သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္မွာ ေနအိမ္အက်ယ္ခ်ဳပ္ခ်ထားျခင္း


ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။

(Zawgyi/Unicode)

ျမန္မာ စစ္တပ္က ေဖေဖာ္၀ါရီလ ၁ ရက္ေန႔မွာ ဖမ္းဆီးထိန္းသိမ္းထားတဲ႔ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ေခါင္းေဆာင္ပိုင္း တခ်ိဳ႕ ေဖေဖာ္၀ါရီလ ၂ ရက္ေန႔မွာ လြတ္ေျမာက္လာေပမယ့္ NLD ပါတီ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေရြးေကာက္ခံ သမၼတ ဦး၀င္းျမင့္တို႔ မလြတ္ေသးပါဘူး။ ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ေနျပည္ေတာ္က သူမရဲ႕ ေနအိမ္မွာ ထိန္းခ်ဳပ္ခံေနရတယ္လို႔ NLD ပါတီရဲ႕ ေရြးေကာက္ခံ လႊတ္ေတာ္ အမတ္ ဦးတင္ထြန္းႏုိင္က ဗီြအိုေအကို ေျပာပါတယ္။

“ က်ေနာ္တို႔ေခါင္းေဆာင္ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္လည္း ေနာက္ဆံုးသတင္းအရေတာ့ ေနအိမ္မွာပဲ သူ အက်ယ္ခ်ဳပ္ ပံုစံမ်ိဳးေပါ့ေလ သူတို႔ေခၚတဲ့ေနရာမွာ ရွိေနတာမ်ိဳးမဟုတ္ပဲနဲ႔ ေနအိမ္မွာပဲ ရွိေနတယ္။”

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု - Aung San Suu Kyi - ေမ ၁၄၊ ၂၀၂၀)
ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု - Aung San Suu Kyi - ေမ ၁၄၊ ၂၀၂၀)

သမၼတ ဦး၀င္းျမင့္ကိုေတာ့ သမၼတ အိမ္ေတာ္ကေန ေနရာေရႊ႕ဖို႔ စစ္တပ္ ျပင္ဆင္ေနတဲ႔သတင္း ၾကားထားေၾကာင္းလည္း ေရြးေကာက္ခံ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးတင္ထြန္းႏုိင္က ေဖေဖာ္၀ါရီလ ၂ ရက္ေန႔မွာ ေနျပည္ေတာ္ စည္ပင္၀န္း အတြင္း သတင္းေထာက္ေတြကို ေျပာဆိုခဲ႔ပါတယ္။ ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦး၀င္းျမင့္တို႔ကို ဘယ္ေနရာမွာ ဘယ္လို ပံုစံ ဖမ္းဆီး ထိန္းသိမ္းထားသလဲ ဆိုတာကို စစ္တပ္ဘက္က တရား၀င္ ေျပာဆိုမႈ မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္


................

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်ချထားခြင်း

(Unicode)

မြန်မာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်ပိုင်း တချို့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ လွတ်မြောက်လာပေမယ့် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ခံ သမ္မတ ဦးဝင်းမြင့်တို့ မလွတ်သေးပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ နေပြည်တော်က သူမရဲ့ နေအိမ်မှာ ထိန်းချုပ်ခံနေရတယ်လို့ NLD ပါတီရဲ့ ရွေးကောက်ခံ လွှတ်တော် အမတ် ဦးတင်ထွန်းနိုင်က ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း နောက်ဆုံးသတင်းအရတော့ နေအိမ်မှာပဲ သူ အကျယ်ချုပ် ပုံစံမျိုးပေါ့လေ သူတို့ခေါ်တဲ့နေရာမှာ ရှိနေတာမျိုးမဟုတ်ပဲနဲ့ နေအိမ်မှာပဲ ရှိနေတယ်။”

သမ္မတ ဦးဝင်းမြင့်ကိုတော့ သမ္မတ အိမ်တော်ကနေ နေရာရွှေ့ဖို့ စစ်တပ် ပြင်ဆင်နေတဲ့သတင်း ကြားထားကြောင်းလည်း ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ နေပြည်တော် စည်ပင်ဝန်း အတွင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဘယ်နေရာမှာ ဘယ်လို ပုံစံ ဖမ်းဆီး ထိန်းသိမ်းထားသလဲ ဆိုတာကို စစ်တပ်ဘက်က တရားဝင် ပြောဆိုမှု မရှိပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG