ေျပာတယ္။ မသြားပါဘူးေျပာထားတယ္။

မေမခ။ ။ ဒီလက္ရွိ အေျခအေနေတြနဲ႔ ပတ္သက္ၿပီးေတာ့ေရာ ဆရာတို႔ ဘာဆက္လုပ္ဖို႔မ်ားေရာ ရွိပါသလဲ။ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ဘက္ကေတာ့ ေၾကျငာခ်က္ထြက္ထားတာမ်ိဳးရွိတယ္ေပါ့ေနာ္။

ေဒါက္တာျမင့္ႏိုင္။ ။ အဲဒီ ေၾကျငာခ်က္ ဖတ္ၿပီးပါၿပီ။ က်ေနာ္တို႔ အားလံုး ေထာက္ခံပါတယ္။ က်ေနာ္တို႔က ပြင့္ပြင့္လင္းလင္းေျပာရရင္... က်ေနာ့္ဘဝလည္း သိထားၿပီးသားပဲ... ၈၈ မွာ... ၇၆ ကတည္းက မိႈင္းရာျပည့္ကတည္းက ေက်ာင္းထုတ္ခံရၿပီးေတာ့ ႏိုင္ငံေရးထဲစိတ္ဝင္စားခဲ့တယ္။ ၈၈ က်ေတာ့ ေခါင္းေဆာင္ေပၚၿပီဆိုၿပီးေတာ့ ဒီႏိုင္ငံေရးေလာကထဲ ေျခဆံု ပစ္ဝင္လာတာ။ က်ေနာ္ ေခါင္းေဆာင္ကို ယံုၾကည္တယ္ေလ။ ေခါင္းေဆာင္ရဲ႕ ညႊန္ၾကားခ်က္အတိုင္းပဲ က်ေနာ္ဆက္ၿပီးေတာ့ ဆက္လုပ္မွာပါပဲ။ ပါတီရဲ႕ လမ္းညႊန္ခ်က္အတိုင္း ဆက္လုပ္မွာပါပဲ။ က်ေနာ္က ေက်ာ္လုပ္၊ က်ဴးလုပ္လို႔ မေကာင္းဘူး အလုပ္မႈေဆာင္အေပၚ။ က်ေနာ္တို႔ရဲ႕ အလုပ္အမႈေဆာင္အဖဲြ႔ေပါ့။ သူတို႔ ခ်မွတ္တဲ့ လမ္းစဥ္အတိုင္း၊ ခိုင္းတဲ့အတိုင္းကို ဆက္လုပ္မွာပဲေလ။

မေမခ။ ။ ေနာက္တခုက ဆရာတို႔ကို အိမ္မွာ ထားၿပီဆိုေတာ့ အိမ္မွာေရာ ဆရာတို႔ကို လံုျခံဳေရးေတြ ထားထားလား။

ေဒါက္တာျမင့္ႏိုင္။ ။ လုံျခံဳေရးေတြ အသစ္လဲခ်ပါတယ္။ ရဲပါပဲ။ က်ေနာ္တို႔ကိုလည္း ၾကားတာက ၃ ရက္အတြင္း ဖယ္ေပးရမယ္ဆိုလို႔ က်ေနာ္ ပစၥည္းေတြ သိမ္းေနပါတယ္။

မေမခ။ ။ သူတို႔ထားတဲ့ ဝန္ၾကီးအိမ္ယာကေနဖယ္ေပးရမယ္။ အဲဒီလိုမ်ိဳးလားဆရာ။

ေဒါက္တာျမင့္ႏိုင္။ ။ ဖယ္ေပးရမယ္လို႔ေျပာတယ္။ ၃ ရက္အတြင္း ဖယ္ေပးရမယ္လို႔ ေျပာတယ္။ ပစၥည္းေတြအကုန္သိမ္းေနပါတယ္။ က်ေနာ့္ရံုးခန္းလည္း ခ်ိတ္ပိတ္လိုက္ၿပီဆိုေတာ့ေလ။ ဝန္ၾကီးခ်ဳပ္ရံုးက ခ်ိတ္ပိတ္လိုက္ၿပီ၊ ဘာညာ၊ အကုန္ပိတ္လိုက္ၿပီဆိုေတာ့ ဒါက ကိုယ္က အကုန္လံုး ျပင္ဆင္ထားရမွာပဲေလ။

မေမခ။ ။ ဆရာတို႔ လံုျခံဳေရးအပိုင္းကေရာ... သူတို႔က လံုျခံဳေရးယူထားတာက အက်ယ္ခ်ဳပ္လား။ ဘယ္လိုမ်ား က်မတို႔နားလည္လို႔ရမလဲ။

ေဒါက္တာျမင့္ႏိုင္။ ။ အခုကေတာ့ အိမ္ျပန္ေရာက္ေတာ့... ဟိုတေန႔ကေတာ့ မနက္ ၄ နာရီေလာက္ကတည္းက သူတို႔ အိမ္ကို ဝိုင္းလိုက္တာေနမွာေပါ့။ လာေခၚေတာ့ စစ္တပ္က လာေခၚတယ္။ က်ေနာ့္ေရွ႕က က်ေနာ့္ လုံၿခဳံေရးရဲေတြ မရွိေတာ့ဘူး။ ခုျပန္ပို႔ေတာ့ က်ေနာ့္ေရွ႕က ရဲေတြကို တေနရာေျပာင္းလိုက္ၿပီးေတာ့ လံုျခံဳေရး ရဲအသစ္ေတြ၊ စစ္တပ္ကေတာ့ ဝိုင္းအျပင္ဘက္က ရွိတယ္ထင္ပါတယ္။ စစ္အာဏာရွင္ တေယာက္ေတာ့ ေတြ႔လိုက္တယ္။ က်ေနာ္တို႔ ဘယ္မွမသြားပါဘူး။ စိတ္ခ်ေနပါလို႔ ခင္ဗ်ားကလည္းလို႔။ ၉၀ ခုႏွစ္ေရြးေကာက္ပဲြရလဒ္ အေကာင္အထည္မေပၚေတာ့ က်ေနာ္တို႔ ယွဥ္ျပိဳင္အစိုးရဖဲြ႔တာပဲလို႔။ ႏိုင္ငံေတာ္ပုန္ကန္ကန္မႈဆိုတာ ၁၂၂/၁ ဆိုတာ တသက္တကြ်န္းနဲ႔ ေသဒဏ္ အနည္းဆံုး ကြ်န္းနဲ႔ ေသဒဏ္ရွိတာလို႔။ ကြ်န္းပဲလို႔ ထိုင္ေစာင့္ေနတာပဲလို႔။ ေနာက္ၿပီးေတာ့လည္း အိမ္ကို ခဏခဏ အိတ္နဲ႔ ထိုင္ေစာင့္ေနတာပဲလို႔။ သန္းေခါင္ထက္ ညဥ့္နက္စရာမရွိေတာ့ဘူး။ သန္းေခါင္ထက္ ညဥ့္နက္ေပါင္းလည္း မ်ားခဲ့ပါၿပီလို႔။ ဘာမွာ ညဥ့္နက္စရာပိုမရွိေတာ့ဘူး။ က်ေနာ္တန္ဖိုးထားတာ က်ေနာ့္ ဂုဏ္သိကၡာ၊ က်ေနာ့္သမိုင္းပဲလို႔။ ဒါလည္း ပါတီသမိုင္း၊ ပါတီနဲ႔အတူ သြားမွာပဲေလ၊ ဟုတ္တယ္မို႔လား။ က်ေနာ္တို႔ကေတာ့ လုပ္စရာရွိတာ ဆက္လုပ္မွာပါ။

မေမခ။ ။ ေနာက္တခု သိခ်င္တာက....သူတို႔ ဒီအာဏာသိမ္းတယ္ဆိုတဲ့ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ဆရာဘယ္လိုမ်ား က်မတို႔ကို ေျပာျပႏိုင္မလဲရွင့္.. လက္ရွိအေျခအေန။

ေဒါက္တာျမင့္ႏိုင္။ ။ ဒါကေတာ့ မလုပ္သင့္တဲ့အလုပ္ၾကီးကို လုပ္တယ္လို႔ပဲထင္တယ္။ ဒါ free and fair election ပဲ။ သူတို႔ ေျပာတဲ့ ေျပာဆိုခ်က္ေတြကို က်ေနာ့္အေနနဲ႔ကေတာ့ က်ေနာ္တို႔ဘက္မွာ ဘာတခုမွမၾကားဘူး။ ၁၈ ႏွစ္ျပည့္တာေတာင္ မဲမေပးရလို႔ ငိုတဲ့သူနဲ႔၊ ဘာနဲ႔ ဒါပဲသိခဲ့တာ။ ပိုၿပီးေတာ့ မဲ ႏွစ္ေယာက္၊ သံုးေယာက္ေပးတယ္ဆိုေတာ့... လက္သန္းေလးကို မွင္ေတာင္စြတ္ရေသးတယ္။ ဘယ္လိုလုပ္ ႏွစ္ခါ၊ သံုးခါ ဝင္လို႔ရမလဲ။

မေမခ။ ။ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂိၢဳလ္နဲ႔ သမၼတၾကီးရဲ႕ အေျခအေနေရာ ဆရာတို႔ ဘယ္လိုမ်ား သိထားတာမ်ိဳးရွိပါသလဲရွင့္။

ေဒါက္တာျမင့္ႏိုင္။ ။ က်ေနာ္တို႔ေတာင္ ဝုန္းဒိုင္းလုပ္သြားတာ။ အခုခ်ိန္ထိ ဘာမွ အဆက္သြယ္မရဘူး။ က်ေနာ္တို႔ ဘာမွမသိေသးပါဘူး။ ျပည္သူကို မွာခ်င္တာကေတာ့ COVID 19 က်န္းမာေရးကို ေစာင့္ေရွာက္ကာကြယ္ေပးၾကပါ။ ကိုယ္တေယာက္ကာကြယ္ျခင္းသည္ ကိုယ့္ရပ္ရြာ၊ ကိုယ့္မိဘ၊ ကိုယ့္အသိုင္းအဝိုင္းကို ကာကြယ္ျခင္း ျဖစ္ပါတယ္လို႔။ ကိုယ္က်န္းမာမွ စိတ္ခ်မ္းသာၿပီး ကိုယ္လုပ္စရာရွိတာ ဆက္လုပ္ႏိုင္မွာလို႔။ လုပ္စရာအလုပ္ေတြက အမ်ားၾကီးက်န္ပါေသးတယ္လို႔။ ဝန္ႀကီးခ်ဳပ္တေယာက္အေနနဲ႔ ျပည္သူကို ဘယ္ေတာ့မွ သစၥာမေဖာက္ဘူး။ တိုင္းျပည္နဲ႔ လူမ်ိဳးအတြက္ ဆထက္တပိုး လုပ္စရာရွိတာကို ကိုယ္ေရာ၊ စိတ္ပါ ကိုယ္က်ိဳးမဖက္ဘဲ ကိုယ္စြမ္းဥာဏ္စြမ္း ရွိသမွ်လုပ္မယ္လို႔ ေျပာျပေပးပါ။

မေမခ။ ။ ဆရာတို႔ကို သံုး ရက္အတြင္းဖယ္ၿပီးသြားရင္ေရာ ဒီအက်ယ္ခ်ဳပ္ဆက္ထားမွာလား။

ေဒါက္တာျမင့္ႏိုင္။ ။ မသိဘူး။ ဘာမွ မေျပာဘူး။ ပစၥည္းေတြ သိမ္းထားဆိုလို႔ သိမ္းထားတာ။

မေမခ။ ။ ဆရာေရာ အခု ဘယ္လိုမ်ား သေဘာထားလဲ အခု။ အိမ္ေရွ႕မွာ လံုျခံဳေရးေတြရွိေတာ့။

ေဒါက္တာျမင့္ႏိုင္။ ။ မထားပါဘူး။ ဘာထူးမွာလဲ။ ဘာမွ စဥ္းစားၿပီးေတာ့ အေတြးအေခၚေမွ်ာ္ျမင္ၿပီးေတာ့ ပူပင္ေသာက ေရာက္မေနဘူး။

မေမခ။ ။ ေနာက္တခုက ဆရာတို႔ကို အဲဒီကို ေခၚသြားၿပီးတဲ့ အခ်ိန္မွာ သူတို႔ကို မေမးၾကည့္ဘူးလား။ ဆရာတို႔ကို ဘာေၾကာင့္ေခၚတာလဲ၊ ဘယ္လိုေၾကာင့္ ဒီလိုမ်ိဳးထိန္းသိမ္းတာလဲဆိုတဲ့ အခ်က္မ်ိဳးေရာ။

ေဒါက္တာျမင့္ႏိုင္။ ။ ဘယ္ေလာက္ေမးေမး ဘယ္သူမွမေျဖဘူး။ ခိုင္းလို႔ပဲ ေျပာတာပဲ... ဒါပဲ။ ဘယ္သူေတြပါေသးလဲဆိုေတာ့ မေျပာဘူး။ ဆရာနဲ႔ ဆရာ့လႊတ္ေတာ္ ဥကၠ႒ျဖတ္သြားတာ ျမင္လိုက္လို႔ ဆရာ့လႊတ္ေတာ္ဥကၠ႒ပါတယ္ဆိုတာ သိတာ။ ဘယ္သူေတြပါလို႔ ဘယ္သူေတြပါမွန္းကို မသိဘူး။ ဒီျပန္ေရာက္မွ ေမးေနရတာ။

မေမခ။ ။ ဆရာတို႔ကို တစုတေဝးထဲ ထိန္းသိမ္းထားတာ မဟုတ္ဘူးေပါ့။

ေဒါက္တာျမင့္ႏိုင္။ ။ ဘယ္သူ၊ ဘယ္ေနရာထားမွန္းကို မသိဘူး။ ဆရာနဲ႔ လႊတ္ေတာ္ဥကၠ႒နဲ႔က တေဆာင္။ ဒါပဲ သိတယ္။

မေမခ။ ။ တေဆာင္ဆိုေတာ့ ဘယ္မွာလဲ။

ေဒါက္တာျမင့္ႏိုင္။ ။ တန္းလ်ားၾကီးတခုေပါ့။ ဝန္ထမ္းေတြ ထားတဲ့ တန္းလ်ားလား၊ ဘာလားေတာ့ မသိဘူး။ အဲ့ဒီတန္းလ်ားၾကီးတခုမွာ ဒို႔ ႏွစ္ေယာက္ကို ထားတာ။ က်န္တာေတြ ဘယ္မွာထားလို႔ ဘယ္မွာမွန္းကို မသိဘူး။ ဒီထဲမွာ ရွိပါတယ္လို႔ ေျပာသလိုလိုပဲ ေျပာတာပဲ။

မေမခ။ ။ ဆရာတို႔ကို စစ္တပ္ထဲမွာ ေခၚထားတာေပါ့ေနာ္။ စစ္တပ္တန္းလ်ားမွာ။

ေဒါက္တာျမင့္ႏိုင္။ ။ စစ္တပ္ တန္းလ်ားထဲ ေခၚထားတာ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ‌‌‌‌‌‌ဒေါက်တာမြင့်နိုင်နဲ့ ဗွီအိုအေ မေးမြန်းချက်

စစ်တပ်အာဏာသိမ်းတဲ့နေ့ မနက်ပိုင်းက ထိန်းသိမ်းခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ဖြစ်စဉ်နဲ့ ပတ်သက်လို့ရော၊ စစ်တပ်အာဏာသိမ်းတဲ့ သူ့ သဘောထားကိုပါ ဗွီအိုအေ သတင်းထောက် မမေခက ဆက်သွယ်မေးမြန်းထားပါတယ်။ အပြည့်အစုံ တင်ဆင်ပေးလိုက်ပါတယ်။

မမေခ။ ။ ဆရာတို့အခြေအနေ ဘယ်လိုများရှိသလဲလို့ သိချင်လို့ပါရှင့်။

ဒေါက်တာမြင့်နိုင်။ ။ အခု ၁၁ နာရီက ပြန်လွှတ်ပေးတယ်လေ။

မမေခ။ ။ ဆရာတို့ကို ဘယ်မှာ ထိန်းသိမ်းထားလဲ မသိဘူးရှင့်။

ဒေါက်တာမြင့်နိုင်။ ။ စစ်ဌာနချုပ်။ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှာ ထားတာပါ။

မမေခ။ ။ ပြန်လွှတ်လိုက်တော့ရော။ ဆရာနဲ့အတူဘယ်သူတွေများပါလာသေးသလဲရှင့်။

ဒေါက်တာမြင့်နိုင်။ ။ လျှပ်စစ်လမ်းပန်းဝန်ကြီး ပြန်ရောက်ပြီ၊ ချင်းဝန်ကြီးပြန်ရောက်ပြီ၊ စိုက်မွေးဝန်ကြီးပြန်ရောက်ပြီလို့ သိရတယ်။

မမေခ။ ။ အဲဒီမှာ ထားတုန်းကရော... ဆရာတို့ကို ဘယ်လိုပုံစံမျိုး သူတို့တွေ ပြောဆိုတာမျိုးရှိပါသလဲရှင့်။

ဒေါက်တာမြင့်နိုင်။ ။ ဘာမှ မပြောဆို၊ ဘာမှ မမေးမစမ်း ... လွှတ်တော့လည်းပဲ အိမ်ကနေ ဘယ်မှမသွားပါနဲ့ ပြောတယ်။ မသွားပါဘူးပြောထားတယ်။

မမေခ။ ။ ဒီလက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ရော ဆရာတို့ ဘာဆက်လုပ်ဖို့များရော ရှိပါသလဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကတော့ ကြေငြာချက်ထွက်ထားတာမျိုးရှိတယ်ပေါ့နော်။

ဒေါက်တာမြင့်နိုင်။ ။ အဲဒီ ကြေငြာချက် ဖတ်ပြီးပါပြီ။ ကျနော်တို့ အားလုံး ထောက်ခံပါတယ်။ ကျနော်တို့က ပွင့်ပွင့်လင်းလင်းပြောရရင်... ကျနော့်ဘဝလည်း သိထားပြီးသားပဲ... ၈၈ မှာ... ၇၆ ကတည်းက မှိုင်းရာပြည့်ကတည်းက ကျောင်းထုတ်ခံရပြီးတော့ နိုင်ငံရေးထဲစိတ်ဝင်စားခဲ့တယ်။ ၈၈ ကျတော့ ခေါင်းဆောင်ပေါ်ပြီဆိုပြီးတော့ ဒီနိုင်ငံရေးလောကထဲ ခြေဆုံ ပစ်ဝင်လာတာ။ ကျနော် ခေါင်းဆောင်ကို ယုံကြည်တယ်လေ။ ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်အတိုင်းပဲ ကျနော်ဆက်ပြီးတော့ ဆက်လုပ်မှာပါပဲ။ ပါတီရဲ့ လမ်းညွှန်ချက်အတိုင်း ဆက်လုပ်မှာပါပဲ။ ကျနော်က ကျော်လုပ်၊ ကျူးလုပ်လို့ မကောင်းဘူး အလုပ်မှုဆောင်အပေါ်။ ကျနော်တို့ရဲ့ အလုပ်အမှုဆောင်အဖွဲ့ပေါ့။ သူတို့ ချမှတ်တဲ့ လမ်းစဉ်အတိုင်း၊ ခိုင်းတဲ့အတိုင်းကို ဆက်လုပ်မှာပဲလေ။

မမေခ။ ။ နောက်တခုက ဆရာတို့ကို အိမ်မှာ ထားပြီဆိုတော့ အိမ်မှာရော ဆရာတို့ကို လုံခြုံရေးတွေ ထားထားလား။

ဒေါက်တာမြင့်နိုင်။ ။ လုံခြုံရေးတွေ အသစ်လဲချပါတယ်။ ရဲပါပဲ။ ကျနော်တို့ကိုလည်း ကြားတာက ၃ ရက်အတွင်း ဖယ်ပေးရမယ်ဆိုလို့ ကျနော် ပစ္စည်းတွေ သိမ်းနေပါတယ်။

မမေခ။ ။ သူတို့ထားတဲ့ ဝန်ကြီးအိမ်ယာကနေဖယ်ပေးရမယ်။ အဲဒီလိုမျိုးလားဆရာ။

ဒေါက်တာမြင့်နိုင်။ ။ ဖယ်ပေးရမယ်လို့ပြောတယ်။ ၃ ရက်အတွင်း ဖယ်ပေးရမယ်လို့ ပြောတယ်။ ပစ္စည်းတွေအကုန်သိမ်းနေပါတယ်။ ကျနော့်ရုံးခန်းလည်း ချိတ်ပိတ်လိုက်ပြီဆိုတော့လေ။ ဝန်ကြီးချုပ်ရုံးက ချိတ်ပိတ်လိုက်ပြီ၊ ဘာညာ၊ အကုန်ပိတ်လိုက်ပြီဆိုတော့ ဒါက ကိုယ်က အကုန်လုံး ပြင်ဆင်ထားရမှာပဲလေ။

မမေခ။ ။ ဆရာတို့ လုံခြုံရေးအပိုင်းကရော... သူတို့က လုံခြုံရေးယူထားတာက အကျယ်ချုပ်လား။ ဘယ်လိုများ ကျမတို့နားလည်လို့ရမလဲ။

ဒေါက်တာမြင့်နိုင်။ ။ အခုကတော့ အိမ်ပြန်ရောက်တော့... ဟိုတနေ့ကတော့ မနက် ၄ နာရီလောက်ကတည်းက သူတို့ အိမ်ကို ဝိုင်းလိုက်တာနေမှာပေါ့။ လာခေါ်တော့ စစ်တပ်က လာခေါ်တယ်။ ကျနော့်ရှေ့က ကျနော့် လုံခြုံရေးရဲတွေ မရှိတော့ဘူး။ ခုပြန်ပို့တော့ ကျနော့်ရှေ့က ရဲတွေကို တနေရာပြောင်းလိုက်ပြီးတော့ လုံခြုံရေး ရဲအသစ်တွေ၊ စစ်တပ်ကတော့ ဝိုင်းအပြင်ဘက်က ရှိတယ်ထင်ပါတယ်။ စစ်အာဏာရှင် တယောက်တော့ တွေ့လိုက်တယ်။ ကျနော်တို့ ဘယ်မှမသွားပါဘူး။ စိတ်ချနေပါလို့ ခင်ဗျားကလည်းလို့။ ၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ် အကောင်အထည်မပေါ်တော့ ကျနော်တို့ ယှဉ်ပြိုင်အစိုးရဖွဲ့တာပဲလို့။ နိုင်ငံတော်ပုန်ကန်ကန်မှုဆိုတာ ၁၂၂/၁ ဆိုတာ တသက်တကျွန်းနဲ့ သေဒဏ် အနည်းဆုံး ကျွန်းနဲ့ သေဒဏ်ရှိတာလို့။ ကျွန်းပဲလို့ ထိုင်စောင့်နေတာပဲလို့။ နောက်ပြီးတော့လည်း အိမ်ကို ခဏခဏ အိတ်နဲ့ ထိုင်စောင့်နေတာပဲလို့။ သန်းခေါင်ထက် ညဉ့်နက်စရာမရှိတော့ဘူး။ သန်းခေါင်ထက် ညဉ့်နက်ပေါင်းလည်း များခဲ့ပါပြီလို့။ ဘာမှာ ညဉ့်နက်စရာပိုမရှိတော့ဘူး။ ကျနော်တန်ဖိုးထားတာ ကျနော့် ဂုဏ်သိက္ခာ၊ ကျနော့်သမိုင်းပဲလို့။ ဒါလည်း ပါတီသမိုင်း၊ ပါတီနဲ့အတူ သွားမှာပဲလေ၊ ဟုတ်တယ်မို့လား။ ကျနော်တို့ကတော့ လုပ်စရာရှိတာ ဆက်လုပ်မှာပါ။

မမေခ။ ။ နောက်တခု သိချင်တာက....သူတို့ ဒီအာဏာသိမ်းတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆရာဘယ်လိုများ ကျမတို့ကို ပြောပြနိုင်မလဲရှင့်.. လက်ရှိအခြေအနေ။

ဒေါက်တာမြင့်နိုင်။ ။ ဒါကတော့ မလုပ်သင့်တဲ့အလုပ်ကြီးကို လုပ်တယ်လို့ပဲထင်တယ်။ ဒါ free and fair election ပဲ။ သူတို့ ပြောတဲ့ ပြောဆိုချက်တွေကို ကျနော့်အနေနဲ့ကတော့ ကျနော်တို့ဘက်မှာ ဘာတခုမှမကြားဘူး။ ၁၈ နှစ်ပြည့်တာတောင် မဲမပေးရလို့ ငိုတဲ့သူနဲ့၊ ဘာနဲ့ ဒါပဲသိခဲ့တာ။ ပိုပြီးတော့ မဲ နှစ်ယောက်၊ သုံးယောက်ပေးတယ်ဆိုတော့... လက်သန်းလေးကို မှင်တောင်စွတ်ရသေးတယ်။ ဘယ်လိုလုပ် နှစ်ခါ၊ သုံးခါ ဝင်လို့ရမလဲ။

မမေခ။ ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတကြီးရဲ့ အခြေအနေရော ဆရာတို့ ဘယ်လိုများ သိထားတာမျိုးရှိပါသလဲရှင့်။

ဒေါက်တာမြင့်နိုင်။ ။ ကျနော်တို့တောင် ဝုန်းဒိုင်းလုပ်သွားတာ။ အခုချိန်ထိ ဘာမှ အဆက်သွယ်မရဘူး။ ကျနော်တို့ ဘာမှမသိသေးပါဘူး။ ပြည်သူကို မှာချင်တာကတော့ COVID 19 ကျန်းမာရေးကို စောင့်ရှောက်ကာကွယ်ပေးကြပါ။ ကိုယ်တယောက်ကာကွယ်ခြင်းသည် ကိုယ့်ရပ်ရွာ၊ ကိုယ့်မိဘ၊ ကိုယ့်အသိုင်းအဝိုင်းကို ကာကွယ်ခြင်း ဖြစ်ပါတယ်လို့။ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာပြီး ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နိုင်မှာလို့။ လုပ်စရာအလုပ်တွေက အများကြီးကျန်ပါသေးတယ်လို့။ ဝန်ကြီးချုပ်တယောက်အနေနဲ့ ပြည်သူကို ဘယ်တော့မှ သစ္စာမဖောက်ဘူး။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆထက်တပိုး လုပ်စရာရှိတာကို ကိုယ်ရော၊ စိတ်ပါ ကိုယ်ကျိုးမဖက်ဘဲ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှလုပ်မယ်လို့ ပြောပြပေးပါ။

မမေခ။ ။ ဆရာတို့ကို သုံး ရက်အတွင်းဖယ်ပြီးသွားရင်ရော ဒီအကျယ်ချုပ်ဆက်ထားမှာလား။

ဒေါက်တာမြင့်နိုင်။ ။ မသိဘူး။ ဘာမှ မပြောဘူး။ ပစ္စည်းတွေ သိမ်းထားဆိုလို့ သိမ်းထားတာ။

မမေခ။ ။ ဆရာရော အခု ဘယ်လိုများ သဘောထားလဲ အခု။ အိမ်ရှေ့မှာ လုံခြုံရေးတွေရှိတော့။

ဒေါက်တာမြင့်နိုင်။ ။ မထားပါဘူး။ ဘာထူးမှာလဲ။ ဘာမှ စဉ်းစားပြီးတော့ အတွေးအခေါ်မျှော်မြင်ပြီးတော့ ပူပင်သောက ရောက်မနေဘူး။

မမေခ။ ။ နောက်တခုက ဆရာတို့ကို အဲဒီကို ခေါ်သွားပြီးတဲ့ အချိန်မှာ သူတို့ကို မမေးကြည့်ဘူးလား။ ဆရာတို့ကို ဘာကြောင့်ခေါ်တာလဲ၊ ဘယ်လိုကြောင့် ဒီလိုမျိုးထိန်းသိမ်းတာလဲဆိုတဲ့ အချက်မျိုးရော။

ဒေါက်တာမြင့်နိုင်။ ။ ဘယ်လောက်မေးမေး ဘယ်သူမှမဖြေဘူး။ ခိုင်းလို့ပဲ ပြောတာပဲ... ဒါပဲ။ ဘယ်သူတွေပါသေးလဲဆိုတော့ မပြောဘူး။ ဆရာနဲ့ ဆရာ့လွှတ်တော် ဥက္ကဋ္ဌဖြတ်သွားတာ မြင်လိုက်လို့ ဆရာ့လွှတ်တော်ဥက္ကဋ္ဌပါတယ်ဆိုတာ သိတာ။ ဘယ်သူတွေပါလို့ ဘယ်သူတွေပါမှန်းကို မသိဘူး။ ဒီပြန်ရောက်မှ မေးနေရတာ။

မမေခ။ ။ ဆရာတို့ကို တစုတဝေးထဲ ထိန်းသိမ်းထားတာ မဟုတ်ဘူးပေါ့။

ဒေါက်တာမြင့်နိုင်။ ။ ဘယ်သူ၊ ဘယ်နေရာထားမှန်းကို မသိဘူး။ ဆရာနဲ့ လွှတ်တော်ဥက္ကဋ္ဌနဲ့က တဆောင်။ ဒါပဲ သိတယ်။

မမေခ။ ။ တဆောင်ဆိုတော့ ဘယ်မှာလဲ။

ဒေါက်တာမြင့်နိုင်။ ။ တန်းလျားကြီးတခုပေါ့။ ဝန်ထမ်းတွေ ထားတဲ့ တန်းလျားလား၊ ဘာလားတော့ မသိဘူး။ အဲ့ဒီတန်းလျားကြီးတခုမှာ ဒို့ နှစ်ယောက်ကို ထားတာ။ ကျန်တာတွေ ဘယ်မှာထားလို့ ဘယ်မှာမှန်းကို မသိဘူး။ ဒီထဲမှာ ရှိပါတယ်လို့ ပြောသလိုလိုပဲ ပြောတာပဲ။

မမေခ။ ။ ဆရာတို့ကို စစ်တပ်ထဲမှာ ခေါ်ထားတာပေါ့နော်။ စစ်တပ်တန်းလျားမှာ။

ဒေါက်တာမြင့်နိုင်။ ။ စစ်တပ် တန်းလျားထဲ ခေါ်ထားတာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG