သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၀ါရွင္တန္ ျမန္မာသံရံုးအတြင္း၀န္ ႏိုင္ငံေရးခိုလံႈခြင္႔ ေတာင္းခံလိုက္ၿပီ


ဝါရွင္တန္ ဒီစီမွာရွိတဲ့ ျမန္မာသံ႐ုံးမွာ ပထမအတြင္း၀န္အျဖစ္ တာ၀န္ထမ္းေဆာင္ေနတဲ့ ဦးေမာင္ေမာင္လတ္ဟာ အေမရိကန္ႏိုင္ငံမွာ ႏိုင္ငံေရးခိုလႈံၿပီး ဗုဒၶဟူးေန႔က ဝါရွင္တန္မွာရွိတဲ့ ျမန္မာစစ္သံ႐ုံးေရွ႕မွာ ျပဳလုပ္တဲ့ ဆႏၵျပပြဲမွာ ပူးေပါင္း ပါ၀င္ခဲ့

(Zawgyi/Unicode)

ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ဦးေဆာင္တဲ့ စစ္အာဏာသိမ္းမႈကို မေက်နပ္တဲ့အတြက္ ပထမဆံုး ျမန္မာသံတမန္အရာရွိတဦးအေနနဲ႕ အေမရိကန္ဆုိင္ရာ ျမန္မာသံရံုး ပထမအတြင္း၀န္ ဦးေမာင္ေမာင္လတ္ဟာ ရာထူးကေန ႏုတ္ထြက္ၿပီး အေမရိကန္ႏိုင္ငံမွာ ႏိုင္ငံေရးခိုလႈံခြင့္ ေတာင္းခံလိုက္ပါၿပီ။

ဗုဒၶဟူးေန႔က ၀ါရွင္တန္ဒီစီ ျမန္မာစစ္သံရံုးေရွ႕ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ဆႏၵျပပဲြမွာ ကိုယ္တိုင္လာေရာက္ ဆႏျပခဲ့တဲ့ ဦးေမာင္ေမာင္လတ္ကို ဗီြအိုေအက သီးသန္႔ေမးျမန္းရာမွာ သူႏုတ္ထြက္ရတဲ့ အေၾကာင္းအရင္းကို အခုလုိေျပာပါတယ္။

“က်ေနာ္ ပထမအတြင္း၀န္ ေမာင္ေမာင္လတ္ပါ။ ျမန္မာသံရံုးကေန ႏုတ္ထြက္လာတာပါ။ လူထုက တင္ေျမွာက္ထားတဲ့ NLD အစိုးရကို မတရားျဖင့္ ဖမ္းဆီးၿပီး၊ စစ္အာဏာသိမ္းတာကို မေက်နပ္လို႔ က်ေနာ္ အလုပ္က ႏုတ္ထြက္ခဲ့ပါတယ္။”

ဦးေမာင္ေမာင္လတ္နဲ႔ သီးသန္႔ေတြ႕ဆံုေမးျမန္းထားတဲ့ အေသးစိတ္ကိုေတာ့ ၾကာသပေတးေန႔ ဗြီအိုေအ ျမန္မာပိုင္းရဲ႕ ႐ုပ္ျမင္သံၾကား အစီအစဥ္ကေန တင္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။

............

ဝါရှင်တန် မြန်မာသံရုံးအတွင်းဝန် နိုင်ငံရေးခိုလှုံခွင့် တောင်းခံလိုက်ပြီ
(Unicode)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုကို မကျေနပ်တဲ့အတွက် ပထမဆုံး မြန်မာသံတမန်အရာရှိတဦးအနေနဲ့ အမေရိကန်ဆိုင်ရာ မြန်မာသံရုံး ပထမအတွင်းဝန် ဦးမောင်မောင်လတ်ဟာ ရာထူးကနေ နုတ်ထွက်ပြီး အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံလိုက်ပါပြီ။

ဗုဒဟူးနေ့က ဝါရှင်တန်ဒီစီ မြန်မာစစ်သံရုံးရှေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆနပြပွဲမှာ ကိုယ်တိုင်လာရောက် ဆနပြခဲ့တဲ့ ဦးမောင်မောင်လတ်ကို ဗွီအိုအေက သီးသန့်မေးမြန်းရာမှာ သူနှုတ်ထွက်ရတဲ့ အကြောင်းအရင်းကို အခုလိုပြောပါတယ်။

” ကျနော် ပထမအတွင်းဝန် မောင်မောင်လတ်ပါ။ မြန်မာသံရုံးကနေ နှုတ်ထွက်လာတာပါ။ လူထုက တင်မြှောက်ထားတဲ့ NLD အစိုးရကို မတရားဖြင့် ဖမ်းဆီးပြီး၊ စစ်အာဏာသိမ်းတာကို မကျေနပ်လို့ ကျနော် အလုပ်က နုတ်ထွက်ခဲ့ပါတယ်။”

ဦးမောင်မောင်လတ်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းထားတဲ့ အသေးစိတ်ကိုတော့ ကြာသပတေးနေ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ ရုပ်မြင်သံကြား အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG