သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၱေလးတိုင္းဝန္ၾကီးခ်ဳပ္ ျပန္လြတ္ေပမဲ့ ေနအိမ္အက်ယ္ခ်ဳပ္ထား


မႏၱေလးတုိင္း ၀န္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္။ (ဓာတ္ပံု - Dr Zaw Myint Maung's facebook - ဒီဇင္ဘာ ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္ၿပီးေနာက္ ထိန္းသိမ္းခံခဲ့ရတဲ့ မႏၱေလးတုိင္း၀န္ႀကီးခ်ဳပ္ကုိ ျပန္လႊတ္ေပးလုိက္ေပမဲ့ ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ေနထုိင္ေနရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုထက္ေအာင္ခန္႔က သတင္းေပးပို႔ထားပါတယ္။

စစ္တပ္က အာဏာသိမ္းလုိက္ၿပီးေနာက္ ထိန္းသိမ္းခံလုိက္ရသူေတြထဲက တခ်ဳိ႕ကုိ ျပန္လႊတ္ေပးေနရာမွာ NLD အမ်ဳိးသား ဒီမုိကေရစီ အဖဲြ႔ခ်ဳပ္ရဲ႕ အဆင့္ျမင့္တာ၀န္ရွိသူ တဦးလည္းျဖစ္ မႏၱေလးတုိင္း ၀န္ႀကီးခ်ဳပ္လည္းျဖစ္တဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္လည္း ပါ၀င္ခဲ့ပါတယ္။ NLD ပါတီ ဒုဥကၠ႒ ၂ ၀န္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကုိ ျပန္လႊတ္ေပးလုိက္ေပမဲ့ ေနအိမ္မွာ အက်ယ္ခ်ဳပ္အျဖစ္ ေနထုိင္ေနရတယ္လုိ႔လည္း ဒုတိယအႀကိမ္ ငါန္းဇြန္ၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚသဲစုေ၀ ကေျပာပါတယ္။

“က်မတို႔ သိသေလာက္ေတာ့ ဆရာေဇာ္တေယာက္ပဲ ျပန္လြတ္ၿပီး ေနအိမ္ အက်ယ္ခ်ဳပ္ျဖစ္ေနတယ္ေျပာတယ္ေလ။ ဘယ္မွာထားတယ္ဆိုတာကိုေတာ့ အတိအက်မသိရဘူး။ အကုန္လံုးဖမ္းဆီးသြားတယ္လို႔ သိလိုက္တယ္ေပါ့။ က်မတို႔ကလည္း သတင္းက ဟိုကနားစြင့္ ဒီကနားစြင့္ ေနရတာေလ တခ်ိဳ႕ဆို အမ်ိဳးသမီးေတြ ပါသြားတယ္ၾကားတယ္။”

မႏၱေလးၿမိဳ႕ေစ်းခ်ိဳ နာရီစင္ေရွ႕မွာ လုံၿခဳံေရး တင္းၾကပ္ထားတဲ့ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ၊ ၀၂၊ ၂၀၂၁)
မႏၱေလးၿမိဳ႕ေစ်းခ်ိဳ နာရီစင္ေရွ႕မွာ လုံၿခဳံေရး တင္းၾကပ္ထားတဲ့ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ၊ ၀၂၊ ၂၀၂၁)

စစ္တပ္က အာဏာသိမ္းလုိက္တဲ့အေပၚ ကန္႔ကြက္တဲ့ အေနနဲ႔ မႏၲေလးၿမိဳ႕မွာ ဒီကေန႔ ဆႏၵျပမယ္ဆိုတဲ့ သတင္းေၾကာင့္ လုံၿခဳံေရးကုိလည္း တင္းၾကပ္လုိက္ပါတယ္။ ဆႏၵျပမယ္လုိ႔ဆုိတဲ့ ေစ်းခ်ိဳနာရီစင္ေရွ႕မွာဆုိရင္လည္း ရဲအင္အား ၁၀၀ နီးပါးက အခ်ဳပ္ကားေတြနဲ႔ အသင့္ ေစာင့္ဆုိင္းေနသလုိ၊ လက္နက္ကိုင္ေဆာင္ထားတဲ့ စစ္သား ၄၀ ေလာက္ဟာလည္း စစ္ကားေတြနဲ႔ အနီးအနားမွာ လွည့္လည္ၿပီး လုံၿခဳံေရး ယူထားပါတယ္။

တပ္မေတာ္က အာဏာသိမ္းလုိက္ၿပီးေနာက္ မႏၱေလးၿမိဳ႕ခံေတြၾကား စုိးရိမ္စိတ္ေတြရွိေနေပမဲ့ အေျခအေနေတြကေတာ့ လတ္တေလာ တည္တည္ၿငိမ္ၿငိမ္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မန္တလေးတိုင်းဝန်ကြီးချုပ် ပြန်လွတ်ပေမဲ့ နေအိမ်အကျယ်ချုပ်ထား

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ထိန်းသိမ်းခံခဲ့ရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ကို ပြန်လွှတ်ပေးလိုက်ပေမဲ့ နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်နေရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ထိန်းသိမ်းခံလိုက်ရသူတွေထဲက တချို့ကို ပြန်လွှတ်ပေးနေရာမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အဆင့်မြင့်တာဝန်ရှိသူ တဦးလည်းဖြစ် မန္တလေးတိုင်း ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်လည်း ပါဝင်ခဲ့ပါတယ်။ NLD ပါတီ ဒုဥက္ကဋ္ဌ ၂ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ပြန်လွှတ်ပေးလိုက်ပေမဲ့ နေအိမ်မှာ အကျယ်ချုပ်အဖြစ် နေထိုင်နေရတယ်လို့လည်း ဒုတိယအကြိမ် ငါန်းဇွန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သဲစုဝေ ကပြောပါတယ်။

“ကျမတို့ သိသလောက်တော့ ဆရာဇော်တယောက်ပဲ ပြန်လွတ်ပြီး နေအိမ် အကျယ်ချုပ်ဖြစ်နေတယ်ပြောတယ်လေ။ ဘယ်မှာထားတယ်ဆိုတာကိုတော့ အတိအကျမသိရဘူး။ အကုန်လုံးဖမ်းဆီးသွားတယ်လို့ သိလိုက်တယ်ပေါ့။ ကျမတို့ကလည်း သတင်းက ဟိုကနားစွင့် ဒီကနားစွင့် နေရတာလေ တချို့ဆို အမျိုးသမီးတွေ ပါသွားတယ်ကြားတယ်။”

စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ မန္တလေးမြို့မှာ ဒီကနေ့ ဆန္ဒပြမယ်ဆိုတဲ့ သတင်းကြောင့် လုံခြုံရေးကိုလည်း တင်းကြပ်လိုက်ပါတယ်။ ဆန္ဒပြမယ်လို့ဆိုတဲ့ ဈေးချိုနာရီစင်ရှေ့မှာဆိုရင်လည်း ရဲအင်အား ၁၀၀ နီးပါးက အချုပ်ကားတွေနဲ့ အသင့် စောင့်ဆိုင်းနေသလို၊ လက်နက်ကိုင်ဆောင်ထားတဲ့ စစ်သား ၄၀ လောက်ဟာလည်း စစ်ကားတွေနဲ့ အနီးအနားမှာ လှည့်လည်ပြီး လုံခြုံရေး ယူထားပါတယ်။

တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် မန္တလေးမြို့ခံတွေကြား စိုးရိမ်စိတ်တွေရှိနေပေမဲ့ အခြေအနေတွေကတော့ လတ်တလော တည်တည်ငြိမ်ငြိမ်ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG