သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္အာဏာသိမ္းမႈကို ေထာက္ခံတယ္လို႔ေျပာတာ တရုတ္ျငင္းဆန္


(Zawgyi/Unicode)

ျမန္မာစစ္တပ္ အာဏာသိမ္းမႈကို တ႐ုတ္နိုင္ငံက ေထာက္ခံတယ္ ဒါမွမဟုတ္ တိတ္တဆိတ္ သေဘာတူညီမႈ ေပးခဲ့တယ္ဆိုတဲ့ ေျပာၾကားခ်က္ေတြကို တ႐ုတ္အစိုးရက ျငင္းဆို လိုက္ပါတယ္။

ဆက္စပ္ေျပာၾကားေနတဲ့ သီအိုရီေတြက မွန္ကန္မႈ မရွိပါဘူး။ ျမန္မာနိုင္ငံက အိမ္နီးခ်င္းမိတ္ေဆြ နိုင္ငံျဖစ္လို႔ ဘက္အားလုံးက သေဘာထား ကြဲလြဲတာေတြကို သင့္ျမတ္စြာနဲ႔ ေျဖရွင္းနိုင္ဖို႔ နဲ႔ နိုင္ငံေရးနဲ႔ လူမႈေရး တည္ၿငိမ္မႈ ရွိဖို႔ ဆႏၵျပဳပါတယ္လို႔ တ႐ုတ္ နိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရ WANG WENBIN က ေျပာပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ကုလသမဂၢ လုံျခဳံေရးေကာင္စီမွာ ျမန္မာ့အေရး တံခါးပိတ္ ေဆြးေႏြးေျပာၾကားခ်က္ အေသးစိတ္ အခ်က္ အလက္ေတြ ေပါက္ၾကားခဲ့တဲ့ အေပၚမွာလည္း တ႐ုတ္နိုင္ငံက ျပစ္တင္ ေဝဖန္လိုက္ပါတယ္။

အဂၤါေန႔ ေဆြးေႏြးပြဲမွာ ကုလသမဂၢအဖြဲ႕ရဲ့ ျမန္မာနိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener က ျမန္မာနိုင္ငံက စစ္တပ္ အာဏာသိမ္းမႈနဲ႔ ေဒၚေအာင္းဆန္းစုၾကည္ အပါအဝင္ ထိပ္တန္း နိုင္ငံေရး ေခါင္းေဆာင္ေတြကို ထိန္းသိမ္းထားတာကို ျပစ္တင္ ရႈတ္ခ်ေၾကာင္း ေျပာပါတယ္။

လုံျခဳံေရးေကာင္စီမွာ ေဆြးေႏြးခဲ့တဲ့ စာရြက္စာတမ္းေတြ ေပါက္ၾကားခဲ့တဲ့အတြက္ တ႐ုတ္နိုင္ငံအေနနဲ႔ ထိတ္လန္႔ ေဝခြဲမရ ျဖစ္ခဲ့ရတယ္ လို႔လည္း ေျပာပါတယ္။

အာဏာသိမ္းမႈအေပၚ တ႐ုတ္နိုင္ငံက ေလသံ ေပ်ာ့ေပ်ာ့နဲ႔ ေျပာၾကားမႈက ျမန္မာနိုင္ငံထဲ တ႐ုတ္ရဲ့ စီးပြားေရး အက်ိဳးစီးပြား ေၾကာင့္ လို႔ အိႏၵိယ ယူပီအိုင္ သတင္းဌာနက ေျပာပါတယ္။ တ႐ုတ္နိုင္ငံက ျမန္မာနိုင္ငံရဲ့ အႀကီးမားဆုံး ကုန္သြယ္ဖက္နိုင္ငံ ျဖစ္ၿပီး ျမန္မာ့ ကုန္သြယ္ေရးရဲ့ ၃ ပုံ ၁ ပုံ ရွိတယ္လို႔ ၂၀၁၉-၂၀၂၀ တ႐ုတ္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန စာရင္းေတြ အရ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာစစ်အာဏာသိမ်းမှုကို ထောက်ခံတယ်လို့ပြောတာ တရုတ်ငြင်းဆန်
(Unicode)

မြန်မာစစ်တပ် အာဏာသိမ်းမှုကို တရုတ်နိုင်ငံက ထောက်ခံတယ် ဒါမှမဟုတ် တိတ်တဆိတ် သဘောတူညီမှု ပေးခဲ့တယ်ဆိုတဲ့ ပြောကြားချက်တွေကို တရုတ်အစိုးရက ငြင်းဆို လိုက်ပါတယ်။

ဆက်စပ်ပြောကြားနေတဲ့ သီအိုရီတွေက မှန်ကန်မှု မရှိပါဘူး။ မြန်မာနိုင်ငံက အိမ်နီးချင်းမိတ်ဆွေ နိုင်ငံဖြစ်လို့ ဘက်အားလုံးက သဘောထား ကွဲလွဲတာတွေကို သင့်မြတ်စွာနဲ့ ဖြေရှင်းနိုင်ဖို့ နဲ့ နိုင်ငံရေးနဲ့ လူမှုရေး တည်ငြိမ်မှု ရှိဖို့ ဆန္ဒပြုပါတယ်။လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ WANG WENBIN က ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးပြောကြားချက် အသေးစိတ် အချက် အလက်တွေ ပေါက်ကြားခဲ့တဲ့ အပေါ်မှာလည်း တရုတ်နိုင်ငံက ပြစ်တင် ဝေဖန်လိုက်ပါတယ်။

အင်္ဂါနေ့ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က မြန်မာနိုင်ငံက စစ်တပ် အာဏာသိမ်းမှုနဲ့ ဒေါ်အောင်းဆန်းစုကြည် အပါအဝင် ထိပ်တန်း နိုင်ငံရေး ခေါင်းဆောင်တွေကို ထိန်းသိမ်းထားတာကို ပြစ်တင် ရှုတ်ချကြောင်း ပြောပါတယ်။

လုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့တဲ့ စာရွက်စာတမ်းတွေ ပေါက်ကြားခဲ့တဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ ထိတ်လန့် ဝေခွဲမရ ဖြစ်ခဲ့ရတယ် လို့လည်း ပြောပါတယ်။

အာဏာသိမ်းမှုအပေါ် တရုတ်နိုင်ငံက လေသံ ပျော့ပျော့နဲ့ ပြောကြားမှုက မြန်မာနိုင်ငံထဲ တရုတ်ရဲ့ စီးပွားရေး အကျိုးစီးပွား ကြောင့် လို့ အိန္ဒိယ ယူပီအိုင် သတင်းဌာနက ပြောပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီး မြန်မာ့ ကုန်သွယ်ရေးရဲ့ ၃ ပုံ ၁ ပုံ ရှိတယ်လို့ ၂၀၁၉-၂၀၂၀ တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းတွေ အရ သိရပါတယ်။

XS
SM
MD
LG