[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္ၿပီးေနာက္ စုိးရိမ္မႈေတြနဲ႔အတူ ကုန္ေစ်းႏႈန္းတြ မတည္မၿငိမ္ျဖစ္လာေနရာမွာ အေမရိကန္ေဒၚလာနဲ႔ ေရႊေစ်းဟာလည္း စံခ်ိန္တင္ျမင့္တက္လာေနပါတယ္။ အာဏာသိမ္းမႈ ေနာက္ဆက္တဲြ စီးပြားေရးမွာ ႐ုိက္ခတ္လာတဲ့ အေျခအေနေတြကုိ ဗြီအုိေအျမန္မာပုိင္းသတင္းေထာက္ အဂၢႏြန္က တင္ျပေပးပါမယ္။
အရပ္သားအစုိးရ ထိပ္တန္းေခါင္းေဆာင္ေတြကုိ ထိန္းသိမ္းလုိက္ၿပီး တပ္မေတာ္က အာဏာသိမ္းလုိက္ၿပီးေနာက္ ႏိုင္ငံေရးအေျခအေန မေရမရာ ျဖစ္ေနခ်ိန္မွာပဲ စီးပြားေရးမွာလည္း ႐ုိက္ခတ္လာေနပါတယ္။ အထူးသျဖင့္ ဒီရက္ပုိင္းမွာပဲ လက္ရွိသုံးစဲြေနတဲ့ ေငြေၾကးေတြထဲက တခ်ဳိ႕ကုိ ဖ်က္သိမ္းဖုိ႔ ျပင္ဆင္ေနတယ္ဆုိတဲ့ အတည္မျပဳႏုိင္တဲ့ သတင္းေတြ ပ်ံ႕ႏွံ႔ခဲ့ရာက တန္ဖိုးခုိင္မာတဲ့ ေရႊနဲ႔ အေမရိကန္ေဒၚလာေတြကို အလုအယက္ ၀ယ္ယူလာၾကတာလုိ႔လည္း လုပ္ငန္းရွင္ အသုိင္းအ၀န္းက ေျပာပါတယ္။
စိုိးရိမ္စိတ္နဲ႔ ေရႊနဲ႔ ေဒၚလာေတြကုိ ၀ယ္ယူသူမ်ားလာတာေၾကာင့္ ေရႊေစ်းေတြ အဆမတန္တက္လာတာလုိ႔လည္း မႏၱေလးတိုင္း ေရႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးဝင္းစိန္က ေျပာပါတယ္။
“လူေတြက စိတ္ပူတယ္ေပ့ါေနာ္၊ ဘဏ္ကို ေငြ စိတ္မခ်တာတို႔.... မနက္က ၁၀,၀၀၀ တန္ေကာလာဟာလေၾကာင့္မို႔ ျဖစ္သြားတာ မေန႔ကစတာ ၁၃,၃၅၀,၀၀၀ စတာ အဲဒီလို မေန႔က ေနာက္ဆံုးအပိတ္ေတာ့ ၁၃,၅၀၀,၀၀၀ ပိတ္တယ္။ အခုက ဒီမနက္ ၁၃,၆၆၀,၀၀၀ စတယ္။ အခု ၁၄,၀၀၀,၀၀၀ အထိျဖစ္တယ္။”
ဒီကေန႔ ရန္ကုန္နဲ႔ မႏၲေလးရဲ႕ အပိတ္ေစ်းကေတာ့ အေခါက္ေ႐ႊ တက်ပ္သားကို က်ပ္ ၁,၄၁၀,၀၀၀ ရွိပါတယ္။ အာဏာမသိမ္းခင္ ဇန္နဝါရီလ ၃၀ ရက္ေန႔ အပိတ္ေစ်းနဲ႔ ႏႈန္းယွဥ္ရင္ေတာ့ ၉၀,၀၀၀ နီးနီး ျမင့္တက္လာပါတယ္။
ဇန္ဝါရီလ ၃၀ ရက္ေန႔က ျပင္ပေပါက္ေစ်း ေငြလဲႏႈန္း အေမရိကန္ တေဒၚလာကို ျမန္မာက်ပ္ေငြ ၁,၃၄၀ ရွိခဲ့ရာက၊ ဒီကေန႔မွာေတာ့ က်ပ္ေငြ ၁,၄၅၀ ေစ်းေပါက္ခဲ့တာေၾကာင့္ ၃ ရက္အတြက္ က်ပ္ ၁၀၀ ေက်ာ္ ေစ်းတက္ခဲ့တာပါ။
ျမန္မာႏုိင္ငံမွာ ႏိုင္ငံေရးအျခအေနေတြ မေရာရာမႈေတြနဲ႔အတူ စီးပြားေရးနဲ႔ ေငြေၾကးတန္ဖိုးေတြ မတည္မၿငိမ္ျဖစ္လာေနတာလုိ႔လည္း စီးပြားေရးပညာရွင္ ဦးေဇာ္ေဖဝင္းက ေျပာပါတယ္။
“ျပည္တြင္းအေျခအေနက သိတဲ့အတိုင္းပဲ၊ ျပည္တြင္းမွာ ႏိုင္ငံေရးအေျခအေန မတည္ၿငိမ္မႈရွိတဲ့ အတြက္ေၾကာင့္မို႔လို႔ လူေတြက ထံုစံအတိုင္းေပါ့ေနာ္၊ အထူးသျဖင့္ေတာ့ စိတ္ခ်ရတဲ့ ပစၥည္းဘာညာဝယ္ၾကတာ... ဒါကေငြေၾကးတတ္ႏိုင္တဲ့ သူေတြ ေငြေၾကးမ်ားမ်ားရွိတဲ့ လူေတြေပါ့၊ အဲ့ဒါဝယ္ၾကတာေပါ့။ ႏိုင္ငံေရး မတည္မႈရွိတယ္။ ေနာက္တစ္ခါ ေငြေရးေၾကးေရးကို စိတ္မခ်တဲ့ သေဘာလည္းပဲ တခ်ဳိ႕ပါတာေပါ့။”
ႏိုင္ငံေရး အေျခအေနေတြေၾကာင့္ စီးပြားေရးမွာ ႐ုိက္ခတ္မႈေတြ ရွိလာႏုိင္တဲ့အတြက္ တာ၀န္ရွိသူေတြ ျပင္ဆင္ထားဖုိ႔ လုိတယ္လုိ႔လည္း စီးပြားေရးပညာရွင္ ဦးေဇာ္ေဖဝင္းက သုံးသပ္ပါတယ္။ အထူးသျဖင့္ အုပ္ခ်ဳပ္မႈစနစ္ အေျပာင္းအလဲမွာ ကုန္ေစ်းႏႈန္း မတည္ၿငိမ္မႈေတြ ျဖစ္လာႏုိင္တာေၾကာင့္ တည္ၿငိမ္ေအာင္ ႀကိဳးပမ္းဖုိ႔လုိတယ္လုိ႔လည္း ေျပာပါတယ္။
“အခုမွာ ဗဟိုဘဏ္လည္းပဲ ဥကၠ႒ေျပာင္း ဘာညာစသည္ျဖင့္ ျဖစ္ေနေတာ့ ခ်က္ခ်င္းေတာ့ ဒီကိစၥကို ကိုင္တြယ္ႏိုင္မယ္လို႔မထင္ေသးဘူး။ ဒါေပမဲ့ တစ္ခုရွိတာက ဒီဗဟိုဘဏ္ရဲ႕ မူလေပၚလစီေပါ့ေနာ္။ အခုေတာ့ ေပၚလစီေျပာင္းေကာင္းေျပာင္းတယ္။ မူလေပၚလစီမွာက
ေဒၚလာေစ်း တည္ၿငိမ္ေအာင္လုပ္တယ္ဆိုၿပီးေတာ့ သူတို႔လုပ္တဲ့ ဥစၥာေတြက ေဒၚလာေစ်းကို ၁,၃၀၀ ေက်ာ္ေက်ာ္ ပတ္ဝန္းက်င္ေလာက္ရွိေနတာကို ေဒၚလာေစ်း တည္ၿငိမ္တယ္လို႔ သူတို႔သတ္မွတ္တာရွိတယ္။ အဲ့ဒီလိုသတ္မွတ္တဲ့အတြက္ေၾကာင့္မို႔လို႔ ေဒၚလာေစ်းတက္တဲ့ အေပၚမွာ သူတို႔ သိပ္ၿပီးအေလးတႀကီးထားၿပီးေတာ့ အေရးတႀကီးထားၿပီးေတာ့ေပါ့ေနာ္။ ဒါကိုထိန္းသိမ္းတာမ်ဳိး မရွိတတ္ဘူး။ အဲ့ဒီလိုေတြ႕ရတယ္။ အခုဒီဥကၠ႒အေျပာင္းအလဲေၾကာင့္ မူဝါဒလည္းပဲ ေျပာင္းမယ္ဆိုလို႔ရွိရင္ေတာ့ ေဒၚလာေစ်းခ်င္ဟာ ခုဏေျပာသလို တိုင္းသူျပည္သားအတြက္ေရာ၊ လုပ္ငန္းရွင္ေတြအတြက္ေရာ ထိခိုက္ႏိုင္တဲ့အတြက္ေၾကာင့္ အဲ့ဒီေဒၚလာေစ်းတက္တဲ့ ဥစၥာကို ဘယ္လိုထိန္းခ်ဳပ္မလဲဆိုတာကေတာ့ သူတို႔မူဝါဒခ်ၿပီးေတာ့ လုပ္ရမယ္။”
အာဏာသိမ္းလုိက္တဲ့ တပ္မေတာ္ကေတာ့ ႏုိင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအျဖစ္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ၿပီး မေန႔တုန္းကပဲ ဖဲြ႔စည္းလုိက္သလုိ၊ တုိင္းနဲ႔ျပည္နယ္မွာလည္း အုပ္ခ်ဳပ္ေရးေကာင္စီေတြကုိ ဖဲြ႔စည္းေပးလုိက္ပါတယ္။ ဒီမတုိင္ခင္မွာတုန္းကလည္း အရပ္သားအစုိးရအဖဲြ႔ကုိ ဖ်က္သိမ္းလုုိက္ၿပီး အစုိးရအဖဲြ႔သစ္ကုိ ဖဲြ႔စည္းလုိက္ေၾကာင္းလည္း ေၾကညာထားပါတယ္။
[Unicode Version]
မြန်မာ့ငွေကြေးနဲ့ ရွှေဈေးကွက် လှုပ်ခတ်
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စိုးရိမ်မှုတွေနဲ့အတူ ကုန်ဈေးနှုန်းတွ မတည်မငြိမ်ဖြစ်လာနေရာမှာ အမေရိကန်ဒေါ်လာနဲ့ ရွှေဈေးဟာလည်း စံချိန်တင်မြင့်တက်လာနေပါတယ်။ အာဏာသိမ်းမှု နောက်ဆက်တွဲ စီးပွားရေးမှာ ရိုက်ခတ်လာတဲ့ အခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် အဂ္ဂနွန်က တင်ပြပေးပါမယ်။
အရပ်သားအစိုးရ ထိပ်တန်းခေါင်းဆောင်တွေကို ထိန်းသိမ်းလိုက်ပြီး တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံရေးအခြေအနေ မရေမရာ ဖြစ်နေချိန်မှာပဲ စီးပွားရေးမှာလည်း ရိုက်ခတ်လာနေပါတယ်။ အထူးသဖြင့် ဒီရက်ပိုင်းမှာပဲ လက်ရှိသုံးစွဲနေတဲ့ ငွေကြေးတွေထဲက တချို့ကို ဖျက်သိမ်းဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ရာက တန်ဖိုးခိုင်မာတဲ့ ရွှေနဲ့ အမေရိကန်ဒေါ်လာတွေကို အလုအယက် ဝယ်ယူလာကြတာလို့လည်း လုပ်ငန်းရှင် အသိုင်းအဝန်းက ပြောပါတယ်။
စိုးရိမ်စိတ်နဲ့ ရွှေနဲ့ ဒေါ်လာတွေကို ဝယ်ယူသူများလာတာကြောင့် ရွှေဈေးတွေ အဆမတန်တက်လာတာလို့လည်း မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းစိန်က ပြောပါတယ်။
“လူတွေက စိတ်ပူတယ်ပေ့ါနော်၊ ဘဏ်ကို ငွေ စိတ်မချတာတို့.... မနက်က ၁၀,၀၀၀ တန်ကောလာဟာလကြောင့်မို့ ဖြစ်သွားတာ မနေ့ကစတာ ၁၃,၃၅၀,၀၀၀ စတာ အဲဒီလို မနေ့က နောက်ဆုံးအပိတ်တော့ ၁၃,၅၀၀,၀၀၀ ပိတ်တယ်။ အခုက ဒီမနက် ၁၃,၆၆၀,၀၀၀ စတယ်။ အခု ၁၄,၀၀၀,၀၀၀ အထိဖြစ်တယ်။”
ဒီကနေ့ ရန်ကုန်နဲ့ မန္တလေးရဲ့ အပိတ်ဈေးကတော့ အခေါက်ရွှေ တကျပ်သားကို ကျပ် ၁,၄၁၀,၀၀၀ ရှိပါတယ်။ အာဏာမသိမ်းခင် ဇန်နဝါရီလ ၃၀ ရက်နေ့ အပိတ်ဈေးနဲ့ နှုန်းယှဉ်ရင်တော့ ၉၀,၀၀၀ နီးနီး မြင့်တက်လာပါတယ်။
ဇန်ဝါရီလ ၃၀ ရက်နေ့က ပြင်ပပေါက်ဈေး ငွေလဲနှုန်း အမေရိကန် တဒေါ်လာကို မြန်မာကျပ်ငွေ ၁,၃၄၀ ရှိခဲ့ရာက၊ ဒီကနေ့မှာတော့ ကျပ်ငွေ ၁,၄၅၀ ဈေးပေါက်ခဲ့တာကြောင့် ၃ ရက်အတွက် ကျပ် ၁၀၀ ကျော် ဈေးတက်ခဲ့တာပါ။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြအနေတွေ မရောရာမှုတွေနဲ့အတူ စီးပွားရေးနဲ့ ငွေကြေးတန်ဖိုးတွေ မတည်မငြိမ်ဖြစ်လာနေတာလို့လည်း စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ပြောပါတယ်။
“ပြည်တွင်းအခြေအနေက သိတဲ့အတိုင်းပဲ၊ ပြည်တွင်းမှာ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုရှိတဲ့ အတွက်ကြောင့်မို့လို့ လူတွေက ထုံစံအတိုင်းပေါ့နော်၊ အထူးသဖြင့်တော့ စိတ်ချရတဲ့ ပစ္စည်းဘာညာဝယ်ကြတာ... ဒါကငွေကြေးတတ်နိုင်တဲ့ သူတွေ ငွေကြေးများများရှိတဲ့ လူတွေပေါ့၊ အဲ့ဒါဝယ်ကြတာပေါ့။ နိုင်ငံရေး မတည်မှုရှိတယ်။ နောက်တစ်ခါ ငွေရေးကြေးရေးကို စိတ်မချတဲ့ သဘောလည်းပဲ တချို့ပါတာပေါ့။”
နိုင်ငံရေး အခြေအနေတွေကြောင့် စီးပွားရေးမှာ ရိုက်ခတ်မှုတွေ ရှိလာနိုင်တဲ့အတွက် တာဝန်ရှိသူတွေ ပြင်ဆင်ထားဖို့ လိုတယ်လို့လည်း စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက သုံးသပ်ပါတယ်။ အထူးသဖြင့် အုပ်ချုပ်မှုစနစ် အပြောင်းအလဲမှာ ကုန်ဈေးနှုန်း မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တာကြောင့် တည်ငြိမ်အောင် ကြိုးပမ်းဖို့လိုတယ်လို့လည်း ပြောပါတယ်။
“အခုမှာ ဗဟိုဘဏ်လည်းပဲ ဥက္ကဋ္ဌပြောင်း ဘာညာစသည်ဖြင့် ဖြစ်နေတော့ ချက်ချင်းတော့ ဒီကိစ္စကို ကိုင်တွယ်နိုင်မယ်လို့မထင်သေးဘူး။ ဒါပေမဲ့ တစ်ခုရှိတာက ဒီဗဟိုဘဏ်ရဲ့ မူလပေါ်လစီပေါ့နော်။ အခုတော့ ပေါ်လစီပြောင်းကောင်းပြောင်းတယ်။ မူလပေါ်လစီမှာက
ဒေါ်လာဈေး တည်ငြိမ်အောင်လုပ်တယ်ဆိုပြီးတော့ သူတို့လုပ်တဲ့ ဥစ္စာတွေက ဒေါ်လာဈေးကို ၁,၃၀၀ ကျော်ကျော် ပတ်ဝန်းကျင်လောက်ရှိနေတာကို ဒေါ်လာဈေး တည်ငြိမ်တယ်လို့ သူတို့သတ်မှတ်တာရှိတယ်။ အဲ့ဒီလိုသတ်မှတ်တဲ့အတွက်ကြောင့်မို့လို့ ဒေါ်လာဈေးတက်တဲ့ အပေါ်မှာ သူတို့ သိပ်ပြီးအလေးတကြီးထားပြီးတော့ အရေးတကြီးထားပြီးတော့ပေါ့နော်။ ဒါကိုထိန်းသိမ်းတာမျိုး မရှိတတ်ဘူး။ အဲ့ဒီလိုတွေ့ရတယ်။ အခုဒီဥက္ကဋ္ဌအပြောင်းအလဲကြောင့် မူဝါဒလည်းပဲ ပြောင်းမယ်ဆိုလို့ရှိရင်တော့ ဒေါ်လာဈေးချင်ဟာ ခုဏပြောသလို တိုင်းသူပြည်သားအတွက်ရော၊ လုပ်ငန်းရှင်တွေအတွက်ရော ထိခိုက်နိုင်တဲ့အတွက်ကြောင့် အဲ့ဒီဒေါ်လာဈေးတက်တဲ့ ဥစ္စာကို ဘယ်လိုထိန်းချုပ်မလဲဆိုတာကတော့ သူတို့မူဝါဒချပြီးတော့ လုပ်ရမယ်။”
အာဏာသိမ်းလိုက်တဲ့ တပ်မတော်ကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး မနေ့တုန်းကပဲ ဖွဲ့စည်းလိုက်သလို၊ တိုင်းနဲ့ပြည်နယ်မှာလည်း အုပ်ချုပ်ရေးကောင်စီတွေကို ဖွဲ့စည်းပေးလိုက်ပါတယ်။ ဒီမတိုင်ခင်မှာတုန်းကလည်း အရပ်သားအစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ကြောင်းလည်း ကြေညာထားပါတယ်။