(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္တဲ့ စစ္တပ္ကေန အရပ္သားအစိုးရ ထိပ္ပိုင္းေခါင္းေဆာင္ေတြကို ေဖေဖၚဝါရီလ (၁)ရက္ေန႔ကရာထူးကေန ဖယ္ရွားခဲ့တဲ့ လုပ္ရပ္ကို စစ္အာသိမ္းမႈအျဖစ္ သတ္မွတ္ေၾကာင္း အေမရိကန္အစိုးရက ဧၿပီလ (၂)ရက္ေန႔က ေၾကညာခဲ့ၿပီး ေနာက္ဆက္တြဲ စီးပြားေရးပိတ္ဆို႔မႈေတြခ်မွတ္ဖို႔ ျပင္ဆင္ေနတယ္လို႔လည္း အေမရိကန္ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ ပုဂၢိလ္က ေျပာၾကားခဲ့ပါတယ္။
မအင္ၾကင္းႏိုင္က အေသးစိတ္ကို ဆက္လက္တင္ျပမွာပါ။
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈအျဖစ္ အေမရိကန္အစိုးရက တရားဝင္သတ္မွတ္ေၾကာင္း ေၾကညာခ်က္နဲ႔ ပတ္သက္လို႔ အဂၤါေန႔က အေမရိကန္ႏိုင္ငံျခားေရးဌာန ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ ေျပာခြင့္ရ Ned Price က အခုလိုေျပာၾကားခဲ့ပါတယ္။
”အခ်က္အလက္အားလုံးကိုျပန္လည္သုံးသပ္ၿပီးေနာက္ ေဖေဖၚဝါရီလ (၁) ရက္ေန႔က ျမန္မာစစ္တပ္ကေန ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့ အစိုးရထိပ္ပိုင္းေခါင္းေဆာင္ေတြကို ရာထူးကေန ဖယ္ရွားလိုက္တဲ့ လုပ္ရပ္ကို စစ္အာဏာသိမ္းမႈအျဖစ္ကေနာ္တို႔ အကဲျဖတ္ခဲ့ပါတယ္။”
သမၼတဘိုင္ဒန္နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီး Blinken တို႔ေျပာခဲ့တဲ့အတိုင္းပဲ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အရပ္ဘက္ လူမႈအဖြဲ႕အစည္းေခါင္းေဆာင္ေတြအပါအဝင္ အရပ္ဖက္အစိုးရေခါင္းေဆာင္ေတြကို ျမန္မာစစ္တပ္က ဖမ္းဆီးထိန္းသိမ္းထားတာကို အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အလြန္ စိုးရိမ္မကင္းျဖစ္မိေၾကာင္းလည္း Ned Price က ေျပာပါတယ္။
ဒါအျပင္ ျမန္မာ့ဒီမိုကေရစီအသြင္ကူးေျပာင္းေရးဖ်က္လိုဖ်က္စီးလုပ္သူေတြအေနနဲ႔တာဝန္ခံမႈရွိေစေရး အေမရိကန္အစိုးရအေနနဲ႔ တိုးျမႇင့္ေဆာင္႐ြက္သြားမယ္လို႔ အခုလို ေျပာပါတယ္။
” ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီနဲ႔ တရားဥပေဒစိုးမိုးေရး ေလးစားလိုက္နာမႈရွိေအာင္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ေဒသတြင္းနဲ႔ ကမာၻတဝွမ္းရွိ လုပ္ေဖၚကိုင္ဖက္ေတြနဲ႔ နီးနီးကပ္ကပ္ ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္သလို၊ ျမန္မာဒီမိုကေရစီအသြင္ကူးေျပာင္းေရးကို ဖ်က္စီးမႈအတြက္ တာဝန္ရွိသူေတြအေနနဲ႔ တာဝန္ယူခံမႈရွိေစေရး တိုးျမႇင့္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။”
စစ္အာဏာသိမ္းမႈအျဖစ္ တရားဝင္သတ္မွတ္လိုက္တဲ့ ေနာက္ဆက္တြဲ အေနနဲ႔ အရင္ကတည္းကရွိထားတဲ့ ျမန္မာအေပၚ စီးပြားေရးအရပိတ္ဆို႔မႈေတြကို ထပ္တိုးၿပီး လုပ္ေဆာင္သြားဖို႔ရွိေနတယ္လို႔လည္း Ned Price ကအခုလို ေျပာၾကားခဲ့ပါတယ္။
”အခုလို က်ေနာ္တို႔ မူဝါဒအရ သတ္မွတ္ျပဌာန္းလိုက္ၿပီးတဲ့ေနာက္ စီးပြားေရးအရပိတ္ဆို႔မႈအလားအလာေတြအပါအဝင္ အျခားအစီအစဥ္ေတြကို ဆက္လက္ေဆာင္ရြက္ေနပါတယ္။”
အလားတူ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈျဖစ္ခဲ့တဲ့အေျခအေနနဲ႔ ပတ္သက္လို႔ တနလၤာေန႔က သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီး Blinken တို႔နဲ႔ေတြ႕ဆုံ ေဆြးေႏြးခဲ့တဲ့ အေမရိကန္အထက္လႊတ္ေတာ္ လူနည္းစုေခါင္းေဆာင္ ရီပါပလင္ကန္အမတ္ Mitch McConnell ကလည္း ဒီမိုကေရစီကို တိုက္ခိုက္တဲ့ ျမန္မာစစ္တပ္အေနနဲ႔ ႀကီးမားတဲ့ ေပးဆပ္မႈျဖစ္ေစဖို႔ အေမရိကန္အစိုးရက ေဆာင္႐ြက္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း အဂၤါေန႔က အထက္လႊတ္ေတာ္အစည္းအေဝးမွာ အခုလိုေျပာသြားပါတယ္။
"ကမာၻႀကီးက ေစာင့္ၾကည့္ေနပါတယ္။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ဒါဟာ စစ္တပ္အာဏာသိမ္းမႈအျဖစ္ ထင္ရွားတဲ့ တရားဝင္ဆုံးျဖတ္ခ်က္ကို ျမန္ျမန္ဆန္ဆန္ ခ်မွတ္ဖို႔ က်ေနာ္အေနနဲ႔ ေမွ်ာ္လင့္ပါတယ္။ အခုလိုဒီမိုကေရစီစနစ္ကို တိုက္ခိုက္တဲ့လုပ္ရပ္အတြက္ စစ္တပ္အေပၚ ႀကီးမားတဲ့ ပိတ္ဆို႔အေရးယူမႈေတြခ်မွတ္လိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။”
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈအျဖစ္ အေမရိကန္အစိုးရက တရားဝင္သတ္မွတ္လိုက္ေပမယ့္ လူသားခ်င္းစာနာမႈအကူအညီပံ့ပိုးမႈေတြကို ရပ္ဆိုင္းမွာ မဟုတ္ဘူးလို႔ ႏိုင္ငံျခားေရးဌာန အဆင့္ျမင့္အရာတဦးက ေျပာၾကားခဲ့ပါတယ္။
ျမန္မာစစ္တပ္အာဏာသိမ္းမႈအေပၚ အေမရိကန္အစိုးရက ခ်မွတ္မယ့္ မူဝါဒနဲ႔ ပတ္သက္လို႔ အဂၤါေန႔ နံနက္ပိုင္း မွာ အေမရိကန္ႏိုင္ငံျခားေရးဌာနမွာ အဲဒီ အဆင့္ျမင့္အရာရွိကေန သီးသန႔္ဗြီဒီယိုကြန္ဖရင့္ သတင္းစာရွင္းလင္းပြဲလုပ္ခဲ့တာပါ။ ဒါအျပင္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအေပၚ အေမရိကန္က ေပးေနတဲ့ လူသားခ်င္းစာနာမႈအကူအညီေတြကိုလည္း ဆက္လက္ေထာက္ပံ့သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။
ျမန္မာစစ္ေခါင္းေဆာင္ပိုင္း တဦးခ်င္းစီကို အရင္ကတည္းက အေမရိကန္ကေန ပစ္မွတ္ထားအေရးယူထားသလို၊ ျမန္မာစစ္တပ္ရဲ႕လူ႔အခြင့္အေရး မွတ္တမ္းေတြေၾကာင့္ စစ္ေရးအကူညီေတြကိုလည္း ကန႔္သတ္ထားတယ္လို႔ အဲဒီ အမည္မေဖၚလိုတဲ့ အရာရွိက သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။အခု စစ္အာဏာသိမ္းမႈကို ဦးေဆာင္သူေတြဟာ ႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္တဲ့ ရက္စက္ဖိႏွိပ္မႈေတြအပါအဝင္ အရင္လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြအတြက္ တာဝန္ရွိသူေတြအျဖစ္ အေမရိကန္က အေရးယူထားသူေတြျဖစ္တယ္လို႔လည္း သူကဆိုပါတယ္။ အထူးသျဖင့္ အဲဒီထဲက ထိပ္တန္းစစ္ေခါင္းေဆာင္ ေလးဦးဟာ ႐ိုဟင္ဂ်ာေတြအေပၚဖိႏွိပ္မႈနဲ႔ အေမရိကန္ျပည္ေထာင္စုက Global Magnitsky ဥပေဒနဲ႔ ဒဏ္ခတ္အေရးယူထားသူေတြျဖစ္တယ္လို႔ အဆင့္ျမင့္အရာရွိက ေျပာၾကားခဲ့ပါတယ္။
လက္ရွိ အေမရိကန္အေနနဲ႔ ျမန္မာစစ္တပ္ကို institution အဖဲြ႕အစည္းတရပ္အေနနဲ႔ တိုက္ရိုက္အက်ဳိးျဖစ္ေစမယ့္ ႏိုင္ငံျခားအကူအညီေပးေရးအစီအစဥ္မရွိေၾကာင္းလည္း သူက ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ စစ္အာဏာသိမ္းမႈကို တုန္႔ျပန္အေရးယူမႈေတြထဲစစ္တပ္ ဒါမွမဟုတ္ အဆင့္နိမ့္အရာရွိေတြကို သြယ္၀ိုက္အက်ဳိးရွိေစမယ့္ ဘယ္အစီအစဥ္ကိုမဆို အေမရိကန္အစိုးရက ထည့္သြင္းစဥ္းစာမွာျဖစ္တယ္လို႔ အေမရိကန္အဆင့္ျမင့္အရာရွိက ေျပာၾကားခဲ့ပါတယ္။
............
မြန်မာနိုင်ငံအပေါ်ကန် အရေးယူပေမယ့် စာနာမှုဆက်လက် ကူညီမည်
(Unicode)
မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ကနေ အရပ်သားအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖေဖေါ်ဝါရီလ (၁)ရက်နေ့ကရာထူးကနေ ဖယ်ရှားခဲ့တဲ့ လုပ်ရပ်ကို စစ်အာသိမ်းမှုအဖြစ် သတ်မှတ်ကြောင်း အမေရိကန်အစိုးရက ဧပြီလ (၂)ရက်နေ့က ကြေညာခဲ့ပြီး နောက်ဆက်တွဲ စီးပွားရေးပိတ်ဆို့မှုတွေချမှတ်ဖို့ ပြင်ဆင်နေတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိလ်က ပြောကြားခဲ့ပါတယ်။
မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်လက်တင်ပြမှာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအဖြစ် အမေရိကန်အစိုးရက တရားဝင်သတ်မှတ်ကြောင်း ကြေညာချက်နဲ့ ပတ်သက်လို့ အင်္ဂါနေ့က အမေရိကန်နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ Ned Price က အခုလိုပြောကြားခဲ့ပါတယ်။
”အချက်အလက်အားလုံးကိုပြန်လည်သုံးသပ်ပြီးနောက် ဖေဖေါ်ဝါရီလ (၁) ရက်နေ့က မြန်မာစစ်တပ်ကနေ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို ရာထူးကနေ ဖယ်ရှားလိုက်တဲ့ လုပ်ရပ်ကို စစ်အာဏာသိမ်းမှုအဖြစ်ကနော်တို့ အကဲဖြတ်ခဲ့ပါတယ်။”
သမ္မတဘိုင်ဒန်နဲ့ နိုင်ငံခြားရေးဝန်ကြီး Blinken တို့ပြောခဲ့တဲ့အတိုင်းပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေအပါအဝင် အရပ်ဖက်အစိုးရခေါင်းဆောင်တွေကို မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတာကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အလွန် စိုးရိမ်မကင်းဖြစ်မိကြောင်းလည်း Ned Price က ပြောပါတယ်။
ဒါအပြင် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖျက်လိုဖျက်စီးလုပ်သူတွေအနေနဲ့တာဝန်ခံမှုရှိစေရေး အမေရိကန်အစိုးရအနေနဲ့ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ အခုလို ပြောပါတယ်။
” မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး လေးစားလိုက်နာမှုရှိအောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒေသတွင်းနဲ့ ကမ္ဘာတဝှမ်းရှိ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို၊ မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဖျက်စီးမှုအတွက် တာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူခံမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”
စစ်အာဏာသိမ်းမှုအဖြစ် တရားဝင်သတ်မှတ်လိုက်တဲ့ နောက်ဆက်တွဲ အနေနဲ့ အရင်ကတည်းကရှိထားတဲ့ မြန်မာအပေါ် စီးပွားရေးအရပိတ်ဆို့မှုတွေကို ထပ်တိုးပြီး လုပ်ဆောင်သွားဖို့ရှိနေတယ်လို့လည်း Ned Price ကအခုလို ပြောကြားခဲ့ပါတယ်။
”အခုလို ကျနော်တို့ မူဝါဒအရ သတ်မှတ်ပြဌာန်းလိုက်ပြီးတဲ့နောက် စီးပွားရေးအရပိတ်ဆို့မှုအလားအလာတွေအပါအဝင် အခြားအစီအစဉ်တွေကို ဆက်လက်ဆောင်ရွက်နေပါတယ်။”
အလားတူ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ခဲ့တဲ့အခြေအနေနဲ့ ပတ်သက်လို့ တနင်္လာနေ့က သမ္မတ ဂျိုးဘိုင်ဒန်နဲ့ နိုင်ငံခြားရေးဝန်ကြီး Blinken တို့နဲ့တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အမေရိကန်အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ရီပါပလင်ကန်အမတ် Mitch McConnell ကလည်း ဒီမိုကရေစီကို တိုက်ခိုက်တဲ့ မြန်မာစစ်တပ်အနေနဲ့ ကြီးမားတဲ့ ပေးဆပ်မှုဖြစ်စေဖို့ အမေရိကန်အစိုးရက ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အင်္ဂါနေ့က အထက်လွှတ်တော်အစည်းအဝေးမှာ အခုလိုပြောသွားပါတယ်။
"ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒါဟာ စစ်တပ်အာဏာသိမ်းမှုအဖြစ် ထင်ရှားတဲ့ တရားဝင်ဆုံးဖြတ်ချက်ကို မြန်မြန်ဆန်ဆန် ချမှတ်ဖို့ ကျနော်အနေနဲ့ မျှော်လင့်ပါတယ်။ အခုလိုဒီမိုကရေစီစနစ်ကို တိုက်ခိုက်တဲ့လုပ်ရပ်အတွက် စစ်တပ်အပေါ် ကြီးမားတဲ့ ပိတ်ဆို့အရေးယူမှုတွေချမှတ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအဖြစ် အမေရိကန်အစိုးရက တရားဝင်သတ်မှတ်လိုက်ပေမယ့် လူသားချင်းစာနာမှုအကူအညီပံ့ပိုးမှုတွေကို ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာတဦးက ပြောကြားခဲ့ပါတယ်။
မြန်မာစစ်တပ်အာဏာသိမ်းမှုအပေါ် အမေရိကန်အစိုးရက ချမှတ်မယ့် မူဝါဒနဲ့ ပတ်သက်လို့ အင်္ဂါနေ့ နံနက်ပိုင်း မှာ အမေရိကန်နိုင်ငံခြားရေးဌာနမှာ အဲဒီ အဆင့်မြင့်အရာရှိကနေ သီးသန့်ဗွီဒီယိုကွန်ဖရင့် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာပါ။ ဒါအပြင် ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် အမေရိကန်က ပေးနေတဲ့ လူသားချင်းစာနာမှုအကူအညီတွေကိုလည်း ဆက်လက်ထောက်ပံ့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာစစ်ခေါင်းဆောင်ပိုင်း တဦးချင်းစီကို အရင်ကတည်းက အမေရိကန်ကနေ ပစ်မှတ်ထားအရေးယူထားသလို၊ မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေး မှတ်တမ်းတွေကြောင့် စစ်ရေးအကူညီတွေကိုလည်း ကန့်သတ်ထားတယ်လို့ အဲဒီ အမည်မဖေါ်လိုတဲ့ အရာရှိက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။အခု စစ်အာဏာသိမ်းမှုကို ဦးဆောင်သူတွေဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ဖိနှိပ်မှုတွေအပါအဝင် အရင်လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေအဖြစ် အမေရိကန်က အရေးယူထားသူတွေဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ အထူးသဖြင့် အဲဒီထဲက ထိပ်တန်းစစ်ခေါင်းဆောင် လေးဦးဟာ ရိုဟင်ဂျာတွေအပေါ်ဖိနှိပ်မှုနဲ့ အမေရိကန်ပြည်ထောင်စုက Global Magnitsky ဥပဒေနဲ့ ဒဏ်ခတ်အရေးယူထားသူတွေဖြစ်တယ်လို့ အဆင့်မြင့်အရာရှိက ပြောကြားခဲ့ပါတယ်။
လက်ရှိ အမေရိကန်အနေနဲ့ မြန်မာစစ်တပ်ကို institution အဖွဲ့အစည်းတရပ်အနေနဲ့ တိုက်ရိုက်အကျိုးဖြစ်စေမယ့် နိုင်ငံခြားအကူအညီပေးရေးအစီအစဉ်မရှိကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းမှုကို တုန့်ပြန်အရေးယူမှုတွေထဲစစ်တပ် ဒါမှမဟုတ် အဆင့်နိမ့်အရာရှိတွေကို သွယ်ဝိုက်အကျိုးရှိစေမယ့် ဘယ်အစီအစဉ်ကိုမဆို အမေရိကန်အစိုးရက ထည့်သွင်းစဉ်းစာမှာဖြစ်တယ်လို့ အမေရိကန်အဆင့်မြင့်အရာရှိက ပြောကြားခဲ့ပါတယ်။