သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘန္ေကာက္ျမန္မာသံ႐ံုးေ႐ွ႕ စစ္အာဏာသိမ္းမႈ ကန္႔ကြက္ပြဲ


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္တဲ့ လုပ္ရပ္ကုိ ကန္႔ကြက္တဲ့အေနနဲ႔ ျမန္မာႏိုင္ငံသား ေရႊ႕ေျပာင္းအလုပ္သမားေတြနဲ ့ ထိုင္းတက္ၾကြလႈပ္ရွားသူေတြ ဘန္ေကာက္ျမိဳ ့ ျမန္မာသံရံုးေရွ ့မွာ ဆႏၵျပခဲ့ၾကတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္ၿပီး ေနာက္ တေန႔မွာပဲ ရာဂဏန္းေလာက္ရွိတဲ့ ျမန္မာႏုိင္ငံသား အလုပ္သမားေတြနဲ႔ ထုိင္းေက်ာင္းသားသမဂၢက ဦးေဆာင္လႈပ္ရွားသူေတြ စုေပါင္းၿပီး ဘန္ေကာက္ၿမိဳ႕က ျမန္မာသံ႐ုံးေရွ႕မွာ ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

ျမန္မာအစုိးရ ထိပ္တန္းေခါင္းေဆာင္ေတြကုိ ဖမ္းဆီးၿပီး စစ္တပ္က အာဏာသိမ္းတဲ့ လုပ္ရပ္ကုိ ကန္႔ကြက္ဖုိ႔နဲ႔ ျမန္မာႏုိင္ငံ ဒီမုိကေရစီေရးအတြက္ အားေပးၾကဖုိ႔လည္း ထိုင္း၊ ျမန္မာ၊ အဂၤလိပ္ သံုးဘာသာနဲ ့ တုိက္တြန္းခဲ့ၾကပါတယ္။

ဆႏၵျပပဲြမွာ ပါ၀င္သူ ျမန္မာအလုပ္သမားတေယာက္ကေတာ့ ဒီမုိကေရစီကုိ ဆန္႔က်င္တဲ့ လုပ္ရပ္ျဖစ္တာေၾကာင့္ စစ္အာဏာသိမ္းမႈကုိ ကန္႔ကြက္ေနတာလုိ႔ ေျပာပါတယ္။

“က်ေနာ္တို႔ အလုပ္သမားေတြ သေဘာထားက စစ္တပ္ကိုမုန္းတာမဟုတ္ဘူးေနာ္ ၊ စစ္အာဏာရွင္ကိုမုန္းတာျဖစ္တယ္။ မင္းေအာင္လိွဳင္နဲ႔ တကြ စစ္အာဏာရွင္အေပါင္းပါအားလံုးကို ဒီေနရာကေန က်ေနာ္တို႔ လံုး၀ကန္႔ကြက္ရႈတ္ခ်ပါတယ္။ က်ေနာ္တို႔ လိုလားတာ ဒီမုိကေရစီႏိုင္ငံျဖစ္ေအာင္ လုပ္ခိုင္းေနတာ က်ေနာ္တိုင္းျပည္မွာ က်ေနာ္တုိ႔ အားေပးတာ ဒီမုိကေရစီႏိုင္ငံျဖစ္ေအာင္သြားေနၾကတာ”

စစ္အာဏာရွင္စနစ္ကုိ ျငိမ္းျငိမ္းခ်မ္းခ်မ္းနဲ ့ ဆက္လက္ ကန္႔ကြက္ဆႏၵျပမယ္လို႕လည္း ဆႏၵျပသူေတြက ေျပာပါတယ္ ။

ထုိင္းရဲတပ္ဖဲြ႔က ညေနပုိင္းအထိ ခြင့္ျပဳခဲ့တဲ့ ဆႏၵျပလႈပ္ရွားမႈကုိေတာ့ ထုိင္းအတုိက္အခံႏုိင္ငံေရး အသုိင္းအ၀န္းကလည္း လာေရာက္အားေပးခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ဘန်ကောက်မြန်မာသံရုံးရှေ့ စစ်အာဏာသိမ်းမှု ကန့်ကွက်ပွဲ

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ထိုင်းတက်ကြွလှုပ်ရှားသူတွေ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက် တနေ့မှာပဲ ရာဂဏန်းလောက်ရှိတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေနဲ့ ထိုင်းကျောင်းသားသမဂ္ဂက ဦးဆောင်လှုပ်ရှားသူတွေ စုပေါင်းပြီး ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ကန့်ကွက်ဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် အားပေးကြဖို့လည်း ထိုင်း၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာနဲ့ တိုက်တွန်းခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်သူ မြန်မာအလုပ်သမားတယောက်ကတော့ ဒီမိုကရေစီကို ဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် စစ်အာဏာသိမ်းမှုကို ကန့်ကွက်နေတာလို့ ပြောပါတယ်။

“ကျနော်တို့ အလုပ်သမားတွေ သဘောထားက စစ်တပ်ကိုမုန်းတာမဟုတ်ဘူးနော် ၊ စစ်အာဏာရှင်ကိုမုန်းတာဖြစ်တယ်။ မင်းအောင်လှိုင်နဲ့ တကွ စစ်အာဏာရှင်အပေါင်းပါအားလုံးကို ဒီနေရာကနေ ကျနော်တို့ လုံးဝကန့်ကွက်ရှုတ်ချပါတယ်။ ကျနော်တို့ လိုလားတာ ဒီမိုကရေစီနိုင်ငံဖြစ်အောင် လုပ်ခိုင်းနေတာ ကျနော်တိုင်းပြည်မှာ ကျနော်တို့ အားပေးတာ ဒီမိုကရေစီနိုင်ငံဖြစ်အောင်သွားနေကြတာ”

စစ်အာဏာရှင်စနစ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်လက် ကန့်ကွက်ဆန္ဒပြမယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ် ။

ထိုင်းရဲတပ်ဖွဲ့က ညနေပိုင်းအထိ ခွင့်ပြုခဲ့တဲ့ ဆန္ဒပြလှုပ်ရှားမှုကိုတော့ ထိုင်းအတိုက်အခံနိုင်ငံရေး အသိုင်းအဝန်းကလည်း လာရောက်အားပေးခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG