သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို သွင်းကုန်ပို့ကုန်ဥပဒေအရ အာဏာသိမ်းစစ်တပ် တရားစွဲ


(Zawgyi/Unicode)

ဖမ်းဆီးခံနေရတဲ့ မြန်မာ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ စစ်တပ် အာဏာပိုင်တွေက သွင်းကုန်၊ ပို့ကုန် ဥပဒေတွေနဲ့ တရားစွဲဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အရပ်သား အစိုးရဆီကနေ အာဏာ သိမ်းယူပြီး ၂ ရက် အကြာမှာ အခုလို တရားစွဲလိုက်တာပါ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သတင်းပြန်ကြားရေးအရာရှိ အပါအဝင် ပါတီ တာဝန်ရှိသူတွေကလည်း ဒေါ်အောင်ဆန်း စုကြည်ကို တရားစွဲဆိုခံရတဲ့အကြောင်းကို အတည်ပြုပြောကြားကြပါတယ်။

တနင်္လာနေ့က စစ်တပ်က အာဏာသိမ်းချိနကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဖမ်းဆီးထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့စာမှာ ဒေါ်အောင်ဆန်းစုကြည့်ဟာ ခွင့်ပြု ချက် မရှိဘဲ ဝေါ်ကီတော်ကီ စကားပြောစက် ၆ လုံးကို တရားမဝင် တင်သွင်း အသုံးပြုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ အဲဒီ ပစ္စည်းတွေ ကို ဒေါ်အောင်းဆန်းစုကြည်ရဲ့ အိမ်ကို ရှာဖွေ စဉ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ အနီးကပ် လုံခြုံရေးအဖွဲ့က အသုံးပြုတာ ဖြစ်ကြောင်း လည်း ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သက်သေ အထောက်အထားနဲ့ မေးမြန်း စစ်ဆေးနိုင်ဖို့အတွက် ချုပ်ရက် ရမန် ၁၅ ရက် လျှောက်ထား တယ်လို့လည်း အဲဒီ ရဲတပ်ဖွဲ့ရဲ့ စာမှာ ပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နည်းတူ စစ်တပ်က သမ္မတ ဦးဝင်းမြင့်ကိုလည်း သီးခြား စွဲချက် တင်လိုက်ပါတယ်။ သမ္မတ ဦးဝင်းမြင့်ကို တော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲ မဲဆွယ်စဉ်မှာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး တရားစွဲဆိုထားပါတယ်။ ချုပ်ရက် ရမန် ၁၅ ရက် လျှောက်ထားတယ်လို့လည်း ရဲတပ်ဖွဲ့ရဲ့ သီးခြားစာမှာ ပါရှိပါတယ်။

လျှောက်ထားခံရတဲ့ တရားရုံးရော၊ ရဲတပ်ဖွဲ့ရော၊ အစိုးရတာဝန်ရှိသူတွေပါ အခုလို စွဲချက်တွေ တင်ထားတဲ့အပေါ် ဝေဖန်ချက် ပေးတာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်


.............


(Unicode)








XS
SM
MD
LG