သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်န္းမာေရး၀န္ႀကီး ႏုတ္ထြက္ေၾကာင္း ေၾကညာခ်က္ ေဖ့စ္ဘြတ္ကေနျပန္ျဖဳတ္


က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာန၀န္ႀကီး ေဒါက္တာျမင့္ေထြး

[Zawgyi/Unicode]

က်န္းမာေရး၀န္ႀကီး ေဒါက္တာျမင့္ေထြး ရာထူးကႏုတ္ထြက္ေၾကာင္း ေၾကညာခ်က္ကုိ ေဖ့္စ္ဘြတ္လူမႈကြန္ရက္မွာ ထုတ္ျပန္ခဲ့ၿပီး နာရီပုိင္း အတြင္းမွာပဲ ျပန္လည္ဖယ္ရွားလုိက္ပါတယ္။ ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္ၿပီး ေနာက္တရက္မွာပဲ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာန၀န္ႀကီး ေဒါက္တာျမင့္ေထြး ရာထူးႏုတ္ထြက္ေၾကာင္း ေဖ့စ္ဘြတ္လူမႈကြန္ရက္ေန ေၾကညာခဲ့တာပါ။

ဒါေပမဲ့လည္း ႏုတ္ထြက္ေၾကာင္း သတင္းစကားပါးထားတဲ့ ေၾကညာခ်က္ကုိ ျပန္လည္ဖယ္ရွားလုိက္တာေၾကာင့္ ၀န္ႀကီးေဒါက္တာျမင့္ေထြး ရာထူးက ႏုတ္ထြက္တယ္ဆုိတာ အတည္ျဖစ္မျဖစ္ဆုိတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိပါဘူး။

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကာကြယ္ေဆးထုိး လုပ္ငန္းေတြကုိ က်န္းမာေရး၀န္ႀကီးဌာနက ဦးေဆာင္ၿပီး ႏုိင္ငံအ၀န္း စတင္ေနတာ ရက္ပုိင္းအၾကာမွာပဲ စစ္တပ္က အာဏာသိမ္းလုိက္တာလည္း ျဖစ္ပါတယ္။ ​

[Unicode]

ကျန်းမာရေးဝန်ကြီး နုတ်ထွက်ကြောင်း ကြေညာချက် ဖေ့စ်ဘွတ်ကနေပြန်ဖြုတ် ​

ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး ရာထူးကနုတ်ထွက်ကြောင်း ကြေညာချက်ကို ဖေ့်စ်ဘွတ်လူမှုကွန်ရက်မှာ ထုတ်ပြန်ခဲ့ပြီး နာရီပိုင်း အတွင်းမှာပဲ ပြန်လည်ဖယ်ရှားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်တရက်မှာပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေး ရာထူးနုတ်ထွက်ကြောင်း ဖေ့စ်ဘွတ်လူမှုကွန်ရက်နေ ကြေညာခဲ့တာပါ။
ဒါပေမဲ့လည်း နုတ်ထွက်ကြောင်း သတင်းစကားပါးထားတဲ့ ကြေညာချက်ကို ပြန်လည်ဖယ်ရှားလိုက်တာကြောင့် ဝန်ကြီးဒေါက်တာမြင့်ထွေး ရာထူးက နုတ်ထွက်တယ်ဆိုတာ အတည်ဖြစ်မဖြစ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းတွေကို ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး နိုင်ငံအဝန်း စတင်နေတာ ရက်ပိုင်းအကြာမှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG