သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နိုင္ငံေရးအၾကပ္အတည္း ႀကီးလာမွာ တိုင္းရင္းသားပါတီေတြ စိုးရိမ္


ကခ်င္ျပည္နယ္ ျမစ္ၾကီးနားၿမိဳ႕မွာ လွည့္လည္သြားလာေနတဲ့ စစ္တပ္ တင့္ကားမ်ား။ (ေဖေဖာ္ဝါရီ ၀၃၊ ၂၀၂၁)

[Zawgyi/Unicode]

တပ္မေတာ္က အာဏာသိမ္းလိုက္တဲ့ လုပ္ရပ္ကို တိုင္းရင္းသားႏိုင္ငံေရးပါတီတခ်ဳိ႕က လက္မခံၾကသလို အေျခအေနကို ေစာင့္ၾကည့္ေနသူေတြလည္း ရွိေနတဲ့အေၾကာင္း တင္ျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအဂၢႏြန္က သတင္းေပးထားပါတယ္။

အရပ္သားအစုိးရ ထိပ္တန္းေခါင္းေဆာင္ေတြကုိ ထိန္းသိမ္းၿပီး အာဏာသိမ္းလုိက္တဲ့ လုပ္ရပ္ေၾကာင့္ ႏုိင္ငံေရး အၾကပ္အတည္းေတြ ႀကံဳရမွာကုိ တုိင္းရင္းသား ႏုိင္ငံေရးပါတီေတြ စုိးရိမ္ေနၾကတာပါ။ တိုင္းရင္းသား ႏိုင္ငံေရးပါတီ တခုျဖစ္တဲ့ ကယန္းအမ်ဳိးသားပါတီ ဥကၠ႒ ခြန္ဘီထူးကေတာ့ အာဏာသိမ္းလိုက္တဲ့ လုပ္ရပ္ကို လက္မခံႏိုင္ေၾကာင္း ဗီြအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ ဒီအေပၚမွာေတာ့ မလက္ခံဘူးဆိုတဲ့ ေၾကညာခ်က္ကိုေပါ့ေနာ္။ ၿပီးတဲ့ရက္ေတြကတည္းကေပါ့ေနာ္ ထုတ္ျပန္ထားတယ္ခင္ဗ်။ ကယန္းအမ်ဳိးသားပါတီရယ္၊ ေနာက္အရပ္ဘက္အဖြဲ႔အစည္း ေတာ္ေတာ္မ်ားမ်ားေပါ့ေနာ္။ စုစုေပါင္းေၾကညာခ်က္မွာ က်ေနာ္တို႔ ေျပာထားတယ္။ ဒီလိုတိုင္းျပည္ အသြင္ကူးေျပာင္းေရးမွာ က်ေနာ္တို႔က လြတ္လပ္ခြင့္ေလးနဲ႔ အတိုင္းအတာ တစ္ခုသြားေနတဲ့ အခ်ိန္မ်ဳိးမွာ အာဏာသိမ္းတဲ့ကိစၥကို က်ေနာ္တို႔ လက္မခံႏိုင္ပါဘူးဆိုၿပီး အဲဒီလိုေတာ့ ၃၀ ရက္ေန႔စာနဲ႔ ေၾကညာခ်က္ထုတ္ထားတယ္။ ဒါေပမဲ့ အခုေတာ့ အာဏာသိမ္းလိုက္ၿပီေပါ့ေနာ္။”

တုိင္းရင္းသား ႏုိင္ငံေရးပါတီတခုျဖစ္တဲ့ မြန္ညီညႊတ္ေရးပါတီကေတာ့ အာဏာသိမ္းလိုက္ၿပီးေနာက္ပုိင္း အေျခအေနေတြကုိ ေစာင့္ၾကည့္ေနၿပီး ေရွ႕ဆက္ဘာလုပ္မလဲဆုိတာ ဆုံးျဖတ္မယ္လုိ႔ တြဲဖက္အတြင္းေရးမွဴး (၁) ႏိုင္လယ္တမ ကေျပာပါတယ္။

“ေလာေလာဆယ္ သေဘာထား မွတ္ခ်က္ထုတ္ဖို႔က က်ေနာ္တို႔ ဗဟိုအလုပ္မႈေဆာင္ အခ်င္းခ်င္းေခၚလို႔ၿပီးမွသာ က်ေနာ္တို႔ သေဘာထား တစ္ခုခုထုတ္ႏိုင္မွာျဖစ္တယ္။ အခုေလာေလာဆယ္ေတာ့ သေဘာထား မေပးႏိုင္ေသးပါဘူး။ အေျခအေနကို ၾကည့္ၿပီးေတာ့မွပဲ ေရွ႕ဆက္ဘာေတြ လုပ္မလဲဆိုတာက က်ေနာ္တို႔ပါတီက ေဆြးေႏြးတိုင္ပင္ၿပီးမွပဲ ေရွ႕လုပ္ငန္းစဥ္ရဲ႕ စဥ္းစားဖို႔ရွိတာေပါ့ေနာ္။ ေလာေလာဆယ္က အေျခအေနကိုပဲ ၾကည့္ေနတာေပါ့။”

တပ္မေတာ္က အာဏာလဲႊေျပာင္းယူလုိက္ေၾကာင္း တနလၤာေန႔တုန္းက ေၾကညာလုိက္ၿပီး အစုိးရအဖဲြ႔သစ္ကုိလည္း ေၾကညာခဲ့တာပါ။ ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ KySDP က အေထြေထြအတြင္းေရးမွဴး ခူးသဲရယ္ကေတာ့ အေျခအေနေတြ ရွင္းရွင္းလင္းလင္းျဖစ္တဲ့အထိ ေစာင့္ၾကည့္သြားမယ္လုိ႔ ေျပာပါတယ္။

“ျဖစ္သြားတဲ့ အေျခအေနေပၚ မူတည္ၿပီးမွပဲ ဒါ က်ေနာ္တုိ႔ကေတာ့ ထုတ္ျပန္ခ်က္ေတြ သေဘာထားေၾကညာခ်က္ေတြကေတာ့ က်ေနာ္တို႔ ထုတ္ျပန္မယ္လို႔ေတာ့ စိတ္ကူးထားတာေပါ့ေလ။ ဒါေပမဲ့ အခုေလာေလာဆယ္ေတာ့ ဘယ္လိုအေျခအေနမ်ဳိးကို ဆက္သြားေနသလဲ ဆိုတာကေတာ့ က်ေနာ္တို႔ မသိေသးဘူးေပါ့ေနာ္။ ဒီၾကားထဲမွာ NLD နဲ႔ တပ္ဘက္ကလည္း ဒါ အဆင္ေျပႏိုင္တဲ့ အေနအထားမ်ဳိး မရွိေတာ့တဲ့ အေနအထားမ်ဳိးပဲ သြားမလား၊ သို႔မဟုတ္ ျပန္လည္အျပန္အလွန္ညိွႏိႈင္းတာေတြ လုပ္တာေတြ ရွိဦးမလားဆိုတာကလည္း ဒါက်ေနာ္တို႔ မေျပာႏိုင္ေသးဘူးေပ့ါေနာ္။ ဆိုေတာ့ တပ္ဘက္ကေနၿပီးေတာ့ အစိုးရျပန္ဖြဲ႔လာတဲ့အေပၚမွာလည္း က်ေနာ္တုိ႔ ေစာင့္ၾကည့္ေနတာေပ့ါေနာ္။ ေစာင့္ၾကည့္ေနတဲ့ အေနအထားပဲရွိေသးတယ္။ က်ေနာ္တို႔ ပါတီက ထုတ္ျပန္တာမ်ဳိးေတာ့ ေလာေလာဆယ္မထုတ္ႏိုင္ေသးေပါ့။”

ႏုိ၀င္လာလ ၈ ရက္ေန႔ ေရြးေကာက္ပဲြမွာ အႏုိင္ရခဲ့တဲ့ NLD ပါတီက ဦးေဆာင္ၿပီး အစုိးရသစ္နဲ႔ လႊတ္ေတာ္သစ္ေတြ ဖဲြ႔စည္းဖုိ႔ ရွိေနခ်ိန္မွာပဲ တပ္မေတာ္က အာဏာသိမ္းလုိက္တာေၾကာင့္ ႏုိင္ငံေရး အေျခအေနေတြလည္း မေရမရာႀကံဳေနရတာပါ။ ANP ရခိုင္အမ်ဳိးသားပါတီ ေျပာခြင့္ရ ေဒၚေအးႏုစိန္ကေတာ့ ႏုိင္ငံေရး အၾကပ္အတည္းေတြကုိ ေက်ာ္လႊားႏုိင္ဖုိ႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။

“မတည္ၿငိမ္မႈမ်ားစြာ ေတြ႕ႀကဳံလာတဲ့ သမိုင္း ျဖတ္သန္းမႈ ရွိေနတယ္ တည္တည္ၿငိမ္ၿငိမ္နဲ႔ တိုင္းျပည္တစ္ခုကို ေအာင္ေအာင္ျမင္ျမင္ကမၻာ့အလယ္မွာ ရပ္တည္တာကို လိုခ်င္တယ္။”

စစ္တပ္က အာဏာသိမ္းလုိက္တဲ့ လုပ္ရပ္အေပၚမွာေတာ့ ကုလသမဂၢနဲ႔ အေမရိကန္ အပါအဝင္ ႏုိင္ငံတကာ အသုိင္းအဝန္းက စုိးရိမ္တဲ့ သေဘာထားေတြနဲ႔ သတိေပးခ်က္ေတြလည္း ဆက္လက္ ထြက္ေပၚေနပါတယ္။ အေမရိကန္ ျပည္ေထာင္စုကေတာ့ ျမန္မာႏုိင္ငံရဲ႕ ဒီမုိကေရစီ အသြင္ကူးေျပာင္းေရး လုပ္ငန္းစဥ္မွာ အဟန္႔အတားျဖစ္ေစတဲ့ လုပ္ရပ္အတြက္ အေရးယူဖုိ႔ စဥ္းစားမယ့္အေၾကာင္းလည္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံရေးအကြပ်အတည်း ကြီးလာမှာ တိုင်းရင်းသားပါတီတွေ စိုးရိမ်

တပ်မတော်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို တိုင်းရင်းသားနိုင်ငံရေးပါတီတချို့က လက်မခံကြသလို အခြေအနေကို စောင့်ကြည့်နေသူတွေလည်း ရှိနေတဲ့အကြောင်း တင်ပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က သတင်းပေးထားပါတယ်။

အရပ်သားအစိုးရ ထိပ်တန်းခေါင်းဆောင်တွေကို ထိန်းသိမ်းပြီး အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကြောင့် နိုင်ငံရေး အကြပ်အတည်းတွေ ကြုံရမှာကို တိုင်းရင်းသား နိုင်ငံရေးပါတီတွေ စိုးရိမ်နေကြတာပါ။ တိုင်းရင်းသား နိုင်ငံရေးပါတီ တခုဖြစ်တဲ့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်ဘီထူးကတော့ အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို လက်မခံနိုင်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ဒီအပေါ်မှာတော့ မလက်ခံဘူးဆိုတဲ့ ကြေညာချက်ကိုပေါ့နော်။ ပြီးတဲ့ရက်တွေကတည်းကပေါ့နော် ထုတ်ပြန်ထားတယ်ခင်ဗျ။ ကယန်းအမျိုးသားပါတီရယ်၊ နောက်အရပ်ဘက်အဖွဲ့အစည်း တော်တော်များများပေါ့နော်။ စုစုပေါင်းကြေညာချက်မှာ ကျနော်တို့ ပြောထားတယ်။ ဒီလိုတိုင်းပြည် အသွင်ကူးပြောင်းရေးမှာ ကျနော်တို့က လွတ်လပ်ခွင့်လေးနဲ့ အတိုင်းအတာ တစ်ခုသွားနေတဲ့ အချိန်မျိုးမှာ အာဏာသိမ်းတဲ့ကိစ္စကို ကျနော်တို့ လက်မခံနိုင်ပါဘူးဆိုပြီး အဲဒီလိုတော့ ၃၀ ရက်နေ့စာနဲ့ ကြေညာချက်ထုတ်ထားတယ်။ ဒါပေမဲ့ အခုတော့ အာဏာသိမ်းလိုက်ပြီပေါ့နော်။”

တိုင်းရင်းသား နိုင်ငံရေးပါတီတခုဖြစ်တဲ့ မွန်ညီညွှတ်ရေးပါတီကတော့ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အခြေအနေတွေကို စောင့်ကြည့်နေပြီး ရှေ့ဆက်ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်မယ်လို့ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယ်တမ ကပြောပါတယ်။

“လောလောဆယ် သဘောထား မှတ်ချက်ထုတ်ဖို့က ကျနော်တို့ ဗဟိုအလုပ်မှုဆောင် အချင်းချင်းခေါ်လို့ပြီးမှသာ ကျနော်တို့ သဘောထား တစ်ခုခုထုတ်နိုင်မှာဖြစ်တယ်။ အခုလောလောဆယ်တော့ သဘောထား မပေးနိုင်သေးပါဘူး။ အခြေအနေကို ကြည့်ပြီးတော့မှပဲ ရှေ့ဆက်ဘာတွေ လုပ်မလဲဆိုတာက ကျနော်တို့ပါတီက ဆွေးနွေးတိုင်ပင်ပြီးမှပဲ ရှေ့လုပ်ငန်းစဉ်ရဲ့ စဉ်းစားဖို့ရှိတာပေါ့နော်။ လောလောဆယ်က အခြေအနေကိုပဲ ကြည့်နေတာပေါ့။”

တပ်မတော်က အာဏာလွဲှပြောင်းယူလိုက်ကြောင်း တနင်္လာနေ့တုန်းက ကြေညာလိုက်ပြီး အစိုးရအဖွဲ့သစ်ကိုလည်း ကြေညာခဲ့တာပါ။ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP က အထွေထွေအတွင်းရေးမှူး ခူးသဲရယ်ကတော့ အခြေအနေတွေ ရှင်းရှင်းလင်းလင်းဖြစ်တဲ့အထိ စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။

“ဖြစ်သွားတဲ့ အခြေအနေပေါ် မူတည်ပြီးမှပဲ ဒါ ကျနော်တို့ကတော့ ထုတ်ပြန်ချက်တွေ သဘောထားကြေညာချက်တွေကတော့ ကျနော်တို့ ထုတ်ပြန်မယ်လို့တော့ စိတ်ကူးထားတာပေါ့လေ။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဘယ်လိုအခြေအနေမျိုးကို ဆက်သွားနေသလဲ ဆိုတာကတော့ ကျနော်တို့ မသိသေးဘူးပေါ့နော်။ ဒီကြားထဲမှာ NLD နဲ့ တပ်ဘက်ကလည်း ဒါ အဆင်ပြေနိုင်တဲ့ အနေအထားမျိုး မရှိတော့တဲ့ အနေအထားမျိုးပဲ သွားမလား၊ သို့မဟုတ် ပြန်လည်အပြန်အလှန်ညှိနှိုင်းတာတွေ လုပ်တာတွေ ရှိဦးမလားဆိုတာကလည်း ဒါကျနော်တို့ မပြောနိုင်သေးဘူးပေ့ါနော်။ ဆိုတော့ တပ်ဘက်ကနေပြီးတော့ အစိုးရပြန်ဖွဲ့လာတဲ့အပေါ်မှာလည်း ကျနော်တို့ စောင့်ကြည့်နေတာပေ့ါနော်။ စောင့်ကြည့်နေတဲ့ အနေအထားပဲရှိသေးတယ်။ ကျနော်တို့ ပါတီက ထုတ်ပြန်တာမျိုးတော့ လောလောဆယ်မထုတ်နိုင်သေးပေါ့။”

နိုဝင်လာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီက ဦးဆောင်ပြီး အစိုးရသစ်နဲ့ လွှတ်တော်သစ်တွေ ဖွဲ့စည်းဖို့ ရှိနေချိန်မှာပဲ တပ်မတော်က အာဏာသိမ်းလိုက်တာကြောင့် နိုင်ငံရေး အခြေအနေတွေလည်း မရေမရာကြုံနေရတာပါ။ ANP ရခိုင်အမျိုးသားပါတီ ပြောခွင့်ရ ဒေါ်အေးနုစိန်ကတော့ နိုင်ငံရေး အကြပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“မတည်ငြိမ်မှုများစွာ တွေ့ကြုံလာတဲ့ သမိုင်း ဖြတ်သန်းမှု ရှိနေတယ် တည်တည်ငြိမ်ငြိမ်နဲ့ တိုင်းပြည်တစ်ခုကို အောင်အောင်မြင်မြင်ကမ္ဘာ့အလယ်မှာ ရပ်တည်တာကို လိုချင်တယ်။”

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်အပေါ်မှာတော့ ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်တဲ့ သဘောထားတွေနဲ့ သတိပေးချက်တွေလည်း ဆက်လက် ထွက်ပေါ်နေပါတယ်။ အမေရိကန် ပြည်ထောင်စုကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ အဟန့်အတားဖြစ်စေတဲ့ လုပ်ရပ်အတွက် အရေးယူဖို့ စဉ်းစားမယ့်အကြောင်းလည်း ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG