သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံ ျမန္မာေခါင္းေဆာင္ေတြကို တရားစြဲဆိုမႈအေပၚ ကုလ ေ၀ဖန္


ကုလသမဂၢ ႏွစ္ပတ္လည္ အေထြေထြညီလာခံ က်င္းပေနတဲ့ျမင္ကြင္း။ (စက္တင္ဘာ ၂၀၂၀၊ ဓာတ္ပုံ - United Nations)

(Zawgyi/Unicode)

ဖမ္းဆီးခံေနရတဲ့ ျမန္မာ့ ေခါင္းေဆာင္ေတြကို ျမန္မာ စစ္တပ္ အာဏာပိုင္ေတြက (အခုလို) တရားစြဲဆိုလိုက္တာဟာ တရား ဥပေဒ စိုးမိုး ေရးနဲ႔ ဒီမိုကေရစီ ျဖစ္စဥ္ကို ပိုၿပီး အားနည္းသြားေစတယ္လို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres ရဲ့ ေျပာခြင့္ရက ဗုဒၶဟူးေန႔မွာပဲ ေဝဖန္ ေျပာၾကားလိုက္ပါတယ္။

ဖမ္းဆီးထိန္းသိမ္းခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္နဲ႔ ဖမ္းဆီးထိန္းသိမ္းခံေနရသူေတြ အားလုံးကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားသလို၊ ဆက္လက္ ေတာင္းဆို သြားမွာလည္း ျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို အခုလို တရားစြဲတာဟာ ျမန္မာနိုင္ငံမွာ တရားဥပေဒ စိုးမိုးေရးနဲ႔ ဒီမိုကေရစီ ျဖစ္စဥ္ကို ထပ္ေလာင္း အားနည့္ယုတ္ေလ်ာ့ေစပါတယ္။ လို႔ ကုလ ေျပာခြင့္ရ Stephane Dujarric က ေျပာပါတယ္။

ဒါ့အျပင္၊ ဖမ္းဆီးခံထားရသူေတြရဲ့ အေျခအေနေတြ အေပၚမွာလည္း အမ်ားႀကီး စိုးရိမ္ပူပန္မိေၾကာင္းနဲ႔ လက္ရွိ အခ်ိန္က ကပ္ေရာဂါ ျဖစ္ေနခ်ိန္မို႔ ပိုၿပီး စိတ္ပူပန္ရေစေၾကာင္းလည္း သူက ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တိုက္ရိုက္ အဆက္အသြယ္ ရတဲ့သူ ရွိတယ္လို႔ မၾကားရသလို ကုလသမဂၢအေနနဲ႔ စစ္တပ္က အဆင့္ျမင့္ဆုံး ပုဂၢိဳလ္ေတြနဲ႔ လည္း စကားေျပာၾကားနိုင္ျခင္း မရွိေသးေၾကာင္းလည္း ေျပာပါတယ္။ ကုလသမဂၢ အတြင္း ေရးမႉးခ်ဳပ္ရဲ့ ျမန္မာနိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ အေနနဲ႔လည္း အဆက္အသြယ္ရဖို႔နဲ႔ စကားေျပာနိုင္ဖို႔၊ ေျပာဖို႔ဆိုဖို႔ လိုအပ္တဲ့ ဘယ္သူနဲ႔မဆို ဆက္သြယ္ စကားေျပာသြားမယ္လို႔လည္း ကုလ ေျပာခြင့္ရ Stephane Dujarric က ေျပာပါတယ္။

..............................................................

တိုက္႐ိုက္ လင့္ခ္


ဖမ်းဆီးခံ မြန်မာခေါင်းဆောင်တွေကို တရားစွဲဆိုမှုအပေါ် ကုလ ဝေဖန်

(Unicode)

ဖမ်းဆီးခံနေရတဲ့ မြန်မာ့ ခေါင်းဆောင်တွေကို မြန်မာ စစ်တပ် အာဏာပိုင်တွေက (အခုလို) တရားစွဲဆိုလိုက်တာဟာ တရား ဥပဒေ စိုးမိုး ရေးနဲ့ ဒီမိုကရေစီ ဖြစ်စဉ်ကို ပိုပြီး အားနည်းသွားစေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရက ဗုဒ္ဓဟူးနေ့မှာပဲ ဝေဖန် ပြောကြားလိုက်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုထားသလို၊ ဆက်လက် တောင်းဆို သွားမှာလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တရားစွဲတာဟာ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီ ဖြစ်စဉ်ကို ထပ်လောင်း အားနည့်ယုတ်လျော့စေပါတယ်။ လို့ ကုလ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

ဒါ့အပြင်၊ ဖမ်းဆီးခံထားရသူတွေရဲ့ အခြေအနေတွေ အပေါ်မှာလည်း အများကြီး စိုးရိမ်ပူပန်မိကြောင်းနဲ့ လက်ရှိ အချိန်က ကပ်ရောဂါ ဖြစ်နေချိန်မို့ ပိုပြီး စိတ်ပူပန်ရစေကြောင်းလည်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက် အဆက်အသွယ် ရတဲ့သူ ရှိတယ်လို့ မကြားရသလို ကုလသမဂ္ဂအနေနဲ့ စစ်တပ်က အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်တွေနဲ့ လည်း စကားပြောကြားနိုင်ခြင်း မရှိသေးကြောင်းလည်း ပြောပါတယ်။ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အနေနဲ့လည်း အဆက်အသွယ်ရဖို့နဲ့ စကားပြောနိုင်ဖို့၊ ပြောဖို့ဆိုဖို့ လိုအပ်တဲ့ ဘယ်သူနဲ့မဆို ဆက်သွယ် စကားပြောသွားမယ်လို့လည်း ကုလ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG