သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္အာဏာသိမ္းမႈေပၚ ဖိအားေပးဖို႔ ႏုိင္ငံတကာအင္အား ကုလသမဂၢစုစည္းမယ္


မႏၱေလးၿမိဳ႕ရွိ လမ္းတခုမွာ ေတြ႕ရတဲ့ စစ္ကားမ်ား။ (ေဖေဖာ္ဝါရီ ၀၃၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာစစ္အာဏာသိမ္းမႈ ေအာင္ျမင္မႈမရေစေရး ျမန္မာႏိုင္ငံကို ဖိအားေပးဖို႔ ကမာၻ႔ႏိုင္ငံေတြနဲ႔ အေရးပါတဲ့ႏို င္ငံတကာအဖြဲ႕အစည္းေတြ ကို စုစည္းၾကဖို႔ ကုလသမဂၢအေနနဲ႔ ေဆာင္႐ြက္သြားမယ္လို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterre က ဗုဒၶဟူးေန႔က ေျပာပါတယ္။

ေ႐ြးေကာက္ပြဲအၿပီး အာဏာသိမ္းတာကို လုံးဝလက္ခံႏိုင္စရာ မရွိသလို အဲဒီေ႐ြးေကာက္ပြဲက ပုံမွန္အတိုင္း က်င္းပခဲ့တာျဖစ္တယ္ လို႔ သူကေျပာပါတယ္။ ဒါေပမဲ့ ေ႐ြးေကာက္ပြဲအၿပီး အခ်ိန္အေတာ္ၾကာမွ ေ႐ြးေကာက္ပြဲရလဒ္နဲ႔ ျပည္သူေတြဆႏၵကို ေျပာင္းျပန္လွန္ပစ္လိုက္တာက လုံးဝလက္မခံႏိုင္စရာ ျဖစ္ပါတယ္လို႔လည္း အတြင္းေရးမွဴးခ်ဳပ္ Guterre က ဝါရွင္တန္ပို႔စ္ သတင္းစာကို ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီတိုးတက္မႈ တဖန္ျပန္ၿပီး ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း သူက ေျပာပါတယ္။ ဒါေပမဲ့ ဒီလိုျပန္ရဖို႔ အတြက္ ဖမ္းဆီးထားတဲ့သူေတြ အားလုံးကို ျပန္လႊတ္ေပးဖို႔လိုသလို ဖြဲ႕စည္းပုံ အေျခခံဥပေဒနဲ႔ အညီ ျပန္ၿပီး လုပ္ေဆာင္ဖို႔လည္း သူက တိုက္တြန္းပါတယ္။

ဒီအတြက္ ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ အတူလက္တြဲလုပ္ေဆာင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ Antonio Guterre ကေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာစစ်အာဏာသိမ်းမှုပေါ် ဖိအားပေးဖို့ နိုင်ငံတကာအင်အား ကုလသမဂ္ဂစုစည်းမယ်

မြန်မာစစ်အာဏာသိမ်းမှု အောင်မြင်မှုမရစေရေး မြန်မာနိုင်ငံကို ဖိအားပေးဖို့ ကမ္ဘာ့နိုင်ငံတွေနဲ့ အရေးပါတဲ့နို င်ငံတကာအဖွဲ့အစည်းတွေ ကို စုစည်းကြဖို့ ကုလသမဂ္ဂအနေနဲ့ ဆောင်ရွက်သွားမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterre က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ရွေးကောက်ပွဲအပြီး အာဏာသိမ်းတာကို လုံးဝလက်ခံနိုင်စရာ မရှိသလို အဲဒီရွေးကောက်ပွဲက ပုံမှန်အတိုင်း ကျင်းပခဲ့တာဖြစ်တယ် လို့ သူကပြောပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအပြီး အချိန်အတော်ကြာမှ ရွေးကောက်ပွဲရလဒ်နဲ့ ပြည်သူတွေဆန္ဒကို ပြောင်းပြန်လှန်ပစ်လိုက်တာက လုံးဝလက်မခံနိုင်စရာ ဖြစ်ပါတယ်လို့လည်း အတွင်းရေးမှူးချုပ် Guterre က ဝါရှင်တန်ပို့စ် သတင်းစာကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီတိုးတက်မှု တဖန်ပြန်ပြီး ရလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။ ဒါပေမဲ့ ဒီလိုပြန်ရဖို့ အတွက် ဖမ်းဆီးထားတဲ့သူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့လိုသလို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ပြန်ပြီး လုပ်ဆောင်ဖို့လည်း သူက တိုက်တွန်းပါတယ်။

ဒီအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အတူလက်တွဲလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterre ကပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG