[Zawgyi/Unicode]
ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္ၿပီးေနာက္ တုိင္းရင္းသားေဒသေတြက စစ္ေရွာင္ဒုကၡသည္ေတြအေရး ေဆာင္ရြက္ေနတဲ့ အစီအစဥ္ေတြကုိ ထိခုိက္မွာ စုိးရိမ္မႈေတြလည္း ထြက္ေပၚလာပါတယ္။ အုပ္ခ်ဳပ္မႈ အေျပာင္းအလဲေတြေၾကာင့္ ေနရပ္ျပန္ေရး အစီအစဥ္ေတြမွာပါ ႐ုိက္ခတ္လာမွာကုိ အကူအညီေပးေနသူေတြ စုိးရိမ္ေနၾကတာပါ။ အျပည့္အစုံကုိေတာ့ ဗြီအုိေအ ျမန္မာပုိင္း သတင္းေထာက္ ကုိေဇာ္ထက္က တင္ျပေပးပါမယ္။
လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ အုိးအိမ္စြန္႔ခြာခဲ့ၾကရတဲ့ သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္ႏုိင္ေရး အစီအစဥ္ေတြ ဒီႏွစ္ထဲစႏုိင္ဖုိ႔ စီစဥ္ထားေပမဲ့ တပ္မေတာ္က အာဏာသိမ္းလုိက္တာေၾကာင့္ မေရမရာ အေျခအေနေတြ ႀကံဳေနရတာပါ။ ၂၀၁၁ ခုႏွစ္က တုိက္ပဲြေတြ စျဖစ္ရာက ထြက္ေျပးတိမ္းေရွာင္လာၿပီး စစ္ေရွာင္စခန္းေတြမွာ ခုိလႈံေနသူ ၉၆,၀၀၀ ေလာက္ရွိမယ္လုိ႔ ကုလသမဂၢက ခန္႔မွန္းထားတဲ့ ကခ်င္ျပည္နယ္မွာဆုိရင္လည္း ဒုကၡသည္ေတြ ေနရပ္ျပန္ဖုိ႔ စီစဥ္ထားပါတယ္။ ဒါေပမဲ့လည္း တပ္မေတာ္က အာဏာသိမ္းလုိက္ၿပီးေနာက္ အစီအစဥ္ေတြမွာ ဘာေတြဆက္ျဖစ္လာမယ္ဆုိတာ မေရမရာျဖစ္ေနတယ္လုိ႔လည္း အကူအညီေပးေရး လုပ္ငန္းေတြလုပ္ေနတဲ့ ကခ်င္ႏွစ္ခ်င္း ခရစ္ယာန္အဖဲြ႔ခ်ဳပ္ (KBC) ဥကၠ႒ သိကၡာေတာ္ရ ဆရာေတာ္ ေဒါက္တာခါလမ္ဆမ္ဆြမ္က ဗြီအိုေအကို ေျပာပါတယ္။
“လုပ္လက္စ လုပ္ငန္းေတြကလည္း ရံုးပိုင္းဆိုင္ရာ လုပ္ငန္းေတြက အရင္အစိုးရနဲ႔ က်ေနာ္လုပ္တာ မ်ားတာေပါ႔။ က်န္းမာေရး၊ ပညာေရး၊ မွတ္ပံုတင္ ဒီအိမ္ေထာင္စုကိစၥေတြက အစေပါ႔ေနာ္ ႏိုင္ငံတကာနဲ႔ ေဆာင္ရြက္တဲ႔ကိစၥအပါအဝင္ အားလံုးေပါ႔... အစိုးရေတြနဲ႔ လုပ္ေဆာင္ခဲ႔တဲ႔ အပိုင္းက ပိုမ်ားတယ္။ အစိုးရသစ္ ျဖစ္လာၿပီဆိုရင္ လုပ္ငန္းေတြက အသစ္ျပန္ျဖစ္မလားေပါ႔ က်ေနာ္တို႔ရဲ႕ စိုးရိမ္မႈေပါ႔။”
တပ္မေတာ္ကေတာ့ စစ္ေရွာင္ဒုကၡသည္ေတြ ေနရပ္ျပန္ေရးအစီအစဥ္အတြက္ ေျမျမွဳပ္မႈိင္းရွာေဖြေရး လုပ္ငန္းေတြကုိ ဆက္လုပ္မယ့္အေၾကာင္း အသိေပးထားတယ္လုိ႔လည္း ေဒါက္တာခါလမ္ဆမ္ဆြမ္က ေျပာပါတယ္။ ကုိဗစ္ကပ္ေရာဂါနဲ႔ ၾကံဳေနရခ်ိန္ တပ္မေတာ္က အေရးေပၚအေျခအေန ေၾကညာၿပီး ႏိုင္ငံေတာ္ အုပ္ခ်ဳပ္ေရး ေကာင္စီကို ဖြဲ႔စည္းလိုက္လို႔ ထိတ္လန္႔တုန္လႈပ္စရာ အေျခအေနနဲ႔အတူ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အစီအစဥ္ေတြကုိ ထိခုိက္မွာ စိုးရိမ္ေၾကာင္းလည္း KBC က ဗုဒၶဟူးေန႔မွာပဲ သတင္းထုတ္ျပန္ထားပါတယ္။
“ျမန္မာျပည္ရဲ႕ အစိုးရတေလွ်ာက္ေပါ႔ဗ်ာ... ႏွစ္ေပါင္း ၆၀ ေလာက္သက္တမ္းမွာ လူထုေတြက အၿမဲတမ္း အဖိခံ အႏွိပ္ခံ အခြင့္အေရး ဆံုရႈံးမႈေတြနဲ႔ ရင္ဆိုင္ေနရတာေပါ႔။ အခုထက္ထိ။ ေခါင္းေဆာင္ပိုင္းေတြရဲ႕ အာဏာလုပြဲနဲ႔ ပဋိပကၡေၾကာင့္ ျပည္သူေတြ ဒုကၡေရာက္တာ အခုထက္ထိ အေျဖရွာမရ ႏွစ္ေပါင္းမ်ားၿပီဆိုေတာ႔ က်ေနာ္တို႔အေနနဲ႔ ျပည္သူေတြရဲ႕ အခြင့္အေရးကို ဦးထိပ္ထားတဲ႔ အစိုးရရယ္၊ တိုင္းရင္းသားအေရးကို ဦးစားေပးတဲ႔ အစိုးရရယ္ ျဖစ္ဖို႔ေတာ႔ လိုလားတယ္ဆိုတဲ႔အေၾကာင္း ထုတ္ျပန္ရျခင္း ျဖစ္ပါတယ္။”
မၾကာေသးခင္ကအထိ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA တိုက္ပြဲေတြေၾကာင့္ တိမ္းေရွာင္လာသူ ၁၈၀,၀၀၀ ေက်ာ္ ရွိမယ္လုိ႔ ခန္႔မွန္းထားတဲ့ ေဒသခံ အကူအညီေပးေရးအဖဲြ႔တခုျဖစ္တဲ့ ရခုိင္တုိင္းရင္းသား မ်ဳိးႏြယ္စုမ်ား အစည္းအ႐ုံး REC ကလည္း ဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ဖုိ႔ မေရမရာ ျဖစ္ေနတဲ့အေပၚ စုိးရိမ္ေနပါတယ္။ တုိက္ပဲြေတြ ၿငိမ္သက္ေနတာ လအနည္းငယ္ ရွိလာေနေပမဲ့ ဒုကၡသည္ေတြ ျပန္ႏုိင္ဖုိ႔ကေတာ႔ စိတ္ခ်ရတဲ့အေျခအေန မရွိေသးဘူးလုိ႔လည္း REC ရဲ႕ တာဝန္ရွိသူ ဦးေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။
“ကခ်င္မွာ KIO ဧရိယာ တပ္ေတာ္ထိန္းခ်ဳပ္တဲ႔ ဧရိယာက ရွိေနၿပီးသားဆိုေတာ႔ မိုင္းရွင္းလင္းေရးကိစၥေတြက က်ေနာ္တို႔ထက္စာရင္ အဆင္ေျပႏိုင္တဲ႔ အေျခအေန ရွိတာေပါ႔။ ဒီမွာက်ေတာ႔ ႏွစ္ဘက္နယ္ေျမပိုင္းျခားသတ္မွတ္မႈ ေဆြးေႏြးမႈေတြ သေဘာတူညီခ်က္ မရေသးဘူး ဆိုရင္ေတာ႔ မိုင္းရွင္းလင္းေရး ကိစၥေတြကို မလုပ္ႏိုင္ေသးဘူး ဆိုရင္လည္း ေနရပ္ျပန္ေရးက ကိစၥက ထူးျခားမယ့္အေျခအေန မရွိပါဘူး။ ဒါေပမဲ႔လည္း တိုက္ပြဲေတြ သိပ္ၿပီေတာ႔မွ မရွိခဲ႔တဲ႔ေနရာေတြ ဆိုရင္ အနည္းငယ္ ျပန္ေကာင္း ျပန္ႏိုင္တာေပါ႔။ ဒါကေတာ႔ တည္ၿငိမ္ေအးခ်မ္းႏိုင္မႈအေပၚမွာ မူတည္ပါတယ္ခင္ဗ်။”
ေဖေဖာ္ဝါရီ ၁ ရက္မွာ တပ္မေတာ္က အာဏာသိမ္းၿပီး ေနာက္တေန႔မွာပဲ ဖြဲ႔စည္းပံု အေျခခံဥပေဒ ပုဒ္မ ၄၁၉ အတိုင္းဆိုၿပီး ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီကို ပုဂၢိဳလ္ ၁၁ ေယာက္နဲ႔ ဖြဲ႔စည္းၿပီး ျပည္နယ္နဲ တိုင္းအသီးသီးအတြက္ တာဝန္ေတြခြဲေပးလိုက္ပါတယ္။ ဒီလိုခန္႔ထားလိုက္တဲ႔ ေကာင္စီဥကၠ႒ေတြဟာ အရပ္ဘက္အဖြဲ႔အစည္းေတြနဲ႔ ျပည္တြင္း ၿငိမ္းခ်မ္းေရးကို ဘယ္လို လက္တြဲေဆာင္ရြက္မလဲဆိုတာေတာ႔ ေစာင့္ၾကည့္ရလိမ့္မယ္လို႔ ႏိုင္ငံေရးေလ႔လာသူ တခ်ဳိ႕က သံုးသပ္ပါတယ္။
[Unicode Version]
စစ်အာဏာသိမ်းမှုကြောင့် IDP အခြေအနေစိုးရိမ်
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် တိုင်းရင်းသားဒေသတွေက စစ်ရှောင်ဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ အစီအစဉ်တွေကို ထိခိုက်မှာ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။ အုပ်ချုပ်မှု အပြောင်းအလဲတွေကြောင့် နေရပ်ပြန်ရေး အစီအစဉ်တွေမှာပါ ရိုက်ခတ်လာမှာကို အကူအညီပေးနေသူတွေ စိုးရိမ်နေကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာခဲ့ကြရတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အစီအစဉ်တွေ ဒီနှစ်ထဲစနိုင်ဖို့ စီစဉ်ထားပေမဲ့ တပ်မတော်က အာဏာသိမ်းလိုက်တာကြောင့် မရေမရာ အခြေအနေတွေ ကြုံနေရတာပါ။ ၂၀၁၁ ခုနှစ်က တိုက်ပွဲတွေ စဖြစ်ရာက ထွက်ပြေးတိမ်းရှောင်လာပြီး စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေသူ ၉၆,၀၀၀ လောက်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားတဲ့ ကချင်ပြည်နယ်မှာဆိုရင်လည်း ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့လည်း တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် အစီအစဉ်တွေမှာ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာ မရေမရာဖြစ်နေတယ်လို့လည်း အကူအညီပေးရေး လုပ်ငန်းတွေလုပ်နေတဲ့ ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာခါလမ်ဆမ်ဆွမ်က ဗွီအိုအေကို ပြောပါတယ်။
“လုပ်လက်စ လုပ်ငန်းတွေကလည်း ရုံးပိုင်းဆိုင်ရာ လုပ်ငန်းတွေက အရင်အစိုးရနဲ့ ကျနော်လုပ်တာ များတာပေါ့။ ကျန်းမာရေး၊ ပညာရေး၊ မှတ်ပုံတင် ဒီအိမ်ထောင်စုကိစ္စတွေက အစပေါ့နော် နိုင်ငံတကာနဲ့ ဆောင်ရွက်တဲ့ကိစ္စအပါအဝင် အားလုံးပေါ့... အစိုးရတွေနဲ့ လုပ်ဆောင်ခဲ့တဲ့ အပိုင်းက ပိုများတယ်။ အစိုးရသစ် ဖြစ်လာပြီဆိုရင် လုပ်ငန်းတွေက အသစ်ပြန်ဖြစ်မလားပေါ့ ကျနော်တို့ရဲ့ စိုးရိမ်မှုပေါ့။”
တပ်မတော်ကတော့ စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်အတွက် မြေမြှုပ်မှိုင်းရှာဖွေရေး လုပ်ငန်းတွေကို ဆက်လုပ်မယ့်အကြောင်း အသိပေးထားတယ်လို့လည်း ဒေါက်တာခါလမ်ဆမ်ဆွမ်က ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ ကြုံနေရချိန် တပ်မတော်က အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းလိုက်လို့ ထိတ်လန့်တုန်လှုပ်စရာ အခြေအနေနဲ့အတူ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေကို ထိခိုက်မှာ စိုးရိမ်ကြောင်းလည်း KBC က ဗုဒ္ဓဟူးနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
“မြန်မာပြည်ရဲ့ အစိုးရတလျှောက်ပေါ့ဗျာ... နှစ်ပေါင်း ၆၀ လောက်သက်တမ်းမှာ လူထုတွေက အမြဲတမ်း အဖိခံ အနှိပ်ခံ အခွင့်အရေး ဆုံရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတာပေါ့။ အခုထက်ထိ။ ခေါင်းဆောင်ပိုင်းတွေရဲ့ အာဏာလုပွဲနဲ့ ပဋိပက္ခကြောင့် ပြည်သူတွေ ဒုက္ခရောက်တာ အခုထက်ထိ အဖြေရှာမရ နှစ်ပေါင်းများပြီဆိုတော့ ကျနော်တို့အနေနဲ့ ပြည်သူတွေရဲ့ အခွင့်အရေးကို ဦးထိပ်ထားတဲ့ အစိုးရရယ်၊ တိုင်းရင်းသားအရေးကို ဦးစားပေးတဲ့ အစိုးရရယ် ဖြစ်ဖို့တော့ လိုလားတယ်ဆိုတဲ့အကြောင်း ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။”
မကြာသေးခင်ကအထိ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာသူ ၁၈၀,၀၀၀ ကျော် ရှိမယ်လို့ ခန့်မှန်းထားတဲ့ ဒေသခံ အကူအညီပေးရေးအဖွဲ့တခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး REC ကလည်း ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ မရေမရာ ဖြစ်နေတဲ့အပေါ် စိုးရိမ်နေပါတယ်။ တိုက်ပွဲတွေ ငြိမ်သက်နေတာ လအနည်းငယ် ရှိလာနေပေမဲ့ ဒုက္ခသည်တွေ ပြန်နိုင်ဖို့ကတော့ စိတ်ချရတဲ့အခြေအနေ မရှိသေးဘူးလို့လည်း REC ရဲ့ တာဝန်ရှိသူ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
“ကချင်မှာ KIO ဧရိယာ တပ်တော်ထိန်းချုပ်တဲ့ ဧရိယာက ရှိနေပြီးသားဆိုတော့ မိုင်းရှင်းလင်းရေးကိစ္စတွေက ကျနော်တို့ထက်စာရင် အဆင်ပြေနိုင်တဲ့ အခြေအနေ ရှိတာပေါ့။ ဒီမှာကျတော့ နှစ်ဘက်နယ်မြေပိုင်းခြားသတ်မှတ်မှု ဆွေးနွေးမှုတွေ သဘောတူညီချက် မရသေးဘူး ဆိုရင်တော့ မိုင်းရှင်းလင်းရေး ကိစ္စတွေကို မလုပ်နိုင်သေးဘူး ဆိုရင်လည်း နေရပ်ပြန်ရေးက ကိစ္စက ထူးခြားမယ့်အခြေအနေ မရှိပါဘူး။ ဒါပေမဲ့လည်း တိုက်ပွဲတွေ သိပ်ပြီတော့မှ မရှိခဲ့တဲ့နေရာတွေ ဆိုရင် အနည်းငယ် ပြန်ကောင်း ပြန်နိုင်တာပေါ့။ ဒါကတော့ တည်ငြိမ်အေးချမ်းနိုင်မှုအပေါ်မှာ မူတည်ပါတယ်ခင်ဗျ။”
ဖေဖော်ဝါရီ ၁ရက်မှာ တပ်မတော်က အာဏာသိမ်းပြီး နောက်တနေ့မှာပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အတိုင်းဆိုပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို ပုဂ္ဂိုလ် ၁၁ ယောက်နဲ့ ဖွဲ့စည်းပြီး ပြည်နယ်နဲ တိုင်းအသီးသီးအတွက် တာဝန်တွေခွဲပေးလိုက်ပါတယ်။ ဒီလိုခန့်ထားလိုက်တဲ့ ကောင်စီဥက္ကဋ္ဌတွေဟာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဘယ်လို လက်တွဲဆောင်ရွက်မလဲဆိုတာတော့ စောင့်ကြည့်ရလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူ တချို့က သုံးသပ်ပါတယ်။