သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္တိုက္ဖ်က္ေရး IMF အကူအညီ ေဒၚလာသန္း ၃၅၀ ျပန္ယူႏိုင္မယ့္ အလားအလာမရွိ


ရန္ကုန္ၿမိဳ႕ ဧရာဝတီကိုဗစ္စင္တာမွာ ကိုဗစ္လူနာတဦးကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္း ႏွစ္ဦး။ (ဒီဇင္ဘာ ၁၉၊ ၂၀၂၀)

[Zawgyi/Unicode]

ႏိုင္ငံတကာေငြေၾကးရန္ပံုေငြအဖြဲ႔ (IMF) အေနနဲ႔ ျမန္မာႏိုင္ငံမွာ ကိုဗစ္တိုက္ဖ်က္ေရးကူညီေငြ အေမရိကန္ေဒၚလာ သန္း ၃၅၀ ကို ေငြသားအေနနဲ႔ စစ္အာဏာမသိမ္းခင္ ၿပီးခဲ့တဲ့အပတ္ကပဲ ပို႔ခဲ့တာက ျပန္ယူႏိုင္ဖို႔ အလားအလာမရွိပါဘူး။

ဒီ IMF ႏိုင္ငံတကာေငြေၾကး အဖြဲ႔ႀကီးအေနနဲ႔ ဒီ ကိုဗစ္ကမာၻ႔ကပ္ေရာဂါတိုက္ဖ်က္ေရးအေရးေပၚရန္ပံုေငြအျဖစ္ အရင္ျမန္မာ့ဒီမိုကေရစီအစိုးရကို ႀကိဳတင္စည္းကမ္းသတ္မွတ္မႈ မထားဘဲေပးခဲ့တဲ့ ကူညီမႈမ်ိဳးကို အရင္တုန္းကလည္း ကမာၻမွာ ျပန္ေတာင္းႏုိင္တဲ့ အေနအထားမ်ိဳး မရွိခဲ့ဖူးပါဘူး။

အခုလို IMF က ေငြသားေပးပို႔ခဲ့အၿပီး ရက္ပိုင္းတြင္းမွာပဲ ျမန္မာစစ္တပ္ေခါင္းေဆာင္ေတြအေနနဲ႔ အာဏာသိမ္းခဲ့ၿပီး ေရြးေကာက္ခံေခါင္းေဆာင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အျခားေရြးေကာက္ခံေခါင္းေဆာင္ေတြကို ထိန္းသိမ္းခဲ့ပါတယ္။

ဒီႏိုင္ငံတကာေငြေၾကးေပးပို႔မႈဆိုင္ရာ ကၽြမ္းက်င္သူေတြက အခုလို IMF က ဇန္နဝါရီ ၁၃ ရက္မွာ ဆံုးျဖတ္ၿပီး အေရးေပၚအျမန္ ပို႔ျပီးသားေငြကို ျပန္ေတာင္းႏုိင္ဖို႔ လုပ္ႏိုင္တဲ့အေနအထားက မရွိသေလာက္နည္းပါတယ္လို႔ ဆိုပါတယ္။

ဒီ IMF အဖြဲ႔ ေျပာခြင့္ရ အမ်ိဳးသမီးကလည္း အခုေငြပို႔ၿပီးျဖစ္တာကို အတည္ျပဳေပးခဲ့ၿပီး ျမန္မာႏိုင္ငံမွာ ေနာက္ဆံုးျဖစ္ပ်က္ေနတာေတြကိုလည္း အနီးကပ္ေစာင့္ၾကည့္ေနခါ စီးပြားေရးနဲ႔ ျမန္မာျပည္သူေတြအေပၚ ရိုက္ခတ္လာႏိုင္မႈေတြအတြက္ အထူးစိုးရိမ္ေနတယ္လို႔ ဆိုပါတယ္။

ခုလိုအခ်ိန္မွာ အေမရိကန္ သမၼတသစ္ Joe Biden အေနနဲ႔လည္း ပထမဆံုး ႏိုင္ငံတကာျပႆနာအျဖစ္ ျမန္မာ့အာဏာသိမ္းမႈကို ႀကဳံလိုက္ရၿပီး အာဏာသိမ္း ဗိုလ္ခ်ဳပ္ႀကီးေတြကို ဒဏ္ခတ္ ပိတ္ဆို႔မႈအသစ္ေတြလုပ္ဖို႔ သတိေပးထားခါ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း ျမန္မာကိုေပးတဲ့ ႏိုင္ငံျခားအကူအညီေတြကို ျပန္သံုးဖုိ႔ရွိတယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာကိုဗစ်တိုက်ဖျက်ရေး IMF အကူအညီ ဒေါ်လာသန်း ၃၅၀ ပြန်ယူနိုင်မယ့်အလားအလာမရှိ

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အနေနဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်တိုက်ဖျက်ရေးကူညီငွေ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကို ငွေသားအနေနဲ့ စစ်အာဏာမသိမ်းခင် ပြီးခဲ့တဲ့အပတ်ကပဲ ပို့ခဲ့တာက ပြန်ယူနိုင်ဖို့ အလားအလာမရှိပါဘူး။

ဒီ IMF နိုင်ငံတကာငွေကြေး အဖွဲ့ကြီးအနေနဲ့ ဒီ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးအရေးပေါ်ရန်ပုံငွေအဖြစ် အရင်မြန်မာ့ဒီမိုကရေစီအစိုးရကို ကြိုတင်စည်းကမ်းသတ်မှတ်မှု မထားဘဲပေးခဲ့တဲ့ ကူညီမှုမျိုးကို အရင်တုန်းကလည်း ကမ္ဘာမှာ ပြန်တောင်းနိုင်တဲ့ အနေအထားမျိုး မရှိခဲ့ဖူးပါဘူး။

အခုလို IMF က ငွေသားပေးပို့ခဲ့အပြီး ရက်ပိုင်းတွင်းမှာပဲ မြန်မာစစ်တပ်ခေါင်းဆောင်တွေအနေနဲ့ အာဏာသိမ်းခဲ့ပြီး ရွေးကောက်ခံခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားရွေးကောက်ခံခေါင်းဆောင်တွေကို ထိန်းသိမ်းခဲ့ပါတယ်။

ဒီနိုင်ငံတကာငွေကြေးပေးပို့မှုဆိုင်ရာ ကျွမ်းကျင်သူတွေက အခုလို IMF က ဇန်နဝါရီ ၁၃ ရက်မှာ ဆုံးဖြတ်ပြီး အရေးပေါ်အမြန် ပို့ပြီးသားငွေကို ပြန်တောင်းနိုင်ဖို့ လုပ်နိုင်တဲ့အနေအထားက မရှိသလောက်နည်းပါတယ်လို့ ဆိုပါတယ်။

ဒီ IMF အဖွဲ့ ပြောခွင့်ရ အမျိုးသမီးကလည်း အခုငွေပို့ပြီးဖြစ်တာကို အတည်ပြုပေးခဲ့ပြီး မြန်မာနိုင်ငံမှာ နောက်ဆုံးဖြစ်ပျက်နေတာတွေကိုလည်း အနီးကပ်စောင့်ကြည့်နေခါ စီးပွားရေးနဲ့ မြန်မာပြည်သူတွေအပေါ် ရိုက်ခတ်လာနိုင်မှုတွေအတွက် အထူးစိုးရိမ်နေတယ်လို့ ဆိုပါတယ်။

ခုလိုအချိန်မှာ အမေရိကန် သမ္မတသစ် Joe Biden အနေနဲ့လည်း ပထမဆုံး နိုင်ငံတကာပြဿနာအဖြစ် မြန်မာ့အာဏာသိမ်းမှုကို ကြုံလိုက်ရပြီး အာဏာသိမ်း ဗိုလ်ချုပ်ကြီးတွေကို ဒဏ်ခတ် ပိတ်ဆို့မှုအသစ်တွေလုပ်ဖို့ သတိပေးထားခါ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာကိုပေးတဲ့ နိုင်ငံခြားအကူအညီတွေကို ပြန်သုံးဖို့ရှိတယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG